June 2014

တော်လှန်ရေးကောင်စီ ဥက္ကဌ လုံခြုံရေးအတွက် အိမ်ရှင်များအား ဖယ်ခိုင်းထားသော မြေ နှင့် အိမ် နှစ်ပေါင်း ၅၀ကြာ ယနေ့အထိ ပိုင်ရှင်များအား ပြန်မပေးပဲ သိမ်းယူထားဟုဆို

၁၉၆၄ခုနှစ်တွင် တော်လှန်ရေး ကောင်စီ ဥက္ကဌ၏ လုံခြုံရေးအတွက်ဟုဆိုကာ အိမ်ရှင်များ နေအိမ်မှ ဖယ်ရှားစေကာ သိမ်းယူခဲ့သော မြေနှင့်အိမ်အား တော်လှန်ရေး ကောင်စီ ဖျက်သိမ်းပြီး နှစ်(၅၀)ကျော်ကြာသည် အထိ ပြန်လည် မပေးအပ်ခဲ့သေးကြောင်းနှင့် ယင်းနှင့်ပတ်သတ်၍ တပ်မတော်သို့ သနားခံစာ တင်ပြထားကာ ထူးခြားမှု မရှိပါက နိုင်ငံတော် သမ္မတ အထိ တင်ပြသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

လယ်သမားများအား ကြိုးတုပ်ရိုက်ခိုင်းသည့် “အဘ”ကို ရအောင် ဖော်ထုတ်မည်ဟုဆို

ပြင်ဦးလွင်ခရိုင်၊ ထုံးဘိုကျေးရွာ၌ ဖြစ်ပွားခဲ့သည့် လယ်ပိုင်ရှင်အား ကြိုးတုပ် ရိုက်နှက်မှုတွင် စေခိုင်းခဲ့သော “အဘ” ဆိုသူမှာ မည်သူဖြစ်သည်ကိုရအောင် ဖော်ထုတ်သွားမည်ဟု တောင်သူလယ် သမားသမဂ္ဂမှ ဒေါ်စုစုနွေးကပြောသည်။

ပြင်ဦးလွင်မြို့နယ် ထုံးဘို ကျေးရွာရှိ လယ်ဧက ၃၀၀ နီးပါးအား လယ်ပိုင်ရှင် ဦးစိုးမြင့် အပါအ၀င် လယ်သမားဦးရေ ၄၀ကျော် ပိုင်ဆိုင်ကာ ၁၉၉၄ ခုနှစ် ကတည်းက လယ်ယာမြေ လုပ်ကိုင်ခဲ့သည်။ မြေတိုင်း ဦးစီးဌာန၊ မြေလွတ် မြေရိုင်းအဖြစ် သတ်မှတ်ပြီးနောက် ကော်ဖီ စီမံကိန်းအတွက် ဒေါ်မိမိလေးတို့ ကုမ္ပဏီမှ လေလံအောင်မြင်ပြီး သိမ်းယူထားကြောင်း သိရသည်။

AFC Challenge Cup တွင် ဗိုလ်စွဲသည့် ပါလက်စတိုင်း အသင်းအာရှ ဖလားဝင်ခွင့်ရ

၂၀၁၄ AFC Challenge Cup ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ပါလက်စတိုင်း အသင်းသည် ဖိလစ်ပိုင် အသင်းအား ၁ဂိုး ဂိုးမရှိဖြင့် အနိုင်ရ ဗိုလ်စွဲသွားခဲ့သည်။ ပါလက်စတိုင်း အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၅၉မိနစ်တွင် နူမန်က သွင်းယူပေးခဲ့သည်။

စိုးလင်းဦးနှင့် တူးတူးသရေ ပွဲသာဖြစ်

မြန်မာနိုင်ငံရိုးရာ လက်ဝှေ့ အဖွဲ့ချုပ်က ကြီးမှူးပြီး မြန်မာနိုင်ငံရိုးရာ အားကစားအဖွဲ့ချုပ်ကစီစဉ်သည့် ရိုးရာလက်ဝှေ့ရန်ပုံငွေ လက်ဝှေ့စိန်ခေါ်ပွဲကို ဇွန်လ၁ရက် နေ့လယ်၂း၀၀နာရီက သိမ်ဖြူ အားကစား ခန်းမတွင် ကျင်းပခဲ့သည်။ လေးချီ စိန်ခေါ်ပွဲများတွင် ပုည(ရွှေဖူး)က ဇင်ကိုဖူး(၀ါဆို)ကို ဒုတိယအချီတွင် အလဲထိုးဖြင့် နိုင်ပြီး စောဖြိုးဝေ (အဖြူရောင် သွေးသစ်)နှင့် မိုက်မိုက် (T&T)တို့ပွဲမှာ သရေဖြစ်သွားသည်။

မြန်မာ ယူ-၁၆အသင်း ထိုင်းကို ဂိုးပြတ်ရှုံးနိမ့်

Asian Champions Trophy U-16 ပြိုင်ပွဲ ၂၀၁၄အုပ်စု တတိယပွဲစဉ်အဖြစ် မြန်မာဘောလုံး အကယ်ဒမီ (မန္တလေး)နှင့် ထိုင်းနိုင်ငံ ချောင်ဘူရီလူငယ် အသင်းတို့ မေလ ၃၁ရက်နေ့က အောင်ဆန်းကွင်းတွင် ယှဉ်ပြိုင် ကစားရာ ချောင်ဘူရီ အသင်းက မြန်မာကို ၅ဂိုး ၁ဂိုးဖြင့် အနိုင်ရ ရှိသွားကြောင်း သိရှိရသည်။

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဒုတိယဆုရ မြန်မာနိုင်ငံ၏ ရွှေတံဆိပ်နှစ်ခုအား ပြန်လည် ရုတ်သိမ်း

ပြီးခဲ့သည့်နှစ် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ၂၇ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာ အားကစား အဖွဲ့သည် ရွှေ ၈၈၊ ငွေ ၆၂၊ ကြေး ၈၅ရရှိပြီး နိုင်ငံအလိုက်တွင် ဒုတိယနေရာ၌ ရပ်တည်နိုင်ခဲ့သည်။

Pages