June 2014

တရားရုံးပေါ်မှ ဗုဒ္ဓသာသနံ စိရံတိဌတု - ကျော်စွာမြင့် (၁၉၈၈-၉၂ ဗကသ)

ဟေး..........ဆိုသောအသံကြီးက မြည်ဟီးကျယ်လောင်စွာ ထွက်လာခဲ့ပါတယ်။ ယနေ့ (၂၀.၆.၂၀၁၄) နေ့မှာ ရန်ကုန်တိုင်း ဒေသကြီး တာမွေမြို့နယ် တရားရုံးမှာ လွန်ခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့ ညက မဟာသန္တိသုခ ကျောင်းတိုက်ကို ချိပ်ပိတ်စီးနင်းခဲ့စဉ် လူဝတ်လဲ အဖမ်းဆီးခံထားတဲ့ ဆရာတော် ဦးဥတ္တရ အပါအ၀င် သံဃ ၅ ပါးကို ပထမဦးဆုံး ရုံးထုတ် စစ်ဆေးမယ့်နေ့ ဖြစ်တာကြောင့် ပြည်သူတွေ၊ ရဟန်း သံဃတော်တွေ ရာနဲ့ချီပြီး တာမွေ တရားရုံးရှေ့မှာ စောင့်မျှော်နေကြတဲ့ မြင်ကွင်းပါ။ ကားအဖြူရောင် တစ်စီး ထိုးဆိုက်လာပြီး ကားပေါ်က ရွှေည၀ါ ဆရာတော် ဦးပညာဝံသ ဆင်းလာတာကို တွေ့မြင်လိုက်ရလို့ ပြည်သူတွေက ၀မ်းသာအားရ အော်ဟစ်ကြွေးကြော်လိုက်တဲ့ အသံကြီး တစ်ခုပါ။

အငြင်းပွားနေသော ကျွန်းများအနီး တရုတ်ငါးဖမ်းသင်္ဘော နစ်မြုပ်

တရုတ်နှင့်ဂျပန် နှစ်နိုင်ငံ စလုံးက ပိုင်ဆိုင်သည်ဟု ကြေညာထားသော ကျွန်းစုများအနီးတွင် တရုတ်ငါးဖမ်းသင်္ဘော တစ်စင်းနစ်မြုပ်ခဲ့သည်ဟု တရုတ် မီဒီယာတစ်ခုမှ သတင်းထုတ်ပြန်ခဲ့သည်။

သဘောင်္သား ငါးယောက်ကို ကယ်ဆယ်ခဲ့ပြီး ရေတပ်သင်္ဘောများက နောက်ထပ် ငါးယောက်ကို ရှာဖွေနေသည်ဟု တရုတ် သတင်းအေဂျင်စီ ဆင်ဟွာကဆိုသည်။

ဂျပန်လို ရှင်ကာကုကျွန်းစုများဟုခေါ်ပြီး တရုတ်လို ဒိုင်အိုဇု ကျွန်းစုများဟု ထင်ရှားသော အရှေ့ တရုတ် ပင်လယ်အတွင်းရှိ ကျွန်းစုများ အနီးမှ အဆိုပါ သင်္ဘော နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။

သူပုန်များ တိုက်ခိုက်နေသော်လည်း ယူကရိန်း အရှေ့ပိုင်း အပစ်အခတ်ရပ်စဲရေးအား ဆက်ထိန်းထား

ရုရှားလိုလားသော သူပုန်များ၏ တိုက်ခိုက်မှုများ ရှိနေသော်လည်း နိုင်ငံအရှေ့ပိုင်းရှိ ပဋိပက္ခများ ထဲတွင် ယူကရိန်း အစိုးရ၏ အပစ်အခတ် ရပ်စဲရေးမှာ ဆက်လက် တည်ရှိနေမည်ဖြစ်သည်။

ယုံကြည်မှုများစွာဖြင့် ချဲန်တယ်လီ

အသက် ၃၀ ရှိဖြစ်တဲ့ ချဲန်တယ်လီဟာ ကိုယ်အလေးချိန်  ၂စတုံလည်း လျော့သွားပြီး သူမရဲ့ ခန္ဓာကိုယ် အသစ်လေးအတွက် ယုံကြည်မှုတွေ အပြည့်အ၀ ခံစားနေရတယ်။

တီကရစ်မြို့ရှိ သူပုန်များအား လေကြောင်းမှ တိုက်ခိုက်

အီရတ်မြောက်ပိုင်းရှိ တီကရစ်မြို့အား ဟယ်လီကော်ပတာများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု အီရတ်စစ်တပ်က ပြောသည်။

အီရတ်နိုင်ငံ မြောက်ပိုင်းနှင့် အနောက်ပိုင်းရှိ ထိန်းချုပ်ထားသော ဆွန်နီစစ်သွေးကြွများ ဦးဆောင်သည့် ISISအဖွဲ့က တီကရစ်မြို့ကို ပြန်လည်ရရှိရေး အဓိက ထိုးစစ်ဆင်မှု တစ်ခုတွင် သတင်းများ အကြား တိုက်ခိုက်မှုများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

အမေရိကန် စစ်ရေး အကြံပေးများကို ကာကွယ်ရန် အီရတ် နိုင်ငံထဲတွင် မောင်းသူမဲ့ ဒရုန်း လေယာဉ်များ ပျံသန်းနေသည်ဟု အမေရိကန် အစိုးရက နာရီပိုင်းအကြာ သတင်းများ ထွက်ပေါ်လာခဲ့သည်။

သာသနာ့ဦးသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ် (နယူးယောက်မြို့)မှ ကြေငြာချက်တစ်စောင် ထုတ်ပြန်

သာသနမောဌိ သာသနာ့ ဦးသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ်မှ ဦးဆောင်၍ ရန်ကုန်မြို့တွင် ဖြစ်ပွားနေသော မဟာသန္တိသုခကျောင်းနှင့် ပတ်သက်၍ ဆန့်ကျင် ကန့်ကွက်ကြောင်း ဆန္ဒပြပွဲကို နယူးယောက်မြို့ ကုလသမဂ္ဂ အမြဲတမ်း မြန်မာ ကိုယ်စာလှယ် ရုံးရှေ့တွင် ပြုလုပ်ခဲ့ကာ ထုတ်ပြန်ချက် တစ်စောင်ကို ထုတ်ပြန်ကြေငြာခဲ့သည်။

နိုင်ငံရေးသမားတွေ စပိန်၊ အင်္ဂလန်လို မဖြစ်ကြစေနဲ့ - ဇာဂနာ

စစ်တပ်ဟာ နိုင်ငံရေးနဲ့ ဝေးဝေးနေသင့်တယ်။ စစ်တပ်က လွှတ်တော်ထဲမှာ ၀င်ထိုင်နေတာ ဘယ်လိုမှ ကြည့်မကောင်းဘူး။ စစ်တပ်ကို ၂၅ ရာခိုင်နှုန်း ပေးထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ရမယ်။ ဒီစကားလုံးတွေဟာ ၂၀၁၀ အလွန် မြန်မာ့နိုင်ငံရေးမှာ ခေတ်စားလာခဲ့သလို ၂၀၁၃ ခုနှစ်ထဲမှာတော့ အပြင်းအထန် ငြင်းခုံစရာ ခေါင်းစဉ်တစ်ခုဖြစ်လို့ လာပါတော့တယ်။ တချို့ကလည်း ခုချိန်မှာ စစ်တပ်ကို မထိမတို့သင့်ဖူးလို့ ဆိုကြပါတယ်။ စစ်တပ်ဟာ အခွင့်ထူးခံ ဖြစ်နေတယ်လို့လည်း ဝေဖန် ကြသလို စိန်ခေါ်တယ်ဆိုတဲ့ စကားတောင် ခေတ်စားသွားခဲ့ပါရော။

ဤမှန်သော သစ္စာစကားကြောင့် - တော်ကီလှိုင်

မျက်စိကို လည်နေတာပါပဲ။ နိုင်ငံရေး ပဉ္စလက် အတတ်တွေနဲ့ လှည့်စားထားသလားတောင် ထင်ရတယ်။ ခုတစ်မျိုး တော်ကြာတစ်မျိုး အမျိုးမျိုးနဲ့ ပြည်သူတွေ မျက်စိ တကယ်လည်နေကြပါပြီ။ အခြေခံဥပဒေ (၄၃၆)ပြင်ဆင်ရေးလို့ ကြွေးကြော်ပြီး ဒီမိုကရေစီ လမ်းမှန် တစ်ခုပေါ် ပြည်သူတွေရဲ့ အင်နဲ့အားနဲ့ တွန်းတင်နေချိန်မှာ “PR”တဲ့ ၀ှက်ဖဲတွေ တစ်ခုပြီးတစ်ခု လုပ်လာတယ်။ နိုင်ငံတော် သမ္မတကတော့ ဇွန်လ ၁၁ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာမှာ ပြုပြင်ပြောင်းလဲရေး ဦးဆောင် ကော်မတီ ဥက္ကဋ္ဌလို့ ကြေညာခဲ့ပါတယ်။ တကယ်ပြုပြင် ပြောင်းလဲချင်လို့ စတုတ္ထမဏ္ဍိုင် ပေါ်ထွက်လာတာပါ။ တိုင်းပြည်ကို အုပ်ချုပ်တဲ့ အစိုးရအပေါ် မြင်တဲ့အမြင်တွေ ရဲရဲရေး၊ ရဲရဲပြောပေါ့။

ဆန်ခိုးမမိ ဖွဲခိုးမိနှင့် သန်း ၆၀အတွက် ပြက်လုံးဟောင်းများ - ဇော်သက်ထွေး

သောကြာနေ့က ထုတ်ဝေတဲ့ အစိုးရ သတင်းစာနဲ့ ပုဂ္ဂလိက သတင်းစာတွေမှာ နိုင်ငံရေး သတင်းတွေနဲ့ အင်မတန်မှ ဝေေ၀ဆာဆာ ဖြစ်နေတာကို တွေ့ရပါတယ်။ လူအများဆုံး စိတ်ဝင်စားတဲ့ သတင်းကတော့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို နိုင်ငံတော် သမ္မတက တာဝန်မှ ရပ်စဲလိုက်တဲ့ သတင်းပဲ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်ကို ရာထူးမှ နုတ်ထွက်ခွင့် ပြုလိုက်တာတွေ၊ ထူးခြားမှု တစ်ခုအဖြစ် သာသနာရေး ၀န်ကြီး ဦးဆန်းဆင့်နဲ့ အပေါင်းအပါတွေကို ဌာနပိုင် ငွေကျပ်သိန်း ၁၀၀ခန့် အလွဲသုံးစားပြုမှုဖြင့် အထူး စုံစမ်းစစ်ဆေးရေး ဌာန (စစစ)က ဥတ္တရသီရိ မြို့နယ်၊ ဘုရားကုန်းမြို့မ ရဲစခန်းမှာ (ပ) ၂၁/၂၀၁၄၊ ပုဒ်မ ၄၀

သမ္မတရုံ အကြံပေး - မာဂျေ

“အောင်မယ် အစ်ကိုကြီးကို ဘယ်သူကခန့်လို့ စားပွဲပေါ်မှာ သမ္မတရုံး အကြံပေးဆိုပြီး စာတမ်းကြီး ထောင်ထားရတာလဲ။ ဘယ်ဘုန်းကြီးကျောင်းကို မုန်းလို့ ဘယ်လိုဒုက္ခပေးချင်လို့လဲ” ဆိုတဲ့ အသံနဲ့ အတူတပည့်ကြီး မောင်ကြွက်နီ ရောက်လာပါတယ်။

“နေစမ်းပါဦး၊ သမ္မတရုံး အကြံပေးဆိုတာ ကိုယ့်ဟာကိုယ်ရော ခန့်လို့ရောမရဘူးလား။ အခုတောင် သမ္မတ အကြံပေးလိုလို၊ သမ္မတရုံး အကြံပေးလိုလို တစ်ယောက်ကို ပြဿနာဖြစ်မှ ဘယ်သူကမှ ခန့်တာမဟုတ်ဘူး ပြောနေကြတာပဲ”လို့ သူ့ကို ပြန်ပက်လိုက်တော့ သူက “အဲဒီတော့ ခင်ဗျားကြီးလည်း သူများလို ပုံမှား ရိုက်မလို့ပေါ့လေ”ဆိုပြီး ကြက်ခေါင်းဆိတ်မခံ ပြန်ပြောသဗျ။

Pages