July 2014

LEDကြော်ငြာဘုတ်များတွင် တရားမ၀င် ကုန်ပစ္စည်းများကို တရားဝင် ကြော်ငြာနေ

လမ်းဆုံလမ်းခွများတွင် ယခုအခါ ခေတ်စားနေသည့် LED ကြော်ငြာဘုတ်များတွင် ကြော်ငြာခွင့် မရှိသော တရားမ၀င် ကုန်စည်များကိုပါ ရောနှော ကြော်ငြာနေကြောင်း သိရသည်။

အထူးသဖြင့် တာမွေအ၀ိုင်းထိပ် မီးပွိုင့်အနီး အသစ် ဖွင့်လှစ်လိုက်သော Ocean Super Marketတွင် ထောင်ထားသည့် LED ကြော်ငြာဘုတ်တွင် ပြည်တွင်းသို့ တင်သွင်းရောင်းချခွင့် မပြုသည့် ဘီယာချန်း ကြော်ငြာကို ဘောပွဲကြော်ငြာကြားတွင် ညှပ်ပြီး ရည်ရွယ်ချက်ရှိရှိဖြင့် ဖော်ပြ ကြော်ငြာနေသည်ကို တွေ့ရသည်။

မျိုးစောင့်ဥပဒေ အပိုင်း(က) ဥပဒေ မူကြမ်းထွက်ရှိ

မျိုးစောင့် ဥပဒေနှင့် ပတ်သက်သည့် အချက်အလက်များ အနက် အပိုင်း(က) ကိုးကွယ်သည့် ဘာသာ ပြောင်းလဲခြင်းဆိုင်ရာ ဥပဒေ မူကြမ်းကို ဇွန် ၂၇ ရက်နေ့တွင် အတည်ပြု ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။

မျိုးစောင့် ဥပဒေ အပိုင်း(က) ကိုးကွယ်သည့် ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းပါ အချက်များမှာ ကိုးကွယ်သည့်ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လူဦးရေ တိုးပွားမှုနှုန်း ထိန်းညှိ ခြင်းဆိုင်ရာဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ တစ်လင်တစ်မယား စနစ် ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေ စသည့် အပိုင်း(က) ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ မူကြမ်းကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

မင်းကိုနိုင်တို့၏ မင်းဘူးမြို့နယ်က ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲ အဟန့်အတားများကြုံတွေ့

မင်းကိုနိုင်တို့ ဟောပြောမည့် မင်းဘူးမြို့နယ် မှ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲအား သက်ဆိုင်ရာ ဒေသ အာဏာပိုင်တို့၏ ဟန့်တားခြင်းများ ကြုံတွေ့နေရကြောင်း သိရသည်။

ယင်းဟောပြောပွဲ အခမ်းအနားအတွက် ခရိုင်ပြည်သူ့ အားကစားကွင်းကို ဦးစားပေး တောင်းခံခဲ့ သော်လည်း ခွင့်မပြုခဲ့ခြင်းများကြောင့် မင်းဘူး နာရေး ကူညီမှုအသင်း မြေနေရာကို တောင်းခံ ခဲ့ရာတွင်လည်း ထပ်မံ ခွင့်မပြုခဲ့ခြင်းများကြောင့် မင်းဘူးမြို့မ ဈေးဟောင်းကြီးအနီး မြစ်အရှေ့ဘက် ကမ်းနားတွင် စတိတ်စင် ထိုးခဲ့ရကြောင်းလည်း သိရသည်။

ဧရာဝတီတိုင်းရှိ မြို့နယ် ၇မြို့နယ်တွင် ဦးဆန်းဆင့်အတွက် ဆန္ဒဖော်ထုတ်မည်

သာသနာရေး ၀န်ကြီးဌာနမှ  ၀န်ကြီး ဦးဆန်းဆင့် ဖမ်းဆီး ထိန်းသိမ်းခံရခြင်းနှင့် ပတ်သက်၍ ဧရာဝတီတိုင်း ဒေသကြီး မြို့နယ် ၇မြို့နယ်မှ ဇူလိုင်၁ရက်နေ့တွင် ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်မည်ဟု သိရသည်။

ယခင်က ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ပေးခြင်းခံရစဉ်က ဒေသခံများ၏ ထောက်ခံမှုများကို ရရှိခဲ့သည့်အပြင် လယ်သိမ်းခံရမှုများ အင်းလုပ်ငန်းများအကြား အငြင်းပွားမှုများကို ဖြေရှင်းပေးရာတွင်လည်း တိကျမှန်ကန်သောသူ ဖြစ်သလို ပါတီ၏ မျက်နှာကို မကြည့်ပဲ ပြည်သူ၏ မျက်နှာကိုသာ ကြည့်တတ်သောသူ ဖြစ်သောကြောင့် ဒေသခံများ၏ ထောက်ခံမှုကို ရရှိခဲ့ကြောင်း သိရသည်။

Pages