July 2014

ဘယာနက ဟင်းတခွက် - အရှင်ဇ၀န (နိုင်ငံရေး အကျဉ်းသားဟောင်း)

အစားကောင်းစားရရင် မိတ်ဆွေတွေကို သတိရတတ်တယ်လို့ ပြောကြတယ်။ တကယ်က အစားကောင်း မစားရရင် မိတ်ဆွေတွေကို ပိုသတိရတတ်ပါတယ် ဆိုတာကိုပါ ဆက်ပြောရမယ် ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ငရဲခန်းက ဒုက္ခ ဒိုင်ယာရီတွေကို ပြန်လှန်လှောလိုက်ရင် ငန်တူးနေတဲ့ ပုံစံငပိပါမယ်၊ ရေတစ်မျိုးတည်းနဲ့ ပြုတ်ထားတဲ့ ဟင်းနုနယ် အရိုးစင်း တာလပေါဆိုတာ ပါမယ်။ စပါးလုံး နိုင်းခြင်းနဲ့ ထမင်း မာဂလောက်လည်းပါမယ်။ ဒါပဲလားဆိုတော့ ကြံဖန်ပြီး ဟင်းချက် စားရတဲ့ ဒုက္ခလည်း ပါမယ်။ ဟင်းချက်စားတာကိုများ ဒုက္ခဆိုတဲ့ စကားလုံးနဲ့ ဘာလို့များ တွဲသုံးတာလည်းလို့မေးရင် ဟင်းတစ်အိုးအတွက် ဒေါက်နဲ့ စိန်ခေါ် တိုက်ပိတ်တာနဲ့ ခြိမ်းခြောက်၊ ဂန်းပိုက်နဲ့ ရွယ်မိုးခံရမယ့် ဘေးကနေ

လူဦးရေ ၈ သန်း၊ ပျော်တော်ဆက်မယ် တစ်သိန်းနှင့် မြို့တော်ရန်ကုန် - သံဖနောင့်

သန်းခေါင်စာရင်း ကောက်ယူအပြီး သိလိုက်ရသည်မှာ ရန်ကုန်တိုင်း ဒေသကြီးတွင် လူဦးရေ ရှစ်သန်းရှိပြီး တစ်နိုင်ငံလုံး လူဦးရေ၏ ၁၈ ရာခိုင်နှုန်း နေထိုင်လျက်ရှိသည်ဟု ဖြစ်သည်။ ထိုနေထိုင်သူများသည် စီးပွားရေး လုပ်ငန်းမျိုးစုံဖြင့် စားဝတ်နေရေးကို ဖြေရှင်းလျက်ရှိရာ လုပ်ငန်းရှင်၊ အစိုးရ အမှုထမ်း၊ စာရေးစာချီ၊ ကုမ္ပဏီဝန်ထမ်း၊ စတိုးဆိုင် ပိုင်ရှင်၊ စားသောက်ဆိုင် ပိုင်ရှင်၊ စားပွဲထိုး၊ လမ်းဘေးဈေးသည်၊ ကြုံရာကျပန်း အလုပ်သမား၊ ဆိုက်ကားနှင့် အငှားယာဉ်မောင်း စသဖြင့် မျိုးမည်စုံလှသော လုပ်ငန်းများကို လုပ်ကိုင်နေကြသည်။

ကျွန်တော်နှင့် တစ်နေ့တာအလွဲများ (၂) - အနီမှိုင်း(ကေတု)

DVB ဒီဘိတ် အစီအစဉ်တွင် ကမ္ဘာပေါ်တွင် မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှု ဒုတိယ အများဆုံးဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ အစီအစဉ်တွေကို မေးတဲ့အခါမှာ မဆိုင်တဲ့ စီးပွားရေး ကိစ္စတွေ ဘိန်းအစားထိုးသီးနှံ မ၀ယ်လို့ ဘိန်းကို စိုက်ပျိုး ထုတ်လုပ်သလို ဖြေကြားသွားတယ်။ တကယ်တော့ သစ်ပင်တစ်ပင်ကို သတ်ချင်ရင် ပင်စည်က ခုတ်လှဲရမှာပါ။ အခုတော့ ပင်စည်ကို မခုတ်၊ အကိုင်းအခက်လည်း မခုတ်၊ အရွက်တွေကိုသာ ခြွေတဲ့ အတွက် အဲဒီ့အပင်က အသီးတွေ ကြွေကျ၊ အပင်တွေပေါက် တစ်တောလုံး ပြည့်လာတာပေါ့။ အခုလည်း စိုက်ပျိုးထုတ်လုပ်တဲ့ လူတွေကိုကျတော့ မဖမ်းဘူး။ သူတို့ရဲ့ သားကောင်အဖြစ်နဲ့ ကလေးတွေကျတော့ နှစ်ပြားမိလို့ ထောင်၇နှစ် ကျနေကြရတယ်။ ဘိန်းစိုက်တဲ့ လူတွေ

မကျန်းမာကြပါစေ၊ မချမ်းသာကြပါစေနဲ့ - မာဂျေ

သူများတွေက ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဖို့လုပ်တယ်။ မာဂျေကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲက ဘာတွေအမြတ်ထုတ် ရမလဲ စဉ်းစားတယ်။ ပြောရရင် ကိုယ့်လူမျိုးကလည်း ကိုယ့်လူမျိုးဗျ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ စာအုပ်တောင် တချို့က မမြင်ဖူးကြဘူး။ တစ်အုပ်မှ ကျပ်၂၀၀၀နဲ့ ရောင်းနေပေမယ့် စိတ်ကိုမ၀င်စားကြတာ။ ဟော နောက်ပိုင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ပတ်သက်ပြီး ဟောပြောပွဲတွေလုပ်မှ ပုဒ်မ၄၃၆ဆိုတာဘာလဲ။ ၅၉(စ)ဆိုတာ ဘာလဲဆိုပြီး သိလာရတာ။ ဒါတောင် မာဂျေ လောင်းရဲပါတယ်။ အဲဒီ့နှစ်ခုအပြင် သိတာပြောစမ်းပါလို့ အရပ်ထဲက လူတစ်ယောက်ယောက်ကို သွားမေးကြည့်။ အဲဒီ့ နှစ်ခုကလွဲရင် ကျန်တာဘာမှ သိမှာမဟုတ်ဘူး။

မီဒီယာ ကျဆုံးခြင်း - ဇော်သက်ထွေး

အခုရက်ပိုင်း အတွင်းမှာပဲ နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေကို ဖောက်ဖျက်လို့ဆိုပြီးတော့ မီဒီယာ သမား လေးယောက်ကို ထောင် ၁၀နှစ် ချမှတ်လိုက်ပါတယ်။ ဤပြစ်ဒဏ်ဟာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် လက်ထက် မီဒီယာ သမားတွေကို အရေးယူမှုထဲမှာ အပြင်းထန်ဆုံး ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်က ၂၀၁၀ရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ အရပ်သား အစိုးရဟာ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးနဲ့ အမျိုးသား သင့်မြတ်ရေးကို တွင်တွင်ကျယ်ကျယ် ပြောခဲ့တဲ့အတွက် နိုင်ငံတကာနဲ့ ပြည်တွင်းက လက်ခုပ်သြဘာသံတွေ ရရှိခဲ့ပါတယ်။ နိုင်ငံတော် သမ္မတကြီးကလည်း ၂၀၁၁ခုနှစ် အတွင်းမှာ စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာနကို ဖျက်သိမ်းပြီး စာပေ လွတ်လပ်ခွင့်ကို ပေးခဲ့ပါတယ်။ န

ဆန်ပြုတ်တစ်ခွက်၊ မိုးကာအင်္ကျီတစ်ထည်နှင့် နားမကြားသော လူသုံးယောက် - ဇာဂနာ

မိုးကတဖွဲဖွဲ။ အချိန်က မနက် ၉ နာရီ။ ဖိုဒ်ဆန်ထရပ် ကားတစ်စင်း ဒါလဟိုစီနှင့် ၄၁ လမ်းထောင့်မှာ လာရပ်သည်။ ကားပေါ်က စစ်ယူနီဖောင်းဝတ်ထားသူ ၃ဦး ဆင်းလာသည်။ နောက်တော့ သူတို့ လမ်းဖြတ်ကူးသွား၏။ အတွင်းဝန်ရုံး၏ အထွက်ဟု ဆိုင်းဘုတ်တပ်ထားသော စပတ်လမ်းဘက်မှ အတွင်းဝန်ရုံးတွင်းသို့ လမ်းလျှောက် ၀င်သွားကြလေသည်။ ကားအနားမှာ မောင်နီ တစ်ယောက်သာ ကျန်ခဲ့၏။ ယူနီဖောင်း ၀တ်ထားသော ခင်မောင်ရင်နှင့် မှုံကြီးက ခပ်သုတ်သုတ် ရှေ့ကို လျှောက် သွားသော်လည်း ဘညွန့်က တုံ့ဆိုင်းဆိုင်း။ တိုင်းပြုပြည်ပြု လွှတ်တော် အဆောက်အဦဖက်ဆီသို့ ဘညွန့် ထွက်သွားခဲ့လေတော့သည်။

(သမီးတော် ရာဇ၀င် - ၃) ရေတွေရေတွေ စိုကုန်ပြီ - လက်စောင်းထက်

အရင်ခေတ်က စစ်တက္ကသိုလ် ကျောင်းဆင်းပွဲဟာ အခုလို ဆောင်းတွင်းမှာ ဆင်းတာမဟုတ်ဘဲ မတ်လ နောက်ဆုံးအပတ် ဒါမှမဟုတ် ဧပြီလ ပထမပတ်ထဲမှာ ဆင်းလေ့ရှိပါတယ်။ အစဉ်အလာ အရလည်း အရင်ခေတ်က သမ္မတတို့၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့က ကျောင်းဆင်းပွဲမှာ တက်ရောက် ချီးမြှင့်ကြပါတယ်။ အာဏာရှင်ကြီး လက်ထက်မှာတော့ ကျောင်းဆင်းပွဲကို သမီးတော်တွေ၊ မြေးတော်တွေနဲ့ ကြွချီချီးမြှင့်လေ့ရှိတယ်။ ရန်ကုန်ဆိုတာ အဲဒီ့ကာလမှာ အလွန်ပူလေတော့ အပူရှောင်တာလည်း ပါသပေါ့လေ။ အဲဒီမှာပဲ များသောအားဖြင့် သင်္ကြန် ကျလေ့ရှိတယ်။

ညွန်ကြားချက် လက်မခံနိုင်သဖြင့် ကားများ ခေတ္တနားခဲ့၍ ခရီးသွားများ ဒုက္ခရောက်

မြောက်ဥက္ကလာပ မြို့နယ် ရွှေပေါက္ကံမြို့သစ်မှ ဆူးလေ၊ ကျုံးကြီးသို့ ပြေးဆွဲနေသော ၄၃ကားကြီးလိုင်းမှာ ဇူလိုင်၁၁ရက် ၀ါဆို လပြည့်နေ့တွင် ကုန်လမ်းပို့ဆောင်ရေးမှ ထုတ်ပြန်ခဲ့သော ညွန်ကြားချက်အား ကျေနပ်မှု မရှိသောကြောင့် ယာဉ်များ မထွက်ခွာပဲနေခဲ့ရာ ခရီးသွား ပြည်သူများစွာ ဒုက္ခ ရောက်ခဲ့ကြရကြောင်း သိရသည်။

ကျောင်းအုပ်ဆရာမကြီးရဲ့ငွေကြေးကောက်ခံနေမှုကို တိုင်ကြားသော ဆရာမ ကျေးပြောင်းခံရ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် အတွင်းရှိ ကော့ကဒါ စံပြကျေးရွာ အုပ်စုဝင် တမံဦးကျေးရွာ အခြေခံ ပညာ မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ် ဆရာမကြီးမှာ ကျောင်းနေ ကျောင်းသူ/ကျောင်းသား များကို နိုင်ငံတော် ပံ့ပိုးပေးထားသည့် ငွေကျပ် တစ်ထောင်အား ပေးခြင်း မရှိသည့် အပြင် အတန်းအလိုက် ငွေကြေး ကောက်ခံမှုများ ရှိနေသည်ဟု တိုင်ကြားခဲ့သော ဆရာမအား ကျောင်းပြောင်း ပစ်ခဲ့ကြောင်း သိရသည်။

မြန်မာ့လေကြောင်းကို အမည်ပြောင်းပြီး နိုင်ငံတကာသို့ ပျံသန်းတော့မည်

မြန်မာ့လေကြောင်း ဥပဒေကို ပြည်သူ့လွှတ်တော်သို့ တင်ထားပြီး ဖြစ်သဖြင့် မြန်မာ့လေကြောင်းကို မြန်မာအမျိုးသား လေကြောင်းလိုင်း (Myanmar National Airline) ဟု အမည်ပြောင်းပြီး လေယာဉ်အင်အား ထပ်မံဖြည့်တင်းကာ နိုင်ငံတကာ ခရီးစဉ်များ ပျံသန်းတော့မည်ဟု မြန်မာ့ လေကြောင်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးသန်းထွန်းက Tomorrow ဂျာနယ်သို့ ဇူလိုင်လ ၁၃ ရက်နေ့တွင် ပြောကြားခဲ့သည်။

Pages