May 2014

ကျိန်စာတိုက်သော လယ်သမားများ နိုင်ငံတော်ကို အကြည်ညို ဖျက်မှုဖြင့် တရားစွဲခံရ

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် သဲကုန်းမြို့နယ်တွင်၊ လယ်ယာမြေ သိမ်းသောသူများအား ကျိန်စာ တိုက်သော လယ်သမားများမှ အချို့မှာ ပုဒ်မ၅၀၅ (ခ) နိုင်ငံတော်ကို အကြည်ညိုဖျက်မှုဖြင့် တရားစွဲ ခံနေရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်တွင် သဲကုန်းမြို့နယ်တွင် ဖမ်းဆီးခံ လယ်သမား တစ်ဦးအား မေ ၆ရက်တွင် လယ်သမားများမှ ပြန်လည် လုယူမှုဖြင့် လယ်သမားများနှင့် ရဲတပ်ဖွဲ့ဝင်များ အကြား ပဋိပက္ခ ဖြစ်ပွားခဲ့ကြရာ လယ်သမား နှစ်ဦးနှင့် သတင်းထောက် တစ်ဦး ဒဏ်ရာ ရရှိ၍ သဲကုန်း ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်းလည်း သိရသည်။

အစိုးရကပြန်ပေးသော်လည်း တောင်သူများ လက်ထဲရောက်ရှိမလာသော အသိမ်းခံ လယ်ယာမြေများ

မအူပင်မြို့နယ် သောင်ဇာကျေးရွာတွင် အသိမ်းခံရသော လယ်မြေများ ပြန်လည် ရရှိနေပြီ ဖြစ်သော်လည်း အခုချိန်ထိ ဝေခြမ်းပေးခြင်းနှင့် တရားဝင် မှတ်ပုံတင် မပြုလုပ်ပေးသောကြောင့် လယ်သမားများ အခက်တွေ့ နေရကြောင်း သိရသည်။

ထိုင်းနိုင်ငံရောက် စစ်ဘေးရှောင်ဒုက္ခသည်များအတွက် KNUမှ ဆောက်ပေးမည့် အိမ်အလုံး ၁၀၀ အတွက် အစိုးရမှ သိန်း(၅၀၀၀)ထောက်ပံ့

အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်နေကြရသော မြန်မာ ဒုက္ခသည်များ မြန်မာနိုင်ငံသို့ ပြန်လည် ၀င်ရောက် နေထိုင်နိုင်ရန် အတွက် ကရင်အမျိုးသား အစည်းအရုံး KNUမှ တန်ဖိုးနည်း အိမ်အလုံး ၁၀၀ခန့်အား ဆောက်လုပ်ပေးသွားမည် ဖြစ်ကြောင်းနှင့် ယင်းစီမံကိန်းအတွက် ပြည်ထောင်စု အစိုးရအဖွဲ့မှ ကျပ်ငွေ သိန်း(၅၀၀၀)ထောက်ပံ့ ပေးထားကြောင်း သိရသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဆောက်အအုံငှားရမ်းမှု အရှုပ်တ်ာပုံ

အိုးအိမ်ဦးစီးဌာနပိုင် အမှတ် ၃၆ သံတမန်လမ်း ဒဂုံမြို့နယ်ရှိ နိုင်ငံခြားရေး ၀န်ကြီးဌာနရုံးဟောင်း မြေနှင့် အဆောက်အဦးအား BOT စနစ်ဖြင့် ဌားရမ်း လုပ်ကိုင်ခွင့်ရရှိထားသူ Youth Force Hotel Co., Ltd၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးတင်ထွန်းအောင်၏ စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများအား ချိုးဖောက် လုပ်ကိုင်နေခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်သို့ တင်ပြတိုင်ကြားထားသော်လည်း လက်ရှိ အချိန်အထိ ထိရောက်သည့် အရေးယူခြင်း တစ်စုံတရာ မရှိသေးကြောင်း၊ ၄င်းကုမ္ပဏီ နှင့် အကျိုးတူ လုပ်ဆောင်နေသည့် ရွှေသွေး ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးရဲဝင်းထံမှ သိရသည်။

မျိုးစောင့် ဥပဒေနှင့် ပတ်သက်သည့် ဆွေးနွေးပွဲ မြောက်ဥက္ကလာပတွင် ကျင်းပ

မြောက်ဥက္ကလာပ မြို့နယ်တွင် မျိုးစောင့် ဥပဒေနှင့် ပတ်သက်ပြီး ဆရာတော်များ ကိုယ်တိုင် ပြည်သူများနှင့် မေ ၁၁ရက် ညနေ ၃ နာရီတွင် တွေ့ဆုံခဲ့သည်။

မြောက်ဥက္ကလာပ မြို့နယ်တွင် မျိုးစောင့် ဥပဒေနှင့် ပတ်သက်၍ မျိုးချစ်လူငယ်များ ကွန်ယက်နှင့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဆရာတော် ဦးဝိရသူ၊ အမျိုးဘာသာ သာသနာ အဖွဲ့ ဗဟိုမှ ဆရာတော် ဦးပါမောက္ခတို့က  မြန်မာနိုင်ငံ အတွင်းရှိ ဗုဒ္ဓဘာသာဝင်များနှင့် တွေ့ဆုံ ဟောပြောခဲ့ကြောင်း သိရသည်။

မြန်မာ့စက်မှုဆိပ်ကမ်း ကုမ္ပဏီအား ခုံရုံးဖွဲ့စစ်ဆေးနေ (ရန်ကုန်မြစ်အတွင်း စိုက်ထူထားသော ကျောက်တိုင်ပိုင်များ နုတ်မထားခြင်းကြောင့် စစ်ဆေးခြင်းဖြစ်ဟုဆို)

အလုံသင်္ဘောကျင်းဟောင်း နေရာတွင် နိုင်ငံခြား ကွန်တိန်နာ သင်္ဘောကြီးများ ဆိုက်ကပ်ရန် အတွက် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နေသော မြန်မာ့စက်မှု ဆိပ်ကမ်း ကုမ္ပဏီအား မြို့နယ် အုပ်ချုပ်ရေးမှူးမှ ခုံရုံးဖွဲ့စစ်ဆေး နေကြောင်း သိရသည်။

ယင်းသို့ ခုံရုံးဖွဲ့ စစ်ဆေးရခြင်း၏ အဓိက အကြောင်းရင်းမှာ ရန်ကုန်မြစ်အတွင်း ကျောက်တိုင်ပိုင်များ စိုက်ထူခြင်းကြောင့် ရေစီးရေလာ ကောင်းမွန်ခြင်း မရှိဟုဆိုကာ စစ်ဆေးခြင်း ဖြစ်ကြောင်းလည်း သိရသည်။

လိင်အင်္ဂါနှစ်ခုပါ ကလေးငယ် ခွဲစိတ်ရန် အခက်ခဲဖြစ်နေ

မကွေးတိုင်း ဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ တပ်ရင်းကျေးရွာအုပ်စု၊ ဘွေကြီး ကျေးရွာထိုင်သူ အသက် (၉) နှစ်အရွယ် ကလေးငယ်တစ်ဦးတွင် ယောကျာ်း အင်္ဂါနှင့် မိန်းမအင်္ဂါ နှစ်ခုစလုံး ပါရှိနေကြောင်း သိရသည်။

အဆိုပါ ကလေးမှာ မင်းလှမြို့နယ်၊ တပ်ရင်း ကျေးရွာအုပ်စု၊ ဘွေကြီး ကျေးရွာမှ ကျော်စန်းဦးနှင့် မကြွေတို့၏ သားဦးဖြစ်သော အသက်(၉)နှစ် အရွယ်ခန့်ရှိ ၄တန်း ကျောင်းသား ဇင်မျိုးသူ ဖြစ်ကြောင်းလည်း သိရသည်။ အဆိုပါ အင်္ဂါနှစ်ခုပါ ကလေးတွင် မိန်းမအင်္ဂါ ပုံစံလည်း ပါရှိပြီး ယောကျာ်း အင်္ဂါဆီးသွား ပြွှန်တန်လည်း ပါရှိကာ ကျင်ငယ်စွန့် (ဆီးသွားသောအခါ) ဆီးသွားပြွှန်တန်မှ စွန့်ထုတ် နေရကြောင်း သိရသည်။

ဓမ္မာစရိယ စာမေးပွဲ မေးခွန်းပေါက်ကြား ပြီးနောက် ပရိယတ္တိ စာမေးပွဲဆိုင်ရာ အရေးကြီး အဆိုတင်သွင်း

ဓမ္မာစရိယ စာမေးပွဲ မေးခွန်းများ ပေါက်ကြားခဲ့ပြီးနောက် ဂိုဏ်းပေါင်းစုံ သံဃာ အစည်းအဝေးတွင် နိုင်ငံတော် သံဃမဟာ နာယက ဆရာတော် ဘဒ္ဒန္တ သုမနာ ဘိဝံသ(အဂ္ဂမဟာ ဂန္တ၀ါစက ပဏ္ဍိတ) (ဟင်္သာတ) ဆရာတော်မှ  ပရိယတ္တိ စာမေးပွဲဆိုင်ရာ အရေးကြီးအဆို တင်သွင်းခဲ့ကြောင်း သိရသည်။

ဆရာတော် ဘဒ္ဒန္တ သုမနာဘိဝံသ အနေဖြင့် မေလ ၁၁ ရက်နေ့ တွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသာန လိုဏ်ဂူတော်ကြီးတွင် ပြုလုပ်ကျင်းပခဲ့သည့် ပဉ္စမ အကြိမ်မြောက် ဂိုဏ်းပေါင်းစုံ သံဃ အစည်းအဝေးပွဲကြီးတွင် ယင်းအဆိုကို တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရဲတပ်ကြပ်ကြီးအား ဒုတပ်ကြပ်မှ သေနတ်ဖြင့် အနီးကပ်ပစ်သတ်

စစ်ကိုင်းတိုင်း ဒေသကြီး အင်းကော်မြို့နယ် နဘား ကျေးရွာအုပ်စုတွင် ဖြစ်ပွားခဲ့သော ရဲတပ်ကြပ်ကြီး တစ်ဦးအား ဒုတပ်ကြပ်တစ်ဦးက သေနတ်ဖြင့် အနီးကပ် ပစ်သတ်မှု အတွက် တရားခံ ဒုတပ်ကြပ် ဆန်းနိုင်အား ပြစ်မှုပုဒ်မ ၃၀၂ဖြင့် အင်းတော်မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ နှင့် အာရှတွင် eCommerce 6 ဈေးကွက်ဦးဆောင်ရန် Ooredoo နှင့် Rocket Internetတို့ ပူးပေါင်း

မြန်မာနိုင်ငံ အပါအ၀င် အာရှနိုင်ငံများတွင် eCommerce နှင့် ဒစ်ဂျစ်တယ် ၀န်ဆောင်မှုများ ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန် Ooredoo နှင့် Rocket Internetတို့ ပူးပေါင်းခဲ့ကြောင်း သိရသည်။ ထိုပူးပေါင်းမှုကြောင့် Ooredoo နှင့် Rocket Internetတို့သည် Asia Internet Holdingတွင် အကျိုးတူ စီးပွားဖက်များ ဖြစ်လာမည်ဖြစ်ပြီး ၄င်းကုမ္ပဏီသည် ဒေသတွင်း အွန်လိုင်း လုပ်ငန်းများ ဆောင်ရွက်မည့် ဖက်စပ်လုပ်ငန်း တစ်ခုဖြစ်ကြောင်း သိရသည်။

Pages