April 2014

သံဖြူဇရပ်မြို့နယ် စည်ပင်သာယာ၏ လုပ်ရပ်ကို ပြည်နယ်လွှတ်တော်သို့ တင်ပြရန်စီစဉ်

သံဖြူဇရပ်မြို့မ ဈေးသစ်၏ စည်ပင်မှ ထုတ်ပြန်သည့် စည်းမျဉ်း တစ်ခုအား ပယ်ဖျက်ရန် မွန်ပြည်နယ် လွှတ်တော်သို့ ဈေးသူဈေးသားများက လက်မှတ်ရေးထိုး တောင်းဆို သွားမည်ဖြစ်ကြောင်း သိရသည်။

၂၉.၁.၂၀၁၃ ခုနှစ်တွင် သံဖြူဇရပ်မြို့မ ဈေးကြီး မီးလောင်ခဲ့ရာ၊ ယခု ပြန်လည် အသစ်တည် ဆောက်ပြီးစီးပြီ ဖြစ်၍ ဈေးသူဈေးသားများသည် ဆိုင်ခန်းခ တစ်ခန်းလျှင် ကျပ် ၂၁၉၀၀၀၀ ဖြင့် ၀ယ်ယူခဲ့ရာ ဆိုင်ခန်းခ၏ ဖြတ်ပိုင်း နောက်တွင် ဈေးအတွင်း ပစ္စည်းများ ထားရှိမည်ဆိုပါက ဆိုင်ခန်းတစ်လစာ ငှားရမ်းခ၏ တန်ဖိုး ၁၂ဆမှ ကြီးသော ပစ္စည်းများထားရှိရမည်ဟု စည်းကမ်း ထုတ်ထားကြောင်း သိရသည်။

ထာဝရငြိမ်းချမ်းရေးအတွက် ပြည်သူများ ပူးပေါင်းပေးရန် နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်)မှ ဗိုလ်မှူးချုပ်ဆို

မြန်မာနိုင်ငံ ပြည်တွင်းစစ်များ ချုပ်ငြိမ်းရေးနှင့် ထာဝရ ငြိမ်းချမ်းရေး အတွက် ကြိုးပမ်း လုပ်ဆောင်ကြရာ၌ ပြည်သူလူထု၏ ပူးပေါင်း ပါဝင်မှုသည် အဓိကကျကြောင်းနှင့် ပြည်သူများ တစ်တပ်တစ်အား ပူးပေါင်း ပါဝင်လက်တွဲ လုပ်ဆောင်သွားကြရန် မေတ္တာရပ်ခံ ဖိတ်ခေါ်ပါကြောင်း နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့မှ အထွေထွေ အတွင်းရေးမှူး၊ အမှတ် (၃)တပ်နယ်၏ တပ်နယ်မှူး ဗိုလ်မှူးချုပ် စောချစ်သူက ကရင် တိုင်းရင်းသားများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

လူမလေးခွေးမခန့် ဆေးရွက်ကြီး ဥပဒေ ဖြစ်နေပြီလား Mild Sevenက လက်ကမ်းကြော်ငြာများဖြန့်ဝေ

မြန်မာနိုင်ငံ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသောက် သုံးမှု ထိန်းချုပ်ရေး ဥပဒေ အခန်း၈၊ ပုဒ်မ ၁၁တွင် မည်သူမဆို ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းကို တွင်ကျယ်စွာ ဖြန့်ဖြူး ရောင်းချရေး အတွက် လူအများ သိရှိစေရန် အောက်ပါပြုလုပ်မှု တစ်ခုခုကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ပထမ အကြိမ် ပြစ်မှုကျူးလွန်ခြင်း ဖြစ်ပါက ထိုသူအား ငွေဒဏ်ကျပ် အနည်းဆုံး ၂၀၀၀၀ မှ ၅၀၀၀၀ အထိလည်းကောင်း၊ ဒုတိယ အကြိမ်နှင့်အထက် ကျူးလွန်ပါက နှစ်နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်ရမည့် အပြင် ငွေဒဏ် အနည်းဆုံး ကျပ် ၅၀၀၀၀ မှ ကျပ် ၂၀၀၀၀၀ အထိ ချမှတ်ရမည်ဟု ဖော်ပြထားသည်။

မန်းရွှေစက်တော် ဂေါပကအဖွဲ့ အသစ် ပြန်လည်ဖွဲ့စည်းရေး အတွက် ဈေးသည်များနှင့် ဒေသခံများ၏ လက်မှတ်စုဆောင်း

မကွေးတိုင်း ဒေသကြီး၊ မင်းဘူးမြို့နယ်၊ မန်းရွှေစက်တော် ဘုရား၏ ဂေါပကအဖွဲ့ အသစ်တွင် အရပ်သားများဖြင့် ပြန်လည်ဖွဲ့စည်းရေး အတွက် စတင် ပြင်ဆင်နေပြီ ဖြစ်ကြောင်း ဈေးသည်ကြီး ဦးအေးကိုက Tomorrow ဂျာနယ်သို့ ပြောသည်။

နိုင်ငံရေးအကျဉ်းသား အများစု အသည်းရောင် စီ ရောဂါဖြစ်ပွားမှုများနေ

မြန်မာတစ်နိုင်ငံလုံးတွင် ကောက်ယူနေသော နိုင်ငံရေး အကျဉ်းသားများတွင် ကျောက်ကပ်၊ သည်းခြေရောဂါ ဖြစ်ပွားသူ များစွာရှိနေကာ အသည်းရောင် စီ ရောဂါဖြစ်ပွားသူမှာ အများဆုံး ဖြစ်နေကြောင်းလည်း သိရသည်။

အဆိုပါ နိုင်ငံရေး အကျဉ်းသားဟောင်းများမှာ ကျောက်ကပ်ထဲတွင် ကျောက်တည်သည့် ရောဂါ၊ သည်းခြေထဲတွင် ကျောက်တည်သည့် ရောဂါ၊ အာရုံကြော ရောဂါများ၊ ခန္ဓာကိုယ် အောက်ပိုင်း အားနည်းခြင်း ရောဂါများ၊ အူရောင်ခြင်း၊ နှလုံးရောဂါ စသည့် ရောဂါများ ခံစားနေရပြီး ယင်းတို့ ထဲမှ အသည်းရောင် စီ ရောဂါပိုး ခံစားနေရသူများမှာ ပိုမိုများပြားကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ (FPPS)မှ ကိုထွန်းကြည်က ပြောသည်။

လိင်အကြမ်းဖက်မှုများ အဆုံးသတ်ရန် ဗြိတိန်က မြန်မာကိုတွန်းအားပေး

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အဆုံးသတ်ရန် မြန်မာအစိုးရအား ဗြိတိန်နိုင်ငံက ဆက်လက် တိုက်တွန်းသွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားရေး ၀န်ကြီးက ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် စတင် တင်သွင်းခဲ့သော ပဋိပက္ခ အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အဆုံးသတ်ရန် ကတိပြုကြောင်း ကြေညာချက်အား အတည်ပြု လက်မှတ်ရေးထိုးရန် မြန်မာ အစိုးရအား ဗြိတိန်နိုင်ငံက ဆက်လက် တိုက်တွန်းလျက်ရှိကြောင်း ဗြိတိန် နိုင်ငံခြားရေးနှင့် ဓနသဟာယရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဘာသာမတူပေမယ့် တစ်သားတည်းဆိုတာ သက်သေပြလိုက်တဲ့ ပသီလူမျိုး အစ္စလာမ် ဘာသာဝင်၏ ရှင်ပြုရဟန်းခံ အလှူပွဲ

ပသီလူမျိုး အစ္စလာမ် ဘာသာဝင် ဦးစိုးမောင်-ဒေါ်မိမိ မိသားစု၏ ရှင်ပြုရဟန်းခံ အလှူပွဲကို ဧပြီ ၁၉ ရက်က တောင်ဥက္ကလာပမြို့နယ် စီမံကိန်း ၂ ရပ်ကွက် သံသုမာလမ်းသွယ် နေအိမ်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အမျိုးသမီးတွေရဲ့စိတ်ခံစားချက်ကို ဖော်ထုတ်ပြသနိုင်မယ့် ဖက်ရှင်ဝတ်စုံ

ဝတ်ဆင်သူ၏ စိတ်ခံစားချက်ကို အရောင်ပြောင်းလဲ၍ ဖော်ပြနိုင်သော ၀တ်စုံတစ်မျိုး မကြာမီတွင် ထွက်ပေါ်လာတော့မည်ဖြစ်သည်။ ဒက်ခ်ျလူမျိုး ဒီဇိုင်နာတစ်ဦး ဖြစ်သော ဒန်းရိုဆက်ဂါးဒီက ဖန်တီးထားသော အဆိုပါ ၀တ်စုံကို သားရေနှင့် အလင်းမဖောက်နိုင်သော လျှပ်စစ် သတ္တုပြား ငယ်များဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။

စိတ်ခံစားချက်ကို မူတည်၍ အရောင်ပြောင်းနိုင်သော အဆိုပါ အမျိုးသမီးဝတ်စုံက Intimacy ၂.၀ ဟု အမည်ပေးထားပြီး ၀တ်ဆင်သူက ဆန့်ကျင်ဘက်လိင် အပေါ် စိတ်ဝင်စားခြင်း၊ စိတ်လှုပ်ရှားခြင်း၊ ချစ်သွေးကြွခြင်း စသော ခံစားချက်များ ဖြစ်ပေါ်လာက ၀တ်စုံသည် ဖောက်ထွင်း မြင်နိုင်သော အကြည်သား အဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်သည်။

ကလေးစစ်သည်များ စုဆောင်း အသုံးပြုမှု စောင့်ကြည့်စာရင်း မြန်မာပါဝင်ဆဲ

ကလေးစစ်သည်များ စုဆောင်းမှုများနှင့် အသုံးပြုမှု အတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ စောင့်ကြည့်ရသည့် စာရင်းတွင် မြန်မာနိုင်ငံ ပါရှိနေဆဲဖြစ်ကြောင်း ဗြိတိန် နိုင်ငံခြားရေး ဓနသဟာယရုံးမှ ထုတ်ပြန်လိုက်သည့် ၂၀၁၃ခုနှစ် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အစီရင်ခံစာ အရ သိရသည်။

စစ်စခန်းများ၊ အစိုးရ မဟုတ်သည့် လက်နက်ကိုင် အုပ်စုများဆီသို့ ရောက်ရှိနိုင်ရေးမှာ ကန့်သတ် ခံထားရဆဲ ဖြစ်သလို ကလေး သူငယ်များအား စစ်သား စုဆောင်းခြင်းမှာ နှေးကွေးသွားသည့်တိုင် လုံးဝ ရပ်ဆိုင်းသွားခြင်းတော့ မဟုတ်သေးကြောင်း ၄င်းအစီရင်ခံစာ အရ ဗြိတိန် နိုင်ငံခြားရေး ဓနသဟာယရုံးက ထောက်ပြ ခဲ့သည်။

ဆိုင်ကယ်အုပ်စုဖွဲ့ ရမ်းကားခဲ့တဲ့မော်လမြိုင်သင်္ကြန်

မော်လမြိုင်မြို့၌ မြင်တွေ့ ရသည့် ၂၀၁၄ ခုနှစ် သင်္ကြန်၏ နှစ်ဆန်း (၁)ရက်နေ့တွင် လူငယ်များ သတ်မှတ် အလံများ ထောင်ကာ ဆိုင်ကယ်များ၊ တုတ်၊ ဓားများဖြင့် အုပ်စုဖွဲ့၍ ရေပက်ခံထွက် ခဲ့ကြကြောင်း သိရသည်။

မော်လမြိုင်မြို့ခံ လူငယ်တချို့က “အခုခေတ်သင်္ကြန်က ယဉ်ကျေးမှု အတော်ပျောက်နေပြီ၊ လူငယ်တွေ အဖွဲ့လိုက် တုတ်တွေ၊ အလံတွေ၊ သံတုတ်တွေနဲ့ ဆိုင်ကယ်တွေ ဆင်တူ၊ အင်္ကျီဆင်တူတွေဝတ် စီတန်းပြီး သင်္ကြန် ရေပက်ခံ လှည့်လည်နေကြတယ်။ ပြဿနာ တစ်ခုခုပေါ်ရင် ၀င်စွဲဖို့ လူကြီး မပြောနဲ့ ရဲတောင် မကပ်ရဲဘူး၊ သူတို့က တစ်ဖွဲ့ကို အယောက် ၄၀၊ ၅၀ ရှိတော့၊ ရဲက ၁၀ ယောက်လောက်နဲ့ ထိန်းမနိုင်ဘူး” လို့ ဝေဖန် ပြောကြားသည်။

Pages