June 2014

ဗုဒ္ဓစာပေများ လေ့လာခွင့်မရတော့၍ မန္တလေးမှ သီလရှင်တစ်ပါး ကြိုးဆွဲချသတ်သေ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည် မြို့နယ်အတွင်း သီတင်းသုံးသူ အသက်(၂၁)နှစ်အရွယ်ရှိ သီလရှင် တစ်ပါးမှာ ကိုယ်ရုံ သင်္ကန်းအား အသုံးပြု၍ ကြိုးဆွဲချသတ်သေခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကုန်းမှာတင်မောင် ရေမှာ တင်မြင့်ဆိုတဲ့ စာချိုးနဲ့ လယ်သမားများရဲ့ နာကျည်းသံများ

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာ/သိပိတ်ကျင်း/စဥ့်ကူး ဒေသမှာ လတ်တလော လယ်သမာများနှင့် ပဋိပက္ခ အများဆုံး ထွန်တုံးတိုက်ပွဲများ ဖြစ်ပွားနေပြီး လယ်သမားများအကြား စာချိုးတစ်ခုက “ကုန်းမှာတင်မောင် ရေမှာတင်မြင့်”တဲ့ လယ်သမားများ အဆိုအရ စစ်တပ်နဲ့ပေါင်းပြီး ခရိုနီတင်မြင့်က လယ်သိမ်းပြီး ငါးကန်လုပ်တယ်။ ဂရိတ်ဝေါ ခရိုနီတင်မောင်က မြေသိမ်းပြီး ကြံစိုက်တယ်။ စစ်တပ်က အာဏာနဲ့ လျော်ကြေးတစ်ပြားမှ မပေးဘဲ ရှေ့ကနေ လယ်တွေမြေတွေ သိမ်းတယ်၊ ပြီးတော့ ခရိုနီတွေကို လက်တွဲပြီး အကျိုးတူ အမြတ်ထုတ်ကြတယ်။

သုံးနှစ်ကြာသည်အထိ နေရပ်ပြန်ခွင့် မရကြသေးသော စစ်ပြေးရှောင် ဒုက္ခသည်များ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အပေါ်တွင်သံသယများစွာဖြင့် ယုံကြည်မှု ကင်းမဲ့လာပြီဟုဆို

ယခုအစိုးရသစ် လက်ထက်အတွင်း မြန်မာတပ်မတော်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သဖြင့် စစ်ဘေးရှောင်ခဲ့ရသည့် ဒုက္ခသည်များမှာ  စွန့်ခွာခဲ့သော နေရပ်သို့ ပြန်လိုသော်လည်း လက်ရှိဖြစ်ပွားနေသော စစ်ပွဲများနှင့် တိုက်ပွဲကာလများအတွင်း နှစ်ဘက် ထောင်ထားသော မြေမြုပ်မိုင်းများကြောင့် နေရပ်မပြန်နိုင် ဖြစ်နေကြရကြောင်း နှင့် ယင်းအခြေအနေ များကြောင့် အစိုးရနှင့် လက်နက်ကိုင် အဖွဲ့များအကြား ငြိမ်းချမ်းရေး ဆွေးနွေးနေသည့် အပေါ်တွင် သံသယ စိတ်များစွာဖြင့် ယုံကြည်မှု မရှိနိုင်ကြတော့ကြောင်းလည်း သိရသည်။

ရန်ကုန်လေဆိပ်တွင် ခရီးသည်များ၏ ပစ္စည်းများ အတင့်ရဲစွာ ခိုးယူခံနေရ

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ခရီးသည်၏ ပစ္စည်းများအား အတင့်ရဲစွာပင် ခိုးယူနေမှု ရှိနေကြောင်းနှင့် စောင့်ကြည့် စစ်ဆေးရန် အတွက်လည်း စီစီတီဗီများ တပ်ဆင်ထားခြင်း မရှိကြောင်း သိရသည်။

တပ်ကုန်းပြဿနာအပြီး NLDပါတီဝင်များ အောက်တန်းကျသည့် နိုင်ငံရေး မလုပ်ရန် ဒေါ်အောင်ဆန်းစုကြည်တားမြစ်

တပ်ကုန်းပြဿနာ အပြီးတွင် NLD ပါတီဝင်များ၏ အပြုမူ တစ်ချို့ကြောင့် NLD ပါတီဝင်များ အနေဖြင့် အောက်တန်းကျသည့် နိုင်ငံရေး မလုပ်ရန် ဒေါ်အောင်ဆန်းစုကြည် တားမြစ်လိုက်ကြောင်း သိရသည်။

အဆိုပါ ပြောကြားချက်အား   အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ  ပြုလုပ်ခဲ့သည့် ဗဟိုအစည်းအဝေး ပထမနေ့တွင် ပြောကြားခဲ့ခြင်းဖြစ်ကာ အစည်းဝေးအား သုံးရက်တိုင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

မန္တလေး နည်းပညာ တက္ကသိုလ်တွင် ကျောင်းအ၀င်ထွက် ယာဉ်ဝင်ကြေး ကောက်ခံနေမှုအပေါ် ကျောင်းသား အများစု မကျေနပ်

မန္တလေး၊ အိုးဘိုရပ်ရှိ နည်းပညာ တက္ကသိုလ်တွင် ကားနှင့် မော်တော်ဆိုင်ကယ်ဝင်ကြေးများ ကောက်ခံ နေမှုများအား ကျောင်းသား ကျောင်းသူများက မကျေမနပ် ဖြစ်လျက်ရှိကြောင်း သိရသည်။

“ငွေကောက်ခံနှုန်းတွေက ကားတစ်စီးကို၊ ကျပ်၂၀၀နဲ့ မော်တော်ဆိုင်ကယ် တစ်စီးကို ကျပ်၁၀၀ ကောက်နေပါတယ်၊ ဘယ်သူက ဘယ်လိုနေရာမှာ သုံးမယ့် ရန်ပုံငွေ အတွက် ကောက်ခံနေမှန်းလည်း မသိရပါဘူး” နည်းပညာ တက္ကသိုလ်မှ ကျောင်းသားတစ်ဦးက ပြောခဲ့သည်။

ကချင်စစ်ဘေး ဒုက္ခသည် သုံးဦးအား မြစ်ကြီးနားခရိုင် တရားရုံးမှ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်

ရွှေစက်နှစ်ခြင်း အသင်းတော် ကချင်စစ်ဘေး ဒုက္ခသည် စခန်းတွင် နေထိုင်သည့် စစ်ဘေးရှောင် ဒုက္ခသည်များ ဖြစ်ကြသော ဦးလဖိုင်ဂမ်၊ ဦးဘရန်ရုန်း၊ မောင်လရိန်တို့အား မတရားအသင်း ဆက်သွယ်မှု၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများ အက်ဥပဒေ ပုဒ်မ (၃)နှင့်(၄)တို့ဖြင့် ကချင်ပြည်နယ် မြစ်ကြီးနား ခရိုင်တရားရုံးမှ နှစ်ရှည်ထောင်ဒဏ်များ အသီးသီး ချမှတ်လိုက်ကြောင်း ယင်းအမှုတွင် လိုက်လံ ကူညီဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးမာခါးမှ Tomorrowဂျာနယ်သို့ ပြောကြားသည်။

မင်းဘူးမြို့နယ် သံဃမဟာနာယကအဖွဲ့ တားမြစ်သော်လည်း ဒယ်အိုး ဆရာတော် ဥူးသုမင်္ဂလ တရားပွဲ ဆက်လက်ကျင်းပခဲ့

မင်းဘူးမြို့နယ်တွင် ကျင်းပမည့် ဆရာတော် ဥူးသုမင်္ဂလ တရားပွဲအား နယ်လှည့် ဓမ္မကထိက ဆရာတော်၏ အင်္ဂါရပ်များဖြင့် မညီညွတ်ဟုဆိုကာ မင်းဘူးမြို့နယ် သံဃမဟာနာယက အဖွဲ့မှ တားမြစ်ခဲ့ကြောင်း မြို့နယ် သသာနာရေး ဦးစီးအရာရှိ ဦးကျော်ဆွေက Tomorrowသို့ ပြောသည်။

အာဇာနည်ကုန်း ဗုံးပေါက်ကွဲမှုတွင် တောင်ကိုရီးယားများနှင့်အတူ ကျဆုံးခဲ့သည့် မြန်မာ သတင်းသမား ၃ဦး မှတ်တမ်း အတင်မခံရ

မြောက်ကိုရီးယား နိုင်ငံမှ အာဇာနည် ဗိမာန်ဗုံးခွဲ လုပ်ကြံမှုကြောင့် သေဆုံးခဲ့ရသူများတွင် တောင်ကိုရီယား အစိုးရ အဖွဲ့ဝင် ၁၇ဦး နှင့်အတူ မြန်မာဘက်မှ သတင်းသမား ၃ဦးပါ သေဆုံးခဲ့ရကြောင်းနှင့် တောင်ကိုရီးယား အစိုးရမှ သေဆုံးခဲ့ရသော ယင်းလူမျိုးများ အတွက် အောက်မေ့ဖွယ် ကျောက်တိုင် လာရောက် စိုက်ထူခဲ့သော်လည်း တစ်ချိန်တည်းတွင် သေဆုံးခဲ့ရသည့် မြန်မာ သတင်းသမား သုံးဦးမှာမူ ယင်းတို့ကဲ့သို့ ထည့်သွင်း မှတ်တမ်းတင် ခံရခြင်း မရှိခဲ့ကြောင်း သိရသည်။

အခြေခံ ဥပဒေ ပြင်ဆင်ရေး လှုပ်ရှားသူများကို ခံစားချက် ပုံဖော်နေသူများဟု ဥပဒေပညာရှင်ဝေဖန်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး အတွက် လှုပ်ရှားနေသူများ အနေဖြင့် မိမိတို့၏ ခံစားချက်ဖြင့် ပုံဖော်နေသူများ ဖြစ်သည်ဟု ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ပညာရှင် စလိုင်းငွန် ကျုံးလျန် (အင်ဒရူ)က ပြောသည်။

အမေရိကန်နိုင်ငံသား ခံယူထားသည့် စလိုင်းငွန်ကျုံးလျန် (အင်ဒရူ)က “အခုက ခံစားချက်နဲ့ ပုံဖော် နေတာ အခြေခံ ဥပဒေက ခံစားချက်နဲ့ ပုံဖော်လို့ မရဘူး၊ အမေရိကန်လို ဒီမိုကရေစီ ခိုင်မာပြီးသား နိုင်ငံမှတောင် အခြေခံ ဥပဒေပြင်ဖို့ဆိုရင် Timeရှိတယ်၊ ၅နှစ်မှ ပြင်မယ် ၇နှစ်မှပြင်မယ် ဆိုတာမျိုး လုပ်တာ ဒီမှာက မနက်ဖြန်လာပြင် မပြင်ရင် ဒီမိုကရေစီ မရှိတော့ဘူး ဖြစ်နေတယ်”ဟုဆိုသည်။

Pages