February 2014

ရွှေဝါရောင် တော်လှန်ရေး အပိုင်းအစများ (၁) - ကျော်ကိုကို (ဗကသများအဖွဲ့ချုပ်)

၂၀၀၇ မတ်လနှောင်းပိုင်း -  မစုစုနွေး အပါအ၀င် လူငယ်များ မင်းဓမ္မကုန်း ကျောက်တော်ကြီးဘုရား တက်၍ ၀တ်ပြုဆုတောင်းစဉ် ဖမ်းဆီးခံရ။ ရဲတပ်ရင်း အသီးသီး၌ခွဲပြီး ချုပ်ထားခဲ့။ ထိုအထဲ၌ ကျောင်းသား ရဲမြတ်ဟိန်း တစ်ဦးသာပါဝင်။

၂၀၀၇ ဧပြီသင်္ကြန်ကာလ - ၈၈ မျိုးဆက် ကျောင်းသားများမှအဖြူရောင် စတုဒိသာ၊ အဖြူရောင် ဇီဝိတဒါနပွဲများ ကျင်းပ။

ပြန်လည်အသက်ဝင်လာသော ဂဠုန်ဆရာစံနေ့များ

သာယာဝတီခရိုင် ဖားရွှေကျော်ရွာမှ အစပြု၍ နယ်ချဲ့ အင်္ဂလိပ် အစိုးရအား ရွတ်ရွတ်ချွန်ချွန် တိုက်ပွဲဝင်ခဲ့သည့် သုပန္တက ဂဠုန်ရာဇာ ဘွဲ့ခံ ဆရာစံနှင့် ဂဠုန်တပ်ဖွဲ့ဝင်များအား ကြိုးပေး ကွပ်မျက်ခံရပြီး နှစ်ပေါင်း ၈၀ ကျော်ကြာမှ ပြန်လည် ကျင်းပခွင့်ရသည့် တောင်သူ လယ်သမားနေ့ အခမ်းအနားကို မတ်လ ၂ ရက်နေ့တွင် သာယာဝတီခရိုင် သာယာဝတီမြို့နှင့် ၇မိုင်ကွာဝေးသည့် ဖားရွှေကျော်၊ ရေတိုက်၊ အင်း တိုက်ရှိ ဆရာစံ အောင်မြေကုန်း၌ ကျင်းပမည် ဖြစ်သည်။

ADBက မြန်မာနိုင်ငံ၏ ဒေသနှစ်ခုတွင် ဆောင်ရွက်မည့် စီမံကိန်းများ အတွက် အမေရိကန် ဒေါ်လာ (၂၂) သန်းခန့် ထောက်ပံ့မည်

အာရှဖွံ့ဖြိုးရေးဘဏ်(ADB)Bသည် တနင်္လာရီတိုင်း ဒေသနှင့် ဧရာဝတီ မြစ်ဝကျွန်ပေါ် ဒေသတို့တွင် အကောင်အထည် ဖော်မည့် နှစ်ခုအတွက် အမေရိကန်ဒေါ်လာ (၂၂)သန်းခန့် ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ ငွေကြေးသည် ၄င်းဒေသတို့တွင် ဆင်းရဲမွဲတေမှုလျော့ ချရေးနှင့် HIV/AIDS တိုက်ဖျက်ရေး နှစ်ခုတွင် အသုံးပြု ပေးအပ်ခြင်းဖြစ်ပြီး ယင်းထောက်ပံ့ကြေးများဖြင့် တနင်္လာရီတိုင်း ဒေသကြီးနှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတို့တွင် ကျေးလက် ကျန်းမာရေးဌာနနှင့် ကျန်းမာရေးဌာနခွဲ (၄၇)ခု တည်ဆောက်သွားမည် ဖြစ်သောကြောင့် ၄င်းဒေသရှိ လူဦးရေ (၇) သိန်းခန့် အကျိုးခံစားရမည် ဖြစ်ကြောင်း သိရသည်။

လုံခြုံရေးအယောင်ဆောင် ဓါးပြတိုက်သူဟုယူဆရသူ ဘင်္ဂလီများကို မောင်တောတွင်ဖမ်းဆီး

မောင်တောမြို့နယ် အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်များ အယောင်ဆောင်ပြီး ဓါးပြတိုက်နေသူများဟု ယူဆသော အဖွဲ့ဝင်(၅)ဦးကို ယခုလ(၂၁)ရက်နေ့က မောင်တော ရဲတပ်ဖွဲ့က ရွှေထည် ပစ္စည်းများနှင့်အတူ ဖမ်းဆီး လိုက်ကြောင်း သိရသည်။

ယခုဖမ်းဆီမိသော ဓါးပြ(၅)ဦးမှာ (၂၀၁၄)ခုနှစ် ဇန်န၀ါရီလ (၄)ရက် နံနက်(၁)နာရီတွင် မောင်တောမြို့နယ် အလယ်သံကျော် အုပ်စု မောင်တူလာ ရွာနေဦးရှော်ဘီအူလာ ၆၂နှစ်၊ (ဘ)နော်ဇီရာမောက်၏ နေအိမ်သို့သွားရောက် ဓါးပြတိုက်သူများဖြစ်ပြီး၊ ယမန်နေ့က ၄င်းနေအိမ်တွင် ရရှိခဲ့သည့် ရွှေထည်ပစ္စည်းများကို မောင်တောမြို့ ပန်ထိမ်ဆိုင်တွင် လာရောက်ရောင်းချနေစဉ် ဖမ်းဆီးရမိခဲ့ကြောင်း  မောင်တော ဒေသခံများထံမှ သိရသည်။

ဆဌမအကြိမ် ဒဂုံရွှေအောင်လံလက်ဝှေ့ပြိုင်ပွဲ ကို ဇူုလိုင်လတွင် ကျင်းပရန်ရှိ ဆုကြေးကျပ်သိန်း ၆၀၀ ချီးမြှင့်မည်

၂၀၀၉ ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံတွင် အကြီးကျယ်ဆုံးဖြစ်သော ဒဂုံရွှေအောင်လံရိုးရာ လက်ဝှေ့ပြိုင်ပွဲကြီးကို ဇူလိုင် ၂၀ ရက်နေ့တွင် ကွာတားဖိုင်နယ်ပွဲစဉ်များကိုလည်းကောင်း၊ ဇူလိုင် ၂၇ ရက်နေ့တွင် ဆီမီးဖိုင်နယ်ပွဲစဉ်များကိုလည်းကောင်း၊ သြဂုတ်လ ၁၀ ရက်နေ့တွင် ဖိုင်နယ်ပွဲစဉ်များကိုလည်းကောင်း ကျင်းပသွားမည်ဟု သိရသည်။

အလုပ်သမားအရေး ဖြေရှင်းဖို့ မရမ်းကုန်းအထည်စက်ရုံ အမှတ် (၁) အလုပ်သမားအဖွဲ့ဖွဲ့စည်းခွင့်တောင်းပြီ

မရမ်းကုန်းအထည်စက်ရုံအမှတ်(၁)မှ ၀န်ထမ်းများ လက်ရှိရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲပြဿနာများအား ဖြေရှင်းနိုင်ရန်အတွက် အလုပ်သမား အဖွဲ့အစည်း ဖွဲ့စည်းခွင့် လျှောက်ထားလိုက် ကြောင်း အဆိုပါ အလုပ်သမားများမှ တာဝန်ရှိသူက ပြောကြားခဲ့သည်။

နှစ်သောင်းခွဲမရှိလို့ ထိန်းချုပ်ခံရတဲ့ ရွာသားနှစ်ဦး

တောင်ကြီးမြို့သို့လာသော ဆီဆိုင်မြို့နယ်မှ ရွာသားနှစ်ဦးအား  မြို့အ၀င် သစ်တောဂိတ် မရောက်ခင်မှာပင် ယာဉ်ထိန်းရဲက ယာဉ်မောင်းလိုင်စင် စစ်ဆေးကာ ငွေနှစ်သောင်းခွဲ တောင်းသည်ကို မပေးနိုင်သောကြောင့် တောင်ကြီးမြို့အမှတ် (၁) ရဲစခန်းတွင် နှစ်ညထိန်းချုပ်ခြင်း ခံခဲ့ရကြောင်းသိရသည်။

လူမှုဖူလှုံရေးဥပဒေသစ် အာမခံသုံးမျိုးသာ စတင်အကောင်ထည်ဖော်မည်

ဧပြီလ (၁) ရက်နေ့တွင် စတင် ကျင့်သုံးတော့မည့် လူမှုဖူလုံရေးဥပဒေသစ်တွင် ပါဝင်သော အာမခံခြောက်မျိုးမှ သုံးမျိုးသာ စတင်အကောင်အထည် ဖော်နိုင်မည်ဖြစ်ကြောင်း လူမှုဖူလုံရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ စတင်အကောင်အထည် ဖော်မည့် လူမှုဖူလှုံရေးအာမခံသုံးမျိုး တွင် ကျန်းမာရေးနှင့် လူမှုရေး စောင့် ရှောက်မှုအာမခံစနစ်၊မိသားစုထောက် ပံ့မှု အာမခံစနစ်၊ အလုပ်လုပ်ကိုင်နိုင် စွမ်းမရှိမှု အကျိုးခံစားခွင့်၊ သက်ပြည့် အငြိမ်းစား အကျိုးခံစားခွင့်နှင့် ကျန် ရစ်သူအကျိုးခံစားခွင့် အာမခံစနစ် စသည်တို့ ပါဝင်ကြောင်းလည်း သိရ သည်။

အသက်(၇)နှစ်အရွယ် ကလေးငယ် သားမယားပြုကျင့်ရန် ကြံစည်ခြင်းခံရ

အသက်(၄၀)နှစ်အရွယ်ရှိ သူမှ တစ်ရွာတည်းနေ အသက်(၇) နှစ်အရွယ်ရှိ ကလေးငယ်အား သားမယားအဖြစ် ပြုကျင့်ရန် ကြံစည်မှု့တစ်ခု ယခုလ(၂၂)ရက်နေ့တွင်   လှိုင်သာယာမြို့နယ်၊ သောင်ကြီးလေးကျေးရွာ၌ ဖြစ်ပွားခဲ့ရသည်။

ဖြစ်စဉ်မှာ လှိုင်သာယာမြို့နယ်၊ သောင်ကြီးလေးကျေးရွာ၊ အောင်ချမ်းသာလမ်းတွင် နေထိုင်နေသူ ကျပန်းအလုပ်လုပ်ကိုင်သည့်   မ၀င်းထိုက် အသက်(၃၀)နှစ်မှာ နေအိမ်မှ အောင်ချမ်းသာလမ်းသို့ ဈေး ၀ယ်သွားစဉ် နေအိမ်တွင် ကျန်ရစ်ခဲ့သည့် အသက်(၇)နှစ်အရွယ် မ---------မှ နေအိမ်တွင် တစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။

Pages