May 2014

မမြင်ချင် မကြားချင် မြန်မာ့လက်ရွေးစင်

မြန်မာလူမျိုးတွေဟာ ဘောလုံးဆိုရင် အရူးအမူး ခုံမင်အားပေးကြပါတယ်။ လူဦးရေ သန်းခြောက်ဆယ်ရှိတဲ့  မြန်မာနိုင်ငံဟာလည်း ဘောလုံးနဲ့ ပတ်သက်တဲ့ သမိုင်းကြောင်းဟာလည်း ထည်ဝါခမ်းနားပါတယ်။ အာရှချန်ပီယံ ဖြစ်ခဲ့သလို မြူးနစ် အိုလံပစ်ကိုလည်း ၀င်ရောက် ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ အခု အာရှတိုက်မှာ စွာနေတဲ့ ဂျပန် အသင်းတို့၊ တောင်ကိုရီးယား အသင်းတို့၊ အစ္စရေး အသင်းတို့ဆိုတာ မြန်မာအသင်းက သူတင် ကိုယ်တင် ကစားနိုင်ခဲ့တဲ့ အသင်းဖြစ်ပါတယ်။ ဆိုရှယ်လစ် စနစ်အောက်မှာ ပန်းတိုင်ကို ရှာဖွေရင်းနဲ့ ဘောလုံး အသင်းကလည်း ရပ်ကွက်ထဲမှာ အရက်သမားသား လူမလေးစား ဆိုသလို ဖြစ်ခဲ့ပါတယ်။

ပြည်သူ့လည်ပင်းဝထိ စီးမျိုလာသော မီတာခများ - နော်ရာမောင်

သူ့လက်ထဲကို ရောက်လာတဲ့ စာရွက်ကြောင့် ဒေါ်တူး အတော်လန့် သွားခဲ့ရသည်။ အဲ့ဒါကတော့ အခြားမဟုတ်     ဓာတ်အားခ တောင်းခံလွှာပင်၊ မိမိတို့မိသားစုတွင် မီတာခမှာလည်း အတော်ကို စိတ်ဆင်းရဲစရာ ကောင်းသော ဖိအားတစ်ခုလို ဖြစ်နေသည်။ဒေါ်တူးတို့ မိသားစုအတွက်တော့ မီတာခမှာ အိမ်လခ ကဲ့သို့ပင် မရရအောင် စုဆောင်းပြီး ပေးနေရသော တာဝန် တစ်ခုဖြစ်သလို နေ့စဉ် အိမ်စရိတ်တွင် နေရေးနှင့် စားသောက်ရေး အပါဝင် မီတာခကိုလည်း ထည့်တွက်ကာ ရှာဖွေရသည်က သိပ်တော့ မလွယ်ကူလှ။

ကမ္ဘာမှာမရှိတဲ့ အဝေးပြေးလမ်း - ချစ်ဝင်းမောင်

ဒီရက်ပိုင်းအတွင်း ဟော့အဖြစ်ဆုံး သတင်းတစ်ပုဒ်ကတော့ နေပြည်တော် အမြန်လမ်းပေါ်မှာ “ရာ ဇာမင်း” ခရီးသည်တင်ကား တိမ်းမှောက်မှုပါ။ နေပြည်တော် အထွက် မိုင်တိုင်အမှတ် (၁၉၇)အရောက် မှောင်ရီပျိုးစ၊ မိုးသည်ထန်စွာ ရွာသွန်းနေချိန်မှာ ရထားလမ်း ချောက်ထဲထိုးကျပြီး ခရီးသည် ၁၄ ဦး ပွဲချင်းပြီး သေသွားတဲ့ ဖြစ်ရပ်ပါပဲ။ အရပ်ထဲမှာလည်း လူတွေဒီအကြောင်းပြောကြ၊ ဂျာနယ်တွေ၊ သတင်းစာတွေမှာလည်း ရာဇမင်းယာဉ် တိမ်းမှောက်တဲ့ အဖြစ်ဆိုးကိုပဲ ပြောနေ၊ ရေးနေကြတာ တွေ့ရပါတယ်။ တကယ်လည်း ထိတ်လန့် တုန်လှုပ်စရာ ဖြစ်ရပ်ဆိုး တစ်ခုပါပဲ။

အမြန်လမ်းအတွက် အကောင်းဆုံးအဖြေ - မောင်အောင်နိုင်

ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးကို ရှစ်လမ်းမောင်း (တစ်ဖက်လျှင် လေးလမ်းစီ) လမ်းမကြီးအဖြစ် အဆင့်မြှင့်မည်ဟု အစိုးရက ကြေညာလိုက်သည်။ အကြောင်းပြချက်မှာ မတော်တဆမှုများ လျော့နည်းရန်ဟု ဆိုသည်။ လမ်းကိုချဲ့လိုက်ရုံဖြင့် ယာဉ်အန္တရာယ် ကင်းရှင်းစေမည်လား ဆိုသည်က အရေးကြီး မေးစရာ ဖြစ်လာသည်။ လမ်းမည်မျှပင် ကျယ်စေကာမူ မညီညာသော ကွန်ကရစ်များ၊ လမ်းကွေ့များတွင် ယာဉ်မောင်းများအား ထားရသည့် အလုပ်မလုပ်တော့သော ရောင်ပြန် ကြောင်မျက်လုံး မီးခြောက်များသည်လည်း အန္တရာယ်ကို ဖိတ်ခေါ်နေခြင်းပင် မဟုတ်လော။

“ယခုအစိုးရလက်ထက် နိုင်ငံရေးနှင့် စီးပွားရေးတိုးတက်မှု ဘာမှဖြစ်မလာသေးဘူး”ဟု ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည့် ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံခြင်း - (တွေ့ဆုံမေးမြန်းသူ - ပိုင်လေး)

ယခုအခါ ပြည်တွင်း၌ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံရေးပါတီများ၊ အမျိုးသားရေးရှေးရှုသော အဖွဲ့အစည်းများ နှင့် ပြည်သူလူထုများက လွှတ်တော်နှင့် လွှတ်တော်ပြင်ပတို့တွင် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြသည်။

မပြင်ရင်ဘာလုပ်ကြမလဲ - ဇော်သက်ထွေး

ပြီးခဲ့တဲ့ စနေနေ့ မနက်က ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်းမှာ ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ (၈၈) ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းလုပ်တဲ့ လူထုဟောပြောပွဲဟာ ကွင်းပြည့်ကွင်းလျှံ အင်အား ပြခဲ့တဲ့ နိုင်ငံရေး လှုပ်ရှားမှု တစ်ရပ် ဖြစ်ခဲ့ပါတယ်။

ဖွဲ့စည်းပုံပြင်ရေးအတွက် ကျော်လွှားရမည့် နိုင်ငံရေးဗျူဟာ ရှိသလား - ဇာဂနာ

တစ်နေ့က နော်ဝေနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်သော အထိမ်းအမှတ် ဟောပြောပွဲ တစ်ခု လုပ်သွားသည်။ နော်ဝေဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ အားသာမှုကြောင့် နော်ဝေနိုင်ငံ ချမ်းသာလာပုံ၊ နိုင်ငံသားများ၏ ဘ၀အခြေအနေ အာမခံမှု ရနေပုံတွေကို ဟောပြောရှင်းပြသွားသည်။ ဖျတ်ခနဲ ကြားလိုက်မိတာက နော်ဝေမှာလား ဒိန်းမတ်မှာလားမသိ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ ကလေးတွေ သွားမလှမပဖြစ်မှာကို စိုးရိမ်လို့ သွားထပ်နေလျှင် နိုင်ငံတော်က တာဝန်ယူပြီး ဆေးကုသပေးဖို့ ဆိုတာတောင်ပါသည်ဟု ဆို၏။ မြန်မာပြည်က ပြည်ထောင်စု ၀န်ကြီးကလည်း နော်ဝေဖွဲ့စည်းပုံ အခြေခံဥပဒေ အကြောင်းကို ၀င်ရောက် ဆွေးနွေးသွားသည်။

သနားစရာအကောင်းဆုံး - မာဂျေ

"မောင်ကြွက်နီရေ ငါတို့နိုင်ငံမှာ ဘယ်သူက သနားစရာ အကောင်းဆုံးလဲကွ။ မင်းသိရဲ့လား" ....ဆိုပြီးမေးလိုက်တော့ မောင်ကြွက်နီက သူ့မုတ်ဆိတ်ကိုဆွဲရင်း "နေစရာမရှိလို့ ဟိုနားဝင်ကျူး ကျော်ပြန်တော့လည်း စည်ပင်က ဆွဲဖျက်၊ ဒီနားပြေးပြန်တော့လည်း ရိုက်ထုတ်ခံရတဲ့ မြေမဲ့ယာမဲ့တွေက ဒီခေတ်မှာ သနားစရာ အကောင်းဆုံးပေါ့ဗျ။ ဒါလေးများ တစ်နိုင်ငံလုံး၊ သန်းငါးဆယ်စလုံးက သိနေတာကို၊ စောစောစီးစီး ဘာဖြစ်လာရတာလဲ"...တဲ့။

"မှားတယ်၊ မဟုတ်သေးဘူး။ အဲဒီအထဲမှာ တကယ့် မြေမဲ့ယာမဲ့တွေနဲ့ရောပြီး စီးပွားဖြစ်လုပ်စားတဲ့ သူတွေက ပါနေသေးတယ်။ တခြားတစ်ခု စဉ်းစားဦး"

ပင်စင်ယူပြီးပါက လယ်စိုက်စားမည်ဟု ပို့ဆောင်ရေးဝန်ကြီးဆို

ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဉာဏ်ထွန်းအောင် အနေဖြင့် အစိုးရ ၀န်ထမ်း ဘ၀မှ အနားယူပြီးချိန်တွင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း သွားမည်ဟု ဆိုခဲ့သည်။

အဆိုပါ ပြောကြားချက်များအား ပြည်ထောင်စု ၀န်ကြီး ဦးဉာဏ်ထွန်းအောင်က မေလ ၁၇ရက်နေ့ ပဲခူးတိုင်း ဒေသကြီး ကျောက်တံခါးမြို့နယ် ကညင်ကြိုး ကျေးရွာ ငွေဝင်းသော်တာ ကျောင်းဆောင်သစ် ဖွင့်ပွဲတွင်   ဒေသခံများအား ပြောကြားခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ ဆိပ်ကမ်းနှင့်လေဆိပ်များ၌ ဖောက်ခွဲရန် ကြံစည်မည့် သတင်းများ မသိရှိဟု ရေကြောင်း ထိပ်တန်း အရာရှိ ငြင်းဆို

ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ဆိပ်ကမ်းများအား မသမာသူအချို့မှ ဖောက်ခွဲရန် ကြံစည်မှုများ ရှိနေသည်ဆိုသည့် သတင်းအား မြန်မာနိုင်ငံ ရေကြောင်းဦးစီးဌာနမှ ထိပ်တန်း အရာရှိကြီး တစ်ဦးမှ မဟုတ်ကြောင်း ငြင်းဆိုသွားခဲ့သည်။

အဆိုပါ သတင်းနှင့် ပတ်သတ်၍ ရေကြောင်း ဦးစီးဌာနမှ ဒုတိယညွှန်ချုပ်အား Tomorrowမှ ဆက်သွယ် မေးမြန်းခဲ့ရာ “မြန်မာနိုင်ငံ အရှေ့နောက် ထွက်ပေါက်တွေမှာ ဖေါက်ခွဲရေး ပြုလုပ်ဖို့ရှိတယ်၊ မရှိဘူး ဆိုတာနဲ့ ပတ်သတ်လို့ မသိပါဘူး၊ အဲ့ဒီ ကိစ္စတွေက ကျွန်တော်တို့တွေနဲ့လည်း မဆိုင်ပါဘူး၊ ဒါတွေကို သူ့သက်ဆိုင်ရာက ဌာနတွေကပဲ ဆောင်ရွက်ပါလိမ့်မယ်”ဟု ပြန်လည် ဖြေကြားခဲ့သည်။

Pages