June 2014

Tomorrowသို့ပေးစာ (လေးပွင့်ဆိုင်မလား၊ ဥပဒေပြင်မလား - ပိုပြည့်သူ)

လေးစားရပါသော ကာကွယ်ရေး  ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရှင့်

အလုပ်လက်မဲ့ ပြဿနာမပေါ်ရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အဓွန့်ရှည်ကိုရှည်ရမည်.... - ဖိုးစမ်းချောင်း (GG)

ကချင်ပြည်နယ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သတင်းများကို ဖတ်ပြီး ဖိုးစမ်းချောင်း မိတ်ဆွေ တစ်ဦး ဘ၀င်မကျသည့် လေသံဖြင့် ရင်ဖွင့်သည်။

ဦးဇင်းတို့ ခိုင်းလို့ အစိုးရက လုပ်တာပဲ ရှိတယ် - ဆရာတော် ဦးဝီရသူ

ယခုအခါ မြန်မာ့နိုင်ငံရေးတွင် ဥပဒေ ပြင်ဆင်ရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကြိုးပမ်းမှုနှင့် ဥပဒေ ပြဌာန်းရေး ကြိုးပမ်းမှုများ မြင့်တက်လာနေပြီ ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)တို့ ပူးပေါင်း၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ကြိုးပမ်းမှုများ ပြုလုပ်လျက်ရှိသကဲ့သို့ တစ်ဖက်တွင်လည်း မျိုးစောင့်ဥပဒေ ပေါ်ပေါက်လာရေး အတွက် လုံးပမ်းနေရသည်။ ယခုအခါ ဥပဒေ ပြင်ဆင်ရေး အတွက် ကြိုဆိုသံများ ကြားနေရသော်လည်း မျိုးစောင့် ဥပဒေ ပြဌာန်းရေး အတွက် အခက်အခဲများ၊ ကန့်ကွက်မှုများ ကြုံတွေ့နေရသည်။ ထို့ကြောင့် မျိုးစောင့် ဥပဒေ ပြဌာန်းရေး ဆေ

လူဆိုးလူညစ်တွေကို ခရိုနီဖြစ်အောင် မြေတောင်မြှောက်ပေးတဲ့ လူကြီးတွေ - လက်စောင်းထက်

၁၉၈၈ အရေးအခင်းအပြီး တပ်မတော်က အာဏာသိမ်းလိုက်တယ်။ ၁၉၉၀မှာ တပ်မတော်ကနေ ၀န်ကြီး၊ ၀န်ကလေး တာဝန် ယူထားတဲ့ သူတွေက စီးပွားရေး စနစ်ပြောင်းမယ်လို့ ကြေညာခဲ့တယ်။ ခက်တာက အဲဒီအချိန်မှာ စီးပွားရေး ကောင်းကောင်း လုပ်တတ်တဲ့သူ မြန်မာနိုင်ငံမှာ မရှိဘူး။ “ကုန်ထုတ်စွမ်းအားစု အားလုံးကို နိုင်ငံတော်ကသာ ပိုင်ဆိုင်ရမည်” ဆိုတဲ့ ဆိုရှယ်လစ် ဥပဒေသ အောက်မှာ မျိုးဆက်နှစ်ဆက်လောက်က ဈေးကွက် စီးပွားရေးဆိုတာ မသိတော့ဘူး။ ဘယ်သူတွေ သိသလဲဆိုတော့ ရှမ်းပြည် မြောက်ပိုင်းက ရှမ်း တရုတ် အမည်ခံထားတဲ့ တရုတ်တွေကသိတယ်။

စကားလုံးတွေကို တော်တော် ကြောက်နေပြီ - ဇော်သက်ထွေး

အခုရက်ပိုင်း အတွင်းမှာ ဒီမိုကရေစီ လမ်းကြောင်းနဲ့ သွားပါမယ်လို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ကမ္ဘာသိ ကြေညာထားတဲ့ မြန်မာနိုင်ငံမှာ အမှုပေါင်းစုံနဲ့ ယောက်ယက်ခတ် နေပါတယ်။

အပြင်းအထန် ဆွေးနွေးပြီးနောက် PRစနစ်ဖြင့် ကိုယ်စားလှယ်များ ရွေးချယ်သွားရန် အမျိုးသား လွှတ်တော် ဆုံးဖြတ်

လွှတ်တော်တွင PRစနစ် ကျင့်သုံးရေး အဆိုကို ဆွေးနွေးရန် ငြင်းခုန်မှုများကြားထဲမှ လာမည့် ပါတီစုံ ရွေးကောက်ပွဲများတွင် အမျိုးသား လွှတ်တော် အတွက် ကိုယ်စားလှယ်များ ရွေးချယ်ရာတွင် PR စနစ်ကို စတင် ကျင့်သုံးသွားရန် အမျိုးသား လွှတ်တော်တွင် သဘောတူညီချက် ရရှိခဲ့ကြောင်း သတင်း ရရှိသည်။

အဆိုပါ စနစ်ကို အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က တင်သွင်းခဲ့ခြင်းဖြစ်ပြီး လက်ခံ သင့်မသင့် အပြင်းအထန် ဆွေးနွေး အငြင်းပွားပြီးနောက် ကိုယ်စားလှယ် အများစုက ထောက်ခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်အတွင်း မြန်မာ့ MiG-29 တိုက်လေယာဉ်တစ်စင်း ပျက်ကျ

ယနေ့ နံနက်(၁၀) နာရီ အချိန်တွင် MiG-29 လေယာဉ် တစ်စင်းမှာ တောင်တွင်းကြီးမြို့နယ် အတွင်း ပျက်ကျ သွားခဲ့ကြောင်းနှင့် ယင်းလေယာဉ်၏ လေယာဉ်မှူးမှာ အထိခိုက်မရှိ လွတ်မြောက်ခဲ့ကြောင်း မြန်မာ့တပ်မတော် လေတပ်မှ အရာရှိကြီး တစ်ဦးက အတည်ပြုပြောကြားခဲ့သည်။

“လေယာဉ်ပျက်ကျတယ်ဆိုတာ ဟုတ်ပါတယ်။ လေယာဉ်မှူးကတော့ အထိအခိုက် မရှိလွတ်မြောက်ခဲ့ပါတယ်။ ပျက်ကျတဲ့ နေရာကလည်း ယာခင်းဖြစ်နေတဲ့ အတွက် မြေပြင်ထိခိုက်မှု မရှိပါဘူး”ဟု လေတပ်မှ အရာရှိကြီး တစ်ဦးက Tomorrow ဂျာနယ်သို့ အတည်ပြု ပြောကြားခဲ့သည်။

သမ္မတကို ကြိုးကိုင်နေသူများ - သံဖနောင့်

ဒီမိုကရေစီ အစိုးရ သက်တမ်း လေးနှစ်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ သုံးဦးမြောက် အဖြစ် စွမ်းအင်ဝန်ကြီး ဦးဇေယျာအောင်ကို ခန့်အပ်လိုက် ပြန်သည်။ ၀န်ကြီးသက်တမ်း အနုဆုံးတွင် ပါဝင်သော်လည်း အချိန်တိုအတွင်း ရထားပို့ဆောင်ရေး ၀န်ကြီးမှ စွမ်းအင် ၀န်ကြီးဌာနသို့ ပြောင်းရွှေ့ခွင့် ရခဲ့သူလည်းဖြစ်သည်။

ယာဉ်ထိန်းတစ်ထောင်နဲ့ အရူးတစ်ကောင် - မာဂျေ

ဒီမိုကရေစီခေတ်မှာ ရေစရာတွေက များမှများ။ ဒါပေမယ့် ကျွဲပါးဆောင်းတီးဆိုသလို ရေးသာရေး ရတယ် ဘယ်သူကမှ အရေးတယူ လုပ်ပြီး ပြဿနာတွေ ဖြေရှင်းပေး တာမျိုးက ရှိမှမရှိတာ။ ဒီအစိုးရ နဲ့ အရင်စစ်အစိုးရ ကွာတာဒီတစ်ခုပဲ ရှိတယ်။ အရင်အစိုးရက အရေးကို မခံတာ။ ဒီအစိုးရ ရေးချင် သလောက်ရေး ဂရုကိုမစိုက်တာ။ ဒါပေသိ ရေးခွင့်ရတုန်း ရေးထားဖို့ မာဂျေတို့တာဝန် မဟုတ်ပေ လားဗျာ။ ဒီဘ၀မှာ မသေခင် ဘာပုဂ္ဂလိက စာစောင်မှ မထုတ်ရဆိုတဲ့ခေတ် ပြန်မရောက်လာပေဘူးလို့ မပြောနိုင်ဘူးဗျ။ လောကကြီးမှာ ဘာမှမမြဲဘူး။ အမြဲတမ်း ပြောင်းလဲနေတာ။ မြန်မာနိုင်ငံက အဲဒီ အထဲမှာမှ အပြောင်းအလဲ အများဆုံး။

ပီမှ အာ ကြစေချင်သည် - ဇာဂနာ

တကယ်တော့ သည်ဇာတ်လမ်း၏ အစမှာ ၂၀၁၂ ဖေဖော်ဝါရီလ ၁၅ရက်နေ့ဖြစ်သည်။ အမေရိကားသို့ ကျွန်တော် ခေတ္တ ရောက်နေချိန်မှာ ဆန်ဖရန် စစ်စကိုမြို့ အနီးရှိ စတန်းဖို့ဒ် တက္ကသိုလ်သို့ လည်ခွင့်ကြုံခဲ့သည်။ ကျွန်တော် ထောင်ထဲမှာ ရှိနေစဉ်က လယ်ရီဒိုင်းမွန်း ရေးသားသည့် ဒီမိုကရေစီ စိတ်ထားဆိုသော စာအုပ်ကို ဖတ်ဖူးသည်။ နှစ်ခြိုက်ဖူး၏။ သည်အကြောင်းကို အမေရိကန်နိုင်ငံ ၀ါရှင်တန်မှာ ရှိနေစဉ် NEDမှာ ပြုလုပ်သည့် ဟောပြောပွဲ၌ ထည့်ပြောမိလိုက်သည်။ ဖြစ်ချင်တော့ ပရော်ဖက်ဆာ လယ်ရီဒိုင်းမွန်းက NEDမှ သုံးလတစ်ကြိမ် ထုတ်ဝေနေသည့် ဒီမိုကရေစီ ဂျာနယ်၏ ခေါင်းကိုင် ဖခင်ဖြစ်နေလေသည်။ သည်မှာတင် ဆရာ လယ်ရီဒိုင်းမွန်းနှင့် ဆုံတွေ့ဖို့ အကြောင်း ဖန်လာတော့၏။

Pages