April 2014

မြန်မာ-တရုတ် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကြောင့် နစ်နာခဲ့ရသော မကွေးတိုင်ဒေသကြီးမှ ကျေးရွာများ တရားဝင် ဆန္ဒဖော်ထုတ်ရန် စီစဉ်

မကွေးတိုင်း ဒေသကြီး၊ ငဖဲမြို့နယ်ရှိ ဂုတ်ကြီးကျေးရွာ အပါအ၀င် တောင်ပေါ်ကျေးရွာ(၁၀)ရွာ အုပ်စုမှ ဒေသခံ တောင်သူများသည် မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း လုပ်ငန်းများကြောင့် ပျက်စီးခြင်းနှင့် နှစ်ရှည်၊ နှစ်တို စားသုံးသီးနှံပင်များ ဆုံးရှုံးပျက်စီးခြင်းများကို ယနေ့တိုင် မဖြေရှင်းပေးသည့် အတွက် ၂၀၁၄ ခုနှစ်၊ မေလ ၁ ရက် ကမ္ဘာ့ အလုပ်သမားနေ့တွင် ဥပဒေနှင့် အညီ ဆန္ဒ ဖော်ထုတ်သွားမည် ဖြစ်ကြောင်း သိရသည်။

(၁၂)နှစ်အတွင်း အညံ့ဆုံး အလုပ်ဖြစ်လာသည့် ပုံနှိပ်ထုတ်ဝေရေး အယ်ဒီတာအလုပ်

ပုံနှိပ်ထုတ်ဝေရေး အယ်ဒီတာ အလုပ်မှာ ၁၂ နှစ်အတွင်း အညံ့ဆုံး အလုပ်ဖြစ်လာကြောင်း အလုပ်အကိုင် ခန့်မှန်းရေး အဖွဲ့က ထုတ်ပြန်လိုက်သည်။ ၂၀၁၄ ခုနှစ် အတွက် အကောင်းဆုံး အလုပ်များ နှင့် အဆိုးဆုံး အလုပ်များစာရင်း အရ သိပ္ပံနှင့်နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာပညာ သုံးရသည့် အလုပ်များသည် ၂၀၁၄ ခုနှစ်တွင် အခွင့်အလမ်း ပိုများကြောင်း တွေ့ရသည်။

ကားပါကင်ကြေးများ ကောက်ခံခွင့်ပြုပြီး တစ်နာရီ ကျပ် နှစ်ရာနှုန်းသတ်မှတ်ထား

ရန်ကုန်မြို့အတွင်း ယခင်က ကောက်ခံခွင့် ရပ်ဆိုင်ခဲ့သော ကားပါကင် ရပ်နားခများအား ဧပြီ၆ရက်နေ့တွင် ပြန် လည် ကောက် ခံခွင့်ပြုခဲ့သလို ယာဉ်ရပ်ခနှုန်းထားအား တစ်နာရီလျှင် ကျပ်၂၀၀ သက်မှတ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ယခင်နှစ်က ကားတင်သွင်းမှုများ ခွင့်ပြုခဲ့သည့် အချိန် မှစ၍ ရန်ကုန်မြို့ အတွင်း ကားပါကင် နေရာများကို ပါကင်ကြေး ကောက်ခံခြင်း မပြုတော့ဘဲ ထားခဲ့ရာမှ ယခု လက်ရှိ အနေအထားအရ ယာဉ်များ၊ များလာသည့်အတွက် ကားများ စနစ်တကျ ရပ်နားမှုရှိလာစေရန် အတွက် ပြန်လည် ကောက်ခံခြင်း ဖြစ်ကြောင်း သိရသည်။

ရွှေတိဂုံစေတီတော်မှ ဆင်းတုတော်တစ်ဆူ ထူးဆန်းစွာ မျက်လုံးတော်များပွင့်ခဲ့ဟုဆို

မြန်မာနှစ်ဆန်း(၂)ရက်နေ့တွင် ရွှေတိဂုံ ဘုရား အောင်မြေအနီးရှိ စဉ်းတုတော် တစ်ဆူမှ ထူးဆန်းစွာပင် မျက်လုံးတော်များ ပွင့်လာခဲ့ကြောင်း ကိုယ်တိုင် ဖူးမျှော်ခဲ့ရသူများထံမှ သိရသည်။

အဆိုပါ ဆင်းတုတော်မှာ ရွှေတိဂုံ စေတီတော်မြောက်ဘက် စောင်းတန်း အောင်မြေအနီးရှိ စဉ်းတုတော်ဖြစ်ကာ နှစ်ဆန်း(၂)ရက်နေ့ ညနေ (၇) နာရီခွဲ နှင့် (၈)နာရီ ကြားတွင် မျက်လုံးတော် ပွင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စင်ကာပူ ဆီးဂိမ်းတွင် မြန်မာ့ရိုးရာ ခြင်းလုံးပါဝင်မည်

စင်ကာပူနိုင်ငံက လက်ခံကျင်းပမည့် ၂၈ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် မြန်မာနိုင်ငံ အတွက် ရွှေတံဆိပ်ရရန် သေချာနေသည့် မြန်မာ့ရိုးရာ ခြင်းလုံးပြိုင်ပွဲ၏ တစ်စိတ်တစ်ဒေသအား ထည့်သွင်း ကျင်းပရန် စင်ကာပူ အိုလံပစ် ကောင်စီ အနေဖြင့် သဘောတူညီခဲ့သည်။

ဒုတိယအကြိမ်မြောက် ဆီးဂိမ်း အဖွဲ့ချုပ်များ အစည်းအဝေးကို ဧပြီ ၂၈၊ ၂၉ ရက်များတွင် စင်ကာပူ နိုင်ငံ၌ ကျင်းပသွားမည်ဖြစ်ပြီး ယင်းအစည်းအဝေးမှ အားကစားနည်းများကို အတည်ပြု ဆုံးဖြတ် သွားမည်ဖြစ်သည်။

မြန်မာ ယူ-၁၉ အသင်း အင်ဒိုနီးရှားသို့ သွားကစားမည်

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှယူ ၁၉ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ အတွက် ပြင်ဆင်နေသည့် မြန်မာယူ ၁၉ အသင်းသည် လာမည့် မေလအတွင်း အင်ဒိုနီးရှားနိုင်ငံသို့ ခြေစမ်းပွဲများ သွားရောက် ကစားရန် စီစဉ်လျက်ရှိသည်။

မြန်မာအသင်းသည် အင်ဒိုနီးရှားယူ ၁၉ အသင်းနှင့် တစ်ပွဲ၊ အင်ဒိုနီးရှား ကလပ် အသင်းတစ်သင်းနှင့် တစ်ပွဲ ထပ်မံခြေစမ်းခွင့် ရရှိရန် စီစဉ်လျက်ရှိသည်။

မြန်မာယူ ၁၉ အသင်းမှာ အာရှယူ ၁၉ ချန်ပီယံရှစ် ပြိုင်ပွဲကို အိမ်ကွင်းတွင် လက်ခံကျင်းပရမည် ဖြစ်ပြီး ဧပြီ ၁၀ ရက်က ဂျပန် ယူ ၁၉ အသင်းနှင့် ခြေစမ်းကစားခဲ့ရာ တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင် ရရှိခဲ့သည်။

တရုတ်နိုင်ငံသို့ သွားရောက်မည့် မြန်မာအမျိုးသမီး ဘောလုံးအသင်း

အာရှဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်မည့် မြန်မာ အမျိုးသမီးအသင်းသည် ပဏာမ ကစားသမား ၂၉ ဦး အနက် ၂၆ ဦးကို အပြီးသတ် ရွေးချယ်ပြီးနောက် ဧပြီ ၂၆ ရက်နေ့တွင် တရုတ်နိုင်ငံ ကွမ်ကျိုးမြို့သို့ ၁၀ရက်ကြာ သွားရောက် လေ့ကျင့်မည် ဖြစ်သည်။

မြန်မာ အမျိုးသမီးအသင်းသည် ပြီးခဲ့သည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် တတိယဆုသာ ရရှိခဲ့သော်လည်း အာရှ ဖလားပြိုင်ပွဲတွင် ထိုင်း၊ ဗီယက်နမ် အသင်းများ နှင့်အတူ အောင်မြင်မှု ရရှိရန် ရည်မှန်းထားလျက် ရှိသည်။

နေပြည်တော်အသင်း၏ နောင်ရိုးတိုက်ပွဲ

ယခုနှစ် AFC Cup ပြိုင်ပွဲတွင် အုပ်စု(ဆ)မှ ရန်ကုန်ယူနိုက်တက် အသင်းမှာ အုပ်စုပြိုင်ပွဲမှ နောက်တစ်ဆင့်သို့ တက်ရောက်သွားပြီ ဖြစ်သော်လည်း နေပြည်တော် အသင်းမှာ တမ်ပနီရိုမာ အသင်းအား အဝေးကွင်းတွင် အနိုင်ရရှိမှသာ နောက်တစ်ဆင့်သို့ တက်ရောက် နိုင်မည်ဖြစ်သည်။

အိမ်ရှင်အသင်းမှာ ကစားပုံ မာကျောသော်လည်း နေပြည်တော် အသင်းက ဖောင်ဖျက် ကစားပြီး အနိုင်ရယူရန် မျှော်လင့်ထားကြောင်း နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက Tomorrowသို့ ထုတ်ဖော် ပြောကြားခဲ့သည်။

 

အိန္ဒိယ၌ လိင်တူချစ်ခြင်းကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်သော်လည်း တတိယလိင်ကို အသိအမှတ်ပြု

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော လေးလခန့်က အမြင့်ဆုံး တရားရုံး ချုပ်က လိင်တူချစ်ခြင်းကို ရာဇ၀တ်မှု အဖြစ်သတ်မှတ်ထားဆဲဖြစ် ကြောင်း ဆုံးဖြတ်ခဲ့သော်လည်း ယခုအချိန်တွင် ယောက်ျားဘ၀မှ မိန်းမ ဘ၀သို့ဖြစ်စေ၊ မိန်းမဘ၀မှ ယောက်ျားသို့ဖြစ်စေ လိင်ပြောင်း ထားသူများကို တတိယလိင် အဖြစ် တရားဝင် အသိအမှတ်ပြုပြီဖြစ်ကြောင်း ပြောကြားလိုက်သည်။

လိင်ပြောင်းသူများအား အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ပညာရေး၊ အလုပ်အကိုင်နှင့် ယာဉ်မောင်း လိုင်စင်စသော ကဏ္ဍများတွင် တရားဝင်တန်းတူ အခွင့်အရေးများ အသိအမှတ်ပြု ပေးအပ်သွားမည် ဖြစ်သည်ဟု အိန္ဒိယ အစိုးရက ဆိုသည်။

ဆော်ဒီမှ မားစ်ရောဂါပိုးကူးစက်၍ မလေးရှားတစ်ဦး ပထမဆုံးအကြိမ် သေဆုံးပြီးနောက် လူ ၆၄ ဦးကို အစိုးရက သီးသန့်ဖယ်ထုတ်

အရှေ့အလယ်ပိုင်း ဒေသမှ မားစ်ရောဂါပိုး ကူးစက်၍ ပြည်တွင်းမှ ရွာသားတစ်ဦး ပထမဆုံးအ ကြိမ် သေဆုံးပြီး မလေးရှား အစိုးရ က ရွာသား ၆၄ ဦးကို ရောဂါပိုး ရှိသည်ဟု ယူဆ၍ သီးခြားဖယ် ထုတ်၍ စစ်ဆေးလျက် ရှိကြောင်း မလေးရှား အာဏာပိုင်များက ပြောကြားလိုက်သည်။

မားစ်ရောဂါပိုးသည် ပထမ ဆုံးအကြိမ် အရှေ့အလယ်ပိုင်းရှိ ဆော်ဒီအာရေဗျနိုင်ငံမှ စတင် ဖြစ်ပွားခဲ့သည်။ ဆော်ဒီတွင် မားစ်ရောဂါကြောင့် အနည်းဆုံး လူပေါင်း ၇၁ ဦး သေဆုံးခဲ့ပြီး ကူးစက်မှု ၂၀၀ ခန့်ရှိခဲ့သည်။ ဆော်ဒီ အာရေဗျ နိုင်ငံရှိ မက္ကာသို့ အစ္စလာမ်ဘာသာဝင်များ လာရောက် ပြီးနောက် ယင်းမားစ်ရောဂါကို နိုင်ငံအတွင်းမှ ကူးစက်ခံခဲ့ရခြင်း ဖြစ်သည်။

Pages