April 2014

ပြည်သူ့အကျိုးပြုလုပ်ငန်းအတွက် ကေအဲန်ယူနှင့် ဒီကေဘီအေတို့ ပထမဆုံးအကြိမ်ပူးပေါင်း

ဒေသတွင်းရှိ ကလေးငယ်များ ပညာရည်မြင့်မားပြီး မိမိလူမျိုးနှင့် တိုင်းပြည်အပေါ် အကျိုးပြနိုင်ကြရန် ရည်ရွယ်၍ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် အတွင်းရှိ သေဘောဘိုး ဒေသတွက် ကရင် အမျိုးသား အစည်းအရုံး (KNU) နှင့် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)တို့ ပူးပေါင်းပြီး အထက်တန်း ကျောင်းတစ်ကျောင်းကို တည်ဆောက်လျက်ရှိကြောင်း သိရသည်။

ဖမ်းချင်ဖမ်းပါ ဆန္ဒပြဖို့ စာမတင်တော့ပါ

မြန်မာနိုင်ငံအတွင်း သတင်း မီဒီယာများနှင့် ဆန္ဒပြသူများအား ဖမ်းဆီးခြင်းများနှင့် ပတ်သတ်ပြီး  မကျေနပ်၍ မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုး တိုးတက်ရေး ကွန်ရက်မှ ဦးဆောင်၍  ဆန္ဒပြမှုများ ဆက်တိုက် ပြုလုပ်သွားမည်ဟု ဧပြီ (၂၇)ရက်က မြောက်ဒဂုံမြို့နယ် မကွေးကျောင်းတိုက်၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ကိုမျိုးနိုင်မှ ပြောသည်။

တိုက်ခန်းရောင်းဝယ်ရာတွင် မူလမြေပိုင်ရှင်များ လက်မှတ်ထိုးခငွေကြေးများ တောင်းခံက တရားစွဲနိုင်

ရန်ကုန်မြို့ တိုက်ခန်း အရောင်းအ၀ယ် ပြုလုပ်ရာတွင် စာချုပ်ချုပ်ဆိုရာ၌ မူလမြေပိုင်ရှင်မှ လက်မှတ်ထိုးခ အဖြစ် ငွေကြေး တောင်းခံလာပါက ရဲစခန်းတွင် အမှုဖွင့် တရားစွဲဆိုနိုင်ကြောင်း သိရသည်။

ရန်ကုန်မြို့ တိုက်ခန်း အရောင်းအ၀ယ် စာချုပ်ချုပ်ဆိုရာ၌ မူလ မြေပိုင်ရှင်အား လက်မှတ်ထိုးခ အဖြစ် တိုက်ခန်း ရောင်းရငွေ၏ နှစ်ရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်း အထိ ပေးနေရကြောင်း တိုက်ခန်း အရောင်းအ၀ယ် ပြုလုပ်နေသူများထံမှ သိရသည်။

မြန်မာ့ဂုဏ်ရောင်ဒေသခံများနှင့် ၀ါဝါ၀င်းကုမ္ပဏီကြား ဖြေရှင်းရန် စုံစမ်းစစ်ဆေးရေး ကော်မတီဖွဲ့

မြန်မာ့ဂုဏ်ရောင် ရပ်ကွက် အတွင်း ရေတပ်စခန်းမှ သိမ်းယူ ခဲ့သော မြေယာများမှ ပြည်သူများ နှင့် ၀ါဝါ၀င်း ကုမ္ပဏီတို့ကြား ဖြေရှင်းရန် အတွက် တိုင်းဒေသကြီး လွှတ်တော်၏ ညွှန်ကြားချက် အတိုင်း ဧပြီလ ၁၁ ရက်တွင် စုံစမ်း စစ်ဆေးရေး ကော်မတီဖွဲ့စည်း လိုက်ပြီး စစ်ဆေးမှုအား လာမည့် ၃၀ ရက် နောက်ဆုံး ဖော်ပြရမည် ဖြစ်သည်။

မီနီဘတ်စ်များ အရစ်ကျ မရောင်း၍ ပြေးဆွဲမှု ရပ်ဆိုင်းရမည့် ဟိုင်းလတ်ပိုင်ရှင်များ အခက်တွေ့

“မီနီဘတ်စ်က ၀ယ်ပြီး တန်းဆွဲလို့ မရဘူး။ ခြောက်လလောက် ပြင်ဆင်ရတယ်။ အဲ့ဒီအချိန်မှာ ဘာသွားစားရမှာလဲ”

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ပြေးဆွဲနေသော ဟိုင်း လတ်ယာဉ် (၈၀၀)ကျော် နေရာတွင် မီနီဘတ်စ်များ အစားထိုး ပြေးဆွဲသွားမည်ဖြစ်ကာ ယင်းသို့ ပြေးဆွဲရန် အတွက် ထူးကုမ္ပဏီမှ မီနီဘတ်စ်များ အရစ်ကျ ရောင်းချပေးမည်ဟု ဆိုသော်လည်း အမှန်တကယ်တွင် လက်ငင်းစနစ်ဖြင့်သာ ရောင်းချပေးမည်ဟုဆိုကြောင်း အနောက်ပိုင်း ခရိုင် ကျောက်တန်း-တာမွေ ခရီးစဉ်တွင် ပြေးဆွဲနေသော ၁၈၁ ယာဉ်လိုင်း တာဝန်ခံ ဦးဖိုးဆန်းက ပြောသည်။

ပိုးလမ်းမကြီးအကြောင်း မှတ်တမ်းတင် ဇာတ်ကား ယူနန်ရုပ်မြင်သံကြား အဖွဲ့မှ ရိုက်ကူးမည်

ဒုတိယ ကမ္ဘာစစ် အတွင်းက အိန္ဒိယမှ တရုတ်နိုင်ငံအထိ ဖောက်လုပ်ခဲ့သော ပိုးလမ်းမကြီး (Silk Road) အကြောင်းကို ယူနန်ရုပ်မြင်သံကြားအဖွဲ့မှ မှတ်တမ်းတင် ဇာတ်ကားအဖြစ် ရိုက်ကူးရန် စီစဉ် လျက်ရှိသည်။

ဟံသာဝတီဦးဝင်းတင်၏ ရက်လည်ဆွမ်းသွတ် သုံးနေရာ တစ်ပြိုင်တည်းပြုလုပ်

ဟံသာဝတီ ဦးဝင်းတင်ရဲ့ ရက်လည် ဆွမ်းသွတ် အခမ်းအနားကို ရန်ကုန်မြို့တွင် တစ်ချိန်တည်း နေရာ သုံးနေရာ တစ်ပြိုင်နက် ပြုလုပ်ခဲ့ကြောင်းကို ဆရာကြီး ဦးဝင်းတင်၏ ဈာပန ဖြစ်မြောက်ရေး ကော်မတီမှ သိရသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိ သတင်းစာဆရာကြီး ဦးဝင်းတင်၏ ရက်လည် ဆွမ်းသွတ် အခမ်းအနားကို ရန်ကုန်မြို့ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် လည်းကောင်း၊ ရန်ကင်းမြို့နယ် ကျောက်ကုန်း ခြံအမှတ် ၁၀ရှိ ဆရာကြီး ဦးဝင်းတင်၏ နေအိမ်တွင် လည်းကောင်း၊ အမှတ် ၃၂ စိန်ခြယ်လမ်း ကျိုက္ကဆံ ရပ်ကွက် ဗဟန်းမြို့နယ်တွင် လည်းကောင်း ပြုလုပ် ကျင်းပခဲ့ကြောင်း သိရသည်။

သုံးလသားအရွယ် ကလေးငယ် မူမမှန် ဦးနှောက်ဆဲလ် ကြီးထွားမှုရောဂါ ဆိုးရွားစွာ ခံစားနေရ

ရန်ကုန်တိုင်း ဒေသကြီး ခရမ်းတွင် နေထိုင်သော မိသားစုတစ်ခုမှ အမွှာကလေးငယ် တစ်ဦးတွင် မူမမှန် ဦးနှောက်ဆဲလ် ကြီးထွားမှု ဝေဒနာအား ဆိုးရွားစွာရင်ဆိုင် နေရကြောင်း သိရသည်။

“ကလေးက အမွှာနှစ်ယောက်က တစ်ယောက်ပါ။ ကျန်ကလေးတစ် ယောက်က အကောင်းဗျ။ ဒီကလေး ကတော့ အခုတဖြည်းဖြည်းနဲ့ ဦးနှောက်ဆဲလ်တွေ ကြီးထွားလာတာကို ခံစားနေရတာ။ မိဘတွေကလည်း ငွေကြေးအရ တတ်နိုင်သူတွေ မဟုတ်တော့ ကြည့်ရတာ တော်တော် သနားစရာ ကောင်းတယ်”ဟု အဆိုပါ ကလေး မိသားစုအား ကူညီပေးရန် အတွက်ဆောင်ရွက်နေသူ ကိုမျိုးဇော်ဦးက ပြောခဲ့သည်။

သတင်းထောက်များ ထောင်ချခံနေရသည့် အတွက် မီဒီယာသမားများ အရေးပေါ် အစည်းအဝေး ကျင်းပ

မကွေးတိုင်း မကွေးမြို့နယ် တိုင်းပညာရေးမှူးနှင့် အင်တာဗျူး လုပ်ရန်ကြိုးပမ်းခဲ့သော DVB သတင်းထောက် သူရသက်တင် (ခ) ကိုဇော်ဖေအား ပိုင်နက် ကျူးလွန်မှု၊ ၀တ္တရား နှောင့်ယှက်မှုတို့ဖြင့် မကွေးခရိုင် တရားရုံးမှ ထောင်ဒဏ် ၁ နှစ်ချမှတ်ခဲ့သည့် အတွက် ရန်ကုန်မြို့ရှိ HOME ရုံးခန်းတွင် မီဒီယာ သမားများ ဧပြီ ၂၆ ရက် နေ့က အရေးပေါ် အစည်းအဝေး ကျင်းပခဲ့သည်။

အာရှဘောလုံးအဖွဲ့ချုပ်တွင် ဖျော်ဖြေသော မြန်မာ့ခြင်းလုံးပညာ

အာရှဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူများ အပါအ၀င် ပြည်ပနိုင်ငံသားများအား  ဖျော်ဖြေခဲ့သည့် မြန်မာ့ရိုးရာခြင်းလုံး အလှခတ်ခြင်းအား နိုင်ငံခြားသားများ အထူးပင် ကြိုက်နှစ်သက်စွာ အားပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါပွဲအား ဧပြီလ ၂၄ရက်နေ့ Park Royak ဟိုတယ်တွင် ပြုလုပ်ကျင်းပခဲ့ခြင်း ဖြစ်ကာ U-19 Championship Myanmar 2014 ဘောလုံး ပြိုင်ပွဲမဲခွဲပွဲ အခမ်းအနား ဖျော်ဖြေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Pages