July 2014

အာဇာနည်နေ့တွင် သီးခြားပန်းခွေချ အလေးပြုရန် လွှတ်တော်နာယက တောင်းဆိုခဲ့

အာဇာနည်နေ့တွင် လွှတ်တော်နာယက သူရဦးရွှေမန်းက ဒေါက်တာ စိုင်းမောက်ခမ်း ဦးဆောင်သော အစိုးရအဖွဲ့နှင့်အတူ လွမ်းသူ့ပန်းခွေချ အလေးပြုရန် ငြင်းပယ်ခဲ့ပြီး သီးခြား ပန်းခွေချ အလေးပြုရန် တောင်းဆိုခဲ့ကြောင်း သိရသည်။ ၎င်းသီးခြားပန်းခွေချ အလေးပြုချိန်တွင် သီးခြားတီးလုံး တီးပေးရန် မဖြစ်နိုင်ကြောင်း နိုင်ငံတော် စစ်တီးဝိုင်းက ငြင်းပယ်ခဲ့သဖြင့် နောက်ဆုံးတွင် အစိုးရ အဖွဲ့နှင့်အတူ မူလ အစီအစဉ်အတိုင်း လွမ်းသူ့ပန်းခွေချ အလေးပြု ခဲ့ရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

မြန်မာ့စစ်တပ်နှင့် တအောင်း လွတ်မြောက်ရေး တပ်မတော် ပြင်းထန်သော တိုက်ပွဲငယ် တစ်ခုဖြစ်ပွား (အပြန်အလှန် ပစ်ခတ်မှုများမှာ မူးယစ်ဆေးဝါး ကိစ္စနှင့် ပတ်သတ်နေဟုဆို)

မြန်မာ့စစ်တပ်နှင့် တအောင်း လွတ်မြောက်ရေး တပ်မတော်တို့ အပြန်လှန် ပစ်ခတ်မှုများကြောင့် လူနေအိမ် အချို့ ပျက်စီးကာ ရွာသားတစ်ဦး သေဆုံးခဲ့ရကြောင်း တအောင်း တပ်မတော်မှ သတင်း နှင့်ပြန်ကြားရေး တာဝန်ခံ ကိုမိုင်းအိုက်ကျော်မှ Tomorrowသို့ ပြောသည်။

အခွန်ရှောင် စက်မှုလုပ်ငန်း(၁၀၀)ကျော် ဖော်ထုတ်မည်ဟုဆို

မြန်မာနိုင်ငံတွင် စက်မှုလုပ်ငန်းပေါင်း ၄၀၀ကျော်ရှိသည့်အနက် လုပ်ငန်း၁၀၀ခန့်က အခွန်ရှောင်လျှက် ရှိသောကြောင့် ယခုလမှ စတင်ကာ စာရင်းကောက်ခံ၍ ဖော်ထုတ်ကာ အခွန်စည်းကြပ်သွားမည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ သိရသည်။

“အခုလောလောဆယ်ကတော့ ဈေးကြီးတွေမှာရှိတဲ့ ဆိုင်ခန်းတွေကို အရင်ဆုံး စစ်ဆေးပြီးရင် စီမံချက်နဲ့ စက်မှုဇုန်တွေ ဘက်ကို လှည့်ရမယ်။ စက်မှုဇုန်တွေများတော့ အရင်ဆုံး စာရင်း ကောက်ရမယ်။ စက်မှုဇုန် ဘယ်လောက်ရှိတယ်ဆိုတာ ဖော်ထုတ်ပြီးတာနဲ့ အခွန်ဆောင်ဖို့ အကြောင်းကြား သွားမှာပါ”ဟု ပြည်တွင်းအခွန်များ ဦးစီဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်တင့်မှ ပြောကြားခဲ့သည်။

ပီနန်ဆရာတော်ကြီး ပေးပို့သည့် သက်သေခံ စာရွက်စာတမ်းများ မိတ္တူဖြစ်နေ၍ တရားသူကြီးမှ တရားခွင် ရပ်စဲခဲ့

တာမွေမြို့နယ်၊ နတ်ချောင်း ရပ်ကွက်ရှိ မဟာသန္တိသုခကျောင်းတော်နှင့် ပတ်သက်သည့် ပဉ္စမ အကြိမ်မြောက် ရုံးချိန်းတွင် နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့အား ပီနန် ဆရာတော်ကြီးမှ ပေးပို့သော စာရွက်စာတမ်းများသည် မိတ္တူများ ဖြစ်နေသည့် အတွက် တရားသူကြီးမှ တရားခွင်ကို ရပ်စဲခဲ့ပြီး လာမည့် သြဂုတ်လ ၁ ရက်နေ့သို့ ရုံးချိန်းအား ပြန်လည် ချိန်းဆိုခဲ့ကြောင်း သိရသည်။

နိုင်ဂျီးရီးယား ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဖီဖာကြောင့် ထောင်မှလွတ်

ပြီးခဲ့သည့် ၂၀၁၄ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် နိုင်ဂျီးရီးယား အသင်း အောင်မြင်မှု မရရှိခဲ့သည့် အတွက် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ မိုင်ဂါရာအား အစိုးရအဖွဲ့မှ ရာထူးမှ ထုတ်ပယ်ကာ ဖမ်းဆီးထောင်ချခဲ့ရာ ကမ္ဘာအ၀ှမ်း တုန်လှုပ်ခြောက်ခြားခဲ့ရသည်။

မြန်မာ့လက်ရွေးစင်အသင်း ဖိလစ်ပိုင် ဖိတ်ခေါ်ပြိုင်ပွဲ ၀င်ပြိုင်မည်ဟုဆို

အရှေ့တောင်အာရှ ဘောလုံး ထိပ်တန်း အဆင့်အတန်းမှ တစ်စတစ်စ လျော့ကျနေသော မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်းသည် ယခုနှစ်တွင် ယှဉ်ပြိုင်ကစားရမည့် အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ ခြေစစ်ပွဲ မတိုင်မီ ခြေသွေးသည့် အနေဖြင့် ဖိလစ်ပိုင် ဖိတ်ခေါ် ဘောလုံး ပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်မည်ဟု သိရသည်။

အပစ်အခတ် ရပ်စဲရေးကို သဘောတူလျှင် MH 17ပျက်ကျရာ နေရာသို့ လာရောက် စစ်ဆေးသူများ၏ လုံခြုံရေးကို အာမခံမည်ဟု ယူကရိန်း သူပုန်များဆို

ယူကရိန်း အစိုးရက အပစ်အခတ် ရပ်စဲရေးကို လက်ခံလျှင် လက်ခံချင်း အခင်းဖြစ်ပွားရာ နေရာရှိ နိုင်ငံတကာ ကျွမ်းကျင်သူများ၏ လုံခြုံရေးကို အခိုင်အမာ အာမခံမည်ဟု ဒိုးနတ် ပြည်သူ့ သမ္မတနိုင်ငံဟု မိမိကိုယ်ကိုယ် ကြေညာထားသော အဖွဲ့အစည်း၏ ဒုဝန်ကြီးချုပ် အင်ဒရီပါဂင်က ကြေညာချက် တစ်ခုတွင် ဖော်ပြထားသည်။ ထိုသို့ သဘောတူညီချက်ကို ကိယက် အစိုးရက ချက်ချင်း တုံ့ပြန်သင့်သည်ဟု သူက အစိုးရကို တိုက်တွန်း လိုက်သည်။

ဆယ်စုနှစ်လေးခု အတွင်း အပြင်းထန်ဆုံး တိုင်ဖွန်းမုန်တိုင်းကြောင့် တရုတ်နိုင်ငံ တောင်ပိုင်းတွင် လူ ၁၇ ဦး သေဆုံး

တိုင်ဖွန်းမုန်တိုင်းကြောင့် အနည်းဆုံး ဖိလစ်ပိုင်လူမျိုး ၉၄ဦး သေဆုံးခဲ့ပြီးနောက် တရုတ် နိုင်ငံ တောင်ပိုင်းသို့ ၀င်ရောက်ခဲ့ရာ နှစ်ပေါင်း ၄၀အတွင်း အပြင်းထန်ဆုံး အဖြစ် လူ ၁၇ဦး ထပ်မံ သေဆုံးခဲ့သည်ဟု တာဝန်ရှိသူများက တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။

ယင်းမုန်တိုင်းသည် တရုတ် နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်း တစ်လျောက် ဟိုင်နန်ကျွန်းတွင် လူငါးဦး ပျောက်ဆုံးပြီး ကိုးဦးကို သေကြေစေခဲ့သည်ဟု မုန်တိုင်း ထိန်းချုပ်ရေး ဌာနမှ အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။ ထို့အပြင် ကွမ်းစီးပြည်နယ်တွင် အခြားရှစ်ဦးကို သေဆုံးစေခဲ့ပြီး ပြည်မကြီးမှ တစ်ဆင့် မြောက်ဖက်ရှိ ဗီယက်နမ်နိုင်ငံသို့ ဆက်လက် ၀င်ရောက်သွားခဲ့သည်။

အသေအပျောက်စာရင်း မြင့်တက်လာခြင်းအတွက် အစ္စရေးကို အိုဘားမား သတိပေး

အမေရိကန် သမ္မတ ဘားရတ် အိုဘားမားသည် အစ္စရေးတို့၏ ကာကွယ်ခုခံပိုင်ခွင့် အတွက် ထောက်ခံသော်လည်း ဂါဇာဒေသတွင် တိုက်ပွဲအရှိန် မြင့်မားနေခြင်း အတွက် သတိပေးလိုက်သည်။

သောကြာနေ့က အစ္စရေး ၀န်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကို စကားပြောရာတွင် ပါလက်စတိုင်း စစ်သွေးကြွများ၏ အန္တရာယ်မှ အစ္စရေး၏ ခုခံကာကွယ်ပိုင်ခွင့်ကို ထောက်ခံကြောင်း အသိပေးခဲ့သည်။ သို့သော် ပါလက်စတိုင်း သုံးရာကျော် သေဆုံးခဲ့ခြင်း အတွက် အလွန်အမင်း စိုးရိမ်ပူပန်မိကြောင်းလည်း ပြောကြား ခဲ့သည်။

ဆရီနာဂါမြို့အနီး လူသေဆုံးခဲ့ရသည့် ယာဉ်တိုက်မှုအတွက် ကက်ရှ်မီးယား ပြည်နယ်သားများ ဆန္ဒပြ

အိန္ဒိယ အုပ်ချုပ်မှုအောက်တွင်ရှိသော ကက်ရှ်မီးယား ပြည်နယ် ဆရီနာဂါမြို့ အနီးရှိ အဝေးပြေး လမ်းမပေါ်တွင် တက္ကစီ တစ်စီးကို စစ်ကားတစ်စီးက ၀င်တိုက်ခဲ့ခြင်းကြောင့် လူခြောက်ဦး သေဆုံးခဲ့ရပြီးနောက် ပြင်းထန်သော ကန့်ကွက် ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သည်ဟု ရဲအဖွဲ့က ပြောသည်။

မျက်မြင်သက်သေ တစ်ဦး၏ အဆိုအရ အဆိုပါ စစ်ကားသည် ရှေ့ကားတစ်စီးအား ကျော်တက်ရန် ကြိုးစားစဉ် အခြားဘက် လမ်းကြောင်းသို့ ရောက်ရှိသွားပြီး အရှိန်ပြင်းစွာဖြင့် တက္ကစီကားကို ၀င်ရောက် တိုက်မိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

Pages