June 2014

၂၀၁၅ ဘယ်သူ အစိုးရဖြစ်မလဲ - အောင်မြင်သူ

PR စနစ်နဲ့ပတ်သက်ပြီး လွှတ်တော်ထဲမှာ တပ်မတော် လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ရုပ်ပုံ ကားချပ်များနဲ့ ရှင်းလင်းသွားတာ ရုပ်သံမှာ တွေ့လိုက်တယ်။ သူရှင်းလင်းတာတွေရော အင်တာနက်မှာ တွေ့တဲ့ PRစနစ်တွေပါ ဖတ်ရှုပြီး ဂျာနယ်တစ်စောင်မှာ ကျွန်တော် ရေးလိုက်တယ်။ စိတ်ဝင်စားတဲ့သူတွေဖတ်ပြီး အခန်းဆက် သဘောမျိုးရေးဖို့ အကြံပေးပါတယ်။ ကျွန်တော် ရေးလို့ မရပါဘူး။ လွှတ်တော်ထဲမှာ PRစနစ်တင်တဲ့ အစ်မကြီးက အောင်ပွဲခံပြီး အောင်လံထူလိုက်ပြီ ဖြစ်ပါတယ်။ PRစနစ်အတွက် လွှတ်တော် ကိုယ်စားလှယ် ၁၅ဦးပါဝင်တဲ့ ကော်မရှင်လည်း ဖွဲ့စည်းပြီး ဖြစ်ပါတယ်။ အခြေခံ ဥပဒေ ပြင်ဆင်ဖို့ ၁၀၉ဦးပါတဲ့ ကော်မရှင်ဖွဲ့သလိုပါပဲ။ ဘယ်လို အဖြေထွက်မယ် ဆိုတာ ပြည်သူတို့သိပြီ

အလုပ်သမားများ ဘွဲ့လက်မှတ် နှင့် အောင်လက်မှတ်မူရင်း ပြန်မပေးတဲ့ ဇောတိကအမှု အလုပ်သမား ၀န်ကြီးဌာနနှင့် ခုံသမာဓိရုံးအထိ ရောက်ရှိ

ဇောတိက အပြည်ပြည်ဆိုင်ရာ လိမိတက်မှ ဖွင့်လှစ်ထားသော Myanmar Big Shop Super Marketတွင် အလုပ်လုပ်ကိုင်ခဲ့သော ၀န်ထမ်း ၃ဦး အလုပ်မှ ထွက်ရာတွင် အလုပ်ရှင်မှ ဘွဲ့နှင့် အောင်စာရင်း လက်မှတ်မူရင်းများ ပြန်မပေးသည့် အတွက် အလုပ်သမားများမှ အလုပ်သမား ၀န်ကြီး ဌာနနှင့် ရန်ကုန်တိုင်း ဒေသကြီး ခုံသမာဓိရုံးသို့ တိုင်စာများ ထပ်မံ ပေးပို့ထားသည်ဟု သိရသည်။

၂၀၁၀ ရွေးကောက်ပွဲ၏ မဲမသမာမှုများအပေါ် တိုင်ကြားမှုများတွင် တိုင်ကြားသူဘက်မှ အရှုံးများ နေဟုဆို

၂၀၁၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများနှင့် ပတ်သက်၍ တိုင်းတန်းချက် အမှုများတွင် အတိုင်ခံရသော သူများကသာ အနိုင်ရသွားမှုများနေကြောင်း သိရသည်။

တရုတ်-မြန်မာ နယ်နမိတ်တိုင်းတာရာတွင် တရုတ်ဘက်သို့ မြန်မာရွာနှစ်ရွာ ပါသွားခြင်းကို ပြည်ထောင်စု လွှတ်တော်သို့ တင်ပြ

ပြီးခဲ့သည့် မေလနောက်ဆုံး ပတ်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်-နန်းခမ်းဘက်တွင် တရုတ်-မြန်မာ နယ်နမိတ် စည်းရိုးပြန်လည် တိုင်းတာရာ၌ တရုတ်နိုင်ငံဖက်သို့ ပါသွားသည့် ကျေးရွာများနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြထားကြောင်း သိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်-နန်းခမ်းဘက်တွင် တရုတ်-မြန်မာ နယ်နမိတ် တိုင်းတာရာ၌ တရုတ်နိုင်ငံဘက်သို့ ပါသွားသည့် ကုန်းဆာရွာနှင့် ဟက်ကင်း ရွာနှစ်ရွာမှာ ဒေသခံ ရွာသားများက လက်မှတ် ရေးထိုးပြီး မူဆယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဖိုးအောင်ထံသို့ တင်ပြထားရာ ၄င်းမှာ ပြည်ထောင်စု လွှတ်တော်သို့ ဖြေရှင်းပေးရန် ပေးပို့ထားကြောင်း သိရသည်။

နိုင်ငံတော် သမ္မတရုံး အကြံပေး ဦးအံ့မောင်အား ဖမ်းဆီးထိန်းသိမ်း လိုက်ပြီဟု သတင်းများထွက်ပေါ် (သက်ဆိုင်ရာ အဖွဲ့စည်းသုံးခုမှလည်း ဖမ်းဆီးထားခြင်း မရှိဟု တရားဝင် ငြင်းချက်ပြန်ထုတ်)

ယခု လတ်တလောတွင် ၀န်ကြီးဌာနများ အတွင်း အပြောင်းလဲများစွာနှင့် အရေးယူ ဖော်ထုတ်မှုများစွာ ဖြစ်ပေါ်နေချိန်တွင် နိုင်ငံတော် သမ္မတရုံး အကြံပေး ဦးအံ့မောင်အား ဖမ်းဆီး ထိန်းသိမ်းလိုက်ပြီ ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ကာ ယင်းနှင့်ပတ်သတ်၍ သက်ဆိုင်ရာ အဖွဲ့စည်းသုံးခုမှ ယင်းတို့ ဖမ်းဆီးထားခြင်း မရှိကြောင်း တရားဝင် ငြင်းဆိုသွားခဲ့သည်။

အဆင်မပြေသော အောင်မင်္ဂလာကားဝင်းကို တော်လှန်သော ယာဉ်လိုင်းတွေကို ကြိုဆိုမည်

နေ့စဉ် မြန်မာနိုင်ငံ အနှံ့အပြားမှ ခရီးသည်များစွာ ၀င်ထွက်သွားလာနေသော အောင်မင်္ဂလာကားဝင်း အတွင်း၌ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာနှင့် ယာဉ်ရပ်နားနေရာ ခက်ခဲခြင်းများ ဖြစ်ပေါ်နေရကာ ခရီးသည်များအား ကားလမ်းခုလပ် အဆင်ပြေရာ နေရာ၌ ရပ်နားတင်ချခြင်းများ ပြုလုပ်နေရကြောင်း သိရသည်။ ”ယာဉ်လိုင်းတွေက ရန်ကုန်ကို ၀င်ပြီဆိုရင် တချို့က အမှတ် ၃လမ်းဆုံမှာ ရပ်ပေးတယ်၊ တချို့ ကတော့ သူတို့ဂိတ်မှာ ရပ်တယ်၊ သူတို့က ကားပေါ်မှာလည်း တက္ကစီခတွေနဲ့ သွားရမယ့် ခရီးရဲ့ ဈေးနှုန်းကိုလည်း ကြေငြာပေးတယ်၊ ကျွန်တော်တို့ကတော့ ၃လမ်းဆုံလည်း အဆင်ပြေတယ်၊ သူတို့ ဂိတ်မှာဆိုလည်း အဆင်ပြေတယ်၊ ဒီလိုဈေးကွက် စီးပွားရေး စနစ်တွေကို ကျွန်တော်တို့ ခရီးသွား ပြည်သူ

သတင်းမီဒီယာအချို့အား သတင်းတပ်ဖွဲ့ (စစစ)မှ ခေါ်ယူစစ်ဆေးမှုများရှိနေ

ရန်ကုန်မြို့တွင် မဟာသန္တိသုခကျောင်းအား မဟနနှင့် လုံခြုံရေး တပ်ဖွဲ့များက ၀င်ရောက် စီးနင်းခဲ့သည့် ဖြစ်ရပ်များ နောက်ပိုင်းတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သတင်းတပ်ဖွဲ့က ရန်ကုန်မြို့တော် အခြေစိုက် သတင်းဂျာနယ်များ၊ သတင်းစာများမှ မီဒီတာများကို ဇွန်လ၂၁ရက်နေ့ မွန်းလွဲချိန်က ခေါ်ယူ တွေ့ဆုံမေးမြန်းခဲ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မဟာသန္တိသုခကျောင်း ကိစ္စတွင် သာသနာ ၀န်ကြီးနှင့် အပေါင်းအပါများအား ပြည်ထဲရေးဝန်ကြီး ဌာန သတင်းတပ်ဖွဲ့မှ ဖမ်းဆီး အရေးယူခြင်းများ ရှိခဲ့ပြီး ရက်အနည်းငယ် အကြာတွင် မီဒီယာများအား တွေ့ဆုံ မေးမြန်းခဲ့ကြောင်း သိရသည်။  

သာသနာရေး ဒုတိယ၀န်ကြီး ဦးစိုးဝင်းအား သာသနာရေးဝန်ကြီး ခန့်အပ်ရန် စီစဉ်ထားမှုအပေါ် လွှတ်တော် ကိုယ်စားလှယ်များအတွင်း ဝေဖန်မှုများစွာထွက်ပေါ်နေ

“နောက်ကြောင်းကင်းရှင်းတဲ့ ပုဂ္ဂိုလ်တွေကို ၀န်ကြီးအဖြစ် ခန့်ပေးနိုင်ရင် အကောင်းဆုံးပေါ့”ဟု အမျိုးသား လွှတ်တော်မှ လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး(ငြိမ်း)ကဆို

တာဝန်မှ ရပ်စဲခြင်းခံရသည့် သာသနာရေး ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့် နေရာတွင် ယင်းဌာနမှ ဒုတိယ၀န်ကြီး ဦးစိုးဝင်းအား ခန့်အပ် တာဝန်ပေးရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သလို ယင်းနှင့်ပတ်သတ်၍ ဝေဖန်မှုများစွာ ထွက်ပေါ်လျှက်ရှိနေကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

လမ်းပြုပြင်သူများ၏ လုပ်ငန်းဆောင်ရွက်မှု အားနည်းချက်များကြောင့် မြောက်ဒဂုံအတွင်း သွားလာရေး ဒုက္ခရောက်နေကြရ

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အချို့သော ရပ်ကွက်များတွင် ရေနုတ်မြောင်းများအား ပြုပြင်ရာတွင် တာဝန်ယူထား သူများမှ အဖြစ်သဘောသာ အလုပ်လုပ်ဆောင် နေကြသောကြောင့် လုပ်ငန်းမှာ ခရီးမတွင်ပဲ သွားရေးလာရေး ဒုက္ခတွေ့နေရသည်ဟု မြောက်ဒဂုံနေ ပြည်သူများထံမှ သိရသည်။

ကမာရွတ် မြို့နယ်အတွင်း လျှပ်စစ် အန္တရာယ်ကင်းရှင်းရေး စတင်သည့်နေ့တွင် ဓာတ်ကြိုး ပြတ်ကျ၍ လူနှစ်ဦးသေဆုံးခဲ့ရ

ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့မှ ကမာရွတ်မြို့နယ် အတွင်းတွင် လျှပ်စစ် အန္တရာယ် ကင်းရှင်းရေး စီမံချက် စတင်ဆောင်ရွက်သည့် နေ့မှာပင်  ယင်းမြို့နယ်အတွင်း လျှပ်စစ် ဓာတ်ကြိုးပြတ်ကျခြင်းကြောင့် လူနှစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

Pages