May 2014

“ကျွန်တော် ပါးမရိုက်ခဲ့ပါ”ဟု NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မှ တရားဝင်ငြင်းဆို

ဖျာပုံမြို့ဝင် ဂိတ်ကြေး ကောက်ခံမှုနှင့် ပတ်သက်၍  ဂိတ်ဝင်ကြေး ကောက်ခံသည့် ၀န်ထမ်း နှင့် အချင်းများခဲ့သော ဒီမိုကရေစီ အဖွဲ့ချုပ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးသိမ်းဆွေမှ ဂိတ်မှဝန်ထမ်းအား ပါးရိုက်ခဲ့သည်ဟူသော သတင်းများ ထွက်ပေါ်လာခဲ့ကာ ယင်းဖြစ်ရပ်မှာ မဟုတ်မှန်ကြောင်း ဒီမိုကရေစီ အဖွဲ့ချုပ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးသိမ်းဆွေမှ တရားဝင် ငြင်းဆိုသွားခဲ့သည်။

ယာဉ်မတော်တဆမှုများစွာ ဖြစ်ပေါ်ပြီးနောက် အဝေးပြေး လမ်းမကြီးတွင် ခရီးသွား အာမခံ လက်မှတ်များ ၂၄ နာရီ ဖွင့်လှစ် ရောင်းချရန် စီစဉ်

ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ခရီးသွား အာမခံ လက်မှတ်လုပ် ဆောင်နိုင်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာ့အာမခံလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက ပြောသည်။

ယင်းအမြန် လမ်းမကြီးအား အသုံးပြုနေသော ခရီးသွားပြည် သူများအတွက် အာမခံ လက်မှတ်များကို လမ်းမကြီးပေါ်ရှိ ဓာတ်ဆီဆိုင်၊ တိုးဂိတ်နှင့် ၁၀၅ မိုင်တို့တွင် ၂၄ နာရီ ဖွင့်လှစ်ရောင်းချ နိုင်ရန် စီစဉ်နေပြီ ဖြစ်ကြောင်း သိရသည်။

ပုဒ်မ ၁၇(၁)နဲ့ အရေးယူမယ်ဆိုရင် နိုင်ငံတော် သမ္မတကြီးကအစ ငြိစွန်းနေတယ်ဆိုတဲ့ သူတို့ရဲ့အသံ

ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နေချိန်၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆောင်ရွက်နေချိန်တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ကျိုင်းတုံ တာဝန်ခံ စိုင်းအိုက်ကိန် (ခ) အိုက်ကျိမ်းအား RCSS/SSAအဖွဲ့နှင့် ဆက်သွယ်သည်ဟုဆိုကာ ကျိုင်းတုံ တာဝန်ခံအား မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ၁၇(၁)ဖြင့် အပြစ်ရှိကြောင်း ၀န်ခံခိုင်းပြီး စာရွက်ပေါ်တွင် အဓမ္မဖိအားပေး ၀န်ခံချက် လက်မှတ်ရေးထိုးခိုင်းခဲ့ကြောင်း SNLD ကြေညာချက်တွင် ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ် သောင်းကျန်းသူများ၏ တိုက်ခိုက်မှုကြောင့် မြန်မာရဲတပ်ဖွဲ့ဝင် လေးဦးကျဆုံး

ရခိုင်ပြည်နယ် မောင်းတောမြို့နယ် မြောက်ပိုင်း နယ်စပ်ခြံစည်းရိုး တစ်လျှောက် လုံခြုံရေး ယူထားသည့် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေး လှည့်ကင်း ဆောင်ရွက်နေစဉ် မေ ၁၇ရက်က ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ၀င်ရောက်လာသည့် အကြမ်းဖက် သောင်းကျန်းသူများ ခြုံခိုပစ်ခတ် တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် လေးဦး နေရာတွင် သေဆုံးခဲ့ပြီး ဒုရဲအုပ်တစ်ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းစာများတွင် ဖော်ပြထားကြောင်း သိရသည်။

လက်ကျန်နိုင်ငံရေး အကျဉ်းသားကိစ္စ သမ္မတစကား ရှေ့နောက်မညီဟုဆို

လက်ကျန်နိုင်ငံရေး အကျဉ်းသား မရှိစေရဟု သမ္မတ ဦးသိန်းစိန်မှ ကမ္ဘာသိ ကြေညာထားသော်လည်း အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသားများ ကျန်ရှိနေဆဲဖြစ်ကြောင်း၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ထံမှ သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၃၆နဲ့ ပတ်သက်ပြီး ပြည်သူများ၏အသံ

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်သူများ၏ အမြင်၊ ယင်းပုဒ်မ ပြင်သင့်၊ မပြင်သင့်နှင့် လာမည့် ဇွန်လမှ စတင်၍ နှစ်လကြာ ပြုလုပ်မည့် ထောက်ခံဆန္ဒပြု လက်မှတ်ထိုးပွဲ အပေါ် မည်သို့တုံ့ပြန်မည် စသည့် အမြင်များအား မေ ၁၇ရက် နံနက် ၈နာရီတွင် ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် ဘောလုံးကွင်း၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြုလုပ်ခဲ့သည့် ဟောပြောပွဲသို့ တတ်ရောက်လာသည့် ပြည်သူများမှ ပြည်သူတချို့က Tomorrow Journalမှ မေးမြန်းချက်ကို အောက်ပါအတိုင်း ဖြေကြားခဲ့ပါသည်။

ဗိုလ်ကြီးတစ်ဦး၏ ကားမီးလောင်မှုကို သက်ဆိုင်ရာက အမှုဖွင့် အရေးယူခြင်းမရှိ

ယခုလ(၁၃)ရက်နေ့ ညနေပိုင်းတွင် ဖြစ်ပွားခဲ့သော တပ်မတော်မှ ဗိုလ်ကြီး ဇော်မျိုးဝေ မောင်းနှင်လာသည့် ဟွန်ဒါအော်တာစီ ၁ဃ/၂၅၈၉ မော်တော်ယာဉ်သည် မန္တလေး-နေပြည်တော် အမြန်လမ်း မိုင်တိုင် အမှတ်- ၃၆၀/၆ ဖာလုံတွင် ကားမီးလောင်မှု ဖြစ်ပွားခဲ့သော်လည်း မီးလောင်မှုနှင့် ပတ်သက်၍ အခင်းဖြစ်ပွားရာ နယ်မြေ ရဲစခန်းတွင် အမှုဖွင့် အရေးယူထားခြင်း မရှိကြောင်း သိရသည်။

စည်ပင်မြေကို ရွှေတောင်ကုမ္ပဏီသို့ လက်သိပ်ထိုးပေးထားဟု ဆို

ကမ်းနားလမ်းနှင့် အလုံလမ်းထောင့်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးပိုင် ပန်းဥယျာဉ်ဌာန၏ မော်တော်ယာဉ်ဝင်းကို ရွှေတောင်ကုမ္ပဏီသို့ မည်သည့် တင်ဒါခေါ်ယူမှုမှ မရှိပဲ လက်သိပ်ထိုး ပေးအပ်လိုက်ကြောင်း သတင်းရရှိသည်။

မိုးစရွာသည်နှင့် ရိုးရာမပျက် ရေစကြီးနေပြီဖြစ်သော ရန်ကုန်မြို့

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်မြို့ နေရာ အနှံ့အပြား၌ ရေကြီးမှုများနှင့် ကားလမ်း ပိတ်ဆို့မှုများ ယခုလ ၁၈ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ပုဇွန်တောင်မြို့နယ် လမ်း ၅၀နေ ဦးကြိုင်က “အခုက လမ်းသွားရင်ကို ရေက တော်တော်နက်နေလို့ မနည်းသွားနေရတယ်။ မိုးတွင်းရောက်ပြီ ဆိုရင်တော့ဗျာ ကျွန်တော်တို့ နေရာက ရေအမြဲကြီးတယ်ဗျ။ ခါးတောင်းကျိုက်ပြီး သွားနေရတယ်။ အောက်က မြောင်းပေါက်ကိုလည်း စမ်းတ၀ါးဝါးနဲ့ စမ်းပြီးတော့ မကျွံအောင် သွားနေရတယ်ဗျာ။ စည်ပင်ကတော့ နှစ်တိုင်းလုပ်တာပဲ။ မိုးရွာရင်လည်း ရေကအမြဲကြီး နေတာပဲ”ဟု နှစ်စဉ်မိုးရွာ ရေကြီးမှုဒဏ် အမြဲခံစားခဲ့ရပုံများ အကြောင်း ရင်ဖွင့် ပြောကြားခဲ့သည်။

ပဲလောက၏ အကြီးဆုံး ငွေကြေးလိမ်လည်မှုများမှာ လေပတ်ကားစနစ်ကြောင့် ဖြစ်ပွားနေဟုဆို

မြန်မာနိုင်ငံ၏ ငွေကြေး အမြောက်အမြားဆုံး လိမ်လည်မှုများထဲတွင် ပါဝင်နေသည့် ပဲလိမ်လည်မှု များအား အဓိက ဖြစ်ပွားစေသော စနစ်မှာ လေပတ်ကား စနစ်ကြောင့် ဖြစ်သည်ဟု မြန်မာနိုင်ငံပဲ လုပ်ငန်းရှင် တချို့မှ သုံးသပ်ထားသည်။

လေပတ်ကား စနစ်မှာ လုပ်ငန်းရှင် ကုန်သည်များ အနေဖြင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လေးစား ယုံကြည်မှုတို့ဖြင့် ကြိုတင်ဝယ်ယူသည့် စနစ်ဖြစ်ကြောင်းလည်း သိရသည်။

Pages