April 2014

သတင်းသမားတွေကို ဘာလို့ထောင်ချနေတာလဲ - ဇော်သက်ထွေး

၂၀၁၀ အထွေထွေရွေး ကောက်ပွဲကြီး ပြီးဆုံးတဲ့အခါမှာ သမ္မတအဖြစ် ရွေးချယ်ခံရတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်က နိုင်ငံတော် အခြေပြု မိန့်ခွန်းတစ်ရပ် ပြောခဲ့ပါတယ်။ ဒီမိန့်ခွန်းကို ကျွန်တော်တို့ ထောင်ထဲမှာ နားထောင်ရတာ ဖြစ်ပါတယ်။ အနာဂတ် နိုင်ငံရေးကို ပုံဖော်ဖို့ မိန့်ခွန်းထဲက သဲလွန်စတွေ လိုက်ရှာကြည့်ပါတယ်။

မြစ်ဆုံစီမံကိန်းရပ်ဆိုင်းရေး လမ်းလျှောက်အဖွဲ့၏ နောက်ကွယ်က ငွေကြေးအမြတ်ထုတ်မှု

ဧရာဝတီ မြစ်ဆုံဆည်တည်ဆောက်ရေး စီမံကိန်း အပြီးရပ်ဆိုင်းရန် အတွက် လမ်းလျှောက်ဆန္ဒ ဖော်ထုတ်သည့် အဖွဲ့မှ ခွဲထွက်ခဲ့သော အဖွဲ့ဝင်လေးဦးမှာ အဖွဲ့မှ ခွဲထွက်ရခြင်းနှင့် ပတ်သက်၍ နောက်ကွယ်တွင် ဖြစ်ပျက်နေသော အကြောင်းအရာများကို Tomorrow ဂျာနယ်သို့ အောက်ပါအတိုင်း ရင်ဖွင့်ခဲ့သည်။

“အခုလမ်းလျှောက်ပွဲကို ခုတုံးလုပ်ပြီး အမြတ်ထုတ်ချင်တဲ့သူတွေ ရှိနေတာကြောင့် ဒီအဖွဲ့နဲ့ ဆက်လိုက်နေရင် ကိုယ်ပါ နာမည်ပျက်လိမ့်မယ်။ ဒါကြောင့် အချိန်မီ နုတ်ထွက်ခဲ့တာပါ”
ကိုစိန်ပန်း (တည်းခိုရေးနှင့် စားသောက်ရေး စီစဉ်ခြင်း)

ကေအိုင်အေ စစ်ဖက်ထိပ်တန်းခေါင်းဆောင် ဗိုလ်ချုပ်ဂွမ်မော် အမေရိကား သွားနေချိန်၌ ကချင်ပြည်နယ်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားပြီး စစ်ပြေးဒုက္ခသည် တစ်သောင်းကျော် အထိရှိလာ

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်ဆဲရေး ဆွေးနွေးပွဲအပြီး ကေအိုင်အေ စစ်ဘက် ထိပ်တန်း ခေါင်းဆောင် ဗိုလ်ချုပ်ဂွမ်မော် အမေရိကား သွားနေချိန်တွင် ကချင်ပြည်နယ်၌ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေကြောင်း သိရသည်။

ကချင်ပြည်နယ် မံစီမြို့နယ် ပန်ခမ်းဒေသတွင် ဧပြီ ၁၀ ရက် မှစတင်ကာ ကေအိုင်အေနှင့် တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် စစ်ပြေးဒုက္ခသည် တစ်သောင်းကျော် ရှိလာကြောင်း သိရသည်။

စိတ်ရောဂါကု ဆေးရုံဆင်း ရဲတပ်ဖွဲ့ဝင်ကြောင့် နှလုံးရောဂါသည် ပြည်သူတစ်ဦး သေဆုံး

မြန်မာနှစ်ဆန်း တစ်ရက်နေ့ ည ၁၀ နာရီခန့်က ရွှေတိဂုံဘုရား တောင်ဘက် ဇောင်းတန်းတွင် ဖြစ်ပွားခဲ့သော ရဲတပ်ဖွဲ့ဝင်နှင့် ပြည်သူတစ်ဦး၏ ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုကြောင့် နှလုံးရောဂါ သည် ပြည်သူတစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ အဆိုပါနေ့ ည ၁၀နာရီခန့်တွင် ရွှေတိဂုံဘုရား တောင်ဘက် စောင်းတန်းတွင် ဖိနပ်အပ် လက်ခံသည့် နေရာမှ အသက်(၁၈)နှစ် အရွယ်ခန့်ရှိ လူငယ်တစ်ဦးအား စိတ်ရောဂါကု ဆေးရုံဆင်း ရဲတပ်ကြပ်၏ ပြုမူဆက်ဆံမှုများ နှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုများကြောင့် အဆိုပါ လူငယ်၏ ဖခင်ဖြစ်သူမှာ နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့ရကြောင်း သိရသည်။

စုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌ ကိုယ်တိုင် ပါဝင်တော့မည့် မိကျောင်းကန်အရေး

မိချောင်းကန်မြေ အရေးမ ဆောင်ရွက်ပေးပါက ကိုယ်တိုင်ပါဝင် ဆောင်ရွက်ပေးသွားမည်ဟု လယ်ယာမြေ စုံစမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဦးတင်ထွဋ်က ပြောကြားခဲ့ကြောင်း သိရသည်။

မိချောင်းကန်အရေးနှင့် ပတ်သက်၍ နောက်ဆုံး အစီရင် ခံစာများအား သင်္ကြန်အပြီး လွှတ်တော် မခေါ်ခင် အချိန်အတွင်း အပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း စာမတတ်သူဦးရေ အံ့သြဖွယ်များလာ

ရန်ကုန်တိုင်း ဒေသကြီး အတွင်း စာမတတ်သူဦးရေ ပိုမို များပြားလာကြောင်း အခြေခံ စာတတ်မြောက်ရေး လှုပ်ရှားမှုတွင် ပါဝင်သည့် တက္ကသိုလ် ကျောင်းသား ကျောင်းသူ များထံမှ သိရသည်။

၂၀၁၄ခုနှစ် စာတတ်မြောက်ရေး လှုပ်ရှားမှုများအား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြို့နယ် ၂၉ မြို့နယ်တွင် ဧပြီ ၁ ရက်မှ မေ ၁၅ ရက်အထိ လူထု လှုပ်ရှားမှု အသွင်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နှစ်ပေါင်းနှစ်ဆယ်ကျော် ကာလအတွင်း မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်က ပထမဦးဆုံး သံချပ်ဖျော်ဖြေမှု

မော်လမြိုင်မြို့ အပါအ၀င် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် တို့တွင် နှစ်ပေါင်းနှစ်ဆယ်ကျော် ပျောက်ကွယ်နေသော သင်္ကြန် သံချပ်ကို ယခု ၂၀၁၄ ခုနှစ် အတာ သင်္ကြန်ကာလတွင် ပြန်လည် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဧပြီလ ၁၄ ရက် မဟာသင်္ကြန် အကျနေ့မှ စတင်၍ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် “မြင်တာကို တည့်တည့်ပြောမယ်” ဆိုသော ခေါင်းစဉ်ဖြင့် လူငယ်များ ပါဝင်သော သင်္ကြန်သံချပ်အဖွဲ့မှ မြို့လုံးကျွတ် လှည့်လည် ဖျော်ဖြေပေးခဲ့ကြောင်း သံချပ်အဖွဲ့ဝင် ပါဝင်သော လူငယ်များထံမှ သိရသည်။

ဥပဒေက တားမြစ်ထားသော်လည်း ပုဂ္ဂလိက မီဒီယာအချို့ Broadcast Media and Print Media ပူးတွဲလုပ်ကိုင်နေဆဲဖြစ်

နိုင်ငံတော်မှ အတိအလင်း ပြဌာန်းထားသည့် ဥပဒေများ ရှိနေသော်လည်း Broadcast Media and Print Media နှစ်မျိုး စလုံး လုပ်ကိုင်နေသော မီဒီယာများ ယနေ့အချိန်ထိ လေးခုခန့် ရှိနေကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ ပြန်ကြားရေး ၀န်ကြီးဌာန သတင်း ထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် မြန်မာ့အသံ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းကြည်က “နိုင်ငံတော်က ပြဌာန်းထားတဲ့ ဥပဒေအရ နိုင်ငံခြားသားက            မြန်မာဘာသာနဲ့ သတင်းစာ ထုတ်ဝေတာ၊ လူတစ်ဦး တစ်ယောက်ထဲက Broadcast Media and Print Media နှစ်မျိုးစလုံး လုပ်ကိုင်တာတွေကို တွေ့ဆုံ ဆွေးနွေးပြီး ထိုက်သင့်တဲ့ ဒဏ်ကြေး ပေးဆောင်ခိုင်းသွားမယ်”ဟု ဆိုခဲ့သည်။

ယခုနှစ်အတွင်း ကရင်အမျိုးသား ညီလာခံ (အမျိုးသားအဆင့် )ကျင်းပရန်စီစဉ်

ကရင်တစ်မျိုးသားလုံး ပါဝင်မည့် ကရင်အမျိုးသား ညီလာခံကြီး တစ်ရပ်ကို ကျင်းပပြုလုပ်သွား မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ညီလာခံကြီး အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေပြီ ဖြစ်ပြီး ၄င်းကရင်တစ်မျိုးသားလုံး ပါဝင်မည့် ညီလာခံ ကျင်းပရန် ဧပြီ ၁၀ ရက်က မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ မြနန်းတော် ဟိုတယ်တွင် ပြုလုပ်ခဲ့သော ကရင် အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကြိုဆိုထောက်ခံပွဲနှင့် တွေ့ဆုံဆွေးနွေးပွဲ (အထက်မြန်မာပြည်)တွင် ဆုံးဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

KNU နှင့် အစိုးရရောနှော အုပ်ချုပ်သည့် ကျေးရွာများ သန်းခေါင်စာရင်း အပြည့်အ၀ကောက်ယူနိုင်ခဲ့

KNU နှင့် အစိုးရတို့ နှစ်ဖက်ရောနှော အုပ်ချုပ်သော ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အတွင်းရှိ ကျေးရွာများကို သန်းခေါင်စာရင်း ကွက်ပြည့် ကောက်ယူနိုင်ခဲ့ကြောင်း KNU အဖွဲ့အား ဆက်သွယ်မေးမြန်းမှု အရ သိရသည်။

Pages