April 2014

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ကာချုပ်ပြောကြားချက် ဝေဖန်မှုများရှိနေ

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ဆန္ဒပြ တောင်းဆိုမှုများ ရှိနေချိန်တွင် ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ မိန့်ခွန်း ထွက်ပေါ်လာခြင်းအပေါ် နိုင်ငံ ရေး အသိုင်းအ၀ိုင်း အတွင်း ဝေဖန်မှုများစွာ ရှိနေကြောင်း သိရသည်။

“ကာချုပ်အနေနဲ့ မပြင်ချင်ဘူး ဆိုရင်တောင် လွှတ်တော်မှာ ၇၅ရာခိုင်နှုန်း အများစုက ပြင်ဖို့ ဆုံးဖြတ်ရင်လည်း အခြေအနေက တစ်မျိုး ပြောင်းသွားမှာပါ၊ ကာချုပ် ပြောတာက သူ့သဘော၊ သူ့ဆန္ဒ အရပြောတာ၊ အဓိက အဆုံးအဖြတ်က လွှတ်တော်မှာပဲ မူတည်တယ်” ဟု တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီမှ ဦးထွန်းရီက ပြောသည်။

စစ်တွေ ပဋိပက္ခကြောင့် ပြည်တွင်းပြည်ပ ၀န်ထမ်း(၁၀၀)ကျော် ရဲရိပ်သာသို့ ပြောင်းရွှေ့

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် အတွင်း ဘင်္ဂါလီလူမျိုးများကို သန်းခေါင်စာရင်း ကောက်ယူမှုနှင့် ပတ်သက်ပြီး ဆန္ဒပြမှု၊ သာသနာ့ အလံအား မဖွယ်မရာပြု လုပ်ခဲ့သောကြောင့် ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်မှုတို့မှာ မတ်လ(၂၈) ရက်နေ့တွင် ပြန်လည် အေးချမ်းသွားပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပဋိပက္ခနှင့် ပတ်သက်၍ သေနတ် အချက်ပေါင်း (၁၀၀)ကျော် ပစ်ဖောက်ပြီး လူစုခွဲခဲ့ရကြောင်းနှင့် ယင်းဖြစ်ရပ်များမှာ မကြီးထွားသင့်ပဲ  ကြီးထွားခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

လိုက်နာမှုပိုပြီး အားနည်းလာတဲ့ ဆေးလိပ်၊ဆေးရွက်ကြီး ဥပဒေ

မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေအား သောက်သုံးသူ အပြင် လုပ်ငန်းရှင်များပါ လိုက်နာမှု အားနည်းနေ သေးကြောင်း ကျန်းမာရေး ၀န်ကြီး ဌာနမှ ဒေါက်တာ  ဥာဏ်လင်းသူက ပြောသည်။

ဆေးလိပ် သောက်သုံးသူတွေ သာမက ဆေးလိပ်နဲ့ ဆေးရွက်ကြီး  ရောင်းချတဲ့ လုပ်ငန်းရှင်တွေကပါ ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး  ဥပဒေကို လိုက်နာကျင့်သုံးမှု အလွန် အားနည်းလာကြောင်း ဆေးလိပ် နှင့် ဆေးရွက်ကြီးထွက် ပစ္စည်း ကင်းစင်သည့် နေရာများ ဆိုင်ရာ ကဏ္ဍပေါင်းစုံ ညှိနှိုင်း အလုပ်ရုံ ဆွေးနွေးပွဲတွင် ၄င်းက အထက်ပါ အတိုင်း ပြောကြားခဲ့သည်။

လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနရဲ့အရှုံး ပြည်သူရဲ့ အမုန်း မဖြစ်စေချင် (အယ်ဒီတာ့အာဘော်)

လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက ယခုလ (၁)ရက်နေ့မှစပြီး လျှပ်စစ် သုံးစွဲမှု မီတာခများအား တိုးမြှင့်ကောက်ခံပြီ ဖြစ်သည်။ ထိုသို့ တိုးမြှင့်ကောက်ခံရာတွင် နည်းလမ်း ငါးမျိုးဖြင့် ကောက်ခံသွားမည် ဖြစ်ပြီး အိမ်သုံး ၁၀၀ ယူနစ်အထိ တစ်ယူနစ် ၃၅ ကျပ်၊ ယူနစ် ၁၀၀ ကျော်မှ ၂၀၀ ယူနစ်အထိ တစ်ယူနစ် ၄၀ကျပ်၊ ယူနစ် ၂၀၀ နှင့်အထက်အား တစ်ယူနစ် ၅၀ကျပ်၊ စက်မှု လုပ်ငန်းသုံး မီတာများ အတွက် ယူနစ် ၅၀၀ထိ တစ်ယူနစ် ၇၅ ကျပ်၊ ယူနစ် ၅၀၀ ကျော်မှ ယူနစ် တစ်သောင်းအထိ တစ်ယူနစ် ၁၀၀ကျပ်၊ ယူနစ် တစ်သောင်းမှ ယူနစ် ငါးသောင်းအထိ တစ်ယူနစ် ၁၂၅ကျပ်၊ ယူနစ်ငါးသောင်းမှ ယူနစ်နှစ်သိန်း အထိ တစ်ယူနစ် ၁၅၀ကျပ်ဟူ၍ ကောက်ခံသွားမည်ဟု ဆိုသည်။

စစ်တပ်နှင့် အုပ်ချုပ်ရေး အာဏာပိုင်များမှ နိုင်ထက်စီးနင်း ပြုကျင့်နေမှုအား နိုင်ငံတော် သမ္မတမှ ကာကွယ်တားဆီးပေးရန်အတွက် တိုင်းရင်းသား ပါတီခေါင်းဆောင်များက တရားဝင်တောင်းဆို

မိမိတို့ ဒေသအတွင်း စစ်တပ်နှင့် အုပ်ချုပ်ရေး အာဏာပိုင်များမှ နိုင်ထက် စီးနင်း ပြုကျင့်နေမှုအား နိုင်ငံတော် သမ္မတမှ ကာကွယ် တားဆီးပေးရန် အတွက် နိုင်ငံရေး ပါတီများနှင့် တိုင်းရင်းသား ပါတီများမှ ခေါင်းဆောင်များက တရားဝင်ေ တာင်းဆိုခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော် အလံကို ဒေါ်အောင်ဆန်းစုကြည် အလေးပြုပါတယ်

မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် ၆၉နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက်လာသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ အခမ်းအနားတွင် နိုင်ငံတော် အလံအား ဦးညွတ် အလေးမပြုခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားချက်ဖြင့် ၆၉ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားသို့ တတ်ရောက်ခဲ့ခြင်း ဖြစ်ကာ  အဖွဲ့ချုပ် ဥက္ကဋ္ဌမှ နိုင်ငံတော်အလံ အလေးမပြုခြင်းနှင့် ပတ်သက်၍ အင်တာနက် လူမှုကွန်ယက်တွင်လည်း  သတင်းများပျံ့နှံ့ နေခဲ့သည်။

Pages