March 2014

DeeDo အချိုရည်များ ဈေးကွက်တွင်းမှ သိမ်းဆည်းဦးမည်မဟုတ်

ဒီးဒိုအချိုရည်တွင် မှိုပါဝင်ခြင်း ဟုတ်မဟုတ် သေချာမှသာ ဈေးကွက် အတွင်းမှ သိမ်းဆည်း သွားမည်ဖြစ်ကြောင်း Foodstar ကုမ္ပဏီမှ မန်းနေးဂျင်း ဒါရိုက်တာ Miss Chantra Pongriက ပြောကြားလိုက်သည်။

အချိုရည်ပုလင်း အတွင်း စားသုံးရန် မသင့်သော မှိုများပါဝင်နေခြင်း ဟုတ်မဟုတ် သေချာရန် အတွက် FDA (အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေး ဌာန)နဲ့ တွေ့ဆုံစစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကာ အဆိုပါ စစ်ဆေးချက်မှ ထွက်လာသော ရလာဒ် အပေါ်တွင် မူတည်၍ ဈေးကွက် အတွင်းမှ အချိုရည်ဘူးများကို သိမ်းဆည်းသွားမည် ဖြစ်ကြောင်း နှင့် ယခု လက်ရှိတွင် ဈေးကွက်ထဲ၌ အချိုရည်များ ဆက်လက် ရောင်းချနေဆဲပင် ဖြစ်ကြောင်း သိရသည်။

သတ်ကွင်းထဲ ရောက်နေရသော ရခိုင်ပြည်နယ် လုံခြုံရေး ရဲဝန်ထမ်းများ

ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် လုံခြုံရေး အတွက် တာဝန်ယူထားသော နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ရင်းများ အနေအထားမှာ လက်ရှိ အနေအထားတွင် သတ်ကွင်းထဲ ရောက်နေပြီး မိမိ အသက် အန္တရာယ် အတွက် အထူး ဂရုစိုက် နေရကြောင်း ရခိုင်ပြည်နယ် လုံခြုံရေး တာဝန်ယူထားသည့် ရဲတပ်ရင်းများ ထံမှ သိရသည်။

စစ်တွေမြို့ နယ်မြေ လုံခြုံရေး ယူထားသည့် အရာရှိ တစ်ဦးက “ကျွန်တော်တို့ ညပိုင်း လှည့်ကင်း လှည့်ပြီဆိုရင် ကိုယ့်လူကိုယ် ပြန်စစ်နေရတဲ့ အနေအထား ရောက်နေတယ် ကိုယ့်အသက် အန္တရာယ်ကို ကိုယ်ပြန်ကာကွယ် နေရတယ်”ဟု လက်ရှိ ရခိုင်ပြည်နယ် လုံခြုံရေး ယူထားရသည့် အနေအထားနှင့် ပတ်သက်၍ ပြောသည်။    

ဖုန်းဆင်းမ်ကတ်အတွက် လျှောက်လွှာမလိုတော့ဟု ကြေညာ

Telenor ဆက်သွယ်ရေး အနေဖြင့် ဆင်းကဒ်များ အလွယ်တကူ ၀ယ်ယူနိုင်အောင် ပြုလုပ်နေကြောင်းနှင့် ဆင်းကဒ်ဝယ်ယူရာတွင် လျောက်လွှာ မလိုအပ်တော့ကြောင်း Telenor Myanmar မှ ယင်း၏ အွန်လိုင်းစာမျက်နှာတွင် ကြေညာ သည်။

ယင်းကဲ့သို့ ကြေငြာထား သော်လည်း Telenor Myanmar မှ ယနေ့အထိ ထူးခြားမှု တစ်စုံတရာ မရှိ သေးကြောင်းနှင့် ယင်းကဲ့သို့ပင် ၀န်ဆောင်မှုပေးမည့် Ooredoo ကုမ္ပဏီကမူ ဆင်းကဒ် လျှောက်ထားမှု များကို စတင် လက်ခံနေပြီ ဖြစ်ကြောင်း သိရသည်။

အလုပ်ထွက်ရင် သတိထားပါ

ကုမ္ပဏီတစ်ခုမှ အလုပ်ထွက်ပြီး (၅)လအကြာတွင် အာမခံမရသော ခိုးမှုဖြင့် တရားစွဲဆိုခံရသော Presenter အမျိုးသမီးငယ် တစ်ဦး၏ အမှုဖြစ်စဉ်နှင့် ပတ်သက်၍ Tomorrow ဂျာနယ်သို့ ရောက်ရှိလာခဲ့သော အကြောင်းအရာအား မူရင်းအာဘော်အတိုင်း ချုံ့၍ ဖော်ပြလိုက်ရပါသည်။

အဆိုပါ ဖြစ်စဉ်တွင် တရားခံ အဖြစ် တရားစွဲဆိုခံရသူမှာ အသက် (၂၁) နှစ်အရွယ်ရှိ မဆုဆုအောင် ဖြစ်ကာ Lazar World ကုမ္ပဏီတွင် အစီအစဉ် တင်ဆက်သူ အဖြစ် ၂၀၁၃ခုနှစ် မတ်လမှ သြဂုတ်လအထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်း ယခုအခါတွင် ပုဒ်မ ၃၈၁ဖြင့် ကျောက်တံတား ရဲစခန်းတွင် အမှုရင်ဆိုင်နေရကာ ၂၀၁၄ မတ်လ ၂၂ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီး Wars 2တွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

ပဲခူးမြို.က အိတုန်သို့ ပေးစာတစ်စောင်

အမှန်တရားဆိုတာ စာအုပ်ထဲမှာသာ ရှိတာပါ... ညီမလေး အိတုန် ဒီနေ့လေးက ညီမလေး ဒီအိုးဒီအိမ် ဒီမိသားစု ဘ၀ကနေ အပြီး ထွက်သွားရတော့ မယ်လေ....ဒီဘ၀မှာ ဘယ်လိုမှ ပြန်မတွေ့နိုင်တော့တဲ့ အခြေအနေမှာ ညီမလေးနဲ့ ပက်သက်တဲ့ အမေရယ် ...အမကြီးရယ် .... ညီမလေးရဲ့ သားလေးနဲ့ ယောက်ျားတွေ ပူဆွေးသောက ရောက်နေတာ....ညီမလေး မြင်နေရမှာပေါ့။

 

“ရုပ်သံဇာတ်လမ်းတွဲတွေကြောင့် အနုပညာသမားတွေ အလုပ်ရနေတာ” - သရုပ်ဆောင် ဒိန်းဒေါင်

ရုပ်သံ ဇာတ်လမ်းတွဲတွေရဲ့ အနုပညာ ဖန်တီးမှုမှ ပြည်ပ ဒါရိုက်တာများ၏ လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး သရုပ်ဆောင် ဒိန်းဒေါင်က

Adoxy ဖြည့်စွက်စာ(ဓာတ်စာ)ကို ထိုင်းနိုင်ငံတွင် ၂၀၀၇ ခုနှစ်ကတည်းက ရောင်းချခွင့် ပိတ်ပင်ခဲ့

ထိုင်းနိုင်ငံ ဈေးကွက်တွင် ဆီးချိုနှင့် သွေးတိုးရောဂါများ ပျောက်ကင်းစေနိုင်သည်ဟု ကြော်ငြာ ရောင်းချနေသော Adoxy ဖြည့်စွက်စာကို ထိုင်း အစားအစာ နှင့် ဆေးဝါး ကွပ်ကဲရေး ဌာန(FDA)က ၂၀၀၇ ခုနှစ်တွင် ရောင်းချခွင့် ပိတ်ပင်ခဲ့သည်။

Siam Biotech and Pharmacology Industryမှ ထုတ်လုပ်သော Adoxy ဖြည့်စွက်စာကို အင်တာနက်ပေါ်တွင် ယင်းကဲ့သို့ ကြော်ငြာနေကြောင်း FDAမှ အ ရာရှိများက တွေ့ရှိခဲ့ပြီး ၁၉၇၉ ခုနှစ် အစားအစာ ထိန်းချုပ်မှု အက်ဥပဒေ အရ ရောင်းချခွင့်နှင့် ကြော်ငြာခွင့် နှစ်ခုစလုံးကို ပိတ်ပင်ခဲ့ခြင်း ဖြစ်ကြောင်း FDA အထွေထွေ အတွင်းအရေးမှူး ဆီရီဝပ်သစ် တာရာဒိုက ပြောကြားခဲ့သည်။

Pages