May 2014

တိုင်းပြည် အနာဂတ်အတွက် ဖြစ်စေချင်သည့် ပုံစံကို ပြည်သူများမှ စဉ်းစားထားဖို့လိုဟု ဒေါ်အောင်ဆန်းစုကြည်ဆို

တိုင်းပြည်၏ အနာဂတ်ကို စဉ်းစားပြီဆိုသည်နှင့် မိမိတို့ နိုင်ငံအား ဘယ်လိုနိုင်ငံ ဖြစ်စေချင်သည် ဆိုသည့် အချက်ကို ပြည်သူများက သေသေချာချာ စဉ်းစား စေချင်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
အဆိုပါ ပြောကြားချက်များအား ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၌ မေလ ၁၇ ရက် နံနက် ၈ နာရီ အချိန် ဗိုလ်စိန်မှန် အားကစားကွင်းတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် NLD နှင့် ၈၈ ပွင့်လင်းလူ အဖွဲ့အစည်းတို့ ပူပေါင်းပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးဆိုင်ရာ လူထု လက်မှတ်ရေးထိုးရန် အတွက် ပြုလုပ်သော ဟောပြောပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

တူရကီမိုင်းတွင်း ပြိုကျမှုနှင့် ပတ်သက်၍ လူ ၂၄ ဦး ဖမ်းဆီးခံရ

တူရကီနိုင်ငံတွင် လူပေါင်း ၃၀၁ ဦး သေဆုံးခဲ့ရသော သတ္တုမိုင်းတွင်း ပြိုကျခဲ့ပြီးနောက် အဆိုပါ ကိစ္စ နှင့် ပတ်သက်၍ တာဝန်ပေါ့ဆမှုဖြင့် မိုင်းလုပ်ငန်း၏ အမှုဆောင် အရာရှိများ အပါအ၀င် လူပေါင်း ၂၄ ဦးကို မေလ ၁၈ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

လူပေါင်းများစွာ သေဆုံးခဲ့ရသော အဆိုပါ ဖြစ်ရပ်ဆိုးသည် တစ်နိုင်ငံလုံးအတွက် အလွန် ၀မ်းနည်းဖွယ် ကိစ္စတစ်ခု ဖြစ်ပြီး အစိုးရနှင့် အရာရှိများကို ပြည်သူလူထုက ဒေါသထွက်ခဲ့ကြကြောင်း ပြည်တွင်း မီဒီယာများက ဖော်ပြခဲ့သည်။

ဆားဘီးယားနှင့်ဘော့စနီးယားတွင် ရေကြီး၍ လူ ၄၄ ဦး သေဆုံးပြီး ဒုက္ခသည်ထောင်ချီနေ

ဆားဘီးယားနှင့် ဘော့စနီးယား နိုင်ငံတို့တွင် စံချိန်တင် မိုးရွာသွန်းခဲ့ပြီး ဆာဗာမြစ် အတွင်း ကြီးမားသော လှိုင်းလုံးကြီးများ ဖြစ်ပေါ်ကာ ရာစုနှစ် တစ်ခုအတွင်း အဆိုးရွားဆုံး ရေကြီးမှု ဖြစ်ပေးခဲ့သည့် အတွက် လူထောင်ပေါင်းများစွာ မော်တော်ဘုတ်များဖြင့် စီးနင်း ထွက်ပြေးခဲ့ရပြီး စစ်ဘက် ကုန်တင်ယာဉ်များလည်း နေအိမ်ကို စွန့်ခွာထွက် ပြေးခဲ့ကြရကြောင်း သိရသည်။

အရှေ့တောင်အာရှတွင် တရုတ်ဆန့်ကျင်ရေးရေချိန် မြင့်တက်လာ

တောင်တရုတ်ပင်လယ် အတွင်း ရေပိုင်နက် အငြင်းပွားမှု ပြဿနာများကြောင့် တရုတ်နှင့်အိမ်နီးချင်း နိုင်ငံများအကြား တင်းမာမှုများ တစ်စထက် တစ်စ မြင့်တက်လာပြီး တရုတ်ဆန့်ကျင်ရေး ရေချိန်လည်း မြင့်တက်လာနေကြောင်း သတင်းများအရ သိရသည်။
ဖိလစ်ပိုင်၊ တောင်ကိုရီးယား၊ ဂျပန်၊ ဗီယက်နမ်စသော အိမ်နီးချင်း နိုင်ငံများနှင့် ပိုင်နက် အငြင်းပွားမှု ပြဿနာ ဖြစ်ပွားနေသော တရုတ်အနေဖြင့် အိမ်နီးချင်း နိုင်ငံများကို ခက်ထန်သော အနေအထားမျိုးဖြင့် ဆက်ဆံခဲ့သည်။

၈နှစ်ကြာကွာဝေးခဲ့သော အက်ဖ်အေဆုဖလား အာစင်ဝင်းဂါးနမ်းခွင့်ရပြီ

ကမ္ဘာ့သက်တမ်း အရင့်ဆုံး ပြိုင်ပွဲဖြစ်သည့် အင်္ဂလန် FAဖလား ဗိုလ်လုပွဲတွင် အာဆင်နယ် အသင်းသည် ဟူးလ်စီးတီး အသင်းအား မိနစ် ၁၂၀ ကြာအောင် ခက်ခက်ခဲခဲ ကစားခဲ့ပြီးနောက် ၃ - ၂ ဂိုးဖြင့် အနိုင်ယူကာ ဗိုလ်စွဲသွားခဲ့သည်။

ပွဲအစ ကိုးမိနစ်အတွင်း ဟူးလ်စီးတီးအား ၂ ဂိုးပေးခဲ့ရသော်လည်း နောက်မှ ၃ ဂိုးလိုက်လံ သွင်းယူပြီး ဗိုလ်စွဲခဲ့ခြင်း ဖြစ်သည်။ ယခုဗိုလ်လုပွဲအား ၀င်ဘလေကွင်း၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး အချိန်ပို ၁၀၉မိနစ်တွင် ရမ်ဆေးက အနိုင်ဂိုး သွင်းယူထားခဲ့သည်။

၁၈ နှစ်ကြာပြီးနောက် အက်သလက်တီကို လာလီဂါချန်ပီယံဆု ဆွတ်ခူး

ယခုနှစ်စပိန် လာလီဂါ ဘောလုံး ရာသီအပိတ် ပွဲစဉ်ဖြစ်သည့် ပွဲစဉ် ၃၈ကို စနေနေ့က ကျင်းပခဲ့ရာ မက်ဒရစ်မြို့ အခြေစိုက် အက်သလက်တီကို မက်ဒရစ် အသင်းသည် အမှတ်ပေး ချန်ပီယံဆုကို ဘာစီလိုနာနှင့် ၁ ဂိုးစီ သရေကျခဲ့ပြီးနောက် ဆွတ်ခူးသွားခဲ့ပြီ ဖြစ်သည်။

ယခုပွဲစဉ်တွင် အိမ်ရှင် ဘာစီလိုနာအသင်းက နူးကမ့်ကွင်း၌ အက်သလက်တီကိုအား အနိုင်ရရှိခဲ့လျှင် ချန်ပီယံဆုကို ကာကွယ်နိုင်မည် ဖြစ်သော်လည် သရေရလဒ်နှင့်သာ ကျေနပ်ခဲ့ရသည့် အတွက် ယခုနှစ် ဘောလုံးရာသီတွင်း ဖလားလက်မဲ့ ဖြစ်ခဲ့ရသည်။

အီတလီချန်ပီယံအသင်း ဂျူဗင်တပ် ရမှတ် ၁၀၀ကျော်သည့် ပထမဆုံး အသင်းအဖြစ် စံချိန်တင်

ယခုနှစ် အီတလီစီးရီးအေ ရာသီပိတ်ပွဲတွင် ချန်ပီယံဖြစ်သွားသော ဂျူဗင်တပ်အသင်းသည် အိမ်ကွင်းတွင် ကာဂလီယာရီ အသင်းအား  ၃ - ၀ ဂိုးဖြင့် အနိုင်ရပြီး ရမှတ် ၁၀၂ ရရှိခဲ့သည့် အတွက် စီးရီးအေ ဘောလုံးသမိုင်းတွင် စံချိန်သစ် ရေးထိုးခဲ့သည်။

ဂျာမန်ပိုကယ်ဖလား ဘိုင်ယန်မြူးနစ်သိမ်းပိုက်

ယခုနှစ် အမှတ်ပေးချန်ပီယံ ဘိုင်ယန်မြူးနစ် အသင်းသည် ပိုကယ်ဖလား ဗိုလ်လုပွဲ၌ ပြိုင်ဘက် ဒေါ့မွန်အသင်းအား အချိန်ပိုတွင် သွင်းယူခဲ့သော ဂိုးနှစ်ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲပြီး ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့သည်။

ဘိုင်ယန်မြူးနစ် အသင်းသည် ယခုနှစ်တွင် အမှတ်ပေး ဖလား ဆွတ်ခူးခဲ့သော်လည်း ချန်ပီယံလိဂ် အကြို ဗိုလ်လုပွဲတွင် ရီးယဲလ်မက်ဒရစ်ကို အိမ်ကွင်း၌ အရှက်တစ်ကွဲ ရှုံးနိမ့်ခဲ့ရသည့် အတွက် နည်းပြ ဂွာဒီယိုလာမှာ ဝေဖန်ခံခဲ့ရသည်။ သို့သော် ပိုကယ်ဖလားအား ထပ်မံဆွတ်ခူးခဲ့သည့် အတွက် ယခုနှစ်တွင် ဖလား နှစ်လုံးရပြီး ဝေဖန်မှုများကို တုံ့ပြန်ခဲ့သည်။

Pages