April 2014

လိင်တူချစ်သူများကို မကြောက်ကြပါနဲ့

အပြည်ပြည်ဆိုင်ရာ လိင်တူ ချစ်သူများ အပေါ် ကြောက်ရွံ့ မုန်းတီးမှုအား ဆန့်ကျင်သောနေ့ (IDAHO) အထိမ်းအမှတ် ဓာတ်ပုံပြိုင်ပွဲ ပြုလုပ်သွားမည်ဟု သိရသည်။

အဆိုပါပြိုင်ပွဲကို မေလ ၁၇ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာ လိင်တူ ချစ်သူများ အပေါ် ကြောက်ရွံ့ မုန်းတီးမှုအား ဆန့်ကျင်သောနေ့ (IDAHO) အထိမ်းအမှတ် အဖြစ် YG Events နှင့် Colors Rainbow တို့က ကြီးမှူး ပြုလုပ်သွားမည် ဖြစ်သည်။

သီလ၀ါ အထူးစီးပွားရေးဇုန် ရှယ်ယာဝယ်လိုအား အဆိုပြုချက်များ ကျပ်၄၀ဘီလျှံကျော်အထိ မြင့်တတ်

သီလ၀ါ အထူး စီးပွားရေးဇုန်၏ ရှယ်ယာရောင်းချမှုတွင် သတ်မှတ်ရှယ်ယာ အရေအတွက်များ သတ်မှတ်ချက်ထက် နှစ်ဆကျော်အထိ မြင့်တတ်ခဲ့ကာ ကျပ် ၄၀ ဘီလျှံကျော်ထိ မြင့်တတ်နေကြောင်းလည်း သိရသည်။

ရန်ကုန်မြို့လည်ခေါင်ကဓားပြမှု

ယခုဖြစ်စဉ်မှာ ရန်ကုန်မြို့လယ်၊ အင်ယားကန်၊ တံတားဖြူအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ရပ်ထားသော ယာဉ်ပေါ်မှ လူများအား အချွန်နှင့်ထိုးကာ ပါလာသော ရွှေငွေ လက်ဝတ် လက်စားများ လုယက်ပြီး ဒဏ်ရာနှင့် လူများအား ယာဉ်ပေါ်မှ ပစ်ချကာ ယာဉ်ကိုပါ မောင်းနှင် ယူဆောင်သွားသည့် ဖြစ်ရပ်တစ်ခု ယခုလ (၂၅) ရက်နေ့ နံနက်(၄)နာရီ (၃၀)မိနစ် အချိန်တွင် ဖြစ်ပွားခဲ့သည်။

ရန်ကုန် အပူချိန်လွန်ကဲသဖြင့် လိုင်းကားစီးရင်း ဦးနှောက်သွေးကြောပြတ်သေဆုံး

တိုက်ကြီး-ဆူးလေ ခရီးသည်တင်ယာဉ်ပေါ်၌ လိုက်ပါလာသော အသက်(၆၃)နှစ် အရွယ်ရှိ ခရီးသည် အမျိုးသား တစ်ဦးမှာ လိုင်းကားပေါ်တွင် လိုက်ပါ စီးနင်းရင်းပင် ဦးနှောက်သွေးကြောပြတ် သေဆုံးခဲ့ရကြောင်း သိရသည်။

HUAWEI ကုမ္ပဏီဝန်ထမ်း၊တရုတ်လူမျိုး သတိမေ့ရာမှသေဆုံးလျှက်ရှိ

အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်ရှိ ရေ၀တီမိုတယ်တွင် တည်းခိုနေသော အသက်(၂၈)နှစ် အရွယ်ရှိ တရုတ်နိုင်ငံသား အမျိုးသား တစ်ဦး သတိမေ့နေသည်ဆိုသည့် သတင်းကြောင့် အင်းစိန်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးကာ ၀ိတိုရိယဆေးရုံသို့ တင်ပို့ခဲ့ရာ သေဆုံးနေကြောင်း သိရသည်။

ဓာတ်ကြိုးက ဓာတ်လိုက်တာ မသိလေရော့သလား

ရွှေပြည်သာမြို့နယ်တွင် နေထိုင်သူ အသက်(၄၄)နှစ် အရွယ်ရှိ အမျိုးသမီး တစ်ဦးမှာ နေအိမ် ခြေရင်းတွင် သွယ်တန်းထားသော လျှပ်စစ်မီးကြိုးပေါ်သို့ ရေစိုလုံခြည်လှန်းရာ ဓာတ်လိုက် သေဆုံးမှု တစ်ခုဖြစ်ပွားခဲ့ရကြောင်း သိရသည်။

ကျောင်းသားတပ်မတော် (ABSDF) မှ တာဝန်ရှိသူများ ရန်ကုန်သို့ရောက်ရှိ

ကျောင်းသား တပ်မတော် (ABSDF)မှ ဥက္ကဋ္ဌ အပါဝင် ဗဟို ကော်မတီဝင်များနှင့် တာဝန်ရှိသူများ ရန်ကုန်သို့ ရောက်ရှိနေကြောင်း သိရသည်။

“ကျွန်တော်တို့ လာရောက်ရတဲ့ အဓိက အကြောင်းရင်းကတော့ ဘဘ ဦးဝင်းတင်ရဲ့ ဈာပန အခမ်းအနားကို တက်ရောက်ဖို့ရယ်၊ ကျွန်တော်တို့ (ABSDF) သမိုင်းကြောင်း စာအုပ်လေးကို တရားဝင် မိတ်ဆက်မယ့် အခမ်းနားလေး အတွက် လာရောက် ခဲ့တာပါ”ဟု ကျောင်းသား တပ်မတော် (ABSDF) မှတာဝန်ရှိသူ ကိုလွမ်းဏီက ပြောကြားခဲ့သည်။

သေဆုံးတာတောင် အမှု့ဖွင့်အရေးယူခံရသူ

လမ်းဘေးတွင် ရပ်ထားခဲ့သော ကွန်တိန်နာအား တိုက်မိခဲ့ရာမှ ဆိုင်ကယ် စီးနင်းလာသူ သုံးဦးလုံး သေဆုံးခဲ့ရသော ဖြစ်ရပ်တစ်ခု ယခုလ (၂၆)ရက်နေ့ မနက်(၄)နာရီခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းဖြစ်ရပ်ကြောင့် ဆိုင်ကယ်စီးနင်းလာသူ နှစ်ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင် သေဆုံးခဲ့ရကြောင်းနှင့် ယင်းဖြစ်စဉ်ကြောင့် ဆိုင်ကယ်အား မဆင်မခြင် မောင်းနှင်သူ စိုင်းခမ်းမောင် (သေဆုံး)အား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မ ရဲစခန်း၌ ယာဉ်(ပ) ၂၆/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၂၇၉/၃၀၄-က ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ဖမ်းဆီးထားသော မီဒီယာလောကသားအတွက် ဆန္ဒဖော်ထုတ်ရန်စီစဉ်

မကွေးတိုင် ဒေသကြီးအတွင်း၌ သတင်းထောက်များအား ဖမ်းဆီးခြင်း၊ ထောင်ချခြင်းတို့အတွက် မကွေးတိုင်း အတွင်းရှိ သတင်း ထောက်များ၊ မကွေးတိုင်း ဒေသကြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ မြေလတ် ၈၈ မျိုးဆက် ခေါင်းဆောင်များ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ၊ ဒီမိုကရေစီ ချစ်မြတ်နိုး သူများ အပါအ၀င် လူ့အဖွဲ့အစည်း ပေါင်းစုံမှ စုပေါင်းကာ ဆန္ဒပြ တောင်းဆိုသွားရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နတ်မောက်မြို့ လူထုလှုပ်ရှား

ဗိုလ်ချုပ်အောင်ဆန်း မွေးရပ်မြေ၊ နတ်မောက်မြို့တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး အတွက် ဧပြီ ၂၄ ရက်နေ့ နံနက်က ပြည်သူများက စီတန်း လှည့်လည်ကာ ပုဒ်မ ၅၉(ဃ)၊ ၅၉(စ) ဖျက်သိမ်းရေး၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆိုင်းဘုတ်များကို ကိုင်ဆောင်ကြွေးကြော်ပြီး စနစ်တကျ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

Pages