June 2014

ဒေသတွင်း တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေရခြင်းမှာ အစိုးရမှ ထိုးစစ်ဆင်နေခြင်းများကြောင့်ဟုဆို

အစိုးရတပ်များနှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် လှုပ်ရှားရာ ဒေသများအကြားတွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွား နေရခြင်းမှာ အစိုးရဘက်မှ ထိုးစစ် ဆင်နေခြင်းများကြောင့်  ဖြစ်ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ သိရသည်။

လက်နက်မှုအား အာမခံဖြင့် လွတ်ပေးခဲ့သော တရားသူကြီးနေရာ အစားဝင်လာသည့် တရားသူကြီး အသစ်မှ အာမခံရုတ်ပေးမှုရှိမရှိ မဘသ (မန္တလေး) စောင့်ကြည့်နေဟုဆို

မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာစံ မြို့နယ်တွင်  ဖြစ်ပွားခဲ့သည့် လက်နက်မှုအား အာမခံဖြင့် လွတ်ပေးခဲ့သော တရားသူကြီးမှာ တာဝန်မှ ရပ်စဲခြင်း ခံခဲ့ရပြီး ယင်းတရားသူကြီး ဦးမြင့်လွင်၏ နေရာအား  အစားဝင်ရောက်လာသော တရားသူကြီးမှာ အာမခံဖြင့် လွှတ်ထားသော ကုလား ခြောက်ဦးအား ယခုပတ်အတွင်း အာမခံရုတ်သိမ်းခြင်း မပြုပါက မဘသ (မန္တလေး)မှ ထပ်မံ တိုင်ကြားသွားမည်ဟု ပြောကြားခဲ့သည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးတွင် ကလေးဆန်သော ပြဿနာများ ထားခဲ့ဖို့သင့်ပြီဟု ဝေဖန်

မြန်မာနိုင်ငံ အတွင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ကလေး ဆန်ဆန် ရေးဆွဲထားခြင်း ဖြစ်နေ၍ ပြုပြင်ဖို့ အချိန်ရောက်သင့်နေပြီဖြစ်ကာ တစ်ဖက်နှင့် တစ်ဖက် ဘယ်သူက ကလေးပိုဆန်ကြောင်း နှိုင်းယှဉ်ရမည့် အချိန် မဟုတ်တော့ပါဘူးဟု အောင်ပန်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ကိုမင်းလွင်ဦးက ပြောသည်။

ဧရာဝဏ်၊ ရတနာ တန်ဖိုးနည်းအိမ်ယာ စီမံကိန်းမှ လုပ်ငန်းရှင်များ ငွေထုတ်မရဖြစ်နေဟုဆို

ဒဂုံဆိပ်ကမ်းမြို့နယ် ဧရာဝဏ် နှင့် ရတနာ လမ်းမကြီးပေါ်တွင် ဆောက်လုပ်နေသော တန်ဖိုးနည်း အိမ်ယာ အဆောက်အဦး ဆောက်လုပ်နေသည့် လုပ်ငန်းရှင်(၂၂)ဦးအား ဆောက်လုပ်ရေး ၀န်ကြီးဌာနက အဆင့်အလိုက် ပြန်လည်ထုတ်ပေးရမည် ဖြစ်သော်လည်း ဖောင်ဒေးရှင်း ပြီးစီး၍ ငွေတောင်းခံခြင်း တစ်လကျော်ကြာသည် အထိ ငွေများပြန်လည် ထုတ်ပေးခြင်း မရှိသေးသောကြောင့် လုပ်ငန်းရှင်များ ငွေကြေး အကြပ်အတည်း ဖြစ်ပေါ် နေရကြောင်း စုံစမ်းသိရသည်။

တရုတ်ရဲမေများကို ရန်ကုန် စားသောက်ဆိုင်အချို့တွင် စားပွဲထိုး အသွင်ဖြင့်တွေ့နေရ

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်မှ ရဲတပ်ဖွဲ့ဝင် အမျိုးသမီး ရဲမေအချို့ကို ရန်ကုန်ရှိ စားသောက်ဆိုင်ကြီးများ၌ ညပိုင်းတွင် စားပွဲထိုးများ အသွင်ဖြင့် သုံးယောက်တစ်တွဲ တာဝန် ထမ်းဆောင်နေသည်ကို မြင်တွေ့နေရကြောင်း သိရသည်။

အဆိုပါ တရုတ်ရဲမေများသည် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ နိုင်ငံခြား ဘာသာ တက္ကသိုလ်တွင် မြန်မာ ဘာသာနှင့် စကားလာရောက် သင်ကြားနေသည့် သူများ ဖြစ်ကြောင်း လက်ရှိတွင် တရုတ် ရဲမေ ၂၉ ဦးသည် နိုင်ငံခြားဘာသာ တက္ကသိုလ်တွင် မြန်မာဘာသာ သင်ကြားလျက်ရှိကြောင်းလည်း သိရသည်။

လန်ဒန်စီးကရက် ကုမ္မဏီနှင့် တာဝန်ရှိသူများပေါင်းပြီး မသမာမှုများ ပြုလုပ်နေသလား

လန်ဒန် စီးကရက် ထုတ်လုပ်သည့် BATMကုမ္ပဏီမှ ပြည်ပသို့ တင်ပို့ရမည့် စီးကရက်များအား ပြည်တွင်းတွင်သာ ရောင်းချ လျက်ရှိနေကြောင်း စုံစမ်းသိရသည်။

အဆိုပါ ကုမ္မဏီ အနေဖြင့် ပြည်ပသို့ တင်ပို့ရမည့် စီးကရက်များအား ပြည်တွင်း၌သာ ရောင်းချနေခြင်း ဖြစ်သလို အဆိုပါ စီးကရက်များအား ပြည်ပသို့ တင်ပို့ရန် အတွက် စီးပွား/ကူးသန်း ၀န်ကြီး ဌာနတွင် ၂၀၁၃-၂၀၁၄ နှစ်ကုန်သည့် အချိန်အထိ လိုင်စင်လျောက်ထားခြင်း လုံးဝမရှိကြောင်း စုံစမ်းသိရသည်။

Ooredooက ဆရာတော် ဦးပါမောက္ခ အပါအ၀င် မည်သူ့ကိုမှ တရားစွဲမည်မဟုတ်

ယနေ့ အင်တာနက် စာမျက်နှာများတွင် ပြန့်နှံ့နေသော Ooredoo ဆင်းကတ်ဒ်များ မသုံးစွဲရန် ဟောပြောနေသော ဆရာတော် ဦးပါမောက္ခအား Ooredooမှ တရားစွဲမည်ဆိုသော သတင်းမှာ လုံးဝ မဟုတ်မှန်ကြောင်း တရားစွဲရန် အပါအ၀င် အခြားမည်သည့် အစီအစဉ်မှ မရှိကြောင်း Ooredooမှ ဒါရိုက်တာ တစ်ဦးက Tomorrowသို့ ဆက်သွယ်သတင်း ပေးပို့လာပါသည်။

ကားပိုင်ရှင်တွေကို နှိပ်စက်နေတဲ့ ကားဆွဲကရိန်းအဖွဲ့ ဖမ်းဆီးမှုများတွင် မသမာမှုများတွေ့နေရဟုဆို

ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နမိတ်အတွင်း မရပ်ရ နေရာများတွင် ရပ်သောကားများအား ရန်ကုန်မြို့တော် စည်ပင် ဦးဆောင်သော ပူးပေါင်းအဖွဲ့က ကရိန်းကားဖြင့် ဆွဲယူ ဖမ်းဆီးမှုများ တစ်နေ့တခြား များပြားလာသလို ယင်းဖမ်းဆီးမှုများတွင် စည်ပင်သို့ ဆောင်ရသော ဒဏ်ကြေးများထက် ကရိန်းကားခများက ပိုများနေသလို ဖမ်းဆီးမှုများတွင်လည်း ဘက်လိုက်မှုများနှင့် မသမာမှုများစွာ ရှိနေသည်ဟုလည်း စုံစမ်းသိရသည်။

အဆိုပါ စည်းကမ်းမဲ့ယာဉ် ဖမ်းဆီးမှုများမှာ အမှန်တကယ် စည်းကမ်း လိုက်နာစေလို၍လော၊ သို့မဟုတ် ထိုကရိန်းအဖွဲ့ အတွက် ငွေများများ ရစေရန် ရှာပေးနေခြင်းလော ဆိုသည်ကိုလည်း ယာဉ်ပိုင်ရှင်များမှ မေးခွန်းထုတ်ဖွယ် ဖြစ်နေကြောင်း သိရသည်။

တက္ကဆက်မော်ဒယ် ဂျယ်ရီဟောက မစ်ဂျက်ကာနှင့် ပတ်သက်သည့် လျှို့ဝှက်ချက်များကို ဖော်ထုတ်

ကမ္ဘာပေါ်တွင် နာမည် အကြီးဆုံး ရော့ခ်အဆိုတော် ဖြစ်သည့် Rollind Stone အဖွဲ့မှ မစ်ဂျက်ကာသည် တက္ကဆက် စူပါမော်ဒယ် တစ်ဦးဖြစ်သည့် ဂျယ်ရီဟောနှင့် ဟိုတယ်တစ်ခုတွင် အချိန်ဖြုန်းခဲ့ကြောင်း The Sun သတင်းစာမှ ဖော်ပြခဲ့သည်။

တောင်တရုတ် ပင်လယ်ထဲမှ တရုတ်လုပ် ဘေးဒုက္ခကြီး

အင်ဒို-ပစိဖိတ် ဒေသထဲမှ ပုံမှန်တည်ငြိမ်မှုကို ထိန်းသိမ်းထားရန် သူ့အစိုးရအဖွဲ့၏ ထပ်တလဲလဲ လုပ်ဆောင်မှုများနှင့် ၀ါရှင်တန်၏ ဒေသတွင်း မဟာဗျူဟာ လေးနက်စေရန် အာရှအရှေ့ဖျား ဒေသသို့ အမေရိကန် သမ္မတ အိုဘားမား၏ နောက်ဆုံးခရီးစဉ်ပြီး၍ မကြာခင်မှာပင် ဘေဂျင်း အစိုးရမှ  အမျိုးသား ကမ်းလွန်ရေနံ ကော်ပိုရေးရှင်း(CNOOC)၏ နိုင်ငံပိုင် ရေနံတူးစင်ကို ဗီယက်နမ်နိုင်ငံ၏ မိုင် (၂၀၀)ပတ်လည် စီးပွားရေးဇုန် အတွင်းသို့ ပို့လွှတ် တည်ဆောက်ခဲ့သည်။

Pages