March 2014

ကျိုက်ထီးရိုးဘုရား ထီးတော် အသစ်တင်ရန် လျှောက်ထားမှု ဆရာတော်အချို့ကန့်ကွက်ထား

ကျိုက်ထီးရိုး ဘုရားကြီး၏ ထီးတော်အား အသစ်တင် လှူရန် အတွက် ဇေကမ္ဘာ ဦးခင်ရွှေ၏ လျှောက်ထားမှုကို ကျိုက်ထီးရိုး ဆရာတော်များမှ ကန့်ကွက်ထားကြောင်း သိရသည်။

ဇေကမ္ဘာဦးခင်ရွှေသည် ကျိုက်ထီးရိုး ဘုရား ဂေါပကအဖွဲ့ထံသို့  ၂၀၁၄ခုနှစ် တပေါင်း လပြည့်နေ့ (မတ်လ၁၅ရက်)တွင် ကျိုက်ထီးရိုး ဘုရားအား ထီးတော်အသစ် လှူချင်ပါ ကြောင်း ဖေဖော်ဝါရီ ဒုတိယအပါတ်တွင် အကြောင်းကြား ခဲ့သည့်အပြင် ကျိုက်ထီးရိုး ဘုရား သြ၀ါဒစရိယ ဆရာတော် တစ်ပါး ဖြစ်သည့် လေသာ ဆရာတော်ကိုလည်း ဦးခင်ရွှေမှ သွားရောက် လျှောက်ထား ခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ရိုက်ကူးမည့် “အောင်ဆန်း”ရုပ်ရှင် ၂၀၁၅ ခုနှစ်တွင် ရုံတင်ရန် မသေချာ

နှစ်နှစ်ကျော် ကြိုတင် ပြင်ဆင်ခဲ့သော်လည်း ယခုအချိန် အထိ ရိုက်ကူးရန် မသေချာသေးသည့် “အောင်ဆန်း” ရုပ်ရှင်ဇာတ်ကား အတွက် နိုင်ငံတကာမှ ကူညီ ဆောင်ရွက်ရန် Fox Entertaiment ကုမ္ပဏီ အပါအ၀င် ရုပ်ရှင် ထုတ်လုပ်မှုပေါင်း များစွာ လုပ်ကိုင်ခဲ့သူ Mona Strassburger သည် ဖေဖော်ဝါရီလ  ၂၄ ရက်နေ့ တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ဗိုလ်ချုပ် အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ဝင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အကြောင်း ရုပ်ရှင် ကမ္ဘာကျော် ဒါရိုက်တာ စတီဗင် ဆိုဒါပတ်နှင့် ဇာဂနာ ပူးတွဲ ရိုက်ကူးရန် စီစဉ်

လူရွှင်တော် အနုပညာရှင် ဒီမိုကရေစီ အရေး တောင်းဆို တိုက်ပွဲဝင်သူ ဇာဂနာသည် ဗြိတိန်နိုင်ငံ ကမ္ဘာကျော် စာရေးဆရာ ဘက်နက်ဒစ် ရော်ဂျာ ရေးသားခဲ့သော မြန်မာနိုင်ငံ၏ ယခင် အစိုးရ ခေါင်းဆောင်ဟောင်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အကြောင်းအား အခြေခံကာ ရုပ်ရှင် ရိုက်ကူးရန် ကမ်းလှမ်းချက်ကို သဘောတူညီခဲ့ကြောင်း သိရှိရသည်။

အခုနောက်ပိုင်းမှာတော့ ဇာတ်ကားရိုက်ရတာ လွတ်လပ်လာပြီဆိုတဲ့ ညိုမင်းလွင်

ဒါရိုက်တာများ ဗီဒီယို ဇာတ်ကားဖန်တီးမှု အပိုင်းနှင့် ပတ်သက်၍ ဒါရိုက်တာ ညိုမင်းလွင်က ယခုကဲ့သို့ ပြောခဲ့သည်။

မြန်မာ့ရုပ်ရှင် အရည်အသွေး တိုးတက်လာတယ်ဆိုတဲ့ ဟိန်းဝေယံ

မြန်မာနိုင်ငံသို့ ပြည်ပမှ  အနုပညာ ဖန်တီးသူတွေ ၀င်ရောက် လာချိန်တွင် မြန်မာရုပ်ရှင် လောက ပြောင်းလဲမှုနှင့် ပတ်သက်၍ သရုပ်ဆောင် ဟိန်းဝေယံက ယခုလိုပဲ ပြောခဲ့ပါတယ်။

ဓါတ်ဆားများ အလွန်ကျွံ သောက်သောအခါ

ယခုရာသီမှာ ကလေးများ အတွက် ၀မ်းပျက်ဝမ်းလျှော ရောဂါတွေ ဖြစ်ပွားမှုများ နေတဲ့ အချိန် ကာလပါပဲ..။ ၀မ်းပျက်ပြီ.. ၀မ်းသွားပြီဟေ့ ဆိုတာနဲ့ ဓါတ်ဆား တိုက်ရမယ် ဆိုတာကို မိခင်တိုင်း သိထား ကြပါတယ်၊ အဲ့ဒီမှာ ဓါတ်ဆားကို ဘယ်လို စနစ်တကျ တိုက်ကျွေး ရမယ်ဆိုတဲ့ အသိကိုတော့ မိခင်တိုင်းက သိထားပါမှ တန်ဆေး လွန်ဘေး အဖြစ်တွေကနေ ကင်းဝေးနိုင်မှာမို့ ဖော်ပြလိုက်ပါတယ်။

အလှပျက်စေတဲ့ ၀က်ခြံ . . . ဘယ်လို ဖြေရှင်းမလဲ . . . .

ဝက်ခြံ ပေါက်ခြင်းနှင့် ပတ်သက်၍ အရေပြား အထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦးနှင့် တွေ့ဆုံ မေးမြန်း ဖြစ်ခဲ့ရာ မျက်နှာ အရေပြားနှင့် ပတ်သတ် သည်များကို       အောက်ပါ အတိုင်း သတိပေး ပြောကြား ခဲ့ပါသည်။

ဝက်ခြံ အများဆုံး ပေါက်တဲ့ အရွယ်
ဝက်ခြံ အများဆုံး ပေါက်တဲ့ အရွယ်က (၁၀)ကျော်သက် အရွယ်နဲ့ အသက်(၂၀)ကျော် အရွယ်၊ ကြီးကောင်ဝင်တဲ့ အရွယ်လူကြီး ဖြစ်တဲ့ အရွယ်၊ ဟော်မုန်းဓာတ်များ ပြီး ကြီးထွားတဲ့ အရွယ်မှာ အများဆုံး ပေါက်တယ်။ အသက်(၃၀)ကျော် (၄၀)အထိလည်း ပေါက်တတ်တဲ့သူ ရှိတယ်။

အာရုံကြော အားနည်းရောဂါ ပြင်းထန်နေသော ကလေးတစ်ဦး၏ သွေးနှင့်အသားစ အင်္ဂလန် ဆေးသုတေသန အဖွဲ့မှ ယူဆောင် စစ်ဆေးမည်

(၁၀) တန်း စာမေးပွဲ ဖြေဆိုရန် အတွက် စာအပြင်းအထန် ကျက်ရာမှ ဦးနှောက်နှင့် အာရုံကြော အားနည်းရောဂါ ခံစားလာရသည့် (၁၀)တန်း ကျောင်းသူ လှကေသွယ်ခိုင်၏ သွေး နှင့်အသားစ နမူနာများအား အင်္ဂလန် ဆေးသုတေသနအဖွဲ့ တစ်ခုမှ ယူဆောင် စစ်ဆေး ပေးသွားမည် ဖြစ်ကြောင်း ၈၈မျိုးဆက် (ပွင့်လင်း လူ့အဖွဲ့အစည်းမှ) ကိုမာကီက ပြောကြားခဲ့သည်။

ဈေးကွက်ရေးရာ အဖြေရှာ

မန္တလေး အက်ဖ်အမ်တွင် မြန်မာနိုင်ငံ ဈေးကွက်ပညာရှင်များ အသင်းက အပတ်စဉ် ဖြေကြားနေသော ဈေးကွက်ရေးရာ အဖြေရှာ ကဏ္ဍမှ မေးခွန်းနှင့် အဖြေများကို ဈေးကွက်ဆိုင်ရာ လုပ်ငန်းများတွင် တာဝန်ထမ်းဆောင်နေသူများ လေ့လာနိုင်ရန် ဖော်ပြပေးသွားပါမည်။ (အယ်ဒီတာအဖွဲ့)

 

Pages