May 2014

Tomorrowသို့ပေးစာ ( ပြည်သူတွေဆီက အပြည့်ဝ ယူပြီးရင် ပြည်သူတွေကိုလည်း အပြည့်ဝပြန်ပေးပါ... - ဒဂုံသူ)

ယခုစာမျက်နှာကနေ သက်ဆိုင်ရာကို တင်ပြချင်တဲ့ အကြောင်းရာကတော့ လျှပ်စစ်မီး ဖြတ်တောက်နေတဲ့ ကိစ္စပါပဲ၊ အခုချိန်မှာမိုးတွေ မကြာမကြာရွာလို့ လျှပ်စစ်မီးတွေ ပြတ်တောက်တာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်တယ်ဆိုတာ သိပေမယ့် တစ်နေကုန် မကြာမကြာ မီးဖြတ်တဲ့အပြင် ညတွေမှာလည်း နှစ်ရက်ဆက်တိုက် အချိန်အတိကျ မီးပြတ်နေတာကတော့ တော်တော်လေး ထူးဆန်းနေတယ်လို့ ထင်ပါတယ်။

“အရိုင်းစိတ်ဝင်လာတဲ့ ယဉ်ကျေးမှုမြို့'' - ကျော်ကြီး(MDY)

ကျွန်တော်တို့ မန္တလေးမြို့ ဆိုတာက မြန်မာပြည်ရဲ့ နောက်ဆုံး ဘုရင်မင်းဆက် အဆုံးသတ်ခဲ့တဲ့ မင်းနေပြည်တော်မြို့ ဖြစ်ခဲ့တာနဲ့အညီ စာပေ၊ ဂီတ၊ အနုပညာ ၊ယဉ်ကျေးမှု ထွန်းကားရာ မြို့ဖြစ်ပါတယ်။ ဘာသာ သာသနာ ဘက်မှာလည်း နေလိုလလို ထွန်းကားတဲ့မြို့ပါ။ မြန်မာကို ကိုယ်စားပြုထားတဲ့မြို့လို့ ပြောမယ်ဆိုရင်တောင် လွန်မယ် မထင်ပါဘူး။

အဆိုးမြင်မိသော အမှန်တရားများ (၁၁) - မင်းသျှင်

ပြည်သူ့အကျိုးပြု ဦးနှောက်ရှား သလော
ထိပ်သီးပိုင်း အစိုးရ လူကြီးမင်းတွေမှာ တိုင်းပြည်ကို အုပ်ချုပ်ဖို့ အတွက် ခက်ခဲမှုတွေ ကြုံတွေ့ ကောင်းကြုံတွေ့ နိုင်ပါတယ်။ တိုင်းပြည်ကတော့ အကူးအပြောင်း ကာလကို ကြုံတွေ့တဲ့ အချိန်မှာ ဆင်းရဲမွဲတေမှုကြောင့် စိတ်ဓာတ်တွေ ယိုယွင်းလာတဲ့ ပြည်သူတွေရယ်၊ အရာရာ နောက်ကျကျန် နေတဲ့ တိုင်းပြည်ကြီးရယ်က ပြည်တွင်းစစ်တွေ ဖြစ်ပွားနေဆဲ အခြေအနေကိုလည်း ကြုံကြိုက် နေပါတယ်။

၄၃၆ နှင့် ထူးမခြားနားတဲ့ ဇာတ်လမ်း - ဇော်သက်ထွေး

မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲက ပုဒ်မ ၄၃၆နဲ့ ပုဒ်မ ၅၉(စ)ကို ပြင်ဆင်ဖို့ အတွက် အစိုးရအပေါ် အားစမ်းတဲ့ ပွဲတစ်ပွဲကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ဒီမိုကရေစီ အင်အားစုတွေက ပြီးခဲ့တဲ့ရက်ပိုင်း အတွင်း ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။ ဒီပွဲကို ပြုပြင်ပြောင်းလဲချင်တဲ့ ပြည်သူလူထု ထောင်သောင်းများစွာ တက်ရောက်ခဲ့ပါတယ်။ ဒီပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အနာဂတ် နိုင်ငံရေးနဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့ အခန်း ကဏ္ဍအပေါ် မေးခွန်းထုတ် ခဲ့သလို ကိုမင်းကိုနိုင်ကလည်း အခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ဒီမိုကရေစီ လိုလားတဲ့ သူအားလုံး ပါဝ

လမ်းပြကြယ်ရဲ့ ဗျာဒိတ်စကား - မာဂျေ

မြန်မာနိုင်ငံတော် ဒီမိုကရေစီ အစိုးရရဲ့ ဒုတိယဥသျှောင်ဖြစ်တဲ့ ဒုတိယသမ္မတကြီးက လူတစ်ဦး တစ်နေ့ ကျပ်နှစ်ထောင်ဆိုရင် ရပ်တည်ဖို့ လုံလောက်တယ်လို့ ဒလမြို့နယ်က သမ၀ါယမ အသင်းသားတွေကို ပြောလိုက်တယ်တဲ့။ အရမ်းကောင်းပြီး တိုင်းပြည်အတွက် အလွန် တန်ဖိုးရှိတဲ့ သတင်းဖြစ်လို့ မီဒီယာတွေကလည်း အလုအယက် ဖော်ပြကြတာပေါ့ဗျ။ ဆိုရှယ် မီဒီယာတွေပေါ်မှာလည်း မျက်စိ နောက်လောက်အောင်ကို ဖတ်နေရတယ်။ ထင်ရှား ကျော်ကြားသူများ ပြောစကား ဆိုတော့လည်း အဲဒီလို အရေးတယူ ပြုရပေတာ မဟုတ်လားဗျာ။ စီးပွားရေးသမားတွေကလည်း အဲဒီသတင်းပါတဲ့ ဂျာနယ်တွေကို ၀ယ်ပြီး သူတို့ ရုံးတွေက ကြော်ငြာသင်ပုန်းမှာ ကပ်ထားကြတယ်ဆိုပဲ။ အထူးသဖြင့် အထည်ချုပ် စက်ရုံပိုင်ရှင်တွေက

ငြိမ်းချမ်းရေးနှင့် ရှေ့နေများ - ရဲဘော် အောင်ဝင်း

ကမ္ဘာတည်သရွေ့ မြန်မာ တည်ရမည်။ မြန်မာတည်သရွေ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ရှိနေမည်လားဟု ထင်ရသည်။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသည် ကမ္ဘာ့ အရှည်ကြာဆုံး တွေ့ဆုံမှုဟုပင် မှတ်ယူရမည်ထင်သည်။ နိုင်ငံတကာ အနေဖြင့် မြန်မာလူမျိုးများသည် ညှိနှိုင်းရ အလွန် ခက်ခဲသော လူမျိုးဟု ထင်ကြမည်လားမသိ။ ထင်စရာကလည်း ဖြစ်နေပြီ မဟုတ်ပါလား။

ပန်းပွင့်၊ ကျည်ဆံ၊ မနက်ဖြန် - ဇာဂနာ

(ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ သွေးကို ဖောက်ကြည့်ပါ။ နီနီလေးပါပဲ။ ခင်ဗျားတို့ ဗမာတွေရဲ့ သွေးနဲ့ တူတူပါပဲဗျာ။ ကျွန်တော်တို့ သွေးကျတော့မှ တန်ဖိုးက နည်းနေလို့လား။)

ထောက်လှမ်းရေးက မြှောက်စားလို့ တောက်ကြွားခဲ့တဲ့ တရုတ်ခရိုနီ - လက်စောင်းထက်

ဒီတစ်ပတ်တော့ နောက်ထပ် တရုတ်ခရိုနီတစ်ယောက် အကြောင်း ပြောပြမယ်။ သူကတော့ အရေး အခင်း မတိုင်ခင်ကာလမှာ တရုတ်တန်းမှာ သုံးဘီးမောင်းရာက စစ်အစိုးရ လက်ထက်မှာ ကုဋေကြွယ် သူဌေးကြီး ဖြစ်လာတဲ့သူပဲ။ တခြား တရုတ်ခရိုနီတွေလို သူလည်းမူးယစ်ဆေးနဲ့ မကင်းဘူး။ ထောက်လှမ်းရေး ညွှန်မှူး ဗိုလ်ချုပ်ခင်ညွန့်နဲ့ အလွန်ပလဲနာမသင့်ပြီး အင်းလျားကန်ရှေ့က မြကန်သာအိမ်ရာ၊ တာမွေက မေတ္တာညွန့်အိမ်ရာ၊ ဗဟန်း ဗိုလ်ချိုအိမ်ရာ၊ အလုံ အမှိုက်ပုံက မြစ်ကမ်းသာ အိမ်ရာ စီမံကိန်းတွေ တည်ဆောက်ခွင့် ရခဲ့ရုံမက အခု အစိုးရ လက်ထက်မှာလည်း လေဟာပြင် ဈေးကြီးကို စည်ပင်နဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခွင့် ရခဲ့သူပေါ့။

လက်နက်မှုဖြင့် ဖမ်းဆီးခံရသူများ အာမခံရရှိခြင်းအပေါ် တရားလွှတ်တော်ရှေ့နေများ ဝေဖန်

မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာဇံမြို့နယ်တွင် လွန်ခဲ့သော နှစ်လခန့်က ဖြစ်ပွားခဲ့သော အပ်ချုပ်ဗလီဝန်း အတွင်း လက်နက်များဖြင့် ဖမ်းမိခဲ့သော အမှုအား အာမခံပေးလိုက်ခြင်းနှင့် ပတ်သက်၍ ဝေဖန်မှုများစွာ ထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။

Pages