March 2014

ဆရာမ မိချမ်းဝေသို့ အိတ်ဖွင့်ပေးစာ - ပိုပြည့်သူ (ပြည်ဦးလွင် NLD လူငယ်)

(၁.၃.၂၀၁၄) တနင်္ဂနွေ နေ့ထုတ် Street View ဂျာနယ် မှာ ဆရာမ မိချမ်းဝေ ဧရာဝတီ စာပေပွဲတော် အကြောင်း ရေးခဲ့တာ ဖတ်ရှုရပါတယ်။

ဒီနေရာမှ ကျွန်မကြိုတင်ပြီး ပြောပြထားချင်တာက ကျွန်မက ဆရာမ မိချမ်းဝေရဲ့ စာဖတ်ပရိသတ် တစ်ယောက်လည်း ဖြစ်ပါတယ်။ ဆရာမရဲ့ ဆောင်းပါးမှာ အမှတ်မထင် ပါလာတဲ့ စာသားလေးက ဆရာမရဲ့ စိတ်ခံစားချက်လေးကို ဖော်ပြ လိုက်တယ်လို့ ထင်မိပါတယ်။ ပါတီနာမည် တပ်မထား ပေမယ့် ဆရာမ ဘယ်ပါတီကို ပြောလဲဆိုတာ စာဖတ်သူတိုင်း သိမှာပါ။

ယမကာလုလင်တွေက လွှတ်တော်ကြီးကို ကျေးဇူးတင်ပါတယ် - (လက်စောင်းထက်)

ပြီးခဲ့တဲ့ အပတ်က လွှတ်တော်မှာ အဆိုတစ်ခု တင်သွင်းကြသတဲ့။ အရက်၊ ဘီယာ၊ စီးကရက် တွေကို အခွန်တိုးကောက်ဖို့။ ဒီသတင်းကြားတာနဲ့ ယမကာ လုလင်တွေ ညနေဖက် အရက်သောက် ရင်တောင် နင်နေကြသတဲ့။ ဒါပေသိ လွှတ်တော် အမတ်မင်းတွေ ထဲမှာလည်း ယမကာ လုလင်တွေ အများကြီး ရှိနေပုံရတယ်။

ပဲခူးမြို့ရှိ ရှေးဟောင်းဘုရားများ ဖြိုချခံနေရ

ပဲခူးမြို့ မြို့ရှောင်လမ်း ဖောက်လုပ်ရာတွင် ရှေးနှစ်ပေါင်း ငါးရာကျော်ခန့်မှ သမိုင်းဝင် နာရဏီ သိမ်တော် တောရကျောင်း သာသနာ့မြေပေါ်ရှိ ရှေးဟောင်း ဘုရားစေတီများ ဖြိုချခံနေရကြောင်း သိရသည်။

ပဲခူးမြို့ အုတ်သာမြို့သစ်ရပ် ကွက်ကြီး(၈)ရှိ ရှေးဟောင်း သမိုင်းဝင် နာရဏီ သိမ်တော် တောရကျောင်းသည် နှစ်ပေါင်း ၅၄၁နှစ် ရှိပြီဖြစ်ပြီး ၄၄ဧကအား အခွန်လွတ် သာသနာ့ နယ်မြေ အဖြစ် နိုင်ငံတော် အစိုးရက သတ်မှတ်ကာ ဂရန်ထုတ် ပေးထားကြောင်း သိရသည်။

ကမ္ဘာ့အကောင်းဆုံး ခရီးစဉ်ဒေသဆု ၂၀၁၄ အတွက် မြန်မာနိုင်ငံရရှိ

ခရီးသွားလုပ်ငန်း ကဏ္ဍတွင် အမြင့်ဆုံး ဆုတစ်ဆု ဖြစ်သော  ကမ္ဘာ့အကောင်းဆုံး ခရီးစဉ် ဒေသဆု ၂၀၁၄ (World Best Touris Destination Award 2014) မြန်မာနိုင်ငံ ရရှိခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာနမှ သိရသည်။

ခရမ်းလွန်ရောင်ခြည် ပြင်းထန်အဆင့်ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ အတွက် UV နဲ့ ကျန်းမာရေး

အိုဇုန်းလွှာ ပါးလွှာခြင်းကြောင့် အရှေ့တောင်အာရှ နိုင်ငံများသို့ ခရမ်းလွန်ရောင်ခြည် (UV Radiation) ကျရောက်လျက်ရှိရာ မြန်မာနိုင်ငံတွင်လည်း တနင်္လာရီ တိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ ကရင် ပြည်နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်းတို့ အပြင် မန္တလေးတိုင်း ဒေသကြီး၌ မတ်လ အတွင်း ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်း ၁၂ အထက်ကို ကျော်လွန်ရောက်ရှိပြီး အပြင်းထန်ဆုံး ခရမ်းလွန် ရောင်ခြည် အဆင့်ကို ခံစားနေရသည်။

မြန်မာနိုင်ငံအတွက် ကောင်းနိုးရာရာ (၂) - (အောင်ဒင်)

ဝင်ငွေခွန် ကောက်ခံတဲ့ နေရာမှာ ရတဲ့ဝင်ငွေ အားလုံးအပေါ် ရာခိုင်နှုန်း သတ်မှတ်ပြီး ကောက်ခံတာတော့ မဟုတ်ပါ။ အခွန်ထမ်းဆောင်သူ အတွက် သက်သာခွင့်တွေ ပေးထားပြီး သက်သာခွင့် (Deduction/Exemption)တွေကို ခုနှိမ်ပြီး ကျန်တဲ့ငွေကိုမှ ၀င်ငွေခွန် စည်းကြပ်သင့်တဲ့ငွေ (Taxable Income)လို့ သတ်မှတ်တာပါ။

သတိ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မကျူးကျော်ရ - ကျော်ကြီး (MDY)

စစ်အစိုးရလက်ထက် တပ်မတော်က သိမ်းယူထားတဲ့ မြေယာတွေ ပြန်လည်ပေးအပ်ဖို့ လွှတ်တော်မှာ တရားဝင် ပြောကြား လိုက်ပြီတဲ့ . .

ဒီသတင်းကြားရတော့ မန္တလေးသား တစ်ယောက်ဖြစ်တဲ့ ကျွန်တော့် အနေနဲ့ တစ်ယောက်ထဲ ကြိတ်ပြီး ၀မ်းသာနေမိတယ်ဗျ။ တစ်ကယ်ပြန်ပေး မပေးတော့ မသိဘူးပေါ့ဗျာ။

ကျွန်တော့်မှာ အသိမ်းခံထား ရတဲ့ လယ်မြေ ရှိလို့လား ဆိုတော့လည်း တစ်ကွက်မှတော့ မရှိပါဘူး။ ဆင်းရဲသား တောင်သူ လယ်သမားတွေ အတွက် ဘေးကနေ ၀မ်းသာ နေမိတာပါ။

သတင်းမီဒီယာသမားတွေကို မေးချင်တယ် - ဇော်သက်ထွေး

၂၀၁၂ ခုနှစ် နှစ်ကုန်က စပြီး မြန်မာနိုင်ငံမှာ သတင်း လွတ်လပ်ခွင့်တွေ ရပြီလို့ နိုင်ငံတကာက ပြောကြပါတယ်။ စာပေ စိစစ်ရေး နှင့် မှတ်ပုံတင် ဌာန ဖျက်သိမ်း ပြီးတဲ့နောက် သတင်း ဂျာနယ်တွေဟာ လွတ်လွတ်လပ်လပ် ရေးသားလာ ကြပါတယ်။ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေး မဏ္ဍိုင် သုံးရပ်ကို စောင့်ကြည့်ဖို့ အတွက် သတင်း မီဒီယာ အခန်းကဏ္ဍဟာ စတုတ္တွ မဏ္ဍိုင်အဖြစ် ရေပန်းစား လာပါတယ်။

လေယာဉ်ပျောက် ရှာချင်သလား - မာဂျေ

မြန်မာနိုင်ငံက ဒီနှစ်အတွက် (အရှေ့တောင်အာရှ နိုင်ငံများအသင်း) အာဆီယံရဲ့ ဥက္ကဌ ဖြစ်တယ်။ ဒီတော့ ၂၀၁၄ခုနှစ် အတွင်းမှာ အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ အရေးအရာတွေကို ဦးဆောင် ဖြေရှင်းပေးဖို့ တာဝန် ရှိလာတယ်။ လောလောဆယ်တော့ အံ့မခန်းဖွယ် ပျောက်ဆုံးမှုလို့ အမည်တပ်ထားတဲ့ မလေးရှား လေကြာင်းက ဘိုးအင်း ၇၇၇ လေယာဉ်ကြီး ကွာလာလမ်ပူကနေ ဘေဂျင်း အသွား လမ်းမှာ ပျောက်သွားတယ်။ အဲဒီလေယာဉ် သွားလမ်းတစ်လျှောက်က စင်ကာပူ၊ ဗီယက်နမ်နဲ့ မလေးရှား ရေတပ်၊ လေတပ်တွေ ပေါင်းပြီး ရှာနေတာ တစ်ပတ်ရှိပြီ။ ဘာသတင်းမှ မရဘူး။ ဒီလေယာဉ်လမ်းကြောင်းဟာ ကမ္ဘာပေါ်မှာ လူနေ အထူထပ်ဆုံး ဒေသတွေကို ဖြတ်ပြီး ပျံသန်းတာ ဖြစ်ပါလျက်၊ အသွားအလာ ထူထပ်တဲ့ နေရာမှာ ပျံသ

ဒဂုံ အဖျော်ယမကာ ကုမ္ပဏီ လီမိတက်၏ လူမှုရေးတာဝန်သိတတ်မှု

ဒဂုံ အဖျော်ယမကာ ကုမ္ပဏီ လီမိတက်သည် မြန်မာနိုင်ငံတွင် အခွန် အများဆုံး ပေးဆောင်သည့် ကုမ္ပဏီ စာရင်းတွင် တတိယ နေရာ၌ရှိသလို မြန်မာ့ လူ့အဖွဲ့အစည်း အတွက် လူမှုရေး တာဝန်ယူမှုများ ကိုလည်း ဆောင်ရွက် ပေးနေသည့် ကုမ္ပဏီ ဖြစ်သည်။ စတင် တည်ထောင်ချိန်မှ ယခု ၂၀၁၄ ခုနှစ် မတ်လ အထိ သုံးစွဲခဲ့သည့်ငွေ စုစုပေါင်းမှာ ကျပ်သန်းပေါင်း (၁၀၁၅.၄၉၁) အထိ ရှိနေပြီ ဖြစ်သည်။

Pages