March 2014

တံတားနီနေ့ အထိမ်းအမှတ် သက်ဆိုင်သူများနှင့် (၁၀) မိနစ်တာ

လွန်ခဲ့သော ၂၆နှစ် ၁၉၈၈ မတ်လ ၁၆ ရက်နေ့တွင် အင်းလျားကန်မြေ၌ တစ်ပါတီ အာဏာရှင် စနစ်၏ ဖိနှိပ်မှု၊ မတရားမှုများကို ငြိမ်းချမ်းစွာ ဆန့်ကျင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ၏ သွေးစွန်း ခဲ့သောနေ့ (၂၆)နှစ်ပြည့် အခမ်းအနားတွင် သက်ဆိုင်သူ ကျောင်းသား၊ ကျောင်းသူများမှ အောက်မေ့ဖွယ် ရင်တွင်း စကားများ ထုတ်ဖော် ပြောကြား ခဲ့ကြသည်။

KNU တပ်မဟာ(၁)မှ ကျိုက်ထိုမြို့နယ် အနီးရှိ ရာဘာစိုက်ခင်းများကို ဆက်ကြေးကောက်ခံ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် အတွင်းရှိ ဆောင်နန်းရီး၊ မဲရုံးကြီး၊ ကျောင်းရွာနှင့် အနီး ပတ်ဝန်းကျင် ရွာများရှိ ရာဘာ စိုက်ခင်း ပိုင်ရှင်များ ထံမှ အစိုးရနှင့် ငြိမ်းချမ်းရေး ယူထားသော KNU တပ်မဟာ(၁)က ရန်ပုံငွေဟု ဆိုကာ ရာဘာ စိုက်ခင်း တစ်ဧကလျှင် ကျပ်ငါးထောင်နှုန်း စတင် ပေးဆောင်ရန် တောင်းခံ လာသည်ဟု ရာဘာခြံပိုင်ရှင် တစ်ဦးက Tomorrow သို့ ဖုန်းဆက် ပြောကြား ခဲ့သည်။

တံတားနီနေ့ အထိမ်းအမှတ် သက်ဆိုင်သူများနှင့် (၁၀) မိနစ်တာ

လွန်ခဲ့သော ၂၆နှစ် ၁၉၈၈ မတ်လ ၁၆ ရက်နေ့တွင် အင်းလျားကန်မြေ၌ တစ်ပါတီ အာဏာရှင် စနစ်၏ ဖိနှိပ်မှု၊ မတရားမှုများကို ငြိမ်းချမ်းစွာ ဆန့်ကျင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ၏ သွေးစွန်း ခဲ့သောနေ့ (၂၆)နှစ်ပြည့် အခမ်းအနားတွင် သက်ဆိုင်သူ ကျောင်းသား၊ ကျောင်းသူများမှ အောက်မေ့ဖွယ် ရင်တွင်း စကားများ ထုတ်ဖော် ပြောကြား ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ပေးရန် ပြင်ဆင်

၂၀၁၃ ခုနှစ်အတွင်း စက်ရုံ၊ အလုပ်ရုံ ၉၅ ရုံတို့မှ လုပ်သားများက အခြေခံ လစာ တိုးမြှင့်ပေးရန် ဆန္ဒပြ တောင်းဆိုမှုများ ဆက်တိုက် ဖြစ်ပွား ခဲ့ပြီးနောက် အလုပ်သမားများ၏  အနိမ့်ဆုံး အခြေခံ လစာတိုးမြှင့် သတ်မှတ်ပေးရန် အတွက် စစ်တမ်း ကောက်ယူမှုများနှင့်   ဆွေးနွေး ဆောင်ရွက်မှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲတွင် မဲပေးမည့် မသန်စွမ်းသူများ အတွက် သွားလာရေး စီစဉ်

မသန်စွမ်းသူများ မဲပေးရာတွင် မဲရုံများသို့ သွားလာမှု အဆင်ပြေစေရေး အတွက် မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်နှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ အဖွဲ့တို့ ပူးပေါင်း၍ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ပြင်ဆင် ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း သိရ သည်။

Red Link၏ ၀န်ဆောင်မှုများ ညံ့ဖျင်းနေသည်ဟု အသုံးပြုသူများ ပြောဆို

အင်တာနက် လုပ်ငန်း လုပ်ကိုင်ခွင့် ရထားသည့် Red Link အင်တာနက် လိုင်းအား ချိတ်ဆက် အသုံးပြုနေသူများ အနေဖြင့် သုံးစွဲရ အဆင် မပြေကြောင်း ပြောဆိုလာ ကြသည်။

Red Link ၏ အင်တာနက် သုံးစွဲခသည် ရတနာပုံ တယ်လီပို့နှင့် ယှဉ်ပါက ဈေးနှုန်းများသည့် အပြင် အင်တာနက်လိုင်း မကြာခဏ ကျတတ်ကြောင်း ရတနာပုံ တယ်လီပို့နှင့် Red Link နှစ်မျိုးလုံး ချိတ်ဆက် သုံးစွဲနေသည့် တာမွေ မြို့နယ်မှ ကုမ္ပဏီ ပိုင်ရှင် တစ်ဦးက ပြောသည်။

ကိုကိုကြီး လွှတ်တော်နိုင်ငံရေးသို့ ကူးပြောင်း လုပ်ဆောင်မည့် ဆုံးဖြတ်ချက် အပေါ် ၈၈ ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကြိုဆို

၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)မှ ကျောင်းသား ခေါင်းဆောင် ကိုကိုကြီး အနေဖြင့် လွှတ်တော် နိုင်ငံရေးသို့ ကူးပြောင်း လုပ်ဆောင်မည့် ဆုံးဖြတ်ချက် အပေါ် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)မှ လှိုက်လှဲစွာ ကြိုဆိုကြောင်း သိရသည်။

မြောက်ကိုရီးယားက ဒုံးကျည် ၁၈ ခုကို ပင်လယ်အတွင်း ပစ်ဖောက်စမ်းသပ်ခဲ့

မြောက်ကိုရီးယားသည် ဒုံးကျည် ၁၈ ခုကို မတ်လ ၁၆ ရက်နေ့၌ ပင်လယ်ပြင် အတွင်းသို့ ပစ်ဖောက် စမ်းသပ်ခဲ့ပြီး ယင်းလုပ်ရပ်မှာ တောင်ကိုရီးယား နှင့်အမေရိကန် အပေါ် ရန်လိုသော နောက်ဆုံး လုပ်ရပ် ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီးဌာနက ပြေကြားသည်။

မြောက်ကိုရီးယားသည် ဂျပန် ပင်လယ် (အရှေ့ပင်လယ်)မှ ၇၀ ကီလိုမီတာ အကွာရှိ ၎င်း၏ အရှေ့ဘက် ကမ်းရိုးတန်း အတွင်းသို့ ပစ်ဖောက်ခဲ့ခြင်း ဖြစ်သည်ဟု တောင်ကိုရီးယား စစ်ဘက် အရာရှိ တစ်ဦးက ဆိုသည်။ ဒုံးကျည် ၁၀ ခုကို ဒေသ စံတော်ချိန် ညနေ ၆း၂၀ ၌ ဖောက်ခွဲခဲ့ပြီး ၈ ခုကို ၈း၀၃ ၌ ဖောက်ခွဲ ခဲ့ခြင်း ဖြစ်သည်။

Pages