March 2014

ပြည်ပ အခြေစိုက် ရုပ်သံလိုင်းများမှ ထုတ်လွှင့်မှု အစီစဉ်များ MNTVတွင် အခမဲ့ ကြည့်ရှုနိုင်ရန် စီစဉ်

သတင်း အချက်အလက်များနှင့် စိတ်ဝင်စားဖွယ်ရာများကို အချိန်နှင့် တပြေးညီ ထုတ်လွှင့် တင်ဆက်ပေးမည့် MNTV အခမဲ့ ရုပ်သံလိုင်း အနေဖြင့် ပြည်ပ အခြေစိုက် နာမည်ကြီး ရုပ်သံများနှင့် ပူးပေါင်း ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်း သံဃာတော်များ လှည့်လည် ဆန္ဒဖော်ထုတ်

ဘင်္ဂလားဒေ့ရှ် နိုင်ငံထုတ် သတင်းစာ ဒါကာထရိုင်ဗြန် သတင်းစာအား ကန့်ကွက် ရှုပ်ချမှု နှင့်အတူ သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ၊ ဘင်္ဂါလီ လူမျိုးအဖြစ် ထည့်သွင်းမှုကို လက်သင့်မခံရေးအတွက်ဖြစ်

 

သန်းခေါင်စာရင်း အတွင်းသို့ ရိုဟင်ဂျာ၊ ဘင်္ဂါလီ လူမျိုးအဖြစ် ထည့်သွင်းခြင်းကို လက်သင့် မခံရေးနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံထုတ် နေ့စဉ်ထုတ် သတင်းစာ ဖြစ်သော ဒါကာထရိုင်းဗြွန်း သတင်းစာအား ကန့်ကွက် ရှုပ်ချကြောင်း ဆန္ဒ လှည့်လည် ဖော်ထုတ်ပွဲကို မတ်လ ၂၇ရက်နေ့တွင် သံယာတော်များက ပြုလုပ်ခဲ့ကြသည်။

မန်းရတနာပုံ လေကြောင်းလိုင်း လေယာဉ်သစ်တစ်စီး ထပ်မံရောက်ရှိ

ပုဂ္ဂလိက လေကြောင်းလိုင်း တစ်ခုဖြစ်သော မန်းရတနာပုံ လေကြောင်းလိုင်း အတွက် ဒုတိယမြောက် လေယာဉ် ဖြစ်သော ATE-72600 Series လေယာဉ် အသစ် တစ်စီးသည် ယနေ့ ဧပြီလ တစ်ရက်နေ့တွင် ထပ်မံ ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ လေကြောင်းလိုင်းမှ ယခင် ရှိပြီးသော လေယာဉ်ဖြင့် ဖေဖော်ဝါရီ ၂၇ ရက်နေ့ မှစပြီး ရန်ကုန်၊ မန္တလေး၊ ဟဲဟိုး၊ ကျိုင်းတုံ၊ တာချီလိတ် ခရီးစဉ်များ ပြေးဆွဲနေရာမှ လေယာဉ်သစ် ရောက်ရှိ လာလျှင် ထားဝယ်၊ မြိတ်၊ မြစ်ကြီးနား၊ ဗန်းမော်၊ လွိုင်ကော် ခရီးစဉ်များကို တိုးချဲ့ ပျံသန်းနိုင်တော့မည်ဟု Operation Director ကပ္ပတိန် ခင်မောင်စန်းက Tomorrow ဂျာနယ်သို့ ပြောသည်။

သရက်မြို့နယ်တွင် ပြုလုပ်သည့် တပ်မတော်နေ့ ဂုဏ်ပြုပွဲ ရန်ပွဲဖြင့်အဆုံးသတ်

(၆၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသော အားဖြင့် သရက်မြို့နယ်တွင် ပြုလုပ်ခဲ့သော လက်ဝှေ့ပွဲ ကျင်းပရာ ပွဲကွင်းအတွင်း ပြည်မြို့နယ်မှ ပြည်သူများနှင့် သရက်မြို့နယ်မှ ဒေသခံများ ရိုက်နှက်မှုများ ဖြစ်ပွားခဲ့ ၍ လက်ဝှေ့ပွဲပါ ပျက်ခဲ့ရကြောင်း သိရသည်။

အဆိုပါ လက်ဝှေ့ပြပွဲမှာ (၆၉) နှစ်မြောက် တပ်မ တ်ာနေ့ကို ဂုဏ်ပြုသောအားဖြင့် မတ်လ ၂၇ ရက်နေ့တွင် သရက်မြို့နယ် သတ္တဋ္ဌာန ဘုရားဝင်းထဲတွင် မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်နှင့် သိုင်းစွမ်းရည် ပြပွဲအဖွဲ့မှ ကြီးမှူး ကျင်းပခဲ့သည့် လက်ဝှေ့ပွဲ ဖြစ်ကြောင်း သိရသည်။

၈၈မျိုးဆက်ကျောင်းသားအဖွဲ့မှ ကိုပြုံးချို အပါအ၀င် သုံးဦးအား ပုဒ်မ(၁၈)ဖြင့် အရေးယူ

မကွေးနှင့် ပခုက္ကူမြို့ အခြေခံ ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်ရေး ဆန္ဒ ဖော်ထုတ်ခဲ့သည့် ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့မှ ကိုပြုံးချို၊ မနီလာသိန်းနှင့် မမီးမီးတို့အား ပုဒ်မ ၁၈ ဖြင့် ပခုက္ကူမြို့မ ရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဒဂုံတက္ကသိုလ် ကျောင်းသား ၂၁ကျော် အမျိုးသားပညာရေး ဥပဒေကို လက်မခံ

ပြည်သူ့လွှတ်တော်တွင် ရေးဆွဲ အတည်ပြု ထားသော အမျိုးသား ပညာရေး ဥပဒေအား အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခြင်းကို တက္ကသိုလ် ကျောင်းသား   ၂၀ကျော်တို့မှ မတ်လ(၃၀) ရက်နေ့တွင် ရန်ကုန်မြို့ လှည်းတန်း မီးပွိုင့်အနီး ဦးထွန်းလင်း ခြံလမ်းထိပ်နှင့် ကန်ဘောင်တို့တွင် ဆန္ဒ ထုတ်ဖော် ခဲ့ကြသည်။

နိုင်ငံတကာ တင်းနစ်ကစားသမားများ ပါဝင်မည့် မြန်မာအိုးပင်း တင်းနစ်ပြိုင်ပွဲ ကျင်းပမည်

နိုင်ငံတကာ တင်းနစ် ကစားသမားများ ပထမဦးဆုံး ၀င်ရောက် ယှဉ်ပြိုင်မည့် မြန်မာ အိုးပင်း တင်းနစ် ပြိုင်ပွဲကို ဧပြီလ ၂ရက်နေ့မှ ၆ ရက်နေ့ အထိ သိမ်ဖြူ တင်းနစ်ကွင်းတွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း တင်းနစ် အဖွဲ့ချုပ်မှ သတင်း ထုတ်ပြန်ခဲ့သည်။

ပြိုင်ပွဲတွင် အလွတ်တန်း တစ်ဦးချင်း ပြိုင်ပွဲနှင့် နှစ်ယောက်တွဲ ပြိုင်ပွဲ နှစ်မျိုး ပါဝင်မည် ဖြစ်ပြီး အမျိုးသမီး ပြိုင်ပွဲ ပါဝင်ခြင်း မရှိကြောင်း သိရှိရသည်။ အလွတ်တန်း တစ်ဦးချင်း ပြိုင်ပွဲတွင် ချန်ပီယံဆု ရရှိသူအား အမေရိကန် ဒေါ်လာ ၅၀၀၀၊ ဒုတိယဆုအား ဒေါ်လာ ၂၅၀၀၊ တတိယဆုအား ဒေါ်လာ ၁၂၅၀ ၊ စတုတ္ထဆုအား ၆၂၅ ဒေါ်လာတို့ ချီးမြှင့်မည် ဖြစ်သည်။

ဒိုင်လူကြီး ထိုးကြိတ်ခံရခဲ့သည့် ရခိုင်-ဟံသာဝတီ ဘောလုံးပွဲ ပြဿနာ

ယခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ပဒုမ္မာကွင်း၌ ကျင်းပသည့် ရခိုင် ယူနိုက်တက် အသင်းနှင့် ဟံသာဝတီ ဘောလုံးအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့သော  မြန်မာ နေရှင်နယ်လိဂ်-၂ အမှတ်ပေး ဘောလုံး ပွဲစဉ်တွင် ဒိုင်လူကြီးကို ကိုယ်ထိလက်ရောက် ထိုးကြိတ်သည့် ပြဿနာ ဖြစ်ပွားခဲ့သည်။ အဆိုပါ ပွဲစဉ်အပြီး ဒိုင်လူကြီးက ဟံသာဝတီ အသင်းကို ပန်နယ်တီ ကန်ခွင့်ပေးခဲ့သောကြောင့် ရခိုင် အသင်း မန်နေဂျာနှင့် ကစားသမားများက ဒိုင်လူကြီးကို ထိုးကြိတ်ခဲ့ခြင်း ဖြစ်သည်။

MNL တစ်လတာ အကောင်းဆုံး နည်းပြနှင့် ကစားသမားများ ဆုချီးမြှင့်ရာ ရန်ကုန် ယူနိုက်တက်မှရရှိ

၂၀၁၄ MNL အမှတ်ပေး ပြိုင်ပွဲ၏ ဖေဖော်ဝါရီလ တစ်လတာ အကောင်းဆုံးဆုများ ရရှိခဲ့သော ရန်ကုန်ယူနိုက်တက် နည်းပြ အဲရစ်ဝီလျှံနှင့် ကစားသမား အဖြစ် ရန်ကုန် ယူနိုက်တက်မှ အီမာဆင်ကို Myanmarမှ ဆုများ ချီးမြှင့်ခဲ့သည်။

အကောင်းဆုံး ကစားသမားဆုကို ကျပ် ၁၀သိန်းနှင့် နည်းပြဆုကို ကျပ် ၅သိန်း ချီးမြှင့်ခဲ့ပြီး ယင်းဆုပေးပွဲကို ရန်ကုန် အသင်းနှင့် ချင်းယူနိုက်တက်တို့ပွဲ ပထမပိုင်း အပြီး ချီးမြှင့်ခဲ့သည်။

 

ရတနာပုံအသင်း မနောမြေနှင့် သရေကျ၍ အမှတ်ပေး ဇယားထိပ်ဆုံးကို လက်လွတ်

ယခုနှစ် MNL ဘောလုံးရာသီ အတွင်း ရှုံးပွဲ လုံးဝမရှိသေးသော ရတနာပုံ အသင်းသည် မနောမြေ အသင်းနှင့် ယှဉ်ပြိုင် ကစားရာ တစ်ဂိုးစီ သရေရလဒ်သာ ရယူနိုင်ခဲ့သည့် အတွက် အမှတ်ပေး ဇယား ထိပ်ဆုံးနေရာကို လက်လွတ် ခဲ့ရပြီး နေပြည်တော်အ သင်းကို လွှဲပြောင်း ပေးအပ်ခဲ့ရသည်။

ရတနာပုံ အသင်းတွင် ဂိုးသွင်းဘုရင် ဖွန်ဆီကာမှ ရတနာပုံ အသင်း အတွက် ပွဲကစားချိန် ၈၂ မိနစ်တွင် ယခုရာသီ ၁၁ ဂိုးမြောက် သွင်းယူခဲ့သော်လည်း ၁ဂိုးစီသရေ ရလဒ်ဖြင့်သာ ကျေနပ် ခဲ့ရသည်။

Pages