May 2014

၈၈မျိုးဆက်အဖွဲ့အား နိုင်ငံရေးစားဖားအဖွဲ့ဟု စစ်ကိုင်းတိုင်း(မဘသ) အဖွဲ့မှ ကြေညာ

၈၈ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်းအား နိုင်ငံရေး စားဖားအဖွဲ့ဟု စစ်ကိုင်းမြို့မှ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့မှ မေလ တတိယ အပတ်တွင် တရားဝင် ထုတ်ပြန် ကြေညာလိုက်ကြောင်း သိရသည်။

ရခိုင်ပြည် နယ်စပ်စည်းများ မလုံခြုံက တစ်နိုင်ငံလုံး အန္တရာယ်များနိုင်ဟုဆို

ရခိုင်ပြည်နယ်၏ နယ်စပ်များ လုံခြုံမှု မရှိပါက ရခိုင်ပြည်နယ် တစ်ခုတည်း ပျက်စီးရုံသာမက မြန်မာ တစ်နိုင်ငံလုံး အနေနဲ့ပါ ပျက်စီးသွား နိုင်ကြောင်း ရခိုင်ပြည်နယ် လွတ်မြောက်ရေး အဖွဲ့မှ ဒေါ်စောမြတ်ရာဇာလင်းက ပြောကြားခဲ့သည်။

ကြားဖြတ် ရွေးကောက်ပွဲအမီ ပြင်းထန်လာသော ပုဂ္ဂိုရေး တိုက်ခိုက်မှုများနှင့် မြန်မာ့နိုင်ငံရေး

၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ နီးလာသည်နှင့်အတူ ပါတီအသီးသီးမှ အရေးကြီး ပုဂ္ဂိုလ်များအား အင်တာနက် စာမျက်နှာများနှင့် ဖေ့စ်ဘွတ် လူမှုကွန်ယက် စာမျက်နှာများ၌ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများ အဆက်မပြတ် ပြုလုပ်လာကြသည်ကို တွေ့ရကြောင်း နိုင်ငံရေး အသိုင်းဝိုင်းမှ စုံစမ်းသိရသည်။

လက်ပံတောင်းတောင် နယ်မြေအတွင်းရှိ ဘုရားနှင့် သိမ်ကျောင်းဆောင်မှာ လယ်တီ ဆရာတော်နှင့် သက်ဆိုင်မှုမရှိဟုဆို

“ရှေးမူမပျက် ရွှေ့ပြောင်းရမယ်လို့ အစီရင်ခံစာမှာ ပါသော်လည်း ပြောင်းရွေ့ရန် မလွယ်သောကြောင့် ယခုလို ဖျက်ပြီးမှ ပြောင်းရတာပါ”ဟု မြန်မာဝမ်ပေါင် မိုင်းနင်းကော့ပါး လီမိတက်မှ ဦးဆောင် ညွှန်ကြားရေးမှူး ဂန်းရီဆို

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေအတွင်း ရှိနေသော လယ်တီဘုရားနှင့် သိမ်ကျောင်းဆောင်တို့မှာ လယ်တီ ဆရာတော် ဘုရားကြီးနှင့် လုံးဝ သက်ဆိုင်မှု မရှိသော နေရာ ဖြစ်ကြောင်း  နိုင်ငံတော် သံဃာ့ အကြီးအကဲများမှ မိန့်ကြားခဲ့သည်ဟု မြန်မာဝမ် ပေါင်မိုင်းနင်းကော့ပါး လီမိတတ်မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

လက်ပန်းတောင်းတောင် ဒေသခံတို့၏ တောင်းဆိုချက်များ လိုက်လျောမည် မဟုတ်ဟု ၀မ်ပေါင် ကုမ္ပဏီဖွင့်ဟ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်ရေးနှင့် ပတ်သက်၍ ဒေသခံတို့၏ တောင်းဆိုချက်အား လိုက်လျောသွားမည် မဟုတ်ဟု အဆိုပါ ကြေးနီစီမံကိန်း အကောင်အထည် ဖော်လုပ်ဆောင်နေသည့် မြန်မာ ၀မ်ပေါင် ကုမ္ပဏီမှ Admin Manger Dong Yunte ri ကပြောသည်။  

ယင်းလက်ပံတောင်းတောင် ကြေးနီစီမံကိန်း အနေဖြင့် နိုင်ငံတော် အစိုးရနှင့် စာချုပ်ချုပ်ဆို လုပ်ဆောင်သည့် နိုင်ငံတော် အဆင့် စီမံကိန်း တစ်ခုဖြစ်ပြီး ရရှိမည့် အကျိုးအမြတ် အရလည်း နိုင်ငံတော်မှ အများဆုံး ရရှိသွားသည့် အတွက် လုံးဝ နောက်ဆုတ်မည့် စီမံကိန်း မဟုတ်ဟုလည်း ၄င်းကထပ်လောင်း ပြောသည်။

ဒုတိယအကြိမ်မြောက် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်နှင့် Tomorrow ဂျာနယ်တို့ အကျိုးတူ လုပ်ငန်းပူးပေါင်း လုပ်ဆောင်ရန် သဘောတူ လက်မှတ်ရေးထိုး

ဒုတိယအကြိမ်မြောက် လူ့အခွင့်အရေး၊ လူဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် Human Right Human Dignity International Film Festival နှင့် Tomorrow သတင်းဂျာနယ်တို့သည် ၂၀၁၄ ခုနှစ် မေလ ၁ ရက်နေ့မှ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ မီဒီယာ စီမံကိန်းများ အတွက် အကျိုးတူ ပူးပေါင်း လုပ်ဆောင်ရန် သဘောတူခဲ့ကြသည်။

ရွှေည၀ါ ဆရာတော် ကိုယ်တိုင် သက်သေထွက်ရတဲ့ တရားပွဲကို တရားစွဲတဲ့အမှု

သက်ဆိုင်ရာ ခွင့်ပြုချက်များဖြင့် တရားပွဲ ကျင်းပခဲ့သော်လည်း ခွင့်ပြုမိန့်မရပဲ တရားပွဲကျင်းပ ခဲ့သည်ဟုဆိုကာ တရားပွဲ စီစဉ်သူအား တရားစွဲဆိုခဲ့သည့် အမှုတွင် ရွှေည၀ါ ဆရာတော်ကြီး ကိုယ်တိုင် တရားစွဲခံရသူဘက်မှသက်သေ အဖြစ် ထွက်ဆိုထားကြောင်း သိရသည်။

တရားစွဲဆို ခံထားရသည့် ဦးကျော်ဟိန်းက “ရုံးချိန်းက ၈ချိန်းရှိသွားပြီဗျ တိုင်ကြားသူက တရားခွင်ကို မလာဘူး၊ ရွှေည၀ါ ဆရာတော်ကြီးက မေလ၂၁ရက်နေ့က သက်သေ လာထွက်သွားပါတယ်၊ တရားပွဲက ၄၉ဦး နာမည်နဲ့ လျှောက်တာ ခွင့်ပြုမိန့်လည်း ရပြီးပြီ  ကျွန်တော်တစ်ယောက်တည်း အစွဲခံ ရတာပါ”ဟု ပြောသည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေး တိုင်းရင်းသား လက်နက်ကိုင်များ ပါဝင်လို

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးတွင် ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိစ္စအား ယခုလ (၂၃) ရက်နေ့တွင် M3 စားသောက်ဆိုင် သဇင်ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် ၈၈ မျိုးဆက်သစ် ကျောင်းသား အဖွဲ့တို့ တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသားအဖြစ် ပြန်လက်ခံဖို့ အစိုးရအား မိုးသီးဇွန်တောင်းဆို

မြန်မာနိုင်ငံသို့ ၂၀၁၅ ရွေးကောက်ပွဲအမီ အပြီးပြန်လာရန် ဆောင်ရွက်မည့် မိုးသီးဇွန်၏         မြန်မာနိုင်ငံသား အဖြစ် ပြန်လည် လျှောက်ထားခြင်းအား အစိုးရမှ မည်သည့် တုန့်ပြန်မှုမှ ပြန်လည် ပေးပို့ခဲ့ခြင်း မရှိကြောင်း သိရသည်။

ဦးရဲထွဋ်က ဒေါ်အောင်ဆန်းစုကြည်အား ဂျာနယ်တစ်စောင်တွင် ပြောကြားချက်အပေါ် သူတို့အမြင်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့ အဖွဲ့အစည်း)တို့ ပူးပေါင်း၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လူထု သဘောထားခံယူပွဲ ကျင်းပ နေချိန်တွင် နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က “အခြေခံ ဥပဒေ ပြင်ဆင်ရေးကို စိတ်မ၀င်စားဘူးလို့ ပြောတာက ကလေး စိတ်ကောက်ပြီး ပြောတာနဲ့ပဲ တူတယ်လို့ ကျွန် တော် အားနာနာနဲ့ ပြောရမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်  အပေါ် ပြောကြားဝေဖန်ခဲ့ခြင်းကို ပြည်တွင်းထုတ် ဂျာနယ်တစ်စောင်တွင် ဖော်ပြပါရှိခဲ့သည်။

Pages