June 2014

ဒဏ်ကြေးက လိုင်စင်ကြေးထက် ပိုသက်သာနေ၍ ပဲခူးတိုင်း ဒေသကြီးတွင် ယစ်မျိုးလိုင်စင်များ ပြန်အပ်ကာ ဒဏ်ဆောင်လျက်ရှိ

ပဲခူးတိုင်း ဒေသကြီးအတွင်း အရက်သေစာ ရောင်းချရန် ခွင့်ပြုထားသော ယစ်မျိုးလိုင်စင်များကို စည်းကမ်း သတ်မှတ်ပြီး ချထားပေး ခဲ့သော်လည်း လက်ရှိတွင် အဆိုပါ လိုင်စင်များကို ပြန်လည် အပ်နှံလျှက် ရှိကြောင်း သတင်းရရှိသည်။ အဆိုပါ ယစ်မျိုးလိုင်စင်များကို ပြန်လည် အပ်နှံနေသော်လည်း အရက် ရောင်းချနေသော ဆိုင်အရေအတွက်မှာ လျော့နည်းသွားခြင်း မရှိပဲ ပိုမို များပြားလာကြောင်း ပဲခူး တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ သတင်းရရှိသည်။

သီရီလင်္ကာနှင့် ဒိန်းမတ်နိုင်ငံရှိ သာသနာပြု အသင်းများမှ မြန်မာနိုင်ငံရှိ မဟနနှင့် အစိုးရအဖွဲ့အား ရှုတ်ချ

သီရီလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော်များ အဖွဲ့နှင့် ဒိန်းမတ်နိုင်ငံရှိ ဗုဒ္ဓရံသီ သာသနာပြု အသင်းတို့မှ မဟာသန္တိသုခ ကျောင်းတော်ကြီး နှင့် ပတ်သက်၍ သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့ကာ မဟနနှင့် အစိုးရအဖွဲ့အား ရှူ့ချလိုက်ကြောင်း သိရသည်။

အရက်မူးနေသည့် လေယာဉ်ခရီးသည်၏ တိုက်ခိုက်မှု အပြစ်ရှိသည်ဟု ဆုံးဖြတ်

ဂျပန်အိုဆာကာမှ ဟာဝိုင်ရီကျွန်းသို့ ပျံသန်းသော လေယာဉ် ခရီးစဉ်တစ်ခုတွင် ဇနီးသည်နှင့် ဟန်းနီးမွန်း ထွက်လာသော သတို့သားသည် လေယာဉ်ပေါ်တွင် အရက်မူးလွန်ပြီး တာဝန်ရှိသူများအား တိုက်ခိုက်သည့် အတွက် အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။

မလေးရှား လေယာဉ် MH-370 စက်ချို့ယွင်းခဲ့ခြင်း မရှိဟုဆို

ပျောက်ကွယ်သွားသော မလေးရှား လေယာဉ် MH-370သည် ဘေးဒုက္ခမကြုံတွေ့ခဲ့ရကြောင်း နယူးဇီလန် လေယာဉ်မှူးဟောင်း ၀ီလ်ဆင်နှင့် သတင်းစာဆရာ ဂျော့တိုင်လာတို့ ပူးတွဲရေးသားသော စာအုပ်တွင် ဖော်ပြခဲ့သည်။

ကေတီပယ်ရီက လျှို့ဝှက်ချက်တစ်ခုကိုဖွင့်ဟ

ကမ္ဘာကျော် အဆိုတော် ကေတီပယ်ရီသည် သူမငယ်စဉ်က ကြုံတွေ့ခဲ့ရသော လျှို့ဝှက်ချက် တစ်ခုကို ၂၀၁၄ ဖေဖော်ဝါရီလထုတ် GQမဂ္ဂဇင်းတွင် ထုတ်ဖော် ပြောကြားသွားခဲ့သည်။ သူမ ငယ်စဉ်က ညအိပ်ရာဝင်တိုင်း ကြီးမားတဲ့ ရင်သားတွေကို ပိုင်ဆိုင်ဖို့ ဘုရား သခင်ထံ ဆုတောင်းခဲ့ရသည်ဟု ဆိုသည်။

ယူကရိန်း သယ်ယူပို့ဆောင်ရေး လေယာဉ် ပစ်ချခံရ

ယူကရိန်း အစိုးရ၏ အမိမြေ ကာကွယ်ရေး စစ်ပွဲအတွင် I-76 စစ်ဖက် သယ်ယူပို့ဆောင်ရေး လေယာဉ်ကို ရုရှားလိုလားသည့် သူပုန်များက ယူကရိန်း အရှေ့ပိုင်းရှိ လူးဟန့်စ် နိုင်ငံတကာ လေဆိပ် အနီးတွင် ပစ်ချခဲ့သည့် အတွက် လူ ၄၉ဦး သေဆုံးခဲ့ရသည်။ လေယာဉ်ပေါ်တွင် လေယာဉ်ဝန်ထမ်း ၉ဦးနှင့် စစ်သည် ၄၀ဦးပါရှိပြီး လေဆိပ်သို့ ဆင်းသက်နေစဉ်  မြေပြင်မှ ဝေဟင်ပစ် လောင်ချာဖြင့် အပစ်ခံခဲ့ရခြင်း ဖြစ်သည်။

အာရပ်ကမ္ဘာတွင် အစွန်း ရောက်အဖွဲ့များ ခေါင်းထောင် ထလာ

အိုစမာဘင်လာဒင် ခေတ်ပြီးဆုံးပြီးနောက် အမေရိကန်နှင့် ဥရောပ မဟာမိတ်များက အာရပ် ကမ္ဘာတွင် ဒီမိုကရေစီနှင့် လွတ်လပ်မှု အုတ်မြစ်ကို ချပေးနိုင်ခဲ့ပြီဟု ဂုဏ်ယူ၍ ပြောကြားလေ့ရှိသည်။

ကမ္ဘာ့ချန်ပီယံ အသင်းသစ် ဟော်လန်ဖြစ်လာမည်လော

ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု(ခ) ပွဲစဉ်အဖြစ် လက်ရှိ ချန်ပီယံ စပိန် အသင်းနှင့် ကမ္ဘာ့ဖလား ဒုတိယဆုရ ဟော်လန်တို့ ကစားသည့် ပွဲစဉ်ကို တစ်ကမ္ဘာလုံးမှ ဘောလုံးဝါသနာအိုးများက စောင့်ကြည့် ခဲ့ကြသည်။

ထိုပွဲတွင် ချန်ပီယံ စပိန်ကို ဟော်လန်အသင်းက ၅ ဂိုး ၁ ဂိုးဖြင့် ဂိုးပြတ်နိုင်ခဲ့ပြီး၊ ချန်ပီယံ အသင်းမှာ ၅ နှစ်အတွင်း အဆိုးဝါးဆုံး ရလဒ်နှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။ စပိန်အသင်းတွင် ၂၀၁၀ ကမ္ဘာ့ဖလားရစဉ်က လူဟောင်း အများစု ပါဝင်ခဲ့ကြပြီး စပိန်တို့၏ တီကီတာကာ ကစားဟန်ကို ဟော်လန် အသင်းက Counter Attackဖြင့် အနိုင်ရယူပြခဲ့သည်။

၂၀၂၂ ကာတာကမ္ဘာ့ဖလား အရှုပ်တော်ပုံကြောင့် ကမ္ဘာကျော် ဘောလုံးသမား ဘက်ကင်ဘောင်ဝါ ရက်ပေါင်း ၉၀ ဘောလုံးနှင့်ဝေးဝေးနေရန် ပြစ်ဒဏ်ချ

ဂျာမဏီ ဂန္တ၀င်ဘောလုံးသမားဖြစ်သော ဘက်ကင်ဘောင်ဝါသည် ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင် ကာတာနိုင်ငံ၏ လာဘ်ပေးမှု ပြဿနာအား စုံစမ်းစစ်ဆေးရာတွင် ပူးပေါင်းပါဝင်ရန် ငြင်းဆန်ခဲ့ သောကြောင့် FIFA ကျင့်ဝတ်ဆိုင်ရာ ကော်မတီက ဘောလုံးလောကနှင့် ရက်ပေါင်း ၉၀ ဝေးဝေးနေရန် ပြစ်ဒဏ် ချမှတ်ခဲ့သည်။

“ရွာဖို့သင့်ရာ ရပ်ဌာနမှာ ကောင်းစွာရွှေမိုးရွာပါစေ” - ကျော်ကြီး (MDY)

'ပူလိုက်တာကွာ နံပြားဖိုထဲဝင်နေရသလိုပဲ'

'မိုးကလည်းမရွာဘူးကွာ'

'မီးကလည်းမလာဘူးကွာ' ခုတလော ကျွန်တော်တို့ မန်းလေးမြို့ ဘယ်နေရာသွားသွားကြားနေရတဲ့ ညည်းညူသံတွေပါ။ အင်တာနက်သုံးတော့လည်း ဒီအသံတွေပဲ မြင်တွေ့ ကြားနေရပါတယ်။

 

Pages