April 2014

ဆီးရီးယား အစိုးရတွင် ဓာတုလက်နက် ရှစ်ရာခိုင်နှုန်း ကျန်ရှိနေသေး

သုံးနှစ်ကျော်ကြာ ပြည်တွင်းစစ် ဖြစ်ပွားပြီး ဓာတုလက်နက်များ အသုံးပြုခဲ့သော ဆီးရီးယား အစိုးရထံမှ ဓာတုလက်နက်များ လွှဲပြောင်းရ ယူပြီး ဖျက်ဆီးခဲ့သော်လည်း ရှစ်ရာခိုင်နှုန်း ၀န်းကျင် ကျန်ရှိနေသေးသည်ဟု စောင့်ကြည့်သူများက ဧပြီလ ၂၇ ရက်နေ့တွင် ပြောကြားလိုက်သည်။

ရုရှားသည် တတိယ ကမ္ဘာစစ်ဖြစ်အောင် ဖန်တီးနေသည်ဟု ယူကရိန်းစွပ်စွဲပြီးနောက် ဥရောပ ပညာရှင်များ ဖမ်းဆီးခံရ

ခရိုင်းမီယားကို ရုရှားလက်ထဲသို့ ပေးအပ်ခဲ့ရပြီးနောက် ယူကရိန်း နိုင်ငံ အရှေ့ပိုင်း၌ ရုရှားကိုလိုလား သူများ၏ ခွဲထွက်ရေး ထကြွမှုများ ဖြစ်ပေါ်ခဲ့ကာ ဥရောပမှ အကြီးအကဲ တစ်ဦးကိုလည်း ခွဲထွက်ရေး သမားများက ဖမ်းဆီးခဲ့သည်။

မလေးရှား ပျောက်ဆုံးလေယာဉ် ရှာဖွေရေး အမေရိကန် ကူညီမည်ဟု အိုဘားမား ကတိပြု

ပျောက်ဆုံးနေသော မလေး ရှားလေယာဉ် MH 370အား ရှာဖွေရာတွင် အမေရိကန် အနေဖြင့် ဆက်လက် ကူညီသွားမည်ဟု  အမေရိကန် သမ္မတ ဘားရတ်အိုဘားမားက မလေးရှားနိုင်ငံသို့ ရောက်ရှိ နေစဉ် ဧပြီလ ၂၇ ရက်နေ့တွင် ပြောကြားလိုက်သည်။ ယင်းသို့ ကူညီသွားမည် ဖြစ်သော်လည်း လေယာဉ်ကို ရှာဖွေတွေ့ရှိဖို့ “ခက်ခက်ခဲခဲ ကြိုးစားရန် လိုအပ်ကြောင်း” အိုဘားမားက သတိပေးခဲ့သည်။

နှစ်ရက်ကြာ နေထိုင်မည့် မလေးရှား ခရီးစဉ် အတွက် ဧပြီလ ၂၆ ရက်နေ့တွင် ရောက်ရှိခဲ့သော အိုဘားမားက “တကယ်ကို စိန်ခေါ်မှု တစ်ရပ်ပါ။ ခက်ခက်ခဲခဲ ကြိုးစားဖို့ လိုအပ်ပါတယ်။ အချိန် အနည်းငယ် ယူရပါလိမ့်မယ်”ဟု ပြောကြားခဲ့သည်။

ကူးတို့သင်္ဘောတိမ်းမှောက်မှုကြောင့် တောင်ကိုရီးယား ၀န်ကြီးချုပ် ရာထူးမှနုတ်ထွက်

၂၇.၄.၂၀၁၄ နေ့နံနက် ၇ နာရီခွဲ စင်ကာပူ CNA တီဗီသ တင်းထုတ်လွှင့်နေစဉ် နောက်ဆုံး ရသတင်း (Breaking News) အဖြစ် တောင်ကိုရီးယား ၀န်ကြီးချုပ် မစ္စတာ ချွန်ဟွန်ဝမ် ရာထူးမှ နုတ်ထွက်ကြောင်း ကြားဖြတ် ကြေညာခဲ့သည်။

အဆိုးမြင်မိသော အမှန်တရားများ (၆) - မင်းသျှင်

တောင်သူလယ်သမား နင်းပြား မောင်တို့
မြို့အကြောင်းတွေ ရေးပါများတော့ တစ်ခါတလေလေး တောဘက်သွားကြည့်မိပါတယ်။ အဆိုး မြင်စရာတွေ အများကြီးကို တွေ့ပါလေရောဗျာ။ မြို့ကဆင်းရဲပြီး ပြောင်းဖူးပြုတ် ထိုင်ရောင်းနေတဲ့ သူတွေထက်တော့ တောကနည်းနည်း ကိုယ့်ဆန် ၊ ကိုယ့်ဆီ ၊ ကိုယ့်ဟင်းစား ရှိပါသေးတယ်။ ဆိုးတာကတော့ သံသရာလည်နေတဲ့ အလုပ်စနစ်ပေါ့ဗျာ။ တောင်သူတွေ ခဗျာ လယ်လေးစိုက်တယ်၊ ပြီးရင် စပါးပေါ်၊ သီးနှံပေါ်လို့ စားဖို့နည်းနည်း ချန်ပြီးရောင်း၊ အဲဒီကရတဲ့ ငွေကို နောက်တစ်ခေါက် ထပ်စိုက်ဖို့ ထပ်ရင်းနဲ့ ဂျာအေး သူ့အမေရိုက် နေပါတယ်။

“အစိုးရအနေနဲ့ တိုက်ပွဲသတင်းတွေကို ထုတ်ပြန်ဖို့ လိုအပ်နေတယ်”ကချင် လွတ်မြောက်ရေး အဖွဲ့(KIO)မှ ဗိုလ်ချုပ်ဂွမ်မော်နှင့် တွေ့ဆုံခြင်း - တွေ့ဆုံမေးမြန်သူ ပိုင်လေး

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဖြစ်ပေါ်လာစေရန် တိုင်းရင်းသား အဖွဲ့အစည်း(၁၆)ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် NCCT နှင့် တပ်မတော် အပါအ၀င် မြန်မာအစိုးရအဖွဲ့တို့ Myanmar Peace Centreတွင် ဧပြီလ(၅)ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ယင်းသို့ တွေ့ဆုံ ဆွေးနွေးခဲ့ရာတွင် မည်သည့် ကိစ္စရပ်များကို အဓိကထား ဆွေးနွေးရမည်၊ ဆွေးနွေးပွဲ ရလဒ် မည်သို့ဖြစ်ပေါ်လာနိုင်သည်၊ ၎င်းဆွေးနွေးပွဲသည် အပစ်အခတ် ရပ်စဲရေး အတွက် မည်မျှအရေးပါသည်ကို သိရှိစေရန် NCCTမှ ကချင်လက်နက်ကိုင် အဖွဲ့ ဗိုလ်ချုပ်ဂွမ်မော်ကို ယခုလို တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ခရိုနီတစ်ဦးပြောပြသော တိရစ္ဆာန်မွေးမြူရေးထက်ကိုက်တဲ့ လူကြီးမွေးမြူရေး (၃) - လက်စောင်းထက်

ပြီးခဲ့တဲ့အပတ်မှာ ခင်ဗျားပြောတဲ့ လူကြီးတစ်ယောက် မိန်းမကို ရွှေပုတီးကြီး လက်ဆောင်ပေး၊ အဲဒီလူကြီး ဧည့်ခန်းထဲကို ဒူးနှစ်ချောင်း ထောက်ဝင်တာ ဘယ်ခရိုနီလဲဆိုတာ ပရိသတ်က အရမ်း သိချင်နေကြတယ်လို့ မေးမိတော့ ခရိုနီကြီးက ရယ်ပြီး နာမည်တော့ မပြောပါရစေနဲ့။ ခင်ဗျားရေးရင်း အဲဒါ ဘယ်သူဆိုတာ စာဖတ်ပရိသတ်က သိလာပါလိမ့်မယ်။ ကျွန်တော်က နာမည်တပ်ပြောရင် ပုဂ္ဂိုလ်ရေး တိုက်ခိုက်တယ် ဖြစ်မှာစိုးလို့ပါ။ တော်ကြာ ဟိုဂျာနယ် တစ်စောင်လို ခင်ဗျားဂျာနယ်လည်း တစ်ဆဲထဲ ဆဲနေတဲ့ဂျာနယ် ဖြစ်သွားမှာ စိုးလို့ပါတဲ့။

နိုင်ငံရေး သင်္ကြန် - ကျော်စွာမြင့် (၁၉၈၈ - ၁၉၉၂ ဗ.က.သ)

အတာနှစ်ဦး တန်ခူးလမှာ မြန်မာတို့ရဲ့ ရိုးရာယဉ်ကျေးမှု သင်္ကြန်ပွဲတော်ဆိုတာ ပြည်ထောင်စုဖွား တိုင်းရင်းသားတွေ၊ နိုင်ငံသားတွေ အတွက် ဂုဏ်ယူစရာ၊ ကြည်နူးပျော် ရွှင်စရာ ပွဲတော်တစ်ခုပါ။ ရှေးလူကြီးသူမများရဲ့ အစဉ်အလာအရ မြန်မာသက္ကရာဇ်က နှစ်တစ်နှစ် ကူးပြောင်းကြတဲ့ပွဲ၊ နှစ်ဟောင်းက အညစ်အကြေးတွေကို အတာရေစင် သွန်းဖျန်းပြီး ဆေးကြောတဲ့ပွဲ၊ လူကြီးလူငယ် အရွယ်မရွေး ပျော်ရွှင်စွာ နှစ်ဟောင်းစွန့်ပယ် နှစ်သစ်ကူးကြတဲ့ ပွဲတစ်ခုပါ။ နှစ်ပေါင်း (၈၀၀) ကျော်တိုင်ခဲ့ပြီဖြစ်တဲ့ မြန်မာတို့ရဲ့ အမျိုးသား ယဉ်ကျေးမှု အထိမ်းအမှတ် ပွဲတော်တစ်ခုလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွက် ကောင်းနိုးရာရာ (အပိုင်း ၆) - အောင်ဒင်

အမေရိကန်ပြည်ထောင်စုမှာ စီးပွားရေးမူဝါဒလို့ပြောရင် ဈေးကွက် စီးပွားရေး၊ ပုဂ္ဂလိကလုပ်ငန်း တွေနဲ့ အစိုးရရဲ့ ပါဝင်ပတ်သက်မှု၊ အနည်းဆုံးလုပ်ခ သတ်မှတ်ချက်၊ အလုပ်သမား သမဂ္ဂတွေရဲ့ အခန်းကဏ္ဍ၊ စားသုံးသူ အခွင့်အရေး ကာကွယ်ရေး၊ အခွန်ကောက်ခံမှု၊ နိုင်ငံတကာ လွတ်လပ်စွာ ကုန်သွယ်ရေး စာချုပ်တွေ၊ သုတေသန လုပ်ငန်းတွေ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စတဲ့ အရေးကိစ္စတွေ စုပေါင်းပါဝင်ပါတယ်။

သောင်ရင်းမြစ်ကမ်းဆီသို့ သမီးကလေး ခရီးကြမ်းနှင်နိုင်ခဲ့လေပြီ - ကျော်စွာမြင့် (၁၉၈၈ - ၁၉၉၂ ဗ.က.သ)

သမီးကလေးတဲ့။ နာမည်ကလေးက အေးချမ်းသလောက် မအေးချမ်းတဲ့ ပြည်သူတွေ နေခဲ့ကြရတဲ့ ကျေးရွာလေး တစ်ခုပါ။ ရန်ကုန်တိုင်း ဒေသကြီး၊ လှည်းကူးမြို့နယ် ထဲမှာရှိပြီး နိုင်ငံပိုင်မြေလွတ်ပေါ်မှာ ခုတ်ထွင်ရှင်းလင်းပြီး နှစ်ပေါင်း(၂၀)လောက် ကျေးရွာထူထောင်နေခဲ့ကြတဲ့ တိုင်းရင်းသား နင်းပြား ပြည်သူတွေရဲ့ လက်လုပ်လက်စား၊ လယ်ယာ ဥယျာဉ်ခြံလေးတွေနဲ့ အေးချမ်းလှတဲ့ သမီးကလေး ရွာလေးပါ။ ၂၀၀၉ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မဲဆန္ဒပေးပွဲမှာလည်း ပါဝင်ခဲ့ကြသလို ၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာလည်း မဲပေးခွင့် ရရှိခဲ့တဲ့ ကျေးရွာတစ်ရွာပါ။

Pages