April 2014

ယူနတီဂျာနယ်မှ အဖမ်းခံရသောသူများအတွက် မြန်မာနိုင်ငံစာနယ်ဇင်းသမဂ္ဂမှ အစားအစာနှင့် ငွေကြေး ထောက်ပံ့

ယူနတီဂျာနယ်မှ အဖမ်းခံ ထားရသော စီအီးအိုနှင့် သတင်းထောက်များ အတွက် စားသောက်စရာ ဆေးဝါးများနှင့် ငွေကြေးများကို မြန်မာနိုင်ငံ စာနယ်ဇင်း သမဂ္ဂမှ ဧပြီ ၆ ရက်နေ့တွင် ယင်းဂျာနယ်တိုက်သို့ သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ စာနယ်ဇင်း သမဂ္ဂမှ ဦးဇော်သက်ထွေး၊ ဦးဝဏ္ဏ (မာဂျေ)၊ ဒေါ်အေးအေးဝင်း၊ ကိုမျိုး     (မြန်မာစာ) တို့သည် ယူနတီ ဂျာနယ်မှ အဖမ်းခံထားရသော စီအီးအိုနှင့် သတင်းထောက်များ အတွက် စားစရာများ၊ ဆေးဝါးများ၊ ငွေကြေးများ ပေးအပ်ခဲ့သည့် အပြင် အမှုနှင့် စပ်ဆက်သည့် ကိစ္စများကိုပါ လိုက်လံ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ အကြား ယခင်ထက် ပိုမိုရင်းနှီးမှုရရှိလာ

မြန်မာအစိုးရ အဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကြား အပစ်ခတ် ရပ်စဲရေးများ ဆွေးနွေးရာတွင် အောင်မြင်မှု ရှိနေကာ ယခင်ကထက် ပိုမိုရင်းနှီး ပွင့်လင်းမှုများလည်းရှိလာကြောင်း ကရင်ပြည်နယ်မှ တိုင်းရင်းသား လက်နက်ကိုင် ဗိုလ်ချုပ် ဖဒို စောကွယ်ထူးဝင်းက ပြောခဲ့သည်။

အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်၍ မူကြမ်းရေးဆွဲရာတွင် အောင်မြင်မှုများ ရရှိနေခြင်းများကြောင့် အဆိုပါ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ မကြာခင် ကာလ တစ်ခုအတွင်း ရာနှုန်းပြည့် နီးပါး အောင်မြင်ရန် အလားအလာ ရှိနေကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် ဂျာမနီနှင့် ပြင်သစ်သို့ သွားရောက်မည့် ခရီးစဉ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၄ ခုနှစ် ဧပြီလ ၉ ရက်တွင် ဂျာမနီနှင့် ပြင်သစ် နိုင်ငံများသို့ သွားရောက်မည် ဖြစ်ကြောင်း ယင်းအဖွဲ့ချုပ်၏ ထုတ်ပြန်ချက် အရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နှစ်နိုင်ငံ ခရီးစဉ်သည် ဧပြီလ ၉ ရက်မှ ဧပြီလ ၁၇ ရက်နေ့ အထိ ၈ ရက်ခန့် ကြာမြင့်မည် ဖြစ်ပြီး ပထမ ဂျာမနီနိုင်ငံ ဘာလင်မြို့သို့ စတင် သွားရောက်မည် ဖြစ်ကာ ဧပြီ ၁၄ရက်တွင် ပြင်သစ်နိုင်ငံ ပါရီ မြို့သို့ ဆက်လက် သွားရောက်မည် ဖြစ်ကြောင်း သိရသည်။

အများပြည်သူသုံး တယ်လီဖုန်း (PCO) များကို IT Chip Cardဖြင့် အသုံးပြုနိုင်ရန် ဆောင်ရွက်

တန်ဖိုးနည်း ဆင်းကဒ်များ ထွက်ပေါ်လာပြီးတော့ ပြည်သူများကြား ယခင်ကလောက် အသုံးပြုခြင်း မရှိတော့တဲ့ PCOများကို ယခုနှစ် ဘဏ္ဍာနှစ် အတွင်း နိုင်ငံတကာ နည်းစနစ်များ အတိုင်း ဆောင်ရွက်သွားမည် ဖြစ်ပြီး အဆိုပါ IT Chip Card များဖြင့် စတင် အသုံးပြုနိုင်ရန် ဆောင်ရွက်နေကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

“ဟောက်မယ် . . .စားမယ် . . . ဖားမယ်”ဆိုတဲ့ ပြည်သူ့ဝန်ထမ်းကောင်းများ

“မီးက ကျွန်တော်တို့ ဖြတ်နေတာ မဟုတ်ဘူး၊ ဗဟန်းဘက်က မီးသွယ်တဲ့ ကိစ္စရှိနေလို့ အန္တရာယ် ကင်းအောင်ဖြတ်တာ၊ နောက်တစ် နာရီလောက်စောင့်ကြည့်” “နောက်တစ်နာရီ မီးပြန်လာမှာ သေချာလား၊ အရေးကြီးလို့ပါ၊ ပြီးတော့..” “ဂွပ်”

စစ်တွေမြို့သို့ RSOအဖွဲ့ ၀င်ရောက်အကြမ်းဖက်မည် ဆိုသဖြင့် လုံခြုံရေး အထူးတင်းကြပ်

ရိုးဟင်ဂျာ သွေးစည်း ညီညွတ်ရေး အဖွဲ့ RSO ၀င်ရောက် အကြမ်းဖက်မည်ဟု သတင်း ရရှိသောကြောင့် စစ်တွေမြို့တွင် ဧပြီ ၄ရက်မှ စတင်၍ လုံခြုံရေး အထူး တင်းကြပ်ထားကြောင်း သတင်း ရရှိသည်။
ဧပြီ ၄ ရက်ညတွင် လက်နက် အပြည့်အစုံ တပ်ဆင်ထားသော လုံခြုံရေး တပ်ဖွဲ့ဝင်များက လှည့်ကင်း အဖွဲ့များ ခွဲပြီး စစ်တွေမြို့ပေါ်တွင် လုံခြုံရေး တိုးမြှင့် ဆောင်ရွက် နေသည်ကို တွေ့ရသည်။

ဝန်ထမ်းများအတွက် ပြက္ခဒိန်ပေါ်က အနီရောင် အကွက်၁၀ကွက် (အဆင့်မြင့် အရာရှိကြီး တစ်ဦး၏ ဖွင့်ဟ၀န်ခံချက်)

န၀တ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်တွင် ၀န်ထမ်းများအား ချွေးသိပ်ရန် သင်္ကြန် ရုံးပိတ်ရက် ရက်ရှည် သတ်မှတ် ခဲ့သော်လည်း    စာရွက်ပေါ်တွင်သာ ရှိပြီး လက်တွေ့ တကယ် မခံစားရကြောင်း ယခုအခါ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အစိုးရသစ် လက်ထက်တွင် သင်္ကြန် ခွင့်ရက်ရှည်နှင့် ပတ်သက်၍ ပြန်လည်ပြင်ဆင် သတ်မှတ်ပေးရန် လွှတ်တော်အတွင်း တင်ပြဆွေးနွေး ခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ကြောင်း သိရသည်။

မော်ကျွန်း ဒေသခံများ အတွင်း စိတ်ဝမ်း ကွဲလာနိုင်သည် ဆိုသော အာရှစိမ်းလန်း ဖွံ့ဖြိုးရေးဘဏ် စီမံချက်

နာဂစ်ဒဏ် ခံခဲ့ရသည့် ဧရာဝတီတိုင်း မော်ကျွန်းမြို့နယ် အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်မည့် အာရှစိမ်းလန်း ဖွံ့ဖြိုးရေးဘဏ် စီမံချက်များနှင့် ပတ်သက်၍ ဒေသခံ ပြည်သူများကြား စိတ်ဝမ်းကွဲမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း မော်ကျွန်း တောင်သူ လယ်သမား သင်တန်းကျောင်းမှ ကိုတင်လင်းအောင်က Tomorrow ဂျာနယ်သို့ ပြောကြားသည်။

မန်းရွှေစက်တော် ဘုရားပွဲ မီးလောင်စဉ် ပျောက်ဆုံးခဲ့သော တစ်နှစ်ကျော်အရွယ် ကလေး မိဘနှင့် ပြန်ဆုံတွေ့ပြီ

မန်းရွှေစက်တော် ဘုရားပွဲတွင် ဘုရားပွဲ မီးလောင်စဉ် ပျောက်ဆုံးခဲ့သော တစ်နှစ်ကျော် အရွယ် ကလေးငယ်မှာ ယခုအခါ မိဘများနှင့် ပြန်လည် ဆုံဆည်းရပြီ ဖြစ်ကြောင်း သိရသည်။

ကလေးငယ်၏ မိဘများမှာ မကွေးတိုင်း ဒေသကြီး အတွင်းမှပင် ဖြစ်ကာ ကလေးငယ် ပျောက်ဆုံးပြီး ရက်ပိုင်း အတွင်းမှာပင် ကလေးငယ်နှင့် မိဘများ ပြန်လည် ဆုံဆည်း ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

“ကလေးကို တွေ့တဲ့သူတွေက စောင့်ရှောက် ပေးထားတယ်။ ကလေးကို ကျွန်တော်တို့ နီးစပ်ရာ ရဲစခန်းကို ပေးပိုပြီး အပ်နှံခဲ့ပါတယ်။ ပြီးတော့ အခုတော့ မိဘတွေနဲ့ ပြန်တွေ့ရပြီ ဖြစ်လို့ ၀မ်းသာပါတယ်”ဟု ကလေးငယ်အား ကူညီစောင့်ရှောက် ပေးခဲ့သော ကိုဘိုရဲက ပြောသည်။

သင်္ကြန်တွင်း ငွေဖြည့်ကတ်များတွင် အပိုဆောင်းငွေ ၂၀ရာခိုင်နှုန်းပါဝင်

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သင်္ကြန်ကာလ အစီအစဉ် အဖြစ် သင်္ကြန် ရုံးပိတ်ရက် အတွင်း ၀ယ်ယူသော ဖုန်းငွေဖြည့်ကတ်များကို ကတ်တန်ဖိုး၏ ၂၀ ရာခိုင်နှုန်း အပိုဆောင်းငွေ ထည့်သွင်း ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မဟာသင်္ကြန် ရုံးပိတ်ရက်ကာလ ဖြစ်သော ၂၀၁၄ ခုနှစ် ဧပြီလ ၁၂ ရက်မှ ဧပြီလ ၂၀ ရက် အတွင်း ၀ယ်ယူ ငွေဖြည့်သော GSM, WCDMA, CDMA မိုဘိုင်း တယ်လီဖုန်းများ အတွက် ငွေဖြည့်ကတ်များအား တန်ဖိုး၏ ၂၀ရာခိုင်နှုန်းကို လက်ဆောင် (Bonus) အဖြစ် ထပ်ဆောင်း ဖြည့်ပေးသွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး၏ ထုတ်ပြန်ချက်များ အရ သိရသည်။

Pages