April 2014

တရုတ်-ဂျပန် အငြင်းပွားကျွန်းစုများ အတွင်း ဂျပန်စစ်ဘက်ရေဒါစခန်း တည်ဆောက်

တရုတ်နိုင်ငံနှင့် နယ်မြေပိုင်ဆိုင်မှု အငြင်းပွား ပြဿနာများ ဖြစ်ပွားနေသည့် ကျွန်းစုများ၏ အလယ်ပိုင်း၌ ဂျပန်အစိုးရ၏ စစ်ဘက်ဆိုင် ရာ ရေဒါစခန်းတစ်ခုကို စတင် ဆောက်လုပ်နေပြီ ဖြစ်ကြောင်း သိရသည်။ ဂျပန်အစိုးရသည် လက်ရှိအချိန်တွင် ဆောက်လုပ်ရေး လုပ်ငန်းများ စတင်လုပ်ကိုင်နေပြီး အဆိုပါ ရေဒါစခန်း ဆောက်လုပ်ပြီးစီးပါက တရုတ်ပြည်မကြီးအနီး တစ်ဝိုက်အထိ အချက်အလက်များ ထောက်လှမ်းနိုင်မည်ဖြစ်သည်။

ပါကစ္စတန်၌ ယာဉ်တိမ်းမှောက်မှုကြောင့် လူ ၄၂ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံတောင်ပိုင်း ရှိဆပ်ကာမြို့တွင် အရှိန်မြှင့် မောင်းနှင်လာသော ခရီးသည်တင်ယာဉ် တစ်ဦးနှင့် ဆယ်ဘီးကား တစ်စီးတို့ ဧပြီ ၂၀ ရက်နေ့၌ တိုက်မိခဲ့သောကြောင့် ကလေး ၁၄ဦး အပါအ၀င် လူ ၄၂ ဦးသေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ကိုယ့်အရေပြားကိုယ် လှန်ကြည့်ခြင်း - ဇာဂနာ

အကျဉ်းထောင်ထဲမှာ ရှိနေတုန်းက ကျွန်တော်မသေမီ လုပ်ချင်သည့် အရာများကို ချရေးခဲ့ဖူးသည်။

၁ - အဖမ်းခံရသည့် အကြောင်း။ ထောင်အကြောင်း တစ်နေ့တော့ ရေးရမည်(ခုတော့ ရေးပြီးပြီ။ ထုတ်လည်းထုတ်ဝေ ဖြန့်ချီပြီးပြီ)။

၂ - အငြိမ့်အကြောင်း ရေးရမည်။ အထူးသဖြင့် ခေတ်ပြိုင် ခံစားမှ ဖြစ်ရမည်။(ခုတော့ ရေးပြီးပြီ။ ထုတ်ဝေ ဖြန့်ချီနေပြီ ဖြစ်၏)။

မန်းမဆန်၊ နန်းမဆန်တော့တဲ့ မန်းသင်္ကြန် - ကျော်ကြီး (MDY)

မန္တလေးမြို့နဲ့ ဝေးကွာနေတဲ့ အဝေးရောက် ရွှေမန်းသားတွေအဖို့ အခုလို သင်္ကြန်အခါနီး တူးပို့တူးပို့ သီချင်းသံကြားရင် ကိုယ့်မြို့ကိုယ် မလွမ်းဘဲ၊ သတိမရဘဲ မနေနိုင်ကြပါဘူး။ တတ်နိုင်သမျှ ကိုယ့်မြို့ကို ရောက်အောင်ပြန်ပြီး သင်္ကြန်ပွဲကို ဆင်နွှဲ ပျော်ရွှင်ကြတာပါပဲ။ ဘာကြောင့်လဲ ဆိုတော့ သင်္ကြန်ပွဲဟာ မန္တလေးမြို့ရဲ့ ပျော်စရာ အကောင်းဆုံး ပွဲတော်တစ်ခု ဖြစ်လို့ပါပဲ။ ရှေး ယခင်ကတည်းက ဂုဏ်ယူဝင့်ကြွားဖွယ် ယဉ်ကျေးမှု ပွဲတော်အဖြစ် ခေတ်အဆက်ဆက် ကျင်းပ လာခဲ့ကြတာပါ။ နှစ်ကူး သင်္ကြန်ပွဲတော် ကျင်းပကြတဲ့ မြို့တွေထဲမှာ မန်းသင်္ကြန်က အလွန်တရာ ကြီးကျယ်ခမ်းနား ပျော်စရာ ကောင်းပါတယ်။ ဒါကြောင့်လည်း မန်းသင်္ကြန် ပွဲတော်ဟာ မြန်မာ သာမက ကမ္ဘာမှာပါ န

မသာသင်္ကြန် - မာဂျေ

“ဘာလိုလိုနဲ့ တစ်နှစ်တစ်ခါ ကျင်းပမြဲ မသာသင်္ကြန်တောင် နီးလာပါပေါ့လား အစ်ကိုကြီးရေ” လို့ တပည့် မောင်ကြွက်နီက ပြောလာပါတယ်။

မင်းကလည်း စောစောစီးစီး မင်္ဂလာမရှိနဲ့ နင့်အဘ မသာသင်္ကြန် ရမှာလား မဟာသင်္ကြန်ပါကွ..လို့ ပြောလိုက်ပေမယ့် တပည့်ကျော်က ခေါင်းကိုရမ်းပြီး အဲဒါက ဟိုးလောင်းလောင်း အဂိုးတုန်းက ပြောတာ။ အခုတော့ သင်္ကြန်ဆိုရင် မသာပေါ် နည်းမျိုးစုံနဲ့ ပေါ်နေကြလို့ မသာသင်္ကြန်လို့ ပြောတာ” ဆိုပဲ။

သတင်းသမားများအတွက် အန္တရာယ်ရှိသော လက်မည်းကြီးများ - ဇော်သက်ထွေး

နိုင်ငံတော် သမ္မတကြီးက သုံးနှစ်သား အရပ်သား အစိုးရ၏ အောင်မြင်မှုများကို ပြောနေသော်လည်း တိုင်းပြည်တွင် ဆန္ဒပြပွဲများက နေရာတိုင်းတွင် ဖြစ်နေသည်။ နှစ်ပေါင်း နှစ်ဆယ်ကျော် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်ခြင်း ခံရသော အခြေအနေမှ လွတ်မြောက်၍ နိုင်ငံတကာမှ အကူအညီများ အလုံးအရင်းဖြင့် ၀င်လာသော်လည်း လူငယ် အများအပြားမှာ ပြည်တွင်းတွင် အလုပ်အကိုင် မရသဖြင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာနေကြသည်။ တိုင်းပြည်၏ အခွန်ဝင်ငွေမှာ နှစ်ဆ တက်လာပြီး ကုန်သွယ်မှု ပမာဏမှာ စံချိန်တင် မြင့်တက်ခဲ့သော်လည်း မြေယာမဲ့ ပြည်သူများမှာ အင်အားသုံး ဖယ်ရှားမှုများကြောင့် ကူရာမဲ့၊ ကယ်ရာမဲ့ ဘ၀ကို ရောက်ရှိနေကြသည်။

လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း - တော်ကီလှိုင်

ပူလိုက်တာဗျာ။ ၂၀၁၄ ခုနှစ် မတ်လ ၃ ရက်၊ မကွေးတိုင်း ဒေသကြီး ချောက်မြို့နယ်က အပူချိန် (၄၄) ဒီဂရီ စင်တီဂရိတ် အမြင့်ဆုံးတဲ့၊ မန္တလေးတိုင်း ဒေသကြီးမှာ (၄၃) ဒီဂရီ စင်တီဂရိတ် ရှိတယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒ ဌာနက ကြေညာထားလို့ သိရတယ်။

ကျွန်တော်လည်း မန္တလေးမြို့ထဲ ရောက်တုန်းရောက်ခိုက် ဟိုဟိုဒီဒီ လျှောက်လည် မိတယ်ပေါ့ဗျာ။ ညနေစောင်းရောက်တော့ (၂၆)လမ်းနဲ့ လမ်း(၉၀) ထိပ်မှာ လူတွေစုရုံး၊ စုရုံးနဲ့ သွားစပ်စု လိုက်တော့ ဆန္ဒပြမလို့တဲ့၊ မီတာခ တိုးမြှင့်တာကို လက်မခံနိုင်လို့ ပြောတယ်။ မီဒီယာတွေ အများကြီးဗျာ၊ လာအားပေးတဲ့သူတွေလည်း များမှများ။

ကုမ္ပဏီမှ မတရားစွဲချက်တင် အဖမ်းခံရသော အမျိုးသမီးဝန်ထမ်း ပြန်လွတ်မြောက်

ကုမ္ပဏီမှ အလုပ်ထွက်ပြီး (၅)လ အကြာတွင် အာမခံမရဘဲ တရားစွဲဆို ခံရသည့် အမျိုးသမီး မဆုဆုအောင်မှာ ဥပဒေ အရာရှိ၏ စစ်ဆေးချက် အရ ပြန်လည် လွတ်မြောက်လာပြီဖြစ်ကာ သူမအနေဖြင့် အလုပ်ရှင်အား ပြန်လည် တရားစွဲဆိုသွားလိမ့်မည် မဟုတ်ကြောင်း သိရသည်။

ဒီမိုကရေစီ သင်္ကြန်မှာ တပ်ဖွဲ့ဝင်တွေ စိတ်ရှည်သည်းခံကြပါ

မြန်မာနိုင်ငံတွင် နှစ်သစ်ကူး သင်္ကြန်ကာလ နီးစပ်လာပြီဖြစ်၍ သင်္ကြန်ကာလ အတွင်း တပ်ဖွဲ့ဝင် ရဲဝန်ထမ်းများ စိတ်ရှည် သည်းခံကြစေရန်နှင့် ပြည်သူများအား အပြုံးမပျက် ဆက်ဆံကြရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဇော်ဝင်းမှ ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ပြောကြားချက်များအား ဧပြီလ ၅ ရက်နေ့ မနက်တွင်  ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေး ခန်းမတွင် အမှတ် ၂ယာဉ်ထိန်း တပ်ဖွဲ့မှ အရာရှိ အရာခံ အကြပ်တပ်သားများကို တွေ့ဆုံပြီး ဒီမိုကရေစီခေတ်ရဲ့ လုပ်ငန်းစဉ် (၇) ချက်ကို တွေ့ဆုံရှင်းလင်းခဲ့ကြောင်း သိရသည်။

ထိုင်းလက်ဝှေ့သမားက အသေသတ်လိုက်တဲ့ မြန်မာလက်ဝှေ့သမား ပဲပြားမောင်မောင်

မြထက်ကျော် မြန်မာ့ ရိုးရာလက်ဝှေ့ ကလပ်မှ မြန်မာ့ရိုးရာ လက်ဝှေ့သမား ဖြစ်သော ပဲပြားမောင်မောင်သည် ဧပြီလ ၁ရက်နေ့က ရေးမြို့နယ် ဟန်ကန်ကျေးရွာတွင် ပြုလုပ်သော ထိုင်း-မြန်မာ လက်ဝှေ့ပြိုင်ပွဲတွင် ထိုးသတ်နေစဉ် သေဆုံးသွားခဲ့ရကြောင်း သိရသည်။

Pages