May 2014

ပြည်သူတွေငြင်းခုံနေတဲ့ အခြေခံဥပဒေပုံပြင် - ဇော်သက်ထွေး

မြန်မာနိုင်ငံဟာ လူတစ်ဦးချင်းစီရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်ဟန့်တားချုပ်ခြယ်ရာမှာ အတက်ကြွဆုံး နိုင်ငံတစ်ခု ဖြစ်ခဲ့ပါတယ်။ ဗုဒ္ဓဘာသာတွေရဲ့ အဆုံးအမတွေနဲ့ အမြဲတမ်း ရယ်ပြုံးနေတဲ့ နိုင်ငံသားတွေရဲ့ ဂုဏ်အင်တွေဟာ အနိုင်ကျင့်မှု၊ ငြင်းခုံမှု၊ သံသယကြီးမှုတွေကြောင့် ပျက်ယွင်းသွားခဲ့ပြီ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် အုပ်စိုးသူတွေဟာ နိုင်ငံသားတွေအပေါ် အကြင်နာ ကင်းမဲ့ပြီး အမိန့်တွေ အမျိုးမျိုး၊ ဥပဒေတွေ အမျိုးမျိုးနဲ့ ကန့်သတ် ချုပ်ခြယ်ခဲ့ပါတယ်။

သမ္မတကြီးပေးတဲ့ဆု - မာဂျေ

“အစ်ကိုကြီး ပိုးပုဆိုးကြီးကို မီးပူတိုက်နေတာ ဘယ်မင်္ဂလာဆောင် သွားမလို့လဲဗျ”…..ဆိုပြီး တပည့်မောင်ကြွက်နီ ရောက်ချလာပါတယ်။

“မင်းမို့လို့ ဒီလိုသိမ်သိမ်ဖျင်းဖျင်း တွေးတတ်ပလေကွာ၊ မင်္ဂလာဆောင်သွားမလို့ မဟုတ်ဘူး ကိုယ့်လူ၊ နေပြည်တော်မှာ သမ္မတကြီးပေးတဲ့ဆု သွားယူမလို့”

“အလို ကျားသားမိုးကြိုး၊ စာပေနဲ့ ပတ်သက်ရင် ရပ်ကွက်ကပေးတဲ့ ဆုတောင်မရဘူးပဲနဲ့၊ ဘယ်စာပေဟောပြောပွဲကိုမှ လိုက်ဟောဖို့ အဖိတ်မခံရဖူးပဲနဲ့ ခင်ဗျားကြီးကို သမ္မတကြီးက ဘာဆုတွေ ပေးမလို့တဲ့လဲ၊ ဒီလူနဲ့ဒီလူ ကြည့်လည်း ဖြန်းပါဗျာ”

နိုင်ငံရေး သေတွင်းတူးခြင်း - ဇာဂနာ

နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာဟု ဆိုကြသည်။ တချို့ကတော့ မိမိရန်သူ၏ ရန်သူသည် ကိုယ့်မိတ်ဆွေဟု ဆိုပြန်သည်။ ကျွန်တော် ကြုံတွေ့ ရပုံကတော့ တစ်မျိုးတစ်ဖုံ ဖြစ်သွားခဲ့ချေပြီ။

မြန်မာပြည်ကို အရေခွံဆုတ်နေတဲ့ ဘိန်းတရုတ်ခရိုနီ - လက်စောင်းထက်

ခရိုနီတွေအကြောင်း ပြောပြနေတဲ့ ခရိုနီလက်ဟောင်းကြီးက “တကယ်တမ်း ပြောရရင် ထိပ်သီးခရိုနီ၂၀ထဲမှာ မြန်မာတစ်ယောက်မှ မပါဘူးဗျ။ ဒီလိုပြောပြန်တော့ ဆရာကျောင်းတို့ ဦးဇော်ဇော်တို့ ဦးတေဇတို့က ထိပ်သီး ၂၀ထဲမပါဘူးလားလို့ ခင်ဗျားက မေးချင်မယ်။ အစိုးရဆီက အခွင့်အရေး အရဆုံး အမြတ်အစွန်း အရဆုံး ၂၀ထဲမှာ အဲဒီသုံးယောက် မပါဘူးဆိုတာ အသေအချာ ပြောရဲတယ်။

သမ္မတ နှင့် ကာကွယ်ရေး ဦးစီးချုပ်ကြား သဘောထားကွဲလွဲဟု သတင်းများထွက်

သမ္မတ ဦးသိန်းစိန် နှင့် ကာကွယ်ရေး ဦးစီးချုပ်ကြား သဘောထား ကွဲလွဲမှု တစ်စတစ်စ မြင့်မားလာနေသည်ဟု အစိုးရ အသိုင်းအ၀ိုင်း နှင့် တပ်မတော် အသိုင်းအ၀ိုင်းမှ သတင်းများ ထွက်ပေါ်လျက်ရှိသည်။ ပထမဆုံး သဘောထား ကွဲလွဲမှုမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လက်နက်ကိုင်တပ်များ၏ အကြီးအကဲဖြစ်သူ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် မသိပဲ သမ္မတနှင့် ပြည်ထဲရေး ၀န်ကြီးတို့မှ ရဲတပ်ရင်း ဆယ်ရင်းတိုးချဲ့ခဲ့သည့် ကိစ္စဖြစ်သည်။ ထိုအကြောင်းကို နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေး ကော်မတီ အစည်းအဝေးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က သိရသည့်အတွက် တင်းမာမှုများ ဖြစ်ခဲ့သည်။ ထိုသတင်း မပေါက်ကြားရန်နှင့် အာရုံလွှဲရန်အတွက် လွှတ်တော်တွင် လုံခြုံရေး

မီးရထားမြေ လက်လွှဲရောင်းချမှုအပေါ် ၀ယ်တဲ့သူက သူ့ထိုက်နဲ့သူ့ကံပဲဟု မီးရထား အရာရှိကြီး တစ်ဦးပြော

မြန်မာ့မီးရထား ပိုင်မြေ နေရာများအား သိန်းရာနှင့်ချီ၍ အဆင့်ဆင့် ရောင်းချနေခြင်းမှာ တရားဝင် မဟုတ်ကြောင်း၊ ပြဿနာ တစ်စုံတရာ ဖြစ်ပေါ်လာပါက ၀ယ်ယူသူများတွင်သာ တာဝန်ရှိကြောင်း မြန်မာ့ မီးရထားမှ အဆင့်မြင့် အရာရှိကြီးတစ်ဦးမှ Tomorrowဂျာနယ်သို့ တရားဝင် ပြောကြားခဲ့သည်။

အဆိုပါ မီးရထားပိုင် မြေနေရာများမှာ ၀န်ထမ်း သက်သာရန်ပုံငွေ အတွတ် ငှားရမ်းထားသည့်  ဈေးဆိုင်ခန်းများ ဖြစ်ကာ အဆိုပါ ဈေးဆိုင်ခန်းများ အား နာမည်ပြောင်းခြင်း   တစ်ဆင့် ငှားရမ်းခြင်း၊ ပြန်လည် ရောင်းချခြင်း မပြုလုပ်ရန် တားမြစ်ထားသော်လည်း သိန်းရာဂဏန်းဖြင့် အဆင့်ဆင့် လက်လွဲ ရောင်းချနေမှုများ ရှိနေကြောင်း သိရသည်။

အရပ်ဘက် လူမှုအဖွဲ့အစည်း (၉၀)ကျော်အား အမျိုးသားရေး သစ္စာဖောက် အဖြစ် “မဘသ” (အထက်မြန်မာပြည်) ထုတ်ပြန်ကြေညာ

မျိုးစောင့်(အမျိုးစောင့်) ဥပဒေ ရေးဆွဲခြင်းအပေါ် ကန့်ကွက်သော အရပ်ဘက် လူမှုအဖွဲ့စည်း (၉၀)ကျော်အား အမျိုးသားရေး သစ္စာဖောက်သူများ အဖြစ် သတ်မှတ်လိုက်ကာ ဝေဖန်နေသူ အဖွဲ့ အသီးသီးတို့အား အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း သဘောထား ကြေညာချက်အား အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်) မန္တလေး တိုင်းဒေသကြီးက ယခုလ(၉) ရက်နေ့တွင် ထုတ်ပြန် ကြေညာလိုက်သည်။

Pages