May 2014

မဘသအဖွဲ့အား သာသနာရေးဝန်ကြီးထောက်ခံ

အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ)၏ လုပ်ဆောင်ချက်များအား သာသနာ ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဆန်းဆင့်က ထောက်ခံကြောင်း ပြောသည်။

ဦးဆန်းဆင့် အနေဖြင့် မေလ ၁၁ရက်နေ့ ရန်ကုန်မြို့ ကမ္ဘာအေးကုန်မြေ မဟာပါသာဏ လိုဏ်ဂူ တော်ကြီးတွင် ပြုလုပ်ကျင်းပခဲ့သည့် ပဉ္စမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးပွဲကြီးတွင် သံဃာတော်များအား လျောက်ထား ပြောကြားခဲ့ခြင်း ဖြစ်သည်။

လူဦးရေ အဆမတန် မြင့်မားလာသော ရန်ကုန်မြို့

မြန်မာနိုင်ငံတွင် ရန်ကုန် တိုင်းဒေသကြီးမှာ လူဦးရေ အသိပ်သည်းဆုံး မြို့တော်တစ်ခု ဖြစ်နေကြောင်းနှင့် ရန်ကုန်နယ်နမိတ် တစ်ခုတည်း၌ပင် လူဦးရေ (၇.၉၂)သန်း နေထိုင်လျက် ရှိနေကြောင်း  သက်ဆိုင်ရာမှ တရားဝင် ထုတ်ပြန် ပြောကြားချက်အရ သိရသည်။

အဆိုပါ လူဦးရေ သိပ်သည်း လာမှုများအား ဖြေရှင်းနိုင်ရေး အတွက်လည်း ၂၀၄၀ Master Planများ ချမှတ်လျက် အစိုးရဌာန အသီးသီးမှ အကောင်ထည်ဖော် ဆောင်ရွက်လျက် ရှိနေကြောင်းလည်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ထပ်မံလုပ်ကြံရန် ကြံစည်မှု သတင်းအား ပါတီလုံခြုံရေးအဖွဲ့မှငြင်းဆို

မအူပင်မြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံဆိုင်ရာ ဟောပြောပွဲသို့ တက်ရောက် ဟောပြောမည့် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား မအူပင်မြို့ခံ တစ်ဦးမှ ဂျင်ကလိဖြင့် လုပ်ကြံရန် ကြံစည်ခဲ့သည်ဆိုသည့် သတင်းမှာ မဟုတ်မှန်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ လုံခြုံရေးနှင့် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီမှ တာဝန်ရှိသူမှ တရာဝင် ငြင်းဆိုသွားခဲ့သည်။

အဆိုပါ သတင်းမှာ ဖေ့ဘုတ်လူမှုရေး စာမျက်နှာတွင် ပျံ့နှံ့နေခဲ့သော သတင်းတစ်ပုဒ်ဖြစ်ကာ မေလ (၉) ရက်နေ့တွင် တင်ခဲ့သော စတေးတပ် တစ်ခုဖြစ်ကြောင်းလည်း သိရသည်။

အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များနှင့် အရပ်ဘက်အဖွဲ့အစည်းများ တွေ့ဆုံပွဲ ဖျက်သိမ်း

အရပ်ဘက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ နှင့် အာဆီယံ နိုင်ငံများမှ ခေါင်းဆောင်များ တွေ့ဆုံပွဲအား မူလ  အစီစဉ်အတိုင်း ကျင်းပနိုင်ခဲ့ခြင်း မရှိတော့ဟု တရားဝင် ကြေငြာ လိုက်သည့် အပေါ် အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ နိုင်ငံရေး သုံးသပ်သူများကြား ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ရှိနေကြောင်း သိရသည်။

(၂၄)ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးတွင် ပြုလုပ်မည့် အဆိုပါ တွေ့ဆုံပွဲမှာ မေလ (၁၁) ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံရန် စီစဉ်ထားသော်လည်း အခြေနေ အကြောင်းကြောင်းများ ကြောင့် ကျင်းပနိုင်တော့ခြင်း မရှိကြောင်း မြန်မာနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ မေ(၁၀)ရက် ရက်စွဲဖြင့် ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

''မန္တလေး မဟာမြတ်မုနိဘုရား ပြည်သူပိုင်တာလား၊ အာဏာရှင်ပိုင်တာလား" (သို့) ''ရင်ပြင်တော်ပေါ်က အထက်အမိန့်များ'' - ကျော်ကြီး(MDY)

ကျွန်တော် ဇာတိမြေ မန္တလေးကို အလည်ပြန်တဲ့ အချိန်တိုင်း ရွှေမန်းမြို့က အထင်ကရ မဟာမြတ်မုနိ ဘုရားကြီးကို သွားရောက် ဖူးမျော်လေ့ရှိပါတယ်။ ဘုရားကြီးရောက်တိုင်း ကျွှန်တော်က ယောက်ကျားလေးတွေပဲ ၀င်လို့ရတဲ့ရှေ့နားက ဘုရားအတွင်းဝင်တဲ့ လမ်းအတွင်းကနေ မဟာမြတ်မုနိဘုရားကြီးကို တစိမ့်စိမ့် အာရုံခံပြီး ဖူးမျော်ရတာကို အရမ်းကြည်နှုးပီတိ ဖြစ်မိတယ်ဗျ။

တွင်ကျန်နေသော စကားလုံးများ - တော်ကီလှိုင်

“အခုအချိန်က ၂၀၁၄ ခုနှစ်ရဲ့ မေလ အစပေါ့။ ပူပြင်းလှတဲ့ နွေရာသီကို မခံနိုင်လို့ မန္တလေးလို ဒေသကြီးတွေမှာ မိုးခေါင် ကျော်စွာ နတ်မင်းကို ကန်တော့ ပွဲနဲ့ ပင့်ဖိတ်ပူဇော်လို့ မိုးခေါ်လွန် ဆွဲပွဲတွေ အကြိမ်ကြိမ်နွှဲပြီး မိုးကိုခေါ် မိုးကိုမျှော်လို့ ရိုးရာပွဲတွေ ဆက်တိုက် လုပ်လာကြပါတယ်။ ပူ ပြင်းလွန်းလို့သာ မိုးကိုခေါ်တာပါ။ မိုးနဲ့အတူ ပါလာမယ့် မုန်တိုင်းကိုတော့ မမျှော်ရဲပါဘူး။ ဒါပေမယ့် ရာသီဥတု အခြေအနေအရ ဖြစ်ပေါ်လာမှတော့ ဘယ်တတ်နိုင်ပါ့ မလဲဗျာ။

ဘုရားသခင်နှင့် အပေးအယူ လုပ်ရမယ့် အချိန် - ဇော်သက်ထွေး

မြန်မာ့နိုင်ငံရဲ့ အခြေအနေကတော့ မေလရဲ့ ကောင်းကင်လို  မှိုင်းမှိုင်းမှုန်နေပါတယ်။ ၂၀၁၄ ခုနှစ် အတွင်းမှာ ပါတီတွေရဲ့ အခြေအနေကို အားစမ်းမယ့် ကြားဖြတ်ရွေးကောက်ပွဲ ရှိနေသလို ၂၀၁၅ မှာလည်း အထွေထွေ ရွေးကောက်ပွဲကြီး ရှိနေပါတယ်။ တစ်ချို့ နိုင်ငံသားတွေကတော့ ၂၀၁၅ ရွေးကောက်ပွဲ အပြီး တိုင်းပြည်မှာ ကြီးကြီးမားမား ပြောင်းလဲမှုတွေ မြင်တွေ့ရတော့မယ်လို့ မျှော်လင့် နေပါတယ်။

ဘာဖြစ်သလဲ နာဂစ် - ဇာဂနာ

ဆန်တွေ ရဟတ်ယာဉ်
စီးတယ်
4WD ငှားခ တစ်ပတ်
သိန်း (၇၀)
ဘိုကလေးက အင်းလျားလမ်းထက် ဈေးကြီးတယ်
ဟော်လံဘီယာတွေ
လခစား ကြသတဲ့။
ဘာဖြစ်သလဲနာဂစ်
ဆားချက်တဲ့ကန်ထဲ
ရေငံဝင်တယ်
လူတစ်ထောင်အလုပ်ရဖို့
လူတစ်သိန်း ရင်းပေးလိုက်ရတယ်
နဂါးဖြစ်ဖြစ် ပန်းဖြစ်ဖြစ်
ဘာဖြစ်သလဲနာဂစ်
ဘာမှမဖြစ်ဘူး
ဘာမှ မလုပ်သေးလို့ ။ ။

ခရိုနီတစ်ဦးပြောပြသော တိရစ္ဆာန်မွေးမြူရေးထက်ကိုက်တဲ့ လူကြီးမွေးမြူရေး( တောဂေါ်လီ ဇာတ်သိမ်း - လက်စောင်းထက်)

ဒီတစ်ပတ်မှာ အာဏာရှင်ရဲ့ သမီးတော်တွေအကြောင်း ပြောပါမယ်လို့ ပြီးခဲ့တဲ့အပတ် ကတည်းက ခင်ဗျားကို ပြောထားခဲ့တယ်။ ဒါပေမဲ့ တောဂေါ်လီ ခရိုနီအကြောင်း ပရိသတ်က ပွဲတောင်းနေကြတယ် ဆိုတော့ သူ့အကြောင်းပဲ ဆက်ကြတာပေါ့ဗျာ။

နားလှည့်ပါးရိုက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြောင့် လူငယ်တွေ ဆေးလိပ်ငွေ့ရှုပြီး သေကြရတော့မည်လော….

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်း လက်ထက်က ခွင့်ပြုပေးခဲ့သော ဗြိတိသျှ အမေရိကန် ဆေးရွက်ကြီး ကုမ္ပဏီ BATသည် လန်ဒန် စီးကရက်များ ပြည်တွင်းတွင် ထုတ်လုပ်နေရာမှ တစ်ဆင့် ယခုအခါ လက်ကီးစထရိုက် စီးကရက်များကိုပါ ထုတ်လုပ် ရောင်းချလာကြောင်း သိရသည်။

Pages