June 2014

EPC မှ လူကြီးမင်းများသို့ - သံဖနောင့်

ယခုတလော၊ သတင်းတွေ ဖတ်နေရ၊ ကြားနေရတာ လျှပ်စစ်ဌာန အကြောင်း၊ EPC အကြောင်းတွေပေါ့ဗျာ၊ မီးမရလို့ ဖယောင်းတိုင်တွေ ထွန်းပြီး၊ ဆန္ဒတွေပြကြ၊ ဓာတ်အားပေး စက်ရုံတွေဘက်က၊ မီးရပြန်တော့လဲ၊ မီတာခ တိုးကောက်လို့ လူတွေထအော်ကြ၊ မီးမှန်မှန်မလာလို့ လုပ်ငန်းရှင်တွေ ထအော်ကြ၊ မီးမရသေးတဲ့ ရခိုင်ပြည်နယ်က လူတွေက သူတို့ပြည်နယ်က ထွက်တဲ့ သဘာဝ ဓာတ်ငွေ့သုံးပြီး သူတို့ကျတော့ မီးမရလို့ ထအော်ကြ၊ သဘာဝ ဓာတ်ငွေ့နဲ့က ဓာတ်အား ရာသီမရွေးရနိုင်လို့ စိတ်ချရပေမဲ့၊

သမ္မတကြီး စကားမတည်ခဲ့လေသလား - ကျော်စွာမြင့် (၁၉၈၈-၁၉၉၂၊ ဗ.က.သ)

၂၀၁၄ ခုနှစ်၊ ဇွန်လ( ၁၀ ) ရက်နေ့ညက ပီနန်ဆရာတော်ကြီး နှင့် သံဃမဟာ နာယက အဖွဲ့တို့အကြား ကျောင်းပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိနေတဲ့ မဟာသန္တိသုခ ကျောင်းတိုက်ကြီးအား ပီနန်ဆရာတော်ကြီး ဂျပန်နိုင်ငံသို့ သာသနာပြု ခရီးထွက်နေချိန်တွင် နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့၊ စည်းကမ်းထိန်းသိမ်းရေးမှ သံဃာတော် ၂၈၁ပါး၊ ရဲတပ်ဖွဲ့ဝင် ၂၀၀ကျော်ခန့်နှင့် သာသနာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ လိုက်ပါကာ မဟာသန္တိသုခ ကျောင်းတိုက်တွင် သီတင်းသုံးနေသည့် သံဃာတော်များအား အင်အားသုံး ဖယ်ရှားကာ သီတင်းသုံးနေသည့် သံဃာတော် အပါး ၂၀ နှင့် လူ(၃၂) ဦးကို ခေါ်ဆောင်သွားခဲ့ကြောင်း သိရပါတယ်။

ပီ မှ အာ ကြစေချင်သည် (၂) - ဇာဂနာ

ကမ္ဘာပေါ်မှာက ရွေးကောက်ပွဲ စနစ်တွေ များသလိုပရိယာယ် မာယာတွေလည်းများလှသည်။ မဲ ဆန္ဒနယ်မြေရွေးချယ်တာ၊နယ် နိမိတ် သတ်မှတ်တာကိုက ပညာတစ်ရပ်ဖြစ်သည်။ PR စနစ်ကိုကျင့် သုံးလိုက်တာနဲ့  လွှတ်တော် ထဲက နှစ်ဆယ့်ငါးရာခိုင်နှုန်းသောတပ်မတော် ကိုယ်စားလှယ်တွေ မရှိတော့ ချေ ဟူသည့် ကလေးကလားအူကြောင်ကြောင် စိတ် ကူးမျိုးဖြင့် တော့ နိုင်ငံရေးမှာ ၀င် မကစားစေချင်။၂၅% ကိစ္စ က ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမပြင် မချင်းဘာမှ ဖြစ်လာမည် မဟုတ်။PR ကတော့ ရွေးကောက်ပွဲ ကော် မရှင် ကိစ္စ သက်သက်သာဖြစ်၏။နိုင်ငံရေးမှာ (လေနဲ့ဝမ်း)တော့ ကွဲကြစေချင်သည်။PR နှင့် ၂၅% သောတပ်မတော် ကိုယ်စားလှယ် တို့ ဘယ်လိုမှ ဆက်စပ်မရ။ဒါကိုဇွတ် အတင်းတွေ ဆွဲစေ့ နေကြတာေ

လကမ္ဘာသွားမယ့် မိုးထိမိုးမိခရိုနီ - လက်စောင်းထက်

ပြီးခဲ့တဲ့ အပတ်မှာ ခင်ဗျားတို့ မီဒီယာသမားတွေ အုတ်အော်သောင်းနင်း ဖြစ်သွားအောင် ခရိုနီတစ်ယောက်က စကားတစ်ခွန်းပြောခဲ့တယ်။ အမှန်က ဒီခရိုနီအကြောင်းကို နောင်ပြောပြမယ့် ကွက်ပျောက် ခရိုနီဆိုတဲ့ လူမသိသူမသိ ခရိုနီတွေ အကြောင်းကျမှ ပြောမလို့ပဲ။ ဒါပေသိ သူကသူ့ထမင်း သူစားပြီး တစ်နိုင်ငံလုံးရဲ့ မေတ္တာကို လောလောဆယ် ခံယူထားလေတော့ ဒီတစ်ပတ်တော့ သူ့အကြောင်း ပြောရပေတော့မယ်။ ခင်ဗျားတို့ စကားနဲ့ပြောရရင် News maker of the weekပေါ့။ သူတို့ ဇနီးမောင်နှံရဲ့ ဟန်းနီးမွန်းကို ဒေါ်လာ၁၅သန်း အကုန်ခံပြီး လကမ္ဘာ အပျော်ခရီး ထွက်မယ်ဆိုတဲ့ သတင်းရယ်။ သူကပဲဆက်ပြီး မြန်မာနိုင်ငံက အချမ်းသာဆုံး စာရင်းမှာ သူကနံပါတ်(၇)ဆိုတဲ့ စကားတွေရယ်ပေါ့

တရုတ်ခံတွင်းထဲက မြန်မာ့ယဉ်ကျေးမှုမြို့ - ကျော်ကြီး (MDY)

ပြီးခဲ့တဲ့အပတ်က မန္တလေးမြို့က ကြက်ဆီထမင်းဆိုင် တစ်ဆိုင်ရှေ့မှာ ဆိုင်ကထွက်လာတဲ့ တရုတ်နိုင်ငံသားပိုင်ကားနဲ့ မြန်မာလင်မယားစီးလာတဲ့ ဆိုင်ကယ် တိုက်မိမလို့ ဖြစ်ရာကနေ စကားများကြရာ ပြည်ပ တရုတ်နိုင်ငံသား လေးဦးက မြန်မာ လင်မယား နှစ်ဦးကို လည်ပင်းညှစ်ပြီး လက်သီးနဲ့ ၀ိုင်းထိုးခဲ့တဲ့ ဖြစ်ရပ်ဖြစ်ခဲ့ပါတယ်။ ဒီသတင်းက အင်တာနက် လူမှုကွန်ရက်တွေ၊ မီဒီယာတွေမှာလည်း ဟိုးလေးတစ်ကျော် ဖြစ်သွားခဲ့ပါတယ်။

မယောင်ရာဆီလူး PRစနစ်နှင့် လွှတ်တော်ပေါ်က ပြဇာတ် - ဇော်သက်ထွေး

၂၀၁၄ ခုနှစ်မှာ နိုင်ငံရေး အနှုတ်အသိမ်းတွေက တော်တော် များလာတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ ပွင့်လင်း လူ့အဖွဲ့အစည်းပေါင်းပြီး ၂၀၀၈ အခြေခံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲက ၄၃၆ နဲ့ ၅၉(စ)ကို ပြင်ဖို့ လူထုလှုပ်ရှားမှုနဲ့ အတူဆောင်ရွက်လာတာကို တွေ့ရတယ်။ အစကတည်းက အမှားလုပ်ခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဖို့ စည်းရုံးရာမှာ အမှန် တရားကို မြတ်နိုးကြတာဖြစ်လို့ မခက်ခဲခဲ့ပါဘူး။

“ဆရာမကို တာဝန်ပြန်လည် ထမ်းဆောင်ခွင့်ပေးခဲ့မယ်ဆိုရင်တောင် ဘယ်သူမှမလိုချင်တဲ့ နေရာ၊ ဒေသတွေ၊ ရာထူးတွေနဲ့ ပြန်လည်အမိန့်ချလိမ့်မယ် ” - ရန်ကုန် တက္ကသိုလ် စီးပွားရေး ပညာဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာဒေါ်ကျင်ဌေး

ပညာရေးဝန်ကြီးဌာနအား ရန်ကုန်တက္ကသိုလ် စီးပွားရေး ပညာဌာနမှ၊ ပါမောက္ခ/ဌာနမှူး ဒေါက်တာ ဒေါ်ကျင်ဌေးမှ ပြန်လည်တရားစွဲဆို ထားသည့် အမှုအား ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ ပါမောက္ခ/ဌာနမှူး ဒေါက်တာ ဒေါ်ကျင်ဌေးကို အမှုအနိုင်ပေးလိုက်ကာ မယူမနေရ ပင်စင်ပုဒ်မကို ပယ်ဖျက်ပေးလိုက်ပြီ ဖြစ်သောကြောင့် ယင်းကိစ္စနှင့် ပတ်သက်၍ ပါမောက္ခ/ဌာနမှူး ဒေါက်တာ ဒေါ်ကျင်ဌေးအား Tomorrow ဂျာနယ်မှ သွားရောက် မေးမြန်း ဖြစ်ခဲ့ပါသည်။

နိုင်ငံရေးဆူပူမှုဆိုတာ အဓိပ္ပာယ်ဖွင့်ပေးပါ - ကျော်စွာမြင့် (၁၉၈၈-၁၉၉၂ ဗ.က.သ)

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ၊ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန၊ စက်မှုနှင့် သက်မွေးပညာ ဦးစီးဌာန ၂၀၁၄ ခုနှစ်၊ ဇွန်လ (၉) ရက်စွဲပါ။ စာအမှတ်-စကပ/ ၂(က) ကသ-၁/ ၂၀၁၄ (၄၈၈၂)နဲ့ စည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာ ညွန်ကြားချက်များ လိုက်နာဆောင်ရွက်ရန် ကိစ္စဆိုပြီး စက်မှုသက်မွေးပညာ လက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ်များရှိ အုပ်ချုပ်များနှင့် ကျောင်းသား၊ ကျောင်းသူများ လိုက်နာရန် စီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေး အမှတ်စဉ် (၈/၂၀၁၄)၏ ဆုံးဖြတ်ချက်အရဆိုကာ ထုတ်ပြန်ချက်တစ်ခု တွေ့ရှိရပါတယ်။

နာဂစ်ဒဏ်ကြောင့် ဆင်းရဲမှု မလွတ်မြောက်သေးသော ဧရာဝတီတိုင်း ဆင်းရဲနွမ်းပါးမှု နာတာရှည် ရောဂါလျှော့ချရန် ကြိုးပမ်းနေဟု သမ္မတကြီးဆို

ဧရာဝတီတိုင်း ဒေသကြီးရှိ ပြည်သူများ အနေဖြင့် နာဂစ်ဒဏ်ကြောင့် ဆင်းရဲမှုမှ ရုန်းထွက်နိုင်ခြင်း မရှိသေးကြောင်းနှင့် အဆိုပါ ဆင်းရဲမွဲတေမှုများအား နာတာရှည် ရောဂါ လျှော့ချရန် ကြိုးပမ်း ဆောင်ရွက်နေသည်ဟု မြောင်းမြမြို့ ညောင်တုံးခန်းမတွင် ဇွန်လ ၁၄ရက်က ကျေးလက်ဖွံ့ဖြိုးရေးနှင့် လူမှု စီးပွားဘ၀ မြှင့်တင်ရေး အခမ်းအနားတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။

UNလုပ်ရပ်များ တစ်ဖက်သတ်ဆန်နေပါက ရန်သူစာရင်း သွင်းသွားမည်ဟု ရခိုင်ဒေသခံများဆို

ရခိုင်ပြည်နယ် အတွင်း လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် UN အဖွဲ့အစည်းများ အနေဖြင့် ဘင်္ဂါလီ ဒုက္ခသည် စခန်းများအား တစ်ဖက်သတ်ဆန်စွာ အကူအညီပေးရေး လုပ်ငန်းများ ဆက်လက်လုပ်ကိုင် နေပါက ရန်သူအဖြစ် စာရင်း သွင်းသွားမည် ဖြစ်ကြောင်း ရခိုင် ဒေသခံများက ဆိုသည်။

Pages