May 2014

ရှမ်းများကို နှိပ်စက်ဖမ်းဆီးနေမှု သည်းခံတော့မည် မဟုတ်ဟု ကေအိုင်အေ (ဒု)စစ်ဦးစီးချုပ်ကို ရှမ်းလူမျိုးများ သတိပေး

ရှမ်းလူမျိုးများ အပေါ် ဆက်လက် ဖိနှိပ်ဆက်ဆံနေမှုများအား ရှမ်းလူမျိုးစု အနေဖြင့် သည်းခံတော့မည် မဟုတ်ကြောင်း ကချင် ပြည်နယ်တွင် နေထိုင်သော ဒေသခံ ရှမ်းလူမျိုးများမှ ကေအိုင်အေ (ဒု) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်ထံသို့ မေလ တတိယပတ်တွင် ကြေညာလိုက်သည်။

မြစ်ကြီးနားမြို့ မနောကွင်းတွင် ဗိုလ်ချုပ်ဂွမ်မော်မှ ဒေသခံ လူထုများနှင့် တွေ့ဆုံခဲ့ရာ ကချင် ပြည်နယ် အတွင်းမှာရှိတဲ့ ကချင် လူမျိုးများနှင့် ကချင်ပြည်နယ် အတွင်းမှာရှိတဲ့ ရှမ်းလူမျိုးများ အပေါ် ထားရှိတဲ့ သဘောထားနဲ့ ပတ်သက်ပြီး ရှမ်းလူမျိုးများသည် ဖိနှိပ်ခံရမှုများ ရှိနေသည့် အတွက် ဒေသခံ ရှမ်းများမှ မကျေနပ်၍ ယခုလို ကြေညာရခြင်း ဖြစ်ကြောင်း သိရသည်။

နေစရာ၊ သောက်စရာ မရှိအောင် ဒုက္ခများ နေရသော ဒေသခံများက သတ္တုတွင်းဝန်ကြီးဌာနကို တရားစွဲပြီ

ထားဝယ်ခရိုင်ရှိ ဟိန္ဒ ခဲမဖြူ တူးဖော်ရေး လုပ်ငန်းကြောင့် မြောင်ပြိုကျေးရွာ နေထိုင်သူများ ခံစားရသော အပျက်အစီးများ အတွက် အမှတ် ၂ သတ္တုတွင်း လုပ်ငန်း နှင့် Myanmar Pongpipat Company Ltd. (MPCL)တို့အား မြောင်ပြိုရွာသား ကိုးဦးမှ တရားစွဲဆိုထားကြောင်း သိရသည်။

“သူတို့ရဲ့ စွန့်ပစ်မြေစာတွေကြောင့် ရေတွေလျှံလာပြီး၊ ရေတွေက အိမ်ပေါ်တွေ အထိတောင် ရောက်ကုန်လို့ အိမ်တွေပျက်စီး ကုန်တယ်၊ အိမ်(၃၀)လောက် ပျက်စီးသွားတယ်၊ ရေပြန်ကျသွားတော့ အိမ်တွေကလည်း နေလို့မရတော့သလို မြေတွေကလည်း ပက်ကြားတွေ အပ်ကုန်တယ်၊ ဒီလိုဖြစ်လာတာ တော်တော်ကြာနေပါပြီ”ဟု တရား စွဲဆိုသော ဒေသခံ ဒေါ်တင်လှက ပြောသည်။

မင်းလောင်းပေါ်မည်ဆိုသည့် ဘုရားကို ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွှန့် ပန္နက်ရိုက်

မြောင်းမြခရိုင် မြစိမ်းတောင်တော်တွင် တည်ထားကိုးကွယ်ပြီး ဖြစ်သော ဥာဏ်တော် ပေ၁၆၀ရှိ မြတိဂုံ စေတီတော်ကို ရွှေတိဂုံ ဘုရားထက် နှစ်ပေသာနိမ့်သည့် ဥာဏ်တော် ၃၂၄ပေရှိ ဆံတော်ရှင် မြတိဂုံ စေတီအဖြစ် ပြန်လည်ငုံပြီး အသစ်တည်ဆောက်မည့် ပန္နက်တော်တင် မင်္ဂလာ အခမ်းအနားကို မြစိမ်းတောင်တွင် မေ၂၅ရက် နံနက် ၈နာရီ ၁၀မိနစ်က ကျင်းပခဲ့ရာ ယခင် နိုင်ငံတော် ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်ကပင် ဆက်လက် ဆောင်ရွက်ပေးခဲ့ပြီး အရှေ့၊ တောင်၊ အနောက်၊ မြောက်အရပ် လေးမျက်နှာတို့မှ အစဉ်လိုက် တက်ရောက်လာသော ပရိသတ်များက အောင်မင်္ဂလာ ရတုများရွတ်ဆိုပြီး “အောင်ပြီ၊ အောင်ပြီ၊ အောင်ပြီ”ဟု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ရုတ်သိမ်း

အမျိုးသား ပြန်လည်သင့်မြတ်ရေးလို့ ပြောနေတဲ့ အစိုးရက မိုးသီးဇွန်ကိုနှင်ထုတ်

ယခုအစိုးရသစ် အနေဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် ဆောင်ရွက်နေသည်ဟု ဆိုသော်လည်း ယခုလတ်ရှိ အခြေနေတွင်မူ ဗီဇာ ကျော်လွန်သွား၍ ဒဏ်ကြေးပေးဆောင် နေထိုင်နေသော အမေရိကန် နိုင်ငံသား အဖြစ် ခံယူထားရသည့် ကိုမိုးသီးဇွန်အား နိုင်ငံအတွင်းမှ ထွက်ခွာပေးရန်နှင့် ပြည်ပမှ ပြည်ဝင်ခွင့် ဗီဇာ ထပ်မံ လျှောက်ထားရန် ဖိအားပေး ဆောင်ရွက်ခဲ့ကြောင်း  သိရသည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝပ် ထိန်းသိမ်းခံရပြီး ရက်ပိုင်းအတွင်း ပြန်လည် လွတ်မြောက်လာ

ထိုင်းနိုင်ငံရေး ပဋိပက္ခကြောင့် စစ်တပ်က အာဏာ သိမ်းလိုက်ပြီးနောက် ထိန်းသိမ်း ခံခဲ့ရသော ၀န်ကြီးချုပ်ဟောင်း ယင်လပ်သည် မေလ ၂၅ရက်နေ့တွင် ပြန်လည် လွတ်မြောက်ခဲ့ပြီ ဖြစ်သည်။ အဆိုပါ သတင်းကို ထိုင်းစစ်တပ်ရှိ အဆင့်မြင့် ရာထူး အသိုင်းအ၀ိုင်းက ပြောကြားခဲ့ပြီး ယင်လပ်၏ နီးစပ်သော သတင်းရင်းမြစ် တစ်ခုကလည်း အတည်ပြု ပေးခဲ့သည်။

ဆီးရီးယားတွင် အသေခံဗုံးခွဲမှု လေးကြိမ်ဖြစ်ပွား

ဆီးရီးယား နိုင်ငံတွင် စစ်တပ်ကို ပစ်မှတ်ထား တိုက်ခိုက်သော အသေခံ ဗုံးဖောက်မှု လေးခု မေ ၂၅ ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး လူဒါဇင် ပေါင်းများစွာ သေဆုံးခဲ့ကြောင်း သိရသည်။ အယ်ကိုင်ဒါ ကွန်ရက်၏ အဖွဲ့ခွဲ တစ်ခုဖြစ်သော Al-Nu sra တပ်ပေါင်းစုက လက်နက် စက်ရုံတစ်ရုံ တည်ဆောက် လိုက်ကြောင်း ကြေညာပြီး တစ်ရက် အကြာတွင် အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အငြင်းပွား ကျွန်းစုများပေါ်တွင် တရုတ်နှင့် ဂျပန်လေယာဉ်တို့ တိုက်လုနီးပါးဖြစ်ခဲ့

အရှေ့တရုတ် ပင်လယ် အတွင်းရှိ အငြင်းပွား ကျွန်းစုများပေါ်တွင် တရုတ် အစိုးရက အန္တရာယ်များသော လေကြောင်း ပျံသန်းမှု ပြုလုပ်ခဲ့ပြီး ဂျပန် စစ်လေယာဉ် တစ်စီးနှင့် ပေ ၁၀၀သာ ဝေးသော ဝေဟင်အမြင့် တစ်နေရာတွင် တရုတ် လေယာဉ်များ အကြမ်းပတမ်း ပျံသန်းခဲ့သည်ဟု ဂျပန် အစိုးရက မေ ၂၅ ရက်နေ့တွင် စွပ်စွဲလိုက်သည်။

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ အဆုံးသတ်ရန် အရှေ့အလယ်ပိုင်း ခရီးစဉ်၌ ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ် တိုက်တွန်း

အရှေ့အလယ်ပိုင်းသို့ သွားရောက် လည်ပတ်ခဲ့သော ပုပ်ရဟန်း မင်းကြီး ဖရန်ဆစ်က “လက်မခံနိုင် လောက်အောင် ကြီးထွားလာနေသည့်” အစ္စရေး - ပါလက်စတိုင်း ပဋိပက္ခကို အဆုံးသတ်ရန် တိုက်တွန်းပြီးနောက် မေလ ၂၅ ရက်နေ့တွင် ပါလက်စတိုင်း နိုင်ငံ ဘက်သလီဟမ်မြို့ရှိ West Bank ဒေသကို ပိုင်းခြားထားသော အစ္စရေး၏ နံရံကြီး အရောက်တွင် အစီအစဉ်မရှိဘဲ ရပ်ဆိုင်းခဲ့သည်။

ပရီးမီးယားလိဂ်သို့ QPR ပြန်လာပြီ

၂၀၁၂ ခုနှစ် ဘောလုံးရာသီက ပရီးမီးယားလိဂ်မှ အတန်းဆင်း သွားခဲ့ရသော QPR အသင်းသည် Play Off ဗိုလ်လုပွဲတွင် ဒါဘီ အသင်းအား တစ်ယောက်လျော့ဖြင့် ခုခံကစားပြီး တစ်ဂိုး ဂိုးမရှိဖြင့် အနိုင် ရရှိသွားသည့် အတွက် ပရီးမီးယားလိဂ်သို့ ပြန်လည် ရောက်ရှိလာသည်။

စက္ကန့်(၅၀)အလိုမှာ ဖလားလက်လွတ်ခဲ့ရတဲ့ အက်သလက် ဆယ်ကြိမ်မြောက် ချန်ပီယံဖလား ယူသွားတဲ့ ရီးရဲလ်

ယခုနှစ် ချန်ပီယံလိဂ် နောက်ဆုံး ဗိုလ်လုပွဲအား ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့တွင် ကျင်းပခဲ့ရာ စပိန်နိုင်ငံမှ မက်ဒရစ်မြို့ အခြေစိုက် အသင်းနှစ်သင်း ဖြစ်သည့် ရီးရဲလ် မက်ဒရစ် နှင့် အက်သလက်တီကို မက်ဒရစ်တို့ ဆုံတွေ့ခဲ့ကြသည်။ ယခုနှစ် ဘောလုံးရာသီတွင် အမှတ်ပေး ချန်ပီယံဆု ရခဲ့သော အက်သလက်နှင့် စပိန်ဘုရင့် ဖလားရခဲ့သော ရီးရဲလ်တို့၏ ပြိုင်ဆိုင်မှုမှာ အကြိတ်အနယ် အရှိဆုံး ဗိုလ်လုပွဲ စာရင်း ၀င်ခဲ့သည်။ တစ်ကမ္ဘာလုံးမှ ချန်ပီယံလိဂ် ဆုဖလား (၉)ကြိမ် ရထားသော ရီးရဲမက်ဒရစ် အသင်းကို ဗိုလ်စွဲမည်ဟု ခန့်မှန်းထားခဲ့ သော်လည်း ပထမပိုင်း ၃၆မိနစ်တွင် ဂိုဒင်က အက်သလက် အတွက် အဖွင့်ဂိုး ရယူခဲ့သည်။ ရီးရဲလ်၏ ကမ္ဘာကျော် ကစားသမားများ ဖြစ်

Pages