July 2014

အေးရှားဝေါဆိပ်ကမ်းသည် မသမာမှုများ အများဆုံးလုပ်နေသော ဆိပ်ကမ်းဖြစ် - သံဖနောင့်

လွတ်လပ်သော စီးပွားရေး စနစ်နှင့်အညီ ကုန်သွယ်မှုကို တရားဝင်ပို့ကုန် သွင်းကုန်လိုင်စင် လျှောက်ထားစေပြီး ခွင့်ပြုပေးခဲ့သည်။ သို့သော် မသမာသော စီးပွားရေးသမားများသည် ပုဂ္ဂလိက ဆိပ်ကမ်းပိုင်ရှင်များနှင့် ပေါင်းကာ ကုန်ပစ္စည်းများကို ကွန်တိန်နာများ အတွင်း တရားမ၀င် ထည့်သွင်းပြီး အထုတ်အသွင်း လုပ်နေဆဲပင်ဖြစ်သည်။ အကောက်ခွန် ဦးစီးဌာန အတွက် ထိုလုပ်ရပ်သည် လာဘ်ငွေကြီးစွာ ရနေသော ငွေဝင်ပေါက်ကြီး တစ်ခုလည်း ဖြစ်နေသည်။

ဖက်ဒရယ်စစ်စစ် - မာဂျေ

ဖက်ဒရယ်စနစ်ဖြင့် နိုင်ငံတော်၏ ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်နိုင်ရန် လူအများ အားထုတ် နေကြသည်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို လက်မှတ်မထိုးလျှင်ပင် လူယုတ်မာများ၊ သမိုင်းတရားခံများဟု လူမှုကွန်ရက်ပေါ်တွင် ဖွသူက ဖွနေသည်။ ဒီမိုကရေစီ စနစ်ဆိုသည်မှာ အားလုံး ညီညီညွတ်ညွတ်ဖြင့် ဘာလုပ်လုပ် ထောက်ခံမဲ ၉၀ရာခိုင်နှုန်းကျော် ရရမည့်စနစ် မဟုတ်။ မတူညီသည့် အမြင်များ မတူညီသူများ ပေါင်းပြီး နိုင်ငံတော် တိုးတက် ဖွံ့ဖြိုးအောင်၊ အေးချမ်း သာယာအောင် လုပ်ဖို့သာ လိုရင်း ဖြစ်သည်။ ယခုတော့ ပြင်ဆင်ရေးသမားတွေ ကိုယ်တိုင်က အရင်အာဏာရှင်တွေ လမ်းကို လိုက်ချင်နေသည်။

၆၇နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားနှင့် တစ်နေ့တာ မြင်ကွင်းများ

မြင်ကွင်း (၁)
နံနက် (၆)နာရီ(၃၀) မှ စတင် လှုပ်ရှားသက်ဝင်လာသော  အာဇာနည် ဂူဗိမာန်ဝင်း

၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သော ၆၇ နှစ်မြောက် အာဇာနည်နေ့၏ နံနက် ၆ နာရီ အချိန်ခန့်တွင် ရွှေတိဂုံဘုရား မြောက်ဘက်မုခ်ရှိ အာဇာနည် ဂူဗိမာန်ဝင်း၏ အတွင်းနှင့်အပြင်တို့တွင် လုံခြုံရေး တာဝန်ယူသူများ၊ သတင်း မီဒီယာသမားများဖြင့် လှုပ်ရှား သက်ဝင်လျက် ရှိနေသည်။

တွံတေးစခန်းမှ ရဲတပ်သားသေဆုံးမှုအတွက် လူသတ်မှုဖြင့်သာ အမှုဖွင့် အရေးယူပေးစေလိုဟု မိခင်ဖြစ်သူမှဆို

တွံတေးမြို့နယ် ဘုရားငုတ်တို ကျေးရွာရှိ ဘုရားငုတ်တို ရဲကင်း၌ ဇူလိုင်လ ၁၃ ရက်နေ့က တွံတေး စခန်းမှ ရဲတပ်သား ဇော်ဝင်းထိုက် သေနတ်မှန် သေဆုံးမှုနှင့် ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူအား ပုဒ်မ(၃၀၂)ဖြင့်သာ အရေးယူပေးစေလိုကြောင်း မိခင်ဖြစ်သူမှ ပြောကြားခဲ့သည်။

ယင်းနှင့်ပတ်သတ်၍ ပြစ်မှုကျူးလွန်သူ ဒုရဲအုပ် သိန်းဇော်ဦးအား တွံတေးမြို့နယ် ရဲစခန်းမှ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၄(က)ဖြင့် အမှုတည်ဆောက်ထားသော်လည်း မိခင်အနေဖြင့် လူသတ်မှုဖြင့်သာ အမှုဖွင့် အရေးယူလိုကြောင်း မိခင်ဒေါ်ငယ်က ဇူလိုင်လ၁၇ရက်နေ့က Tomorrow ဂျာနယ်သို့ ပြောကြားခဲ့သည်။

မြစ်ဆုံစီမံကိန်း လမ်းလျှောက်အဖွဲ့ ဦးဆောင်သူအား ငွေအလွဲသုံးစားပြုမှုဖြင့် တရားစွဲဆိုရန်ပြင်ဆင်

ကချင်ပြည်နယ်ရှိ မြစ်ဆုံစီမံကိန်းအား အပြီးတိုင် ရပ်တန့်ရန် ရန်ကုန်မြို့မှ ကချင်ပြည်နယ်အထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ပြမှုတွင် ပြည်သူများမှ လှူဒါန်းငွေနှင့် ထောက်ပံ့ငွေ သိန်းနှင့်ချီသော ငွေများအား အလွဲသုံးစား ပြုလုပ်ခြင်းကြောင့် လမ်းလျှောက်ရန် ဦးဆောင်သူ ကိုရဲထွဋ်ခေါင်အား ပါဝင် လမ်းလျှောက်သူများက တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ဇူလိုင်လ၁၇ရက်က မြစ်ဆုံစီမံကိန်း ရပ်တန့်ရေး အတွက် လမ်းလျှောက်ရာတွင် ပါဝင်ခဲ့သူ ဦးမိုးသူက Tomorrow သတင်းဂျာနယ်သို့ ပြောကြားသည်။

အာဇာနည်နေ့သည် မျက်ရည်ကျဖို့မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အာဇာနည် နေ့သည် မျက်ရည်ကျဖို့မဟုတ်၊ သန္ဒိဋ္ဌာန် ချဖို့သာ ဖြစ်ကြောင်း ဇူလိုင်လ ၁၉ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ပြုလုပ်သော ၆၇ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် အဖွဲ့ချုပ် ဥက္ကဌ  ဒေါ်အောင်ဆန်းစုကြည်က ၄င်း၏မိန့်ခွန်း၌ ထည့်သွင်း ပြောကြားခဲ့သည်။

တရားပွဲကျင်းပ၍ တရားစွဲခံသူ ထောင်ဒဏ်ပြည့်လု အချိန်တွင် ငွေဒဏ်အဖြစ် ပစ္စည်းပါ အဓမ္မ အသိမ်းခံခဲ့ရ

တရားပွဲ ပြုလုပ်ကျင်းပရာတွင် ခွင့်ပြုချက်မရဘဲ ပြုလုပ်ခြင်းကြောင့်ဟု ဆိုကာ ပုဒ်မ ၁၈ဖြင့် တရားစွဲဆိုခြင်း ခံရသူ ထောင်ဒဏ် တစ်လ ပြည့်ရန် ရက်ပိုင်းအလိုတွင် ငွေဒဏ်အဖြစ် ပစ္စည်းများပါ ထပ်မံ သိမ်းယူခံခဲ့ရကြောင်း သိရသည်။

သမ္မတ၏ ပညာသင်ဆု အတွက် ၀န်ကြီးများ၏ လစာ ၂၅ ရာခိုင်နှုန်း ထည့်ဝင်ရ

ယခုနှစ် အခြေခံ ပညာကို ထူးချွန်စွာ အောင်မြင်သူများကို ရွေးချယ်ပြီး နှစ်သက်ရာ နိုင်ငံရှိ နှစ်သက်ရာ တက္ကသိုလ်တွင် တက်ရောက်စေနိုင်မည့် သမ္မတ၏ ပညာသင်ဆုအတွက် ရန်ပုံငွေ ရရှိရန် ပြည်ထောင်စု ၀န်ကြီးများ၊ ဒုတိယ ၀န်ကြီးများ၏ လစာထဲမှ ၂၅ရာခိုင်နှုန်းကို လစဉ်ထည့်ဝင်ရမည် ဖြစ်ကြောင်း အမည်မဖော်လို ပြည်ထောင်စု ၀န်ကြီးတစ်ဦးက ပြောကြားခဲ့သည်။

လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသော နေရာဒေသများတွင် လေဆိပ်များ တည်ဆောက်ပေးသွားမည်ဟုဆို

မြန်မာနိုင်ငံ အတွင်းရှိ လေဆိပ် မရှိသေးသော ဒေသများတွင် လေဆိပ်များကို နှစ်အလိုက် တည်ဆောက်သွားရန် အစီစဉ်ရှိကြောင်း လေကြောင်း ပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာန  ညွန်ကြားရေးမှူးက ပြောကြားခဲ့သည်။

လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသော နေရာဒေသများတွင် လေဆိပ်များ တည်ဆောက်ရန် လိုအပ်သောကြောင့် ပို့ဆောင်ရေး ၀န်ကြီး ဌာနအနေဖြင့် ဘတ်ဂျက်အပေါ် မူတည်ကာ နှစ်အလိုက် တည်ဆောက်ရန် စီစဉ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

မွန်းတည့်နေ ဂျာနယ်မှ တိမ်းရှောင်နေသူ ၃ ဦးကို ဖမ်းမိ

ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်အစိုးရ ဖွဲ့စည်းဟု မမှန်မကန် သတင်း ဖော်ပြခဲ့သည့် မွန်းတည့်နေ ဂျာနယ်မှ တာဝန်ရှိသူများကို စစ်ဆေးရန် ခေါ်ယူခဲ့ရာ အောက်ခြေ သတင်းထောက်များကိုသာ တွေ့ရှိပြီး သတင်းထည့်ခိုင်းသူများ ဖြစ်သည့် အမှုဆောင် အရာရှိချုပ် ယဉ်မင်းထွန်း (ကလောင်အမည်-မြင့်မြတ်) (အဖ-ဂျိန်းနလားဗဒင်)၊ ဒါရိုက်တာ အဖွဲ့ဝင်များ ဖြစ်သည့် ကျော်မင်းခိုင် (အဖ-ဦးသန်းဝင်း)၊ ဒေါက်တာအိအိစံ (အဖ-ဦးစံတင်)တို့ကို မြ၀တီ တစ်ဖက်ကမ်း မဲဆောက်မြို့တွင် ဇူလိုင်လ ၂၁ရက်က ရဲသတင်းတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

Pages