April 2014

ခရိုနီတစ်ဦးပြောပြသော တိရစ္ဆာန်မွေးမြူရေးထက်ကိုက်တဲ့ လူကြီးမွေးမြူရေး(၂) - လက်စောင်းထက်

ပြီးခဲ့တဲ့အပတ်က ခရိုနီတစ်ဦး ပြောပြတဲ့ လူကြီးမွေးမြူရေး ဆောင်းပါးကို လူကြိုက်များတယ်လို့ သိရပါတယ်။ ဒီအကြောင်းကို အဲဒီခရိုနီကြီးကို ပြောပြတော့ ဒီထက်ကောင်းတာတွေ လာဦးမယ် ခုမှအချီးပဲ ရှိသေးတယ်ဆိုပြီး ခရိုနီတွေအကြောင်း ဟောဒီလို ဆက်ပြောပြပါတယ်။

မြန်မာနိုင်ငံအတွက် ကောင်းနိုးရာရာ (၅) - အောင်ဒင်

ရီပတ်ဘလီကင်ပါတီရဲ့ ကာကွယ်ရေး အသုံးစရိတ် မူဝါဒ
ရီပတ်ဘလီကင် ပါတီရဲ့ နိုင်ငံတော် ကာကွယ်ရေးမူဝါဒက ကာကွယ်ရေး အသုံးစရိတ်ကို ပုံမှန် တိုးမြှင့်ပြီး ခိုင်မာအားကောင်းတဲ့ စစ်တပ်၊ ကမ္ဘာအနှံ့မှာ စစ်ပွဲကြီး သုံးပွဲလောက်ကို တစ်ပြိုင်တည်း ရင်ဆိုင် တိုက်ခိုက်နိုင်စွမ်းရှိအောင်၊ ရုတ်တရက် ပေါ်ပေါက်လာမယ့် စိန်ခေါ်မှုတွေကို အချိန်မရွေး ရင်ဆိုင်နိုင်အောင် အဆင်သင့်ရှိတဲ့ လက်နက်ကိုင်တပ်တွေကို တည်ဆောက် အသင့်ပြင်ထားဖို့ ဖြစ်ပါတယ်။

ဆရာတော် ဦးဇ၀နနှင့် ဆရာတော် ဦးဝီရသူတို့၏ အပြန်အလှန် ပြန်ကြားချက်

အရှင် ဇ၀န (နိုင်ငံရေး အကျဉ်းသားဟောင်း)

ဆရာတော် ဦးဝီရသူ (မစိုးရိမ်)၏ နိုင်ငံရေး လှုပ်ရှားမှုနှင့် ပတ်သက်၍ ဆရာတော် ဦးဇ၀န (နိုင်ငံရေး အကျဉ်းသားဟောင်း)မှ လူမှုရေး စာမျက်နှာပေါ်တွင် ထောက်ပြမိန့်ကြားခဲ့ရာမှ ယခုအခါတွင် ဆရာတော်နှစ်ပါးအကြား အပြန်အလှန် ပြန်ကြာစာများမှာ တဖြည်းဖြည်း ပြင်းထန်လာခဲ့ပြီဖြစ်သည်။ ယင်းနှင့် ပတ်သက်၍ ဆရာတော် ဦးဇ၀န (နိုင်ငံရေး အကျဉ်းသားဟောင်း)၏ ဧပြီ ၁၇ရက်နေ့တွင် ပြန်ကြားခဲ့သော စာနှင့် ဧပြီ ၁၉ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် ပြန်လည် ပြန်ကြားခဲ့သော စာများမှ ကောက်နုတ်ချက်အချို့အား အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။

အထက်ကလူတွေ ထီးတင်၊ အောက်ကလူတွေ သေပွဲဝင်နေတဲ့ ခေတ်လား - မေဇင်တင်အောင်

ကျွန်မ၏ချစ်လှစွာသော ဖခင် တစ်ယောက်လုံး ဆုံးရှုံးရခြင်းနှင့် စပ်လျဉ်းပြီး တခြားသော ဖခင် ဆုံးရှုံးရသူတွေ များစွာရှိကြောင်း ဦးစွာပြောပါရစေ။

ကျွန်မအဖေက ရဲတပ်ကြပ် ဦးတင်အောင်ပါ။ နေပြည်တော်မှာ တာဝန်ထမ်းဆောင်နေပါတယ်။တပ်ရင်း ၂၀ ဗုဒ္ဓဂယာမှာပါ။ အကြောင်းကတော့ အဲဒီမှာတပ်သားတွေ နေဖို့နေစရာ မရှိပါဘူး။ သူတို့ နေတဲ့ လက်ရှိအဆောက်အအုံက တရားစခန်း ဖြစ်ပါတယ်။ အဲဒီအဆောင် ပတ်ပတ်လည်မှာလည်း တောင်ကုန်းနဲ့ ဘုရားကြီးမှအပ ဘာဆိုဘာမှ မရှိပါဘူး။

စားသောက်ဆိုင်ဆိုလို့ တပ်အတွင်း ဖွင့်ထားတဲ့ ထမင်းဆိုင်မှတပါး အစာရေစာ ရှားပါးပြီး မြို့နဲ့အလွန် ဝေးကွာကြောင်း ကျွန်မအဖေ ဆုံးသွားမှ ရောက်ခဲ့လို့ သိခဲ့ရပါတယ်။

လက်ချည်းပဲ - တော်ကီလှိုင်

မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ်၊ ၂၀၁၄ အတာသင်္ကြန်ဟာ မနေ့တစ်နေ့ကပဲ ပြီးဆုံးလို့ နှစ်သစ်ကို ရောက်ရှိခဲ့ပါပြီ။ ပျော်စရာ ကောင်းပါတယ်။ သင်္ကြန်အတွင်းမှာ နေပူခံ ရေစိုခံ လုပ်ချင်သူတွေ အဖို့တော့ မြန်မာ့အသံ အစီအစဉ်၊ အခပေးရုပ်သံ အစီအစဉ်လိုင်းပေါင်း များစွာမှာ တိုင်းဒေသကြီး အသီးသီးရဲ့ ရိုးရာမဏ္ဍပ်၊ အဓိကအား ဖြင့်တော့ စကိုင်းနက် ရုပ်သံလိုင်းက တိုက်ရိုက်ထုတ်လွှင့်နေတဲ့ မဏ္ဍပ် အသီးသီးမှာ ဖျော်ဖြေကြပုံ၊ ရေကစားကြပုံတွေကို အိမ်ကနေကြည့်ရင်း အပန်းဖြေခဲ့ရပါတယ်။

ခြတောင်ပို့ကိုရှာဖွေခြင်း - ဇာဂနာ

သင်္ကြန်တွင်းတစ်တွင်းလုံး သံချပ်တွေနှင့် ပျော်မွေ့နေမိခဲ့သည်။ မကြားရတာကြာပြီဖြစ်သော သရော်သံ ထိရှရှကို နှစ်ခြိုက်မိ၏။ တစ်ချို့သံချပ်တွေက သရော်တာ နှင့်မတူ ကုန်းဆဲနေသလို ဖြစ်နေ၏။ လွတ်လပ်စွာ ပြောဆိုဝေဖန်ခွင့် ရှိသည်ကားမှန်၏။ တလွဲ မသုံးစေချင်။ ဒီလို အခွင့်အရေးတွေ အတွက် ဘ၀တွေ အချိန်တွေ ပေးခဲ့သူတွေအား လေးစားသောအားဖြင့် တည့်တည့်မှန်မှန် အသုံးချ ကြစေချင်သည်။

တစ်သင်္ကြန်လုံး ကြားနေရသည်က ပါးလှည့်ရိုက်သည့် ကိစ္စ၊ နို့သောက်သည့် ကိစ္စ၊ မြစ်ဆုံနှင့် လာဘ်ပေးလာဘ်ယူတို့ပင် ဖြစ်သည်။ လာဘ်ပေးလာဘ်ယူကို ပုံစံအမျိုးမျိုးဖြင့် တင်ပြသွားကြသည်။ အခြေခံကတော့ သမ္မတ၏ ငွေသုံးသိန်း မှအစပြု၏။

ဗိုက်ငှားမည့်သူအလိုရှိသည် - မာဂျေ .

တပည့်မောင်ကြွက်နီရေ.. ဒီမိုကရေစီရဲ့ အနှစ်သာရတွေကတော့ သင်္ကြန်မှာ မျက်စိကျွတ်ကျမတတ် မြင်ခဲ့ရပြီးပြီ။ မင်းဆရာက အင်းလျားလမ်း သင်္ကြန်တုန်းက တစ်သက်လုံး မဏ္ဍပ်ဆောက်ပြီး နှစ်တိုင်း ရှုံးနေကျဆိုတော့ ကန်တော်ကြီး သင်္ကြန်ခေတ်ကစပြီး မဏ္ဍပ်မဆောက်တော့ဘဲ သူငယ်ချင်းတွေ မဏ္ဍပ်မှာပဲ သွားကဲနေခဲ့တာ။

ခြမစားသော သတ္တုများ - မြေလတ်သား

ဒီဆောင်းပါးကို ရေးဖို့ တွေဝေနေတာ (၃)လလောက် ကြာသွားတယ်။ နောက်ဆုံး ရေးလိုက်ရတဲ့ အဓိကတွန်းအားကတော့ အမှားကိုအမှန်ထင်ပြီး သမိုင်းအမှတ်မှားမှာ စိုးရိမ်လို့ ရေး လိုက်ရတာပါ။ (Sensitive)ဖြစ်တာ မဟုတ်ပါဘူး။ ရိုးသားစွာ ရှင်းလင်းခြင်းသာ ဖြစ်ပါသည်။

ပြောပြန်ရင်လည်း အောင်မြင်သူ လိုရာကျမယ် - အောင်မြင်သူ

ဆောင်းပါးမစခင် စာစီမယ့် ဆရာကို ကြိုပြောပါရစေ။ “အောင်မြင်သူ လိုရာကျမယ်” ဆိုတာကို မှားများနေသလားဆိုပြီး “လွန်ရာကျမယ်လို့”  မပြင်လိုက်ပါနဲ့၊ ကျွန်တော်ပြောတာ လိုတောင်လို နေသေးတယ်ဆိုပြီး စာဖတ်သူတွေ ဖြည့်စွက်ပြီး တွေးနိုင်အောင် ဖြစ်ပါတယ်။ 

မီဒီယာတွေမှာ ဒီမိုကရေစီ သမ္မတကြီး ပြောတာဆိုတာ လမ်းညွှန်တာတွေ ကောင်းတယ်ဆိုပြီး ရေးကြပါတယ်။ တကယ်လည်း ကောင်းလို့ ကောင်းတဲ့အကြောင်း ရေးကြတာပါ။ လုပ်တာကိုင်တာ အားမရဘူးလို့လဲ ဝေဖန်ကြပါတယ်။ ဒါတွေဟာလည်း လုပ်နိုင်ကိုင်နိုင်တာ လုပ်သင့်လုပ်ထိုက်တာ ခွဲခြားလုပ်ကိုင်ရတာ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ အဆင့်မမီလို့ ဝေဖန်ခြင်း မပြုနိုင်ပါဘူး။ 

ခိုင်းနွားကြီးများအကြောင်း - ဒေါက်တာ ထူးပြည့်စုံသျှင် (ဆေး-၂)

သည်အကြောင်းရေးမယ် ရေးမယ်နဲ့ ချိန်နေတာကြာပြီ။ ကိုယ့်စာကြောင့် လူမှုရေး၊ အိမ်ထောင်ရေး ပြိုပျက်မှာဆိုးလို့ဆိုပြီး တိုက်ရိုက် မသက်ဆိုင်ဘဲနေလို့ မရေးဖြစ်သေးတာပါ။ ကဲ... အခုတော့ ဗုဒ္ဓဘာသာ တစ်ယောက် အနေနဲ့ ရှိသင့်တဲ့ တာဝန်ပဲလို့ ရှုမြင်ပြီး သကာလ ရေးသားလိုက်ပါတယ်။

အမေရိကန် တင်နက်ဆီ ပြည်နယ် မြို့တော် နက်ရှဗီးရဲ့ ဗန်ဒါဗစ် တက္ကသိုလ်မှာ (၁၉၈၇) ခုနှစ်လောက်က ဘာသာပေါင်းစုံ နှီးနှောဖလှယ်ပွဲမှာ ဟိန္ဒူ၊ ဂျူး၊ ခရစ်ယာန်၊ မွတ်ဆလင် ဘာသာရေး ခေါင်းဆောင်တွေ တက်ရောက်သူများကို သီတဂူ ဆရာတော်ကြီးက မေးခွန်းထုတ်ခဲ့တယ်။

ဂျူးဘုန်းကြီးတော်ကြီး တစ်ပါးက သူတို့ရဲ့ ယေးဟိုးဝါဘရ သခင်က အရင်ဆုံးပေါ်တယ်လို့ ပြောဆိုတယ်။

Pages