July 2014

မီဒီယာ နှင့် သ၀ဏ်လွှာများကို လေ့လာဆန်းစစ်ခြင်း - ဇော်သက်ထွေး

အခုရက်ပိုင်းအတွင်းမှာ အစိုးရအဖွဲ့နဲ့ သတင်းမီဒီယာတွေကြားမှာ တင်းမာတဲ့ ဆက်ဆံရေး အခြေအနေ တစ်ရပ် ဖြစ်ပေါ်နေပါတယ်။ ဒီလိုဖြစ်လာတဲ့ အကြောင်းရင်းတွေကတော့ များပြား လှပါတယ်။ ၂၀၁၃ ခုနှစ် အတွင်းမှာ စာပေစိစစ်ရေးနဲ့ မှတ်ပုံတင် ဌာနကို ဖျက်သိမ်းပေးခဲ့တဲ့ အစိုးရဟာ သတင်း မီဒီယာသမား ၆ယောက်ကို ထောင်ထဲပို့ပစ်ခဲ့ပါတယ်။ ဒါနဲ့တင် အားမရသေးပဲ သတင်းသမား ၄ယောက်ကို အရေးပေါ် စီမံချက် အက် ဥပဒေနဲ့ အမှုဖွင့်ထားပြီး သတင်းသမား ၅၀ခန့်ကို ပုဒ်မ ၁၈နဲ့ တရားစွဲဆို ခဲ့ပါတယ်။ ဒီကြားထဲမှာ ပြည်ထဲရေး ၀န်ကြီးဌာနရဲ့ သတင်းတပ်ဖွဲ့က မီဒီယာတွေ၊ ဂျာနယ်တွေက အယ်ဒီတာတွေ ခေါ်ယူစစ်ဆေး မေးမြန်းမှုတွေ လုပ်နေပါတယ်။ ဒီအခြေအနေဟာ ဒီမိုကရေစီ စနစ်နဲ့ ချီတက်နေ

ရာဇ၀င်ထဲက အလင်းရောင် - အရှင်ဇ၀န (နိုင်ငံရေး အကျဉ်းသားဟောင်း)

စကြာဝဋ္ဌာအကြောင်း ရေးသားထားတဲ့ စာအုပ်တစ်အုပ် ဖတ်ဖူးတယ်။ သင်ယခုမြင်နေရတဲ့ ကြယ်တွေဟာ အခုရှိနေတဲ့ ကြယ်တွေမဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက ဖြစ်တည်ခဲ့တဲ့ ကြယ်တွေပါတဲ့။ အလင်းနှစ်များစွာကို ဖြတ်သန်းပြီးတော့မှ သင့်ထံရောက်လာတာပါ။ မျက်မြင်ကို ကြည့်ပြီး စင်္ကြာဝဋ္ဌာပြင်မှာ အခုတည်နေတဲ့ ကြယ်လို့သင်ထင်နေတာပါဆိုတဲ့ စကားက ဒီစာပန်းချီကားကို ရေးဖို့အကြောင်းရင်းပါပဲ။ ဟုတ်တယ် မိုးကောင်းကင်ကြီးမှာ ကြယ် များစွာဟာ ဖြစ်တည်နေတယ်။ ဒါဟာ ပစ္စုပ္ပန်ကာလ မဟုတ်တော့တာ သေချာတယ်။ အကျွန်ုပ်တို့ ယနေ့မြင်နေရတဲ့ ကောင်းကင်ပြင်ကြီးဟာ အတိတ်ရုပ်ပုံ ကားချပ်ကြီးပါပဲ။ နှစ်သန်းပေါင်းများစွာ ကြာအောင် ချီတက်ခဲ့ရတဲ့ သူရဲ့ဇွဲ ပင်ကိုယ်က မ

(သမီးတော် ရာဇ၀င် - ၅) ဧည့်ခန်းထဲက အပုံကြီး၊ ဘယ်သူပါတာလဲဟေ့ - လက်စောင်းထက်

စစ်အာဏာရှင် သာဂိကြီးရဲ့ ပုဂံညောင်ဦး ခရီးစဉ်မှာ အဲဒီ့အချိန်က နိုင်ငံခြားရေး ၀န်ကြီးဖြစ်သူက ထိုင်ကန်တော့ခဲ့ဖူးပါတယ်။ ညဘက် နိုင်ငံတော် ဧည့်ရိပ်သာမှာ သာဂိကြီးက အတူပါလာတဲ့ ၀န်ကြီးတွေနဲ့ထိုင်ပြီး စကားစမည် ပြောနေချိန်မှာပေါ့။ အဲဒီ့နိုင်ငံခြားရေး ၀န်ကြီးက ဆက်တီပေါ်ကနေ ကြမ်းပေါ်ကိုဆင်းပြီး သာဂိကြီးကို လက်အုပ်ချီလိုက်တယ်။ ပါးစပ်ကလည်း ကျွန်တော် သံအမတ်ကြီး အဖြစ်နဲ့ နိုင်ငံပေါင်းများစွာမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး နိုင်ငံ့ခေါင်းဆောင်တွေ အများကြီးနဲ့ ထိတွေ့ ဆက်ဆံဖူးပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီးလို ဉာဏ်ပညာကြီးမားတဲ့၊ ထက်မြက်တဲ့၊ အမြော်အမြင်ရှိတဲ့ တိုင်းပြည်အတွက် နေ့မအိပ် ညမအိပ် ကြိုးပမ်းဆောင်ရွက်တဲ့ ခေ

အေးရှားဝေါဆိပ်ကမ်းတွင် ပိုင်ရှင်မဲ့ ကုန်သေတ္တာနှစ်လုံး ဖွင့်ဖောက်ရာ ကား၇စီး တွေ့ရှိ

အေးရှားဝေါ ဆိပ်ကမ်းတွင် ရက်ပေါင်း ၆၀၀ နီးပါး ကြာမြင့်နေသော ပိုင်ရှင်မဲ့ ကွန်တိန်နာ နှစ်လုံးအား မိုဘိုင်းတင်း အဖွဲ့မှ ဇူလိုင် ၂၄ရက်နေ့တွင် ဖွင့်ပေါက် စစ်ဆေးရာ အထဲတွင် ကား(၇)စီး  ရှိနေကြောင်း သိရသည်။

သီလ၀ါ အထူးစီးပွားရေးဇုန် မြေသိမ်းယူရာတွင် ဥပဒေကို မလိုက်နာခဲ့ဟုဆို

သီလ၀ါ အထူးစီးပွားရေးဇုန် မြေသိမ်းယူမှုမှာ မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားသော ဥပဒေနှင့်အညီ သိမ်းယူခဲ့ခြင်း မဟုတ်ဟု အထက်တန်းရှေ့နေ တစ်ဦးဖြစ်သူ ဦးမြင့်သွင်က ထောက်ပြ ပြောဆိုခဲ့သည်။

“သီလ၀ါ အထူးစီပွားရေးဇုန် အတွင်းမှာ ၁၉၈၄ခု မြေသိမ်း ဥပဒေအရ မြေတွေကို သိမ်းယူခဲ့တာ မဟုတ်ဘူးဆိုတာကို ကျွန်တော်တို့ တွေ့ရတယ်။ မြေတွေကို ၁၉၉၇မှာ သိမ်းယူခဲ့တာဆိုပေမယ့် လယ်သမားတွေ ၂၀၁၂အထိ မြေခွန်ဆောင်နေတုန်းပဲ။ အဲဒီတော့ အစိုးရဘက်မှ ၂၀၁၂ လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေကို လိုက်နာမှု မရှိခဲ့ဘူး”ဟု ၄င်းကဆိုသည်။

ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦးထံမှ လက်နက်နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးမိ

မန္တလေးတိုင်း ဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ နန်းမြို့တော် တည်းခိုခန်း အခန်းတွင်  တည်းခိုနေသော စစ်ကိုင်းတိုင်း ဒေသကြီး (ကျွန်းတောရေရှင် အုပ်စု၊ အုပ်ချုပ်ရေးမှူး)ထံမှ လက်နက်နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပရလောကသားများ၏ အကူအညီဖြင့် ဆယ်ယူတော့မည့် ဓမ္မစေတီ ခေါင်းလောင်းတော်ကြီး

နှစ်ပေါင်းများစွာ ကတည်းက ရေအောက်တွင် နစ်မြုပ်နေခဲ့သော ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးအား လာမည့် မြန်မာသက္ကရာဇ် ၁၃၇၆ခုနှစ် ၀ါဆိုလဆန်း ၁၄ ရက်( သြဂုတ်လ ၈ရက်)တွင် ရေထဲမှ ကုန်းပေါ်သို့ နှစ်ပတ်အတွင်း ဆယ်ယူသွားမည် ဖြစ်ကြောင်း ခေါင်းလောင်းတော်ကြီးအား ဦးဆောင်ဆယ်ယူမည့်သူ ဦးစံလင်း(ကော့သောင်း)၏ ပြောကြားချက်အရ သိရသည်။

ယင်းနှင့်ပတ်သတ်သည့် သတင်းစာ ရှင်းလင်းပွဲအား ဇူလိုင်လ၂၅ရက်က ရန်ကုန်မြို့ Orchid Hotelတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ပရလောကသား အကူညီများဖြင့် ဆယ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

အရက်တုများကို စီမံချက်ဖြင့် ဖမ်းဆီးရန်လို

မြန်မာနိုင်ငံတွင် အသည်းရောဂါဖြင့် သေဆုံးသူ လူငယ်အရေအတွက် မြင့်တက်လာခြင်း၊ လူငယ်များ အရက်သောက်သုံးမှု များပြားလာခြင်းမှာ ဈေးသက်သာစွာဖြင့် ရောင်းချနေသော အရက်တုများကြောင့်လည်း ဖြစ်သည်ဟု ပြည်တွင်း အရက်ကုမ္ပဏီ တစ်ခုမှ ဒါရိုက်တာတစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံ၌ အသတ်ခံခဲ့ရသော မြန်မာနိုင်ငံသားကို မြန်မာသံရုံးအကူအညီဖြင့် သင်္ဂြိုလ်ခွင့်ရ

ဘန်ကောက်တွင် ပြီးခဲ့သော ဇွန်လ ၂၂ရက်နေ့က ပျောက်ဆုံးနေပြီး နှစ်ပတ်အကြာတွင်မှ ရုပ်ပျက်ဆင်းပျက်ဖြင့် ပြန်လည်တွေ့ရှိခဲ့ရသော မြန်မာနိုင်ငံသား အမျိုးသား၏ ရုပ်အလောင်းကို မြန်မာသံရုံး တာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ (MAT) တို့မှ ပူးပေါင်းပြီး သက်ဆိုင်ရာထံမှ တောင်းယူကာ ထုံးတမ်းစဉ်လာနှင့်အညီ ကောင်းမွန်စွာ သင်္ဂြိုလ်ခွင့် ရရှိခဲ့ကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံသို့ မှားယွင်းပို့ဆောင်မိသည့် ကွန်တိန်နာ၇၂လုံးကို ပြန်သယ်ခွင့်လျှောက်

၂၀၁၄ ခုနှစ် ဇူလိုင်လ ၆ရက်နေ့တွင် ဆိုက်ကပ်ခဲ့သည့် MV.MALTE RAMBOW သင်္ဘောဖြင့် ပေ ၄၀ ကွန်တိန်နာ ၇၂လုံးကို မြန်မာ့စက်မှုဆိပ်ကမ်းတွင် ချခဲ့သည်။

သို့သော်လည်း ဇူလိုင် ၁၄ရက်နေ့တွင် သင်္ဘောပိုင်ရှင်ဖြစ်သော MCC Transport Shipping Lineမှာ အဆိုပါ ကွန်တိန်နာများမှာ ဆိပ်ကမ်းမှားချမိခြင်း ဖြစ်ကြောင်း၊ အမှန်မှာ ရှန်ဟဲဆိပ်ကမ်းတွင် ချရမည့် ကုန်များဖြစ်သဖြင့် ဇူလိုင်၂၀ရက်နေ့တွင် ရန်ကုန်သို့ ဆိုက်ကပ်မည့် အဆိုပါ သင်္ဘောဖြင့်ပင် မလေးရှားနိုင်ငံသို့ ပြန်လည်တင်ပို့ပေးရန် အကြောင်းကြားလာခဲ့သည်။

Pages