March 2014

မာဆတ်ကောင်မလေးများဘက်မှ ရှေ့နေလိုက်ခြင်း - (မိုက်တီး)

မြန်မာနိုင်ငံဟာ လွတ်လပ်ခွင့်တွေ ရနေပါပြီတဲ့။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်တွေ အများကြီး ဖြစ်လာတော့မှာတဲ့။ အမျိုးသမီးများရဲ့ နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍ ဆိုလား ဘာဆိုလားပဲ။

KIAမှ ဗိုလ်ချုပ်ဂွမ်မော် ထိန်းသိမ်းခံရ သတင်း ရာနှုန်းပြည့်မှားယွင်းကြောင်း ဦးဒေါင်ခါးပြောကြား

ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ဒုတိယ ဗိုလ်ချုပ်ကြီး ဂွမ်မော်အား အကျယ်ချုပ် ကျခံရသည် ဆိုသော သတင်းအား မဟုတ်မှန်ကြောင်း ယင်းအဖွဲ့မှ နည်းပညာ အကြံပေး အဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ ဦးဒေါင်ခါးက ပြောသည်။

KIAစစ်ဦးချုပ် ဗိုလ်ချုပ်ဂွမ်မော်အား မတ်လ ၆ရက်နေ့က အကျယ်ချုပ်ဖြင့် KIA ထိပ်တန်း ခေါင်းဆောင် အင်ဘန်လမှ ထိန်းသိမ်းထားကြောင်း၊ ကေအိုင်အို ဒုဥက္ကဋ္ဌ ဇော်စိုင်း နှုတ်ထွက်သွားပြီး အောက်ခြေရှိ ကေအိုင်အေ တပ်များကြား သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်နေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

ကျင်းပဖို့ မသေချာသေးတဲ့ ကြားဖြတ် ရွေးကောက်ပွဲ

“ကြားဖြတ် ရွေးကောက်ပွဲ လုပ်မယ် မလုပ်ဘူးဆိုတာ လွှတ်တော်ကနေ ခေါ်မှ တရားဝင်ပြောမယ်” – ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး

၂၀၁၄ခုနှစ်အတွင်း ကြားဖြတ် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ရွေးကောက်ပွဲ လုပ်မယ် မလုပ်ဘူး ဆိုသည်ကို လွှတ်တော်မှ မေးမှသာ ဖြေကြားပေးမည် ဖြစ်ကြောင်းနှင့် လတ်တလောတွင် လွှတ်တော်ကို ကျော်ပြီး မဖြေကြား နိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက Tomorrowသို့ ပြောသည်။

Dubao စီးကရက်များ ဥပဒေချိုးဖောက်ရောင်းချနေ

ရိုမေနီးယားမှ တင်သွင်းသည် ဆိုသော Dubao ဒူဘောင်း အမည်ရှိ စီးကရက်များကို မြန်မာ နိုင်ငံ ဆေးရွက်ကြီး ဥပဒေကို ချိုးဖောက်ကာ အရောင်း မြှင့်တင်ပွဲများ ပြုလုပ် ရောင်းချနေကြောင်း သိရသည်။

တက္ကသိုလ်ဝင် စာမေးပွဲ မေးခွန်းထုတ်ဝေသည့်ပုံစံ ပြောင်းလဲရန် လိုလားမှုများရှိနေ

တက္ကသိုလ်ဝင် စာမေးပွဲ မေးခွန်းကို ပြည်နယ်နှင့်တိုင်း အလိုက် ထုတ်နေခြင်းနှင့် စပ်လျဉ်း၍ ပညာရေး လောက အတွင်း ဝေဖန်မှုများ ရှိနေခဲ့ကာ ယခင် ကဲ့သို့ပင် မေးခွန်း တစ်စုံသာ ထုတ်ပေးရန် လိုလားလျက် ရှိနေကြောင်း သိရသည်။

ရန်ကုန် တက္ကသိုလ် သမိုင်း ဌာနမှူး(ငြိမ်း) ဦးခွန်ရာဇာက “အမျိုးသား ပညာရေး ဆိုတာ အစိုးရက တစ်နေရာတည်း ဦးစီးပြီး လုပ်ရမယ့် ပညာရေး ၊ချုပ်ကိုင်ပြီး သေသေ ချာချာ လုပ်ရမယ့် ပညာရေးပါ။ တက္ကသိုလ်ဝင် စာမေးပွဲ မေးခွန်းကို တိုင်းနဲ့ ပြည်နယ် ခွဲပြီး တိုင်းနဲ့ ပြည်နယ်က သက်ဆိုင်ရာ ပါမောက္ခချုပ်တွေက ကြိုက်သလို မေးခွန်းထုတ်နေတော့ အလကား ပညာရေး ဖြစ်သွားတာပေါ့”ဟု   Tomorrow ဂျာနယ်သို့ ပြောကြားသည်။

ငှားရမ်းမှုများလာတဲ့ ရန်ကုန်အိမ်ဈေးကွက်

ရန်ကုန်မြို့တွင်း နေထိုင်သူ အများစုတွင် အိမ်အရောင်း ဈေးကွက်ထက် အိမ်ငှားရမ်း နေထိုင်မှုသာ အများဆုံး ရှိခဲ့ကြောင်း အိမ်ခြံမြေ အရောင်းအ၀ယ် ပြုလုပ်သူ အသိုင်းအ၀ိုင်းမှ သိရသည်။

ရန်ကုန်မြို့တွင်း နေထိုင်သူများ အတွက် တိုက်ခန်း အရောင်းအ၀ယ် ဈေးကွက်မှာ ယခု အချိန်တွင်  သိသိသာသာ မြင့်တက်လာကြောင်း၊ ၂၀၁၄ခုနှစ် ဆန်းပိုင်းတွင် ရန်ကုန်မြို့သို့ ပြည်ပမှ ရင်းနှီးမြုပ်နှံ သူများ  ၀င်ရောက် လာသည်နှင့် အမျှ အိမ်အငှား ဈေးကွက်မှာ နှစ်ဆကျော် မြင့်တက် လာပြီး နေထိုင်သူ အချို့မှာ မြို့အစွန်ဖက်သို့ ကူးပြောင်း နေထိုင်မှုများ လာကြောင်း အိမ်ခြံမြေ အရောင်းအ၀ယ် လုပ်ကိုင်နေသူ ဦးတင်အောင်က ပြောသည်။

ကျောက်ဖြူ စက်မှုဇုန်ကြောင့် ဖယ်ရှားခံထားရသည့် ရွာပေါင်း(၄၀)ကျော် ယခု အချိန်အထိ လျော်ကြေး မရရှိသေး

ကျောက်ဖြူ စက်မှုဇုန် အတွက် ဖယ်ရှား ခံထားရသည့် ရွာပေါင်း  ၄၀ကျော်သည် ယခုချိန်ထိ လျော်ကြေး မရရှိသည့် အပြင် ပြန်လည် နေရာ ချထားပေးမှုများလည်း မရှိကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။

စက်မှုဇုန် နေရာ အတွက် မြေသိမ်းယူမှုကြောင့် လူဦးရေ နှစ်သိန်း ရှိသည့် ကျောက်ဖြူ မြို့နယ်တွင် ယခုအခါ ရွာပေါင်း ၄၀ကျော် ဖယ်ရှား ခံနေရသည်ဟု ဆိုသည်။ ထိုက်သင့်သော လျော်ကြေး မရရှိသည့် အပြင် ပြန်လည် နေရာချထား ပေးခြင်းလည်း မရှိသေးကြောင်း ဆက်လက် ပြောကြားသည်။

ကျွမ်းကျင်လုပ်သားရှားပါးမှုကြောင့် နိုင်ငံစီးပွားတိုးတက်မှု ဆွေးနွေးရန်ရှိ

မြန်မာနိုင်ငံတွင် ကျွမ်းကျင် လုပ်သား ရှားပါးမှု ပြဿနာများကြောင့်  မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီး မြုပ်နှံမှုများ ၀င်ရောက်လာ သော်လည်း မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုများ နှေးကွေး နေဦးမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် အစိုးရပိုင်း အနေဖြင့် ကျွမ်းကျင် ၀န်ထမ်းများ မွေးထုတ်ပေးနိုင်မှု အားနည်းခဲ့သည့် အတွက် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများ ၀င်ရောက်လာ သော်လည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အနေဖြင့် နှောင့်နှေးနေခြင်း ဖြစ်သည်ဟု လှိုင်သာယာ စက်မှုဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောသည်။

ငွေမည်းတွေ ဖြူလာဖို့ ပြည်ထောင်စု လွှတ်တော်က လမ်းဖွင့်

ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးခဲ့သော အကြောင်းအရာ တစ်ခုကြောင့် မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ဈေးကွက် အတွင်းသို့ ၀င်ငွေရလမ်း မဖော်ပြနိုင်သည့် ငွေမည်းများ အလုံးအရင်းဖြင့် ၀င်ရောက်လာ နိုင်သည်ဟု အိမ်၊ ခြံ၊ မြေ ဈေးကွက် အတွင်းမှ ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။

လွှတ်တော်မှာ ပြန်စဉ်းစားနေပြီဆိုတဲ့ သမ္မတလစာ

ပြည်သူ့ ၀န်ထမ်းထဲတွင် အဆင့်မြင့်ဆုံး ဖြစ်သည့် နိုင်ငံတော် သမ္မတ၏ လစာနှင့် အနိမ့်ဆုံး အောက်ခြေ ၀န်ထမ်းလစာ နှိုင်းယှဉ်ပါက အဆ(၅၀) ကွာဟနေသည့် အတွက် ပြန်လည် စဉ်းစားရန် လိုအပ်နေပြီ ဖြစ်ကြောင်း အမျိုးသား လွှတ်တော် န၀မ ပုံမှန် အစည်းအဝေး ၂၅ ရက်မြောက် နေ့တွင် လွှတ်တော် ကိုယ်စားလှယ်က ပြောကြား ခဲ့သည်။

“နိုင်ငံတော် သမ္မတ ချီးမြှင့်ငွေ ကျပ်သိန်း ငါးဆယ်နဲ့ အဆင့်နိမ့်ဆုံး ၀န်ထမ်း လစာ ယှဉ်ကြည့်ရင် အဆ ငါးဆယ်လောက် ကွာနေတဲ့ အတွက် ပြန်စဉ်းစားဖို့ သင့်တယ်”ဟု ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၄မှ ဦးစတီဗင်သာဘိတ်က ပြောသည်။

Pages