March 2014

သေမင်းတမန် အစားအစာများနှင့် ပြည်သူ - နော်ရာမောင်

ယခုတလော စားသောက်ကုန် ဈေးကွက်အတွင်း လှုပ်လှုပ်ခတ်ခတ် ဖြစ်နေတဲ့ အကြောင်းအရာကို ပြပါဆိုရင် ဒီးဒို အချိုရည်ကို လက်ညှိုးထိုး ပြရတော့မှာပါပဲ.။

စားသောက်ကုန်ထဲမှာ မှိုပါတယ်.. မှိုမပါဘူး ဆိုတဲ့ ပြဿနာ နောက်မှာတော့ စားသုံးသူ ပြည်သူတွေ အတွက် စိတ်ရှုပ်ထွေးစရာ၊ ယုံကြည်မှုမဲ့စရာတွေကို တစ်သီကြီး ခံစားရစေပါတယ်၊ မြန်မာနိုင်ငံက စားသုံးသူတွေ ဒီလို ခံစားရတာ အခုမှ မဟုတ်တော့ပါဘူး၊ လွန်ခဲ့တဲ့ နှစ်တွေ အတွင်းမှာ ပျံ့နှံ့လာတဲ့ သတင်း မျိုးစုံကလည်း စားသုံးသူ ပြည်သူတွေ အတွက် အခုစားပြီး ချက်ချင်းပဲ ရောဂါ ရတော့မလိုကို ဒွိဟ ဖြစ်ပြီး စိတ်ဖိစီး စေပါတယ်။

အသင်းကြီး(၅)သင်း စံချိန်တင် ဂိုးပေါင်း(၂၂)ဂိုး သွင်းခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၁)

ပရီးမီယားလိဂ် ပွဲစဉ်(၃၁) ယှဉ်ပြိုင် ကစားခဲ့ကြသည့် အသင်းကြီးများ အနက် အမှတ်ပေး ဇယားကို ဦးဆောင်နေသည့် ချယ်လ်ဆီး၊ မန်စီးတီး၊ လီဗာပူးလ် အသင်းများ ခြေပြတ် ဂိုးပြတ်ဖြင့် အနိုင်ရရှိသွား ခဲ့သည်။

ချယ်လ်ဆီး အသင်းသည် လန်ဒန်ဒါဘီ အဖြစ် အာစင်နယ်နှင့် ကစားရာတွင် ၆-၀ ဂိုးဖြင့် အနိုင် ရခဲ့သလို မန်စီးတီး အသင်း ကလည်း ယာယာတိုရေး၏ ဟက်ထရစ် သွင်းဂိုး အပါအ၀င် ဖူဟမ်ကို ၅ ဂိုးပြတ် အနိုင်ရရှိခဲ့သည်။ လီဗာပူးလ် ကလည်း ကာဒစ်အား အဝေးကွင်းတွင် ဂိုးဒါဇင်ဝက် သွင်းပြီး တိုက်စစ် ခြေစွမ်းပြနိုင်ခဲ့သည်။

ဂျာမနီသို့ သွားရောက်လေ့ကျင့်မည့် မြန်မာ ယူ-၁၉ ဘောလုံးအသင်း

ယခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် အာရှ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲ မတိုင်မီ ဂျာမနီနိုင်ငံ၌ သွားရောက် လေ့ကျင့်ရန် စီစဉ်နေကြောင်း သိရသည်။

မြန်မာဘောလုံး အဖွဲ့ချုပ် အနေဖြင့် ဂျာမနီ ဘောလုံး အဖွဲ့ချုပ်နှင့် လောလောဆယ် ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိပြီး အစီအစဉ် မဖြစ်မှသာ တစ်ခြား ဥရောပ နိုင်ငံပွဲများတွင်  သွားရောက် လေ့ကျင့်မည်ဟု ဘောလုံး အဖွဲ့ချုပ် တာဝန်ရှိသူ တစ်ဦးမှ ပြောကြားခဲ့သည်။

အာရှ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲကို လာမည့် အောက်တိုဘာလ အတွင်း၌ ရန်ကုန်မြို့ သုဝဏ္ဏ ဘောလုံးကွင်းနှင့် နေပြည်တော် ၀ဏ္ဏသိဒ္ဓိ ဘောလုံးကွင်းများတွင် ပြိုင်ပွဲများကို ကျင်းပမည် ဖြစ်သည်။

မြန်မာဖူဆယ်အသင်း ခြေစမ်းပွဲပျက်၍ ပရိသတ်များ ဒေါသထွက်

မြန်မာ့လက်ရွေးစင် အမျိုးသား ဖူဆယ် အသင်းနှင့် ဂျပန်ဖူဆယ် ကလပ် Jyu Jyo အသင်းတို့၏ ခြေစမ်းပွဲ နောက်ဆုံး ပွဲစဉ်အား မတ်လ ၂၂ရက်နေ့က သုဝဏ္ဏကွင်းတွင် ကျင်းပရန် စီစဉ်ထား သော်လည်း ဂျပန်ဖူဆယ် အသင်းမှ ကစားသမား (၃)ဦးမှာ အပူချိန် မြင့်မားသည့် ဒဏ်ကို မခံစား နိုင်သည့် အတွက် ဂျပန်သို့ ပြန်သွားခဲ့သည်။

ထို့ကြောင့် ဂျပန် အသင်းတွင် လက်ကျန် ကစားသမား(၅) ကျန်ရှိသည့် အတွက် ခြေစမ်းပွဲကို ဖျက်သိမ်း ခဲ့ရသည်။

ရွေးကောက်ပွဲ ရလဒ် တရားမ၀င်ဟု ထိုင်းတရားရုံးက ကြေညာပြီးနောက် ချင်းမိုင်တွင် ဗုံးများပေါက်ကွဲ

ထိုင်းနိုင်ငံတွင် ပြီးခဲ့သောလက ကျင်းပခဲ့သော ရွေးကောက်ပွဲ ရလဒ် တရားမ၀င်ကြောင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ တရားရုံးက ကြေညာပြီး နာရီအနည်းငယ် အကွာတွင် ချင်းမိုင်မြို့၌ ဗုံးများ ပေါက်ကွဲခဲ့၍ လူလေးဦးခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုမှာ နိုင်ငံရေး ပဋိပက္ခများ၏ အကျိုးဆက်ဖြစ် နိုင်ခြေရှိပြီး တရားရုံး၏ ကြေညာချက်ကြောင့် အစိုးရ လိုလားသူများ ဒေါသထွက်ခဲ့ကြသည်။

ခရိုင်းမီယားကို သိမ်းယူပြီးနောက် ယူကရိန်း လေတပ် စခန်းများကို ရုရှားတပ်များ ၀င်ရောက် တိုက်ခိုက်သိမ်းပိုက်

ပြီးခဲ့သော မတ်လ ၁၆ ရက်နေ့တွင် ပြုလုပ်ခဲ့သော လူထု ဆန္ဒခံယူပွဲ အရ ခရိုင်းမီးယားကို သိမ်းယူခဲ့ပြီးနောက် ရုရှားတပ်များက ဒေသတွင်းရှိ ယူကရိန်း စစ်စခန်းများကို မတ်လ ၂၂ ရက်နေ့တွင် ၀င်ရောက်စီးနင်း သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်စခန်းမှာ ခရိုင်းမီးယားရှိ ယူကရိန်း၏ ဆီဗာစတိုပေါ်မြို့ အနီးရှိ ဘဲလ်ဘတ်ခ် စစ်စခန်း ဖြစ်ပြီး ရုရှားဘက်က သေနတ်များ ပစ်ဖောက်ကာ သံချပ်ကာ ကားများဖြင့် သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။ ယူကရိန်း စစ်တပ်ဘက်မှ ပြန်လည် ခုခံခြင်း မရှိဘဲ ယူကရိန်း နိုင်ငံတော် သီချင်းကို သံပြိုင် သီဆိုခဲ့ကြသည်။ သို့သော် ယူကရိန်း စစ်သားအချို့ ဒဏ်ရာ ရရှိခဲ့သည်။

ဒုတိယမြစ်ဆုံ (သို့မဟုတ်) တိုင်းရင်းသား လက်နက်ကိုင်များနှင့် ဒေသခံများ ကန့်ကွက်နေတဲ့ ဟတ်ကြီး ရေလှောင်တမံ - ဖိုးဥာဏ်စင် (မြန်မာစာ)

သံလွင်မြစ်၌ အကောင်အထည် ဖော်မည့် ဟတ်ကြီး ရေအားလျှပ်စစ် စီမံကိန်းအား ကရင် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ဒေသခံ ပြည်သူများ ကန့်ကွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ စီမံကိန်းကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဗဟို အတိုင်အပင်ခံ ဦးအောင်သောင်း၏ သားဖြစ်သူ ဦးနေအောင် ပိုင်ဆိုင်သော IGE ကုမ္ပဏီနှင့် တရုတ်နိုင်ငံ Synohydro Corporation၊ ထိုင်းနိုင်ငံ လျှပ်စစ် ထုတ်လုပ်ရေး အာဏာပိုင် အဖွဲ့ (Generating Authority of Thailand EGAT)တို့ အကျိုးတူပူးပေါင်း ဆောင်ရွက်သွားမည်ဟု သိရသည်။

(၃)နှစ်သားအစိုးရနှင့် ပြည်သူလူထုထွက်ရပ်လမ်း - ညွှန့်လွင် (R.I.T)

အစိုးရအနေဖြင့် သမီးကလေး ကျေးရွာအား အင်အားသုံး ဖယ်ရှားခြင်း အပါအ၀င် မြေယာမဲ့ ပြည်သူများ အရေး၊ သိမ်းဆည်းခံ တောင်သူ လယ်သမား အရေးအား ဖြေရှင်းရန် ဆန္ဒပြပွဲ တစ်ခု ဖေဖော်ဝါရီလ ၁၈ရက် နံနက်ပိုင်းက ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံရှေ့တွင် ဖြစ်ပွားခဲ့သည်။ အဆိုပါ ဆန္ဒပြမှုကို ဒီမိုကရေစီရေး စဉ်ဆက် မပြတ်လှုပ်ရှားမှု အုပ်စုမှ ကိုထင်ကျော် ဦးဆောင်သော အဖွဲ့ အပါအ၀င် အခြား နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၁၀၀ ခန့်မှ ပူးပေါင်း ပါဝင်ခဲ့ကြပြီး သမီးကလေး ကျေးရွာ အပါအ၀င် အခြား မြေယာမဲ့ ပြည်သူများ၊ မြေယာ သိမ်းဆည်းခံ တောင်သူလယ် သမားများ အတွက် “လူသားဆန်စွာ နေထိုင်ခွင့် ရရှိရေး၊ မြေယာမဲ့ ပြည်သူများ အရေး အစိုးရက အမြန်ဆုံး ဖြေရှင်းပေ

Pages