June 2014

အပစ်အခတ် ရပ်စဲရေးများ လက်တွေ့ အကောင်အထည် ဖော်မှသာ ဒုက္ခသည်များ နေရပ် ပြန်ပို့မည်ဟုဆို

ပြည်တွင်း ငြိမ်းချမ်းရေး ရရှိသော အခြေအနေများကို လေ့လာ စောင့်ကြည့်ပြီးမှသာ ဒုက္ခသည်များကို နေရပ်များသို့ ပို့ဆောင်ပေးသွားပြီး ပြန်လည် နေရာချထားမှုကိုလည်း လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း ထိုင်း - မြန်မာ နယ်စပ်ရှိ ကရင်ဒုက္ခသည်များ ကော်မတီမှ (ဦး)စောဂျော့ (ခေါ်) တီးဂျော့က ပြောဆိုလာပါသည် ။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျူးကျော်များ နေစရာရတော့မည်

ရန်ကုန်မြို့အတွင်းရှိ ကျူးကျော် နေထိုင်သူများအား လာမည့် ၂၀၁၅ခုနှစ် မကုန်ဆုံးမီ အတွင်း နေရာများ ချထားပေးသွားမည် ဖြစ်ကြောင်း ဆောင်လုပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦးစိုးတင့်က ပြောကြားခဲ့သည်။

“မြို့သစ်တွေမှာ ယာယီနေရာ ချထား ပေးနိုင်ရေး အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ အဖွဲ့တို့ ညှိနှိုင်းဆောင်ရွက် နေပါတယ်။ ၂၀၁၅ နှစ်မကုန်မီ ဆောင်ရွက်သွားနိုင်ပါမယ်”ဟု ဆောက်လုပ်ရေး ဒုဝန်ကြီး ဦးစိုးတင့်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်မှ ထွက်ခွာသွားမည်ဟု UNခြိမ်းခြောက်

ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အနေဖြင့် မြန်မာနိုင်ငံတွင် လာရောက် ကူညီပေးနေခြင်း ဖြစ်ကာ လတ်တလောတွင် သိရှိကြုံတွေ့နေရသည့်  ကန့်သတ်မှုများ၊ စိုးရိမ်ရမှုများ ဆက်လက် ဖြစ်ပေါ်နေပါက ရခိုင် ပြည်နယ်အတွင်းမှ ထွက်ခွာသွားမည်ဟု UNမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သော်လည်း ယင်းအပေါ် ရခိုင်ပြည်သူများမှ တုန်လှုပ်မှုမရှိဟု သိရသည်။

ဆရာတော်ဦးဝီရသူဟော်မုန်းဆေးမသုံးစွဲပါ

“အဲဒါတွေကို ဦးဇင်းက ဒိုင်ခံပြီး ဖြေရှင်းနေရင်တော့ ဦးဇင်းတို့ ရှေ့ဆက်သွားမဲ့ လုပ်ငန်းတွေထိခိုက်လို့ ဘယ်သူကိုမှ ပြန်မဖြေရှင်းတာပါ”   ဆရာတော် ၀ီရသူ

ဖေ့ဘုတ်စာမျက်နှာများတွင်  ပြောကြားနေကြသည့် ဆရာတော် ဦးဝီရသူ ဟော်မုန်းဆေးသုံးစွဲ နေသည်ဆိုသည့် သတင်းများ ထွက်ပေါ်နေမှုများနှင့် ပတ်သတ်၍ ယင်းသတင်းမှာ လုံးဝ မဟုတ်မှန်ကြောင်းနှင့် ယင်းကဲ့သို့ တိုက်ခိုက် ခံနေရခြင်းများမှာ အကြိမ်ကြိမ် ရှိနေပြီ ဖြစ်ကြောင်း ဆရာတော်မှ မိန့်ကြားခဲ့သည်။

သန္တိသုခဖြစ်ရပ်အပေါ် သံဃာထု တစ်ရပ်လုံးမှ ရှုတ်ချ

မဟာသန္တိသုခကျောင်းအား အကြမ်းဖက်ပုံစံဖြင့် ၀င်ရောက်စီးနင်းသည့် အပေါ် သံဃာထု တစ်ရပ်လုံးမှ ရှုတ်ချလိုက်ကြောင်းနှင့် ဖမ်းဆီးထားသော ဆရာတော်ဦးဥတ္တရနှင့် သံဃာတော်များအား အမြန်ဆုံး ပြန်လွှတ်ပေးရန် အတွက် ဆရာတော် ဦးပါမောက္ခမှ တောင်းဆိုထားကြောင်း သိရသည်။

မွေးရာပါ စအိုပေါက်မပါ ကလေးငယ် ခွဲစိတ်ကုသနိုင်ရန်စီစဉ်

ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတမြို့နယ်တွင် နေထိုင်သော မိသားစုတစ်ခုမှ အသက် (၁နှစ် ၉ လ) အရွယ် ကလေးငယ်လေး တစ်ဦးမှာ မွေးရာပါ စအိုပေါက်မပါ ဝေဒနာ ခံစားနေရကာ မကြာမီ ခွဲစိတ်နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ရထားလမ်း ဖောက်လုပ်ရေး မြန်မာများ အဓမ္မစေခိုင်းခံနေရ

ပြည်တွင်း၌ အလုပ်အကိုင် ရှားပါးမှုကြောင့် တရုတ်နိုင်ငံသို့ တရားမ၀င် လမ်းကြောင်းများမှ အလုပ် သွားရောက်လုပ်ကိုင်သည့် မြန်မာလုပ်သားများအား တရုတ် အာဏာပိုင်များမှ ဖမ်းဆီးပြီး တရုတ် နိုင်ငံ အတွင်း ရထားလမ်း ဖောက်လုပ်ရေးတွင် အဓမ္မ စေခိုင်းနေမှုများ ဖြစ်ပေါ်နေကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသခံများထံမှ သိရသည်။

ဘင်္ဂါလီဦးရေ ၃၀၀၀ရှိ မြေပုံမြို့နယ်တွင် နိုင်ငံသားဖြစ်ခွင့် ရှိ၊မရှိ အဆုံးဖြတ်ပေးရေးစတင်

ရခိုင်ဒေသခံများ အဓိက တောင်းဆိုနေသည့် ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေ အကောင်ထည်ဖော်ရေး ရှေ့ပြေး ဆောင်ရွက်ချက်အဖြစ် ဘင်္ဂါလီ ဦးရေ ၃၀၀၀ ၀န်းကျင်ခန့် ရှိနေသည်ဟုဆိုသော ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် ဇွန်လကုန်မှ စတင်၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောသည်။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ အနေဖြင့် ဇွန်လ၁၃ရက်နေ့ ရခိုင်ပြည်နယ် ခရီးစဉ်တွင် စစ်တွေမြို့ရှိ မြို့မိမြို့ဖများနှင့် ပြည်နယ် လ၀ကရုံးတွင် တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မန္တလေးကျောက်စိမ်း ဈေးကွက်တွင် တရုတ်စီးပွားရေး လုပ်ငန်းရှင် လွှမ်းမိုးချုပ်ကိုင်မှုများလာ၍ ဒေသခံများ မကျေနပ်ဟုဆို

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော မန္တလေးမြို့ရှိ ကျောက်စိမ်း ဈေးကွက်နှင့် အခြား စီးပွားရေး လုပ်ငန်းများတွင် တရုတ်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ နှင့် ပြည်တွင်း တရုတ်စီးပွားရေး လုပ်ငန်းရှင်များ၏ လွှမ်းမိုးချုပ်ကိုင်မှု ပိုမိုများလာသဖြင့် မန္တလေး ဒေသခံများမှ မကျေမနပ် ဖြစ်နေကြရကြောင်း သိရသည်။  

လုံးခင်း၊ ဖားကန့်လုပ်ကွက်များတွင် လုပ်ကိုင်နေသူအားလုံး ထွက်ခွာသွားရန် ညွန်ကြားချက် ထုတ်ပြန်

ဖားကန့်ဒေသ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး ကြီးကြတ်မှု ကော်မတီက ဖားကန့်နှင့် လုံးခင်း ရတနာ ဒေသ လုပ်ကွက်များတွင် လုပ်ကိုင်ဆောင်ရွက်နေသူ မည်သူမဆို ဇွန်လ ၁၂ရက် နောက်ဆုံး ထား၍ ထွက်ခွာသွားရန် ညွန်ကြားချက် ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။

Pages