July 2014

ကျောက်မဲမြို့မ ရဲစခန်းမှ ထွက်ပြေးသည့် တရားခံများအား ပစ်ခတ်ဖမ်းဆီးရာ သုံးဦးပွဲချင်းပြီး သေဆုံး

ရှမ်းပြည်နယ်၊ ကျောက်မဲ ခရိုင်ရှိ ကျောက်မဲမြို့မရဲစခန်းတွင် ကင်းတာဝန်ကျ ရဲတပ်ဖွဲ့ဝင်များအား တရားခံ ခုနစ်ဦး ရန်ပြုကာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး အချုပ်ခန်း အတွင်းမှ ရဲစခန်း အဆောက်အဦး ပြင်ပသို့ ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ တရားခံခုနစ်ဦး အနက် သုံးဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ကျောက်မဲ မြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီး သန်းဝင်းမှ ဇူလိုင်လ ၂၇ ရက်နေ့က Tomorrow သတင်းဂျာနယ်သို့ ပြောကြားခဲ့သည်။

မေတ္တာရှင် ရွှေပြည်သာ ဆရာတော် ဘ၀ဖြင့် ကျော်ကြားခဲ့သည့် ဦးစိုးမြင့် ဂျာမနီနိုင်ငံတွင် ဇနီးနှင့် အခြေချနေထိုင်မည်

မေတ္တာရှင် ရွှေပြည်သာ ဆရာတော်မှ လူဝတ်လဲ လိုက်သော ဆရာ ဦးစိုးမြင့် အနေဖြင့် အင်္ဂလိပ်စာများကို သင်ယူ၍ ပြည်ပနိုင်ငံများသို့ စာအုပ်ထုတ်ဝေဖြန့်ချီ သွားမည်ဖြစ်ကြောင်းနှင့် အိမ်ထောင်ဖက်နှင့်အတူ  ဂျာမနီ နိုင်ငံတွင် အခြေချ နေထိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

မေတ္တာရှင် ရွှေပြည်သာ ဆရာတော် လူဝတ်လဲပြီး ဦးစိုးမြင့် အမည်ဖြင့် ဂျာမနီ နိုင်ငံတွင် ယင်း၏ အိမ်သူနှင့်အတူ လေးငါးနှစ်ခန့် နေထိုင်ရန် ရည်ရွယ်ထားပြီး အင်္ဂလိပ်စာကို အဓိကထားသင်၍ စာအုပ်ထုတ်ရန် ရည်ရွယ်ထားပြီး ရရှိသည့် အကျိုးအမြတ်များကိုလည်း ယခင်က လုပ်ကိုင်ခဲ့သော ပရဟိတ လုပ်ငန်းများကို ဆက်လက် လှူဒါန်း အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

ငြိမ်းချမ်းရေး လက်နက်ကိုင် အဖွဲ့များမှ စက်မှုဇုန်မြေကွက်များအား အရပ်စာချုပ်ဖြင့် ၀ယ်ယူမှုရှိနေ

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စက်မှုဇုန် မြေကွက်များတွင် ငြိမ်းချမ်းရေး လက်နက်ကိုင် အဖွဲ့အစည်းများမှ အရပ်စာချုပ်ဖြင့် ၀ယ်ယူမှုများရှိနေကြောင်း ရွှေလင်ဗန်း စက်မှုဇုန် ဥက္ကဋ္ဌ ဦးအေးသောင်းက ပြောသည်။

ဦးအေးသောင်း၏ အဆိုအရ ငြိမ်းချမ်းရေး လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် လယ်သမားများထံမှ အရပ်စာချုပ်ဖြင့် ၀ယ်ယူပြီး ဆိုင်းဘုတ်ထောင်ခြင်း၊ ခြံခတ်ခြင်းများ ပြုလုပ်ပြီး စက်မှုဇုန် ဥက္ကဋ္ဌထံသို့ အဆိုပါ စာချုပ်များဖြင့် လာရောက်ပြီး ဂရန်ထုတ်ယူလိုကြောင်း ပြောကြားမှုများ ရှိနေသည်ဟုလည်း သိရသည်။

လေယာဉ်ဆီတွင် မှိုများပါဝင်သောကြောင့် ပြည်ပလေယာဉ်များ မြန်မာနိုင်ငံတွင် ဆီမဖြည့်တော့

မြန်မာနိုင်ငံမှ ရောင်းချသော လေယာဉ်ဆီများတွင် လေယာဉ် အင်ဂျင်၏ ပူသော အစိတ်အပိုင်းများ (Hot Section)ကို ပျက်စီးစေသည့် မှိုများပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိပြီသည့်နောက်  ပြည်ပ လေယာဉ်များသည် မြန်မာနိုင်ငံတွင် လေယာဉ်ဆီ ဖြည့်တင်းမှုကို ရပ်ဆိုင်းလိုက်ကြောင်း သတင်း ရရှိသည်။

မိုဘိုင်းအဖွဲ့ခေါင်းဆောင်ကို လူတစ်စုက ထိုးကြိတ်ထွက်ပြေး

တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး မိုဘိုင်းအဖွဲ့ (ညောင်ခါးရှည်)မှ အဖွဲ့ခေါင်းဆောင် စီးပွားကူးသန်း ၀န်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဦးခင်မောင်လှိုင်ကို ဇူလိုင် ၂၁ ရက်နေ့ ည ၁၂ နာရီက ပြောက်ကျားယူနီ ဖောင်းဝတ် လူတစ်စုက ထိုးကြိတ်ပြီး ကားဖြင့်မောင်းနှင်ထွက်ပြေး သွားကြောင်း သိရသည်။

မြန်မာနိုင်ငံ နောက်ကြောင်း ပြန်မလှည့်စေရန် ဥပဒေ ပြင်ဆင်သင့်ဟု မစ္စစ်ရန်ဟီးလီ သုံးသပ်

 မြန်မာနိုင်ငံ၏ လုပ်ဆောင်ချက်များသည် သတိဖြင့် သေချာစွာ မစစ်ဆေးနိုင်ပါက နောက်ကြောင်း ပြန်လှည့်သွားနိုင်ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စစ်ရန်ဟီးလီမှ ဇူလိုင်လ ၂၆ရက်နေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကျင်းပခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

၂၆ နှစ်ကြာပြီးနောက် ပြန်လည်ကြားရသည့် အာဇာနည်နေ့ ဥသြဆွဲသံ - ကျော်စွာမြင့် (၁၉၈၈-၁၉၉၂ ဗကသ)

မြန်မာ့သမိုင်းမှာ သာမက ကမ္ဘာ့သမိုင်းမှာပါ အသက် ၃၂ နှစ်အရွယ်သာ ရှိသေးတဲ့ တိုင်းပြည် ခေါင်းဆောင် တစ်ယောက် လုပ်ကြံ သတ်ဖြတ်ခံခဲ့ရတဲ့ ၁၉၄၇ခုနှစ်က ဖြစ်ရပ်ဆိုးကြီး တစ်ခုဟာ သမိုင်းတွင်လျက်ပါ။ ကမ္ဘာမှာ ထင်ရှားကျော်ကြားကြတဲ့ မဟတ္ထမ ဂန္ဒီတို့လို ခေါင်းဆောင်တွေနဲ့ ထပ်တူ မြန်မာနိုင်ငံမှ ဗိုလ်ချုပ် အောင်ဆန်းဟာလည်း ကိုယ့်အမျိုးသားချင်း လုပ်ကြံသတ်ဖြတ် ခံခဲ့ရသူ တစ်ဦးအဖြစ် နှစ်တွေ ဘယ်လောက်ပင် ကြာညောင်းခဲ့ပါစေ သမိုင်းဝင် အမှတ်တရ ဖြစ်ရပ်အဖြစ် ရှိနေဆဲပါ။

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ တစ်နေ့တည်းမှာ တစ်ပြိုင်နက်နီးပါး ဖြစ်သွားခဲ့တာတွေကို ရုပ်ရှင်ဖလင်ပြားများလို ဆက်စပ်ကြည့်လိုက်လျှင်... - ဇာဂနာ

နံနက် ၉နာရီ မိနစ်၂၀၌ Strand Hotel (ယခု ကမ်းနားဟိုတယ်)၏ အခန်းအမှတ် ၁၀၁တွင် ဗြိတိသျှ ကောင်စီက မစ္စတာ ဘင်ဂလေ တစ်ယောက် ကော်ဖီ သောက်နေသည်။ တကယ်တော့ ဗြိတိသျှ ကောင်စီဆိုတာ အင်္ဂလိပ် ထောက်လှမ်းရေး လက်အောက်ခံပင်။ ယနေ့ခေတ် ဂျိမ်းစ်ဘွန်းတို့လို ထောက်လှမ်းရေးတွေ၊ သူလျှိုတွေ ကောင်းကောင်း အလုပ်လုပ်နိုင်အောင် သတင်းစုဆောင်းဖို့၊ နောက်ကွယ်က ကြိုးကိုင်ဖို့ ဟန်ပြ ဖွဲ့ထားသည့် ကောင်စီဖြစ်၏။ မစ္စတာ ဘင်ဂလေကို နာမည်ပြောင် လန်ဘားဟုခေါ်သည်။ Tall Man ဆိုပါတော့။ သူနှင့်ဦးစောက အဆက်အသွယ်ရှိသည်။ သူတို့ နှစ်ယောက်ကြားက လျှို့ဝှက်စကားက ငှက်ပျောသီး ဖြစ်သည်။ အဆက်အသွယ် လုပ်လျှင် Green Tea (ရေနွေးကြမ်း)ဟု ဦးစွာပြောရသည်။ မစ္စတာ ဘင်ဂ

(သမီးတော် ရာဇ၀င် - ၄) မချေဖြစ်သော ယတြာနှင့် ညမအိပ်လိုက်ရသော တိုင်းမှူး - လက်စောင်းထက်

သမီးတော်တွေဟာ သူတို့ကလွဲရင် တခြားဘယ်သူမှ ပျော်နေတာကို မမြင်ချင်ကြဘူး။ ဒါကြောင့်လည်း ရောက်လေရာ နေရာတိုင်းက လူတွေကို ကြံကြံဖန်ဖန် ဒုက္ခပေးလေ့ရှိတယ်။ တပ်မှူးကတော်တွေကို အတွင်းခံဘောင်းဘီ လျှော်ခိုင်းတာ၊ စစ်ဦးစီးမှူး ပထမတန်း ဇနီးကို အိမ်သာဆေးခိုင်းတာက အစ သူတို့နဲ့ ပတ်သက်သမျှ လူတွေကို ဘယ်လိုစိတ်ဆင်းရဲအောင် လုပ်ရမလဲဆိုတာ ခေါင်းထဲက အမြဲထွက်နေသူတွေ ဖြစ်တယ်။

မီဒီယာကို အစိုးရ ဘယ်လို တုံ့ပြန်သင့်သလဲ - ဇော်သက်ထွေး

၂၀၁၄ခု နှစ်ဝက်ကတော့ အစိုးရအဖွဲ့နဲ့ မီဒီယာကြားက ဆက်ဆံရေးဟာ အပြန်အလှန် မယုံကြည်မှုတွေနဲ့ ခြောက်သွေ့ အေးစက်လျှက်ရှိပါတယ်။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ တက်လာကာစမှာတော့ မီဒီယာတွေကို လွတ်လပ်စွာ ရေးသားခွင့်ပေးသလို နှစ်ပေါင်းများစွာ ဆင်ဆာဖြတ်တောက်ခဲ့တဲ့ စာပေစိစစ်ရေး ဌာနကို ဖျက်သိမ်းပေးခဲ့တဲ့ အတွက် သမ္မတကြီးကို မီဒီယာသမားတွေက ကျေးဇူးတင်ရှိခဲ့ပါတယ်။

Pages