March 2014

အိတ်ခ်ျအိုင်ဗီ (HIV )ရောဂါပိုး ကူးစက်မှု တိုက်ဖျက်ရေး လှုပ်ရှားမယ့် Protect the Goal

မြန်မာနိုင်ငံ နေရှင်နယ်လိဂ်၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၊ UNAIDS (ကုလ သမဂ္ဂ ခုခံအား ကျဆင်းမှု ရောဂါ တိုက်ဖျက်ရေး အစီအစဉ်)၊ အာရှ ဘောလုံး အဖွဲ့ချုပ်နှင့် အာရှ ဖွံ့ဖြိုးရေးဘဏ်တို့ ပူးပေါင်းကာ Protect the Goalဟု အမည်ရသည့် အိတ်ခ်ျအိုင်ဗီ(HIV) ရောဂါပိုး ကူးစက်မှု တိုက်ဖျက်ရေး လှုပ်ရှားမှု တစ်ရပ်ကို မြန်မာနိုင်ငံတွင် စတင် အကောင် အထည် ဖော်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောသည်။

ကျောင်းသားသမဂ္ဂအလံ လွှဲပြောင်းမှုဂယက် - ကျော်စွာမြင့် (၁၉၈၈-၁၉၉၂ ဗ.က.သ)

၂၀၁၄ ခုနှစ် မတ်လ(၁၆)ရက်နေ့မှာ လွန်ခဲ့သော (၂၆) နှစ်က ကျောင်းသားတွေကို အကြမ်းဖက် နှိမ်နင်းခဲ့တဲ့ အထိမ်းအမှတ် နေ့တစ်နေ့ (တံတားနီနေ့) လုပ်ကြမယ်လို့ ဖိတ်ကြားစာတွေ တွေ.ရပါတယ်။ တဆက်တည်းမှာပဲ ထိုနေ့ ထိုအခမ်းအနားမှာ ကျောင်းသား သမဂ္ဂ အလံတော် လွှဲပြောင်း ပေးအပ်ခြင်းကိုလည်း ပြုလုပ်မယ်လို့ ထပ်ပြီး ကြားသိ ခဲ့ရပါတယ်။ ထိုနေ့ရက်မှာတော့ အင်းလျား ကန်ဘောင်မှာ လွန်ခဲ့တဲ့ ၂၆ နှစ်က ဦးဆောင် ပါဝင်ခဲ့ကြတဲ့ ကျောင်းသားတွေ စုစည်းပြီး အထိမ်းအမှတ် အခမ်းအနား ပြုလုပ်ခဲ့ကြောင်းနဲ့ ကျောင်းသားသမဂ္ဂ ခွပ်ဒေါင်းအလံ လွှဲပြောင်း လက်ခံတယ်ဆိုတဲ့ သတင်းတချို့ တွေ့လိုက်ရသလို၊ အမှတ်တရ လက်ဆောင်အဖြစ် ခွပ်ဒေါင်းအလံ ပေးအပ်တယ်လို့လည်း တချို့ သတ

ကြယ်ကြွေများသို့ ဦးညွတ်တိုင်တည် - ၀င်းအောင်လွင်(စီးပွားရေး တက္ကသိုလ်)

“သာယာဝတီထောင်မှ ငရဲ စခန်းများ” အမည်ရှိ စာအုပ်တစ်အုပ် ဖတ်ဖူးပါတယ်။ ကွန်မြူနစ် လက်နက်ချ တစ်ဦးဖြစ်တဲ့ စာရေးဆရာ ကျော်မြသန်းရဲ့ နာမည်ကြီး လက်ရာတစ်ခုပါ။ ဒီစာအုပ်ဖတ်ပြီး သာယာဝတီထောင် အာဏာပိုင် အဆက်ဆက်ဟာ အကျဉ်းသားတွေ အပေါ် ရက်စက်မှုတွေ အော့နှလုံး နာမိပေမယ့် ဒီထောင်အကြောင်း စာရေးမိလိမ့်မယ်လို့ မထင်ခဲ့ပါဘူး။

မြန်မာနိုင်ငံလျှောက်လှမ်းသင့်သော အနာဂတ်လမ်းကြောင်း ရှင်မလား၊ သေမလား (၃) - သန္တာဝင်း

ယခင်တစ်ပတ်မှ အဆက်

ဒီနေရာတွင် အားလုံး အတူတကွ ပူးပေါင်းရန်မှာ ခက်ခဲလှသည့် အတွက် ဖြစ်နိုင်ချေရှိသော ပူးပေါင်းမှုမှာ စစ်တပ် ၁ဖြစ်သည်။ စစ်တပ်နှင့် ပေါင်းနိုင်ချေ ရှိသော အဖွဲ့တစ်ဖွဲ့တို့ ပေါင်းကြလိမ့်မည်။ သို့ရာတွင် တိုင်းရင်းသားများကို အစစ်အမှန် ပူးပေါင်းမှုထဲမှ ဖယ်ထုတ်ထားခြင်းသည် လူအများအပြားကို ဖိနှိပ်ခံထားရသည်ဟု ခံစားရစေသောကြောင့် ပြည် ထောင်စု မြန်မာနိုင်ငံ အစစ်တစ်ခု မဖြစ်ပေါ်စေနိုင်ပေ။

မြန်မာနိုင်ငံအတွက် ကောင်းနိုးရာရာ (၃) - အောင်ဒင်

ယခင်တစ်ပတ်မှအဆက် -
ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ ခေတ်အဆက်ဆက် အာဏာရှင် အစိုးရတွေက ပြည်သူ့ဘဏ္ဍာကို ကိုယ့်ဏ္ဍာအဖြစ် ထင်တိုင်းကြဲ သုံးစွဲပြီး ကိုယ့်အကျိုးစီးပွား၊ ကိုယ့်မိသားစု အကျိုးစီးပွား၊ ကိုယ့်တပည့်တပန်း အကျိုးစီးပွား အတွက် မတော်မတရား အလွဲသုံးစား ပြုခဲ့ကြတော့ ပြည်သူလူထုက အစိုးရ အပေါ် ယုံကြည်မှု မရှိကြတာ အစဉ်အလာ ဖြစ်နေပါပြီ။ ဒါကြောင့်လည်း အခွန်ငွေ ပေးဆောင်ခြင်းဟာ နိုင်ငံသား တစ်ယောက်ရဲ့ အခြေခံ တာဝန်တစ်ရပ် ဖြစ်မှန်း သဘောပေါက် နားလည်ရင်တောင်မှ ကောက်ခံတဲ့ အစိုးရ အပေါ် မယုံကြည်စိတ်နဲ့ ၀င်ငွေခွန် ပေးဆောင်ဖို့ ပျက်ကွက်လိမ့်မယ်။ တုန့်နှေးလိမ့်မယ် ထင်ပါတယ်၊

ကန်တော့ပစ္စည်းပြန်တမ်း - မာဂျေ

လွန်ခဲ့တဲ့ ငါးနှစ်လောက်က ပန်းဆိုးတန်းလမ်းမှာ ယာဉ်ထိန်းရဲက မာဂျေရဲ့ ကားကိုဖမ်းတယ်။  ဖမ်းမှာပေါ့ အရှိန်နဲ့ မောင်းလာတုန်း မီးပွိုင့်က ရုတ်တရက် ၀ါရာကနေ ချက်ချင်း နီသွားတာကိုး။ အဲဒီပွိုင့်က ကားရှင်းလို့ အရှိန်နဲ့ မောင်းလာရင် ချက်ချင်းဝါ ချက်ချင်းနီ တယ်ဆိုတာ အဲဒီခေတ်က နာမည်ကြီး။ ဘာပဲပြောပြော ကားရှေ့ကနေ မျက်နှာကို သနပ်ခါးတွေ လိမ်းထားတဲ့ ယာဉ်ထိန်း တစ်ယောက်က တားပါလေရော။ ဘယ်အကြောင်းနဲ့ဖြစ်စေ ကိုယ်မှား နေပြီဆိုတာက သေချာ နေလေတော့ (ကားသမား မှားအောင်လည်း အမှန်က သူတို့ပဲ ပွိုင့်ကိုကိုင်ပြီး လုပ်နေတာပါ) မငြင်းတော့ပါဘူး။ နှစ်ထောင် ထုတ်ပေး လိုက်တယ်။ဒီတော့  ယာဉ်ထိန်းက မကိုက်လို့ပါ၊ တိုးပေးပါဦး၊ ငါးထောင်လောက်

မောင်တို့ စစ်သားတွေရယ် - အောင်မြင်သူ

“မည်သည့် ကိစ္စမဆို တွေ့ဆုံ ညှိနှိုင်း ပူပေါင်း ဆောင်ရွက်မှုသည် အောင်မြင်ခြင်းရဲ့ အခြေခံ များပင် ဖြစ်သည်”ဟု ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောလိုက်ပါတယ်။ (၇.၃.၂၀၁၄) ရွှေနိုင်ငံသစ် သတင်းစာ မျက်နှာဖုံးမှာ ဖတ်လိုက်ရတယ်။ အလွန် မင်္ဂလာ ရှိတဲ့ သတင်း ဖြစ်ပါတယ်။ လေးမဲမှာ နှစ်မဲတော့ရပြီ၊ နောက်တစ်မဲဆိုရင် ၇၅ % နှုန်းပြည့်ပြီ၊ အခုပွဲကတော့ ၇၅ % နဲ့ မရဘူး ခင်ဗျ၊ ရာနှုန်းပြည့်ရမှ လေးပွင့်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ရာနှုန်းပြည့်လို့ ပြောရတာက လေးဦးထဲ ဖြစ်ပါတယ်။ လူများပြီး ရာနှုန်းပြည့်ရတယ် ဆိုရင်တော့ တစ်ခုခု မှားနေပြီလို့ သုံးသပ်နိုင်ပါတယ်။ ဆိုရှယ်လစ် ပါတီခေတ်က ပါတီ အစည်းအဝေးမှာ ထောက်ခံမဲ (

ထောင့်အပြင် တန်းရှိတယ် - တော်ကီလှိုင်

တစ်နေ့မှာ ကျွန်တော်နဲ့ ၁၉၈၈ ကာလတုန်းက နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်တဲ့ ဒိန်းမတ်၊ ဘုတ်ကြီး၊ အေးသန်း၊ ဖိုးဇော်တို့နဲ့ လဘက်ရည်ဆိုင်မှာ ဆုံဖြစ်ခဲ့ကြပါတယ်။

ကျွန်တော်ရေးတဲ့ ပုဒ်မ ၃၇၇  အကြောင်းကို မေးရင်းက “ဟဲ့ နင်ထောင်ကျခဲ့တာ စပ်စပ်စုစုနဲ့ ပြန်ပြောပြတော့ ငါတို့လည်း နားထောင်ရပါတယ်၊ အဲဒီထဲမှာ ငါတို့ မှတ်မိတာ တစ်ခုက ယောက်ျားလေး ထောင်ဖြစ်ပြီး ထောင့်အပြင်တန်း ရှိတယ်ဆိုတဲ့ စကား နင်ပြောဖူးတယ်နော်၊ အဲဒါ တကယ်လား”တဲ့ လွယ်လွယ်ပေါ့ပေါ့လေး မေးလိုက်တာပါ။ ဒါပေမယ့် အတိတ်က အရိပ်တွေဟာ ကျွန်တော့် အတွေးထဲကို ရောက်လာပြီး၊ ရင်နင့်ကြေ ကွဲစရာ အဖြစ်အပျက်တွေကို ပြန်မြင်ယောင်မိပါတော့တယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းသို့ ဘူးသီးတောင် မောင်းတောထည့်သွင်းမည့် ဒါကာထရိုင်ဗျူး သတင်းစာ၏ ဖော်ပြချက် နိုင်/ကျဉ်းအဖွဲ့များမှ မွတ်စလင် ဘာသာဝင် ခေါင်းဆောင်များ နှင့် နယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များ ပြင်းထန်စွာကန့်ကွက် - မင်းသစ် စုစည်းသည်

ဦးဇော်အေးမောင်  (ရန်ကုန် တိုင်းဒေသကြီး၊ ရခိုင် တိုင်းရင်းသားရေးရာ ၀န်ကြီး)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် ဒါကာထရိုင်ဗျူး သတင်းစာ ၀က်ဆိုဒ်၌ မတ်လ ၂၁ ရက်က ဆောင်းပါးရှင် ဇီဟန်းခမ်း ရေးသားထားသည့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နှင့် မောင်းတော ဒေသမှ ဘင်္ဂါလီလူမျိုး ၉၅ ရာခိုင်နှုန်း ရှိနေသည့် အတွက် ခရိုင်းမီးယားပုံစံမျိုး လူထုဆန္ဒ ခံယူပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲသို့ ဘူးသီးတောင် နှင့် မောတောအား ပေါင်းစည်းသင့်သည် ဟူ၍ ရေးသားထားသည့် ဆောင်းပါးအား မြန်မာ အစိုးရ တာဝန်ရှိသူများက ပြင်းပြင်းထန်ထန် ရှုံ့ချ ကန့်ကွက်လိုက်ပြီး အဆိုပါ ကိစ္စနှင့် ပတ်သက်၍ နိုင်ငံရေး နယ်ပယ် အသီးသီး နှင့် အဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များ၏ အမြင်များကို တွေ့ဆုံမေးမြန်း ဖော်ပြလိုက်ပါသည်။

Pages