May 2014

၂၀၁၄အမှတ်ပေးပြိုင်ပွဲ ဒုတိယအကျော့ ပွဲစဉ်ဇယားအား ရေးဆွဲထုတ်ပြန်

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် အနေဖြင့် ၂၀၁၄ MNL အမှတ်ပေး ပြိုင်ပွဲ ဒုတိယအကျော့ ပွဲစဉ်များကို ရွေးဆွဲထုတ်ပြန်လိုက်ပြီ ဖြစ်သည်။ ဒုတိယ အကျော့ ပွဲစဉ်များကို လာမည့် ဇွန် ၁၄ရက်မှ စက်တင်ဘာ ၂၁ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ် ဘာလုံးရာသီ အမှတ်ပေး ဇယားကို ချန်ပီယံဆုနှစ်ကြိမ် ရရှိခဲ့သည့် ရတနာပုံအသင်းက ဦးဆောင်လျက်ရှိပြီး ဒုတိယနေရာတွင် နေပြည်တော် အသင်းမှ ရပ်တည်လျက်ရှိပြီး လက်ရှိချန်ပီယံ ရန်ကုန် အသင်းမှာ ပဉ္စမနေရာ၌သာ ရှိနေသည်။ မကွေးအသင်းနှင့် KBZ အသင်းမှ ၁၈မှတ်စီဖြင့် တတိယနေရာတွင် ပူးတွဲရပ်တည် လျက်ရှိသည်။

မြနန္ဒာသီချင်းဆိုရင်း နဂါးပြည်ကိုသွားတဲ့ကျောက်စိမ်း - ဇော်သက်ထွေး

မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ဆက်စပ်လျက်ရှိတဲ့ ယူနန် ပြည်နယ် ကူမင်းမြို့တော်မှာ တရုတ်နိုင်ငံရဲ့ အကြီးဆုံး ကျောက်စိမ်း ဈေးကွက်ကြီး ရှိပါတယ်။ ဒီဈေးကွက်ကြီးကို International Jewelly Trading Center (IJTC)က ထိန်းချုပ်ထားပါတယ်။ ဒီစင်တာကြီးကို စတုရန်းမီတာ ၃၃၀၀၀၀ ကျယ်ဝန်းတဲ့ မြေပေါ်မှာ ၂၀၀၄ ခုနှစ်က တည်ဆောက် ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ဒီစင်တာကြီးထဲမှာ ကျောက်စိမ်း ကုမ္ပဏီပေါင်း ၇၁ခုရှိပြီး ကျောက်စိမ်း အချောထည် လုပ်ငန်းက ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး ဖြစ်ပါတယ်။ ဒီလုပ်ငန်းအတွက် လိုအပ်တဲ့ ကုန်ကြမ်း ၉၀ ရာခိုင်းနှုန်းကို  မြန်မာနိုင်ငံက ရရှိတယ်လို့ ဆိုပါတယ်။

ဦးဝင်းတင်အတွက် မော်ကျူရီနယူးစ်... - ကိုညို( အော်စလို)

ထင်ရှားကျော်ကြားတဲ့ လူတစ်ယောက် အိုမင်းမစွမ်း အသက်အရွယ် ကြီးမြင့်ချိန်၊ ကျန်းမာရေး ချို့တဲ့ပြီး နာမကျန်း ဖြစ်နေချိန်၊ ဒါမှမဟုတ် အသဲအသန် ဖြစ်နေချိန်ဆို ကျွန်တော်တို့ သတင်းသမားတွေဟာ အဆိုပါ ပုဂ္ဂိုလ်နဲ့ ဆက်ဆိုင်တဲ့ သတင်းကို ဦးဦးဖျားဖျား ဖော်ပြနိုင်အောင် သူမတိမ်းပါးခင် ကြိုတင်ပြီး သူ့အကြောင်း လက်လှမ်း မီသမျှ၊ စုဆောင်းထား၊ ကြိုတင် ရေးထားရလေ့ ရှိပါတယ်။ ကွယ်လွန်သူ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို င်္သဂြိုဟ်ခြင်း မပြုမီ လူသေ အလောင်းထားတဲ့ ရေခဲတိုက် (Mortuary)မှာ နောက်ဆုံးအနေနဲ့ ထားရှိထားတာကို တင်စားပြီး အဲဒီလို သတင်းအချက်အလက် ကြိုတင်စုဆောင်း ရေးသားထားတာကို မော်ကျူရီသတင်းလို့များ နာမည်ပေး ရမလားမသိ။

စကြ၀တေးမင်းပင်စင် - မာဂျေ

“အစ်ကိုကြီးရေ သိန်းနှစ်ရာဆိုရင် အထုပ်ဘယ်လောက်ကြီး သလဲဗျာ”လို့ မောင်ကြွက်နီက မေးလာလို့ “အဲဒါကတော့ ပိုက်ဆံက ဘယ်လောက်တန် အရွက်လည်း ဆိုတဲ့အပေါ် တည်သကွ၊ တစ်သောင်းအုပ် ဆိုရင်ဖြင့် အုပ်နှစ်ဆယ်ပဲ ရှိပေမဲ့ တစ်ထောင်တန် ဆိုရင်ဖြင့် အုပ်၂၀၀ပေါ့ကွာ။ ဘာလဲ မင်းက ဘဏ်ရှေ့သွားပြီး ဓားပြတိုက် မလို့လား” မေးမိတော့ သူက ”သြော် ဂျာနယ်တစ်စောင်မှာ သွားလေသူကြီးရဲ့ အငြိမ်းစား လစာက တစ်လကို ပုံး ၂၀၀ လို့ ရေးတာ ဖတ်လိုက်ရလို့ပါ”တဲ့။

အန်ကယ်လပ်ကီး - ဇာဂနာ

အမှန်ကတော့ သေမှမလွမ်းချင်။ ကျွန်တော် ထောင်ထဲရှိနေစဉ် ကျွန်တော့် အဖေရော အမေပါ ကွယ်လွန်သွားကြသည်။ အဖေ့ကိုလွမ်းသော၊ အမေ့ကို တမ်းတသောစာတွေ ကျွန်တော် မရေးဖြစ်ခဲ့။ ကျွန်တော့်မိဘနှစ်ပါးသည် သူတို့ဝန်တာ ကျေခဲ့ပြီ။

အန်ကယ်လပ်ကီးဟု ကျွန်တော်တို့က ချစ်စနိုးခေါ်သော ဦးဝင်းတင်သည် ကျွန်တော်တို့ အားလုံးကို ထားခဲ့ပြီ။ မွေးကတည်းက သေဖို့ပါလာကြပြီး ဖြစ်သည်။ အန်ကယ်လပ်ကီးသည်လည်း သေရမည်။ ကျွန်တော်လည်း သေရဦးမည်။ သို့ သော် အန်ကယ်လပ်ကီးကား သူ့ဝန်တာကျေခဲ့ပြီ။

ခရိုနီတစ်ဦးပြောပြသော တိရစ္ဆာန်မွေးမြူရေးထက်ကိုက်တဲ့ လူကြီးမွေးမြူရေး (၄) - လက်စောင်းထက်

သမ္မတနောက်က သိန်း ၂၁၀၀တန် စိန်ကြယ်သီးနဲ့ တောဂေါ်လီ ခရိုနီ

ခရိုနီတွေအကြောင်း ခင်ဗျား ရေးနေတာက ကိစ္စမရှိဘူး။ တဖြည်းဖြည်းနဲ့ ဒီစကားတွေ ဘယ်သူပြောတယ်ဆိုတာ ခရိုနီတွေ ရိပ်မိလာကြပြီ။ ဒါပေမဲ့ ကျွန်တော်ကလည်း သိတာလေးတွေတော့ ပြောပြချင်သေးသဗျဆိုပြီး ဒီတစ်ပတ်တော့ သမ္မတနားက ဒုတိယမျိုးဆက် ခရိုနီတစ်ယောက် အကြောင်း ဟောဒီလို ပြောပြပါတယ်။

Pages