March 2014

မွန်ဟံသာဝတီပြန်လည် ထူထောင်ရေး တပ်ဖွဲ့၏ ကော့ဟန်သာ စခန်းအား မြန်မာ့တပ်မတော် ၀င်ရောက်တိုက်ခိုက်

မွန်ဟံသာဝတီ ပြန်လည် ထူထောင်ရေး တပ်ဖွဲ့ အခြေစိုက်ရာ တနင်္သာရီ တိုင်းဒေသကြီး ဘုတ်ပြင်း မြို့နယ်၊ ရတနာပုံမိုင်းတွင်း နယ်မြေရှိ ကော့ဟန်သာ စခန်းကို မြန်မာ့ တပ်မတော်က ၀င်ရောက် တိုက်ခိုက်မှု ၂၀၁၄ ခုနှစ် မတ် လ ၂၂ ရက် နံနက် ၅ နာရီ ၀န်းကျင်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မွန်ဟံသာဝတီ ပြန်လည် ထူထောင်ရေး တပ်ဖွဲ့နှင့် မြန်မာ့ တပ်မတော်တို့၏ တိုက်ပွဲမှာ ပြင်းထန်ခဲ့ပြီး တစ်ဖက်နှင့် တစ်ဖက် လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်မှုများ ရှိခဲ့ကြောင်း မွန်ဟံသာဝတီ ပြန်လည် ထူထောင်ရေး တပ်ဖွဲ့မှ ဗိုလ်ချုပ်ကြီး နိုင်ပန်းညွန့်က ပြောသည်။

မည်သည့်အစိုးရ လက်ထက်မဆို အပြီးရပ်ဆိုင်းရမည့်၊ မြစ်ဆုံစီမံကိန်း

မြစ်ဆုံ စီမံကိန်းသည် မည်သည့် အစိုးရ လက်ထက်မဆို အပြီး ရပ်ဆိုင်းရမည့် စီမံကိန်း ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ ကွန်ရက် (MDN) က ထုတ်ပြန်လိုက်သည်။

အင်အားကြီး ကားအရောင်းစင်တာလောက်သာ ရေရှည်ရပ်တည်နိုင်တော့သည့် ကားဈေးကွက်

ရန်ကုန်မြို့တွင် လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့သော ကားအရောင်း အ၀ယ် ဈေးကွက်မှာ ၂၀၁၃ ခုနှစ် ကုန်ခါနီး မှစကာ သိသိသာသာ ကျဆင်းခဲ့ပြီး ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ဒုတိယပတ်မှ စကာ အနိမ့်ကားများ အ၀ယ်လိုက်လာပြီး အမြင့်ကားများ အနည်းငယ်သာ အရောင်း အ၀ယ် ဖြစ်ခဲ့သောကြောင့် ရေရှည်တွင် အင်အားကြီး ကားအရောင်း စင်တာလောက်သာ ရပ်တည်နိုင် တော့မည် ဖြစ်ကြောင်း သိရသည်။

အမေရိကန်နှစ်ဦးမှ ကျပ်သိန်းပေါင်း တစ်သိန်း ရလိုမှု တရားစွဲ၊ ထူးကုမ္ပဏီ ဥက္ကဋ္ဌ ဦးတေဇ ကိုယ်တိုင် တရားရုံးတွင် ရင်ဆိုင်

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်က ဟဲဟိုးတွင် မတော်တဆ ဖြစ်ပွားခဲ့သော အဲပုဂံေ လကြောင်းပိုင် လေယာဉ် XY-AGC F100 ဖော်ကာ ဂျက်လေယာဉ် စီးနင်းပြီး ဒဏ်ရာ ရရှိခဲ့သည့် အမေရိကန် နိုင်ငံသား နှစ်ဦးက ထူးကုမ္ပဏီကို တရားစွဲဆိုခဲ့ရာ မတ်လ ၂၁ ရက်နေ့က ရန်ကုန်တိုင်း တရား လွှတ်တော်၊ တရားခွင်(၇) သို့ ထူးကုမ္ပဏီ ဥက္ကဋ္ဌ ဦးတေဇ ကိုယ်တိုင် လာရောက် တရား ရင်ဆိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ အပါအ၀င် အာဆီယံနိုင်ငံ အချို့တွင် လက်နက်ကိုင် ပဋိပက္ခများ ဖြေရှင်းနေရဆဲဟု သမ္မတကြီးဆို

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ  အာဆီယံ လူထုဖိုရမ်သို့ ပေးပို့သည့် သ၀ဏ်လွှာမှ ကောက်နုတ်ချက် အချို့

မြန်မာနိုင်ငံတွင် ယခုလ (၂၁)ရက်တွင် ပြုလုပ်ခဲ့သော အာဆီယံ လူဖုဖိုရမ်သို့ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်မှ သ၀ဏ်လွှာ တစ်စောင် ပေးပို့ ခဲ့ပါသည်။ အဆိုပါ သ၀ဏ်လွှာမှ အချို့ကို  ပြည်သူများ သိနိုင်စေဖို့ အောက်ပါ အတိုင်း ကောက်နုတ် ဖော်ပြလိုက် ရပါသည်။

လူမှုဖူလုံရေး ဥပဒေသစ်တွင် အာမခံ အကျိုးခံစားခွင့်အား အဆများစွာ တိုးမြှင့်ထား အာမခံထားခွင့်ရှိသည့် အမြင့်ဆုံး လုပ်ခလစာငွေအား သုံးသိန်းအထိ သတ်မှတ်သွားမည်ဖြစ်

ဧပြီလ ၁ ရက်နေ့မှ စတင် ပြဋ္ဌာန်းမည့် လူမှုဖူလုံရေး ဥပဒေသစ်တွင် အာမခံထားခွင့် ရှိသည့် အမြင့်ဆုံး လုပ်ခ လစာငွေအား သုံးသိန်း အထိသာ သတ်မှတ်သွားမည် ဖြစ်ကြောင်း မတ်လ ၂၁ ရက် နေ့ UMFCCIတွင် ပြုလုပ် ကျင်းပခဲ့သည့် လူမှုဖူလုံရေး ဥပဒေသစ်နှင့် အလုပ်ရှင် အလုပ်သမားများ၏ အကျိုး ခံစားခွင့်များ ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် လူမှုဖူလုံရေး ရုံးချုပ်မှ ညွှန်ကြားရေးမှူးချုပ် ဦးယုလွင်အောင်က ပြောသည်။

“အမြင့်ဆုံး လုပ်ခလစာ အာမခံထားရှိငွေကို သုံးသိန်းပဲ သတ်မှတ်သွားမှာပါ။ ဘာလို့လဲ ဆိုတော့ ဥပဒေ အသစ်မှာက အကျိုး ခံစားခွင့်ကို အဆပေါင်း များစွာ မြှင့်ထားလို့ပဲ”ဟု ညွှန်ကြားရေးမှူးချုပ်က ဆိုသည်။

ယနေ့အထိရှိနေသေးသော အဓမ္မ လုပ်အားပေး ခိုင်းစေမှုများ

မြန်မာနိုင်ငံ အနေဖြင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအား ဆောင်ရွက်လျှက် ရှိနေသော်လည်း   ဧရာဝတီတိုင်း ဒေသကြီး အတွင်းတွင် အဓမ္မ လုပ်အားပေး ခိုင်းစေမှုများမှာ ယနေ့ထိ ရှိနေဆဲပင် ဖြစ်နေကြောင်း သိရသည်။  

အဆိုပါ အဓမ္မ လုပ်အားပေး ခိုင်းစေမှုများမှာ  ဧရာဝတီတိုင်း ဒေသကြီး၊ အင်္ဂပူ မြို့နယ်၊ သက္ကယ်ပြင် (မဲ) ကျေးရွာ အုပ်စုရှိ ကျေးရွာခွဲ (၁၀)တွင် နေထိုင်သော အိမ်ထောင်စု (၂၀၀)အား ခိုင်းစေခြင်း ဖြစ်ကာ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှုးနှင့် အဖွဲ့တို့မှ စေခိုင်းခြင်း ဖြစ်သည်ဟုလည်း သိရသည်။

သန်းခေါင်စာရင်း ကောက်ယူရာတွင် ရိုဟင်ဂျာဟု သုံးနှုန်းလာပါက အရေးယူရန် ရခိုင် တိုင်းရင်းသားများ တောင်းဆိုနေဆဲ

ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူရာတွင် ရခိုင် တိုင်းရင်းသားများ၏ ကုတ်နံပါတ် အောက်တွင် ရိုဟင်ဂျာဟု ထည့်သွင်း ဖော်ပြ သုံးနှုန်းလာပါက ပုဒ်မ ၁၆(ခ)ဖြင့် အရေးယူ ပေးရန်နှင့် ရခိုင် တစ်မျိုးသားလုံးမှ သန်းခေါင်စာရင်း ကောက်ယူရေးတွင် ပါဝင်လာတော့မည် မဟုတ်ကြောင်း သိရသည်။

သန်းခေါင်စာရင်း ကောက်ယူမှုတွင် ပြတ်သားစွာ မလုပ်ဆောင်ပါက ရခိုင်လူထုတစ်ရပ်လုံး ဆန္ဒဖော်ထုတ်မည်ဟု အစိုးရကိုသတိပေး

ရခိုင်ပြည်နယ် အတွင်းတွင် ကောက်ယူနေသော သန်းခေါင်စာရင်း ကောက်ယူမှုနှင့် ပတ်သက်ပြီး အစိုးရ အနေဖြင့် ဥပဒေကို ပြတ်ပြတ် သားသား လုပ်ဆောင်ရန် လိုအပ်ကြောင်းနှင့် ယင်းသို့ မဆောင်ရွက် နိုင်ပါက နောက်ဆက်တွဲ အနေဖြင့် ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သည်ဟု ရခိုင် စာပေနှင့် ယဉ်ကျေးမှုမှ ဒေါက်တာစံလှကျော်က ပြောသည်။

ရခိုင်ပြည်နယ် အတွင်း ယခုလက်ရှိ အိမ်အကြောင်းအရာနှင့် သန်ကောင်း စာရင် ကောက်ယူမှုနှင့် ပတ်သက်ပြီး လက်ရှိ တိုင်ပြည် အုပ်ချုပ်နေသော နိုင်ငံတော် အစိုးရ အနေနဲ့ ပြက်သာဖို့ လိုတယ်၊ မြန်မာနိုင်ငံတွင် မက ကမ္ဘာ နိုင်ငံများတွင်လည်း ရိုဟင်ဂျာ လူမျိုး မရှိသည့် အတွက် ထည့်သွင်းရန် မလိုအပ်ကြောင်း သိရသည်။

ကရင်လက်နက်ကိုင် အဖွဲ့၏ အရာရှိ နေရာအချို့ကို လူမျိုးခြားများ ရရှိထားပြီး တားမြစ်ဆေးနှင့် လက်နက်များ တရားမ၀င် သယ်ဆောင်နေ

ကရင်ပြည်နယ် ဘားအံမြို့နယ် သံလွင် တံတားဂိတ်တွင် ပူးပေါင်း စစ်ဆေးရေး အဖွဲ့မှ ဖြတ်သန်း သွားလာနေသော ယာဉ်များအား ရှာဖွေ စစ်ဆေးခဲ့ရာ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ စီးပွားရေး တာဝန်ခံ မောင်းနှင်လာသော ယာဉ်တစ်စီး ပေါ်မှတားမြစ် စိတ်ကြွ ဆေးပြားများ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

Pages