March 2014

အရှုပ်အထွေးများ ဖြစ်ပေါ်နေသော်လည်း ခရိုင်းမီးယား ခွဲထွက်ရေး လူထုဆန္ဒခံယူပွဲ ပြုလုပ်

ယူကရိန်း နိုင်ငံရေးတွင် ရုရှား ၀င်စွက်ဖက်မှုကြောင့် အရှုပ်အထွေးများ ဖြစ်ပေါ်နေ သော်လည်း ခရိုင်းမီးယား ဒေသ ယူကရိန်းမှ ခွဲထွက်၍ ရုရှားနှင့် ပူးပေါင်းရေး အတွက် ပြည်သူလူထု ဆန္ဒ ခံယူပွဲကို မတ်လ ၁၆ ရက်နေ့တွင် ပြုလုပ်ကြောင်း သိရသည်။

ဆန္ဒခံယူပွဲ ကျင်းပစဉ်တွင် ကော့ဆက်နှင့် ရုရှားကို လိုလားသော စစ် ယူနီဖောင်း ၀တ်များက မဲရုံများ၌ ကင်းစောင့် နေကြသည်။ ဘတ်စ်ကားများနှင့် မော်တော် ဆိုင်ကယ်များတွင် ရုရှား အလံများ လွှင့်ထူ၍ မြို့တွင်း၌ မောင်းနှင် သွားလာ ခဲ့ကြသည်။

ပျောက်ဆုံးလေယာဉ် ရှာဖွေနိုင်ရန် နိုင်ငံပေါင်း ၂၅ နိုင်ငံကို မလေးရှားအစိုးရ အကူအညီတောင်း

တစ်ပတ်ကျော်ကြာ ပျောက်ဆုံး နေသော မလေးရှား လေကြောင်းလိုင်းမှ ဘိုးရင်း ၇၇၇ လေယာဉ်ပျံ ကို ပြန်လည် ရှာဖွေနိုင်ရန် နိုင်ငံပေါင်း ၂၅ နိုင်ငံကို မလေးရှား အစိုးရက အကူအညီ တောင်းလိုက်ကြောင်း သိရသည်။

အာရှ အလယ်ပိုင်းမှ အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်း အထိ ကျယ်ပြန့်သော ရှာဖွေရေးတွင် ကုန်းမြေနှင့် ပင်လယ် အတွင်းကိုပါ ကျယ်ပြန့်စွာ ရှာဖွေ သွားမည် ဖြစ်သည်။ မူလ ကတည်းက ရှုပ်ထွေးသော ရှာဖွေရေး ကိစ္စမှာ ပိုခက်ခဲလာ တော့မည်ဟု မလေးရှား သယ်ယူ ပို့ဆောင်ရေး ၀န်ကြီး ဌာနက ဆိုသည်။

ဆူပူမှုများ အဆုံးသတ်ရေး အတွက် “ငြိမ်းချမ်းရေးကော်မရှင်”နှင့် ပူးပေါင်းရန် အမေရိကန်ကို ဗင်နီဇွဲလား တိုက်တွန်း

အစိုးရ ဆန့်ကျင်ရေး ဆူပူအုံ ကြွမှုများ တစ်လကျော်ဖြစ်ပွားပြီးနောက် ငြိမ်းချမ်းရေး ညှိနှိုင်းမည့် “အဆင့်မြင့် ကော်မရှင်”တစ်ဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်ရန် ဗင်နီဇွဲလား သမ္မတ နီကိုလပ်စ် မာဒူရိုက အမေရိကန်ကို မတ်လ ၁၆ ရက်နေ့တွင် တိုက်တွန်းလိုက်သည်။

ပအိုဝ်း တိုင်းရင်းသားများ တက်ရောက်ခဲ့တဲ့ နန်းခင်ဇေယျာရဲ့ မွေးနေ့ပွဲ

နန်းခင်ဇေယျာရဲ့ မွေးနေ့ ပွဲကို ယခုလ ၁၃ ရက် ည ၇ နာရီတွင် ရန်ကုန်မြို့ ကန်တော်ကြီး ပဲလေ့စ် ဟိုတယ်တွင် ပြုလုပ်ခဲ့ပြီး အနုပညာ အသိုင်းအ၀ိုင်းမှ မောင်နှမများ၊ ရုပ်ရှင်မှ အစည်းအရုံး တာဝန် ရှိသူများ၊ ပအိုဝ်း တိုင်းရင်းသားများ၊ အွန်လိုင်းပေါ်တွင် အဖြေမှန်သော ပရိသတ်များ နှင့်အတူ ညစာ စားသောက်ပွဲကို  ပျော်ရွှင်စွာ ဆင်နွှဲ ခဲ့ကြောင်း သိရသည်။

ပညာရေး ပြီးတော့မှ အနုပညာ အလုပ်ကို ဦးစားပေးတော့မယ့် ယွန်းယွန်း

အကောင်းဆုံး ကလေး သရုပ်ဆောင် ထူးချွန်ဆုအား ရရှိခဲ့သော ယွန်းယွန်းအား အကယ်ဒမီ ရပြီးနောက် အနုပညာ လှုပ်ရှားမှုနှင့် ပတ်သက်ပြီး သရုပ်ဆောင် ယွန်းယွန်းက

သရုပ်ဆောင်လောကကို ခြေချလာပြီဖြစ်တဲ့ ခင်ဝင့်ဝါ

သရုပ်ဆောင် လမ်းကြောင်း ပေါ်ကို လျှောက်လှမ်းလာတဲ့ မော်ဒယ် ခင်ဝင့်ဝါက ဇာတ်ကား ရိုက်ကူးမှုနှင့် ပတ်သက်ပြီး ယခုလို ပြောခဲ့ပါတယ်။

“ပြည်သူတွေ ၀င်ငွေနည်းလာတော့ ဖျော်ဖြေရေးဘက်ကို အချိန် မပေးနိုင်ကြတော့ဘူး”ဆိုတဲ့ မိုးမင်း

သဘင် လောကသားများ၏ ဖြတ်သန်းမှုနှင့် ဇာတ်သဘင် ဖျော်ဖြေရေး များတွင် ပရိသတ်များ အားနည်းလာမှု အပိုင်းများနှင့် ပတ်သက်၍ သဘင် ပညာရှင် ဦးမိုးမင်းက

ကစ်ချီအသင်းကို အနိုင်မျှော်မှန်းထားကြောင်း နေပြည်တော် ဘောလုံးအသင်း နည်းပြ ဦးမျိုးလှိုင်ဝင်း ပြောကြား

နေပြည်တော် အသင်း၏ နည်းပြချုပ် ဖြစ်သူ ဦးမျိုးလှိုင်ဝင်းသည် AFC Cup ပြိုင်ပွဲ အ ဝေးကွင်း ပွဲစဉ်အဖြစ် ကစ်ချီအသင်းနှင့် ကစားရမည့် ပွဲသည် အရေးကြီးပြီး အနိုင်ရရှိမည်ဟု မျှော်လင့်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

နေပြည်တော် အသင်းသည် ယခုနှစ်မှ AFC Cup သို့ ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရခဲ့သော်လည်း တစ်ပွဲနိုင်၊ တစ်ပွဲသရေ ရလဒ်ဖြင့် လေးမှတ် ရရှိပြီး အုပ်စုတက်ရန် အခြေအနေကောင်း လျက်ရှိသည်။ မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ်တွင်လည်း ဇေယျာရွှေမြေ အသင်းကို ယခုအပတ်တွင် ၂-၀ ဂိုးဖြင့် အနိုင် ရရှိခဲ့သည့် အတွက် မြန်မာ နေရှင်နယ်လိဂ် အမှတ်ပေး ဇယားတွင် ဒုတိယ နေရာ၌ ရပ်တည်လျက် ရှိသည်။

 

 

မြန်မာပြည်တွင်း ပတ်လည် ဂေါက်သီးရိုက် ပြိုင်ပွဲ စိုးကျော်နိုင် ဗိုလ်စွဲ

နေပြည်တော်ရှိ ရွိုင်ရယ် မြန်မာ ဂေါက်ကလပ်တွင် ကျင်းပလျက် ရှိသော မြန်မာပြည်တွင်း ပတ်လည် ဂေါက်သီးရိုက် ပြိုင်ပွဲ စတုတ္တွနေ့ အဖြစ် ယနေ့ ပြီးဆုံး သွားခဲ့ပြီ ဖြစ်ရာ မြန်မာ ဂေါက်သီး အကျော်အမော် စိုးကျော်နိုင်သည် ပရော်ဖက်ရှင်နယ် အဆင့်တွင် ဗိုလ်စွဲ သွားခဲ့ကြောင်း သိရသည်။

အပျော်တမ်း ပြိုင်ပွဲများတွင် မျိုးဝင်းအောင်မှ လည်းကောင်း၊ အမျိုးသမီး ပြိုင်ပွဲတွင် ယဉ်မေမျိုးက လည်းကောင်း ဗိုလ်စွဲသွား ခဲ့သည်။

လီယွန်နယ်မက်ဆီ ဘာစီလိုနာ အသင်းအတွက် သွင်းဂိုး(၃၇၁)ဂိုးဖြင့် ဂိုးသွင်း အများဆုံး စံချိန်တင်

ဘာစီလိုနာ အသင်း၏ အဓိက တိုက်စစ်မှူး တစ်ဦးဖြစ်သည့် အာဂျင်တီးနား ကစားသမား လီယွန်နယ် မက်ဆီသည် ပြီးခဲ့သော မတ်လ (၁၆)ရက်နေ့က အိုဆာဆူနာ အသင်းနှင့် ကစားခဲ့သော စပိန် လာလီဂါ အမှတ်ပေး ပွဲစဉ်တွင် အသင်း အတွက် (၃၇၁)ဂိုးမြောက် သွင်းဂိုးကို သွင်းယူပေးခဲ့ပြီး ဘာစီလိုနာ အသင်း သမိုင်းတွင် ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် စံချိန်တင် ခဲ့ကြောင်း သိရသည်။

Pages