July 2014

ကျူးကျော်ပြဿနာများ မရှိသည့် မြေနေရာအား စတူဒီယိုလုပ်ရန်ပေးမည်ဟု အနုပညာရှင်များအား သမ္မတ ကတိပြု

ကျူးကျော်ပြဿနာများ မရှိသည့် မြေနေရာများအား စတူဒီယို ပြုလုပ်နိုင်ရန် အတွက် ပေးအပ်သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က အနုပညာရှင်များအား ကတိပြု ပြောကြားခဲ့သည်။

မိုဘိုင်းတင်းအဖွဲ့တွင် တပ်မတော်အင်အား ဖြည့်ပေးရန်တောင်းဆိုထား

ညောင်ခါးရှည်ဂိတ်တွင် စစ်ဆေးနေသော မိုဘိုင်းတင်းအဖွဲ့ အနေဖြင့် ကားများကို စစ်ဆေးရာတွင် လူအင်အားနှင့် ကာကွယ်ရေး အတွက် တပ်မတော်မှ အကူအညီများ လိုအပ်နေကြောင်း မိုဘိုင်း တင်းအဖွဲ့မှ ညွန်ကြားရေးမှူး ဦးမြင့်ကျော်က ပြောသည်။

မြ၀တီ နယ်စပ်ကုန်သွယ်ရေး ဂိတ်မှ ဆင်းလာသော ကားများမှာ အဆင်းတစ်နေ့၊ အတက်တစ်နေ့ ဖြစ်သောကြောင့် အဆင်းနေ့တွင် ကားများ အများအပြား ၀င်လာ၍ စစ်ဆေးရာတွင် မိုဘိုင်းတင်း အဖွဲ့မှ လူအင်အားနည်း နေကြောင်း၊ ယင်းကဲ့သို့ လူအင်အား နည်းခြင်းများကြောင့် အခက်အခဲများစွာ ဖြစ်ရကြောင်း အလားတူ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်များအပြင် တပ်မတော်၏ အင်အားကိုပါ ထပ်မံ အကူအညီ ပေးရန် တောင်းခံထားသည်ဟု သိရသည်။

သင်္ကန်းကျွန်းမှတိုက် ၁၂၆ လုံးအား စည်ပင်မှ တရားဝင်ချိတ်ပိတ်

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက် မရပဲ ဆောက်လုပ်နေသော သင်္ဃန်းကျွန်းမြို့နယ်၊ င/ကရပ်ကွက်တွင်မှ တိုက်(၁၂၆)လုံးအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တရားဝင် ချိတ်ပိတ်လိုက်ကြောင်း သိရသည်။

စည်ပင်သာယာရေး ကော်မတီ အနေဖြင့် ဤကဲ့သို့ နေအိမ်များအား ချိတ်ပိတ်ခဲ့ခြင်းမှာ ခွင့်ပြုချက် မရဘဲ ဆောက်လုပ်နေခြင်း အပေါ် တားမြစ်ကြောင်း ဆန္ဒဖော် ထုတ်ပြသခဲ့ခြင်းကြောင့် ဖြစ်သည် ဟုလည်း သိရသည်။

ထိုင်းနယ်စပ်မှ မြန်မာ ဒုက္ခသည်များနေရပ် ပြန်ပို့ခံရမည်ကို စိုးရိမ်ပူပန်လျှက်ရှိနေ

ထိုင်းနိုင်ငံအတွင်း ခိုလှုံလျှက် ရှိနေသော မြန်မာ ဒုက္ခသည် စခန်းများအား ထိုင်းအာဏာသိမ်း ကောင်စီ၏ အမိန့်ဖြင့် ဒေသခံထိုင်း စစ်အာဏာပိုင်များက ၀င်ရောက် စစ်ဆေးပြီးနောက် ဒုက္ခသည်များအား နေရပ်ပြန်ပို့မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည့်အပေါ် မြန်မာ ဒုက္ခသည်များ ပြည်တော်ပြန်ရမည်ကို စိုးရိမ် ပူပန်လျှက် ရှိနေကြောင်း သိရသည်။

ဒုက္ခသည် စခန်းများအား ၀င်ရောက်စစ်ဆေးရာတွင် စစ်တပ်ဘက်က ဦးဆောင်ခဲ့ပြီး UNHCR (ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး)၊ လ၀က၊ ပြည်ထဲရေး၊ မြို့ပိုင်စသည့် အဖွဲ့အစည်းများလည်း ပါဝင်ခဲ့သည်။

မထသ(မြို့တွင်း)မှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ ဘ၀လုံခြုံရေးအတွက် အကူအညီ ပေးတော့မည်ဟုဆို

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော မထသ (မြို့တွင်း)မှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၏ ကြုံတွေ့နေရသော လူနေမှုဘ၀ အခက်အခဲများ လုံခြုံရေးများအား ကူညီနိုင်ရန် မထသ ယာဉ်ပိုင်ရှင်များ လူမှုရေး အသင်းကို ဖွဲ့စည်းကာ ကူညီပေးသွားမည် ဖြစ်ကြောင်း မထသ(မြို့တွင်း) ယာဉ်ပိုင်ရှင် ဦးမျိုးဝင်းက ပြောကြားသည်။

“အဓိကကတော့ ယာဉ်ပိုင်ရှင် မောင်း/ရောင်းတွေရဲ့ လူနေမှု ဘ၀ အခက်အခဲတွေနဲ့ ယာဉ် မတော်တဆမှု ဖြစ်ခဲ့ရင် ဘယ်လိုပုံစံနဲ့ ကူညီပေးသွားမယ်ဆိုတာကို အဓိကထား လုပ်ဆောင်တာပါ” ဟု ဦးမျိုးဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ) နှင့် သတင်းမီဒီယာ ဥပဒေကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ လေးစားမှု မရှိကြောင်း တရားဝင်ထုတ်ပြန်

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ လုပ်ဆောင်မှုအချို့မှာ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ) နှင့် သတင်း မီဒီယာဥပဒေကို လေးစားမှု မရှိသည့် သဘောသက်ရောက်နေသည်ဟု မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီမှ သဘောထား ကြေငြာချက် တစ်ရပ် တရားဝင် ထုတ်ပြန်လိုက်သည်။

ပီအာစနစ်ကျင့်သုံးရေး အကောင်အထည်ဖော်မှု ကော်မရှင်မှ တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်သုံးဦး နုတ်ထွက်

“အမှန်ဆို ဒီအဖွဲ့ကို လေ့လာသုံးသပ်ရေးနဲ့ ကျင့်သုံးရေးအဖွဲ့ ဆိုရင်တော့ နုတ်ထွက်ဖြစ်ချင်မှ နုတ်ထွက်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူက မကြိုက်ရင် ဖျတ်လို့ရပါတယ်” - ဒေါက်တာအေးမောင်

အမျိုးသား လွှတ်တော်မှ ဖွဲ့စည်းထားသော ပီအာခေါ် အချိုးကျကိုယ်စားပြု စနစ် ကျင့်သုံးရေး အကောင်အထည်ဖော်မှု ကော်မရှင်တွင် ပါဝင်သော တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် သုံးဦးမှာ ဇူလိုင် ၁၀ ရက်နေ့တွင် နုတ်ထွက်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

(၂၂)ဘီးကားတိုက်ပြီး သေဆုံးခဲ့ရသော ဖခင်အတွက် မည်သည့်ရဲစခန်းတွင်မှ အမှုဖွင့်ခွင့်မရခဲ့ဟုဆို

ဇူလိုင်လ (၆) ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့လယ် Strand Hotel အနီးတွင်  (၂၂)ဘီး ယာဉ်ဖြင့် တိုက်မှုကြောင့် လူသေဆုံးခဲ့ ရသည့် ဖြစ်ရပ်တွင် ယနေ့အထိ အမှုဖွင့်ခွင့် မရသေးသလို ယာဉ်ဖြင့်တိုက်ကာ ပြေးသွားခဲ့သော ကားနှင့် ယာဉ်မောင်းကိုလည်း ဇူလိုင်လ (၁၄)ရက်နေ့အထိ စုံစမ်း အရေးယူနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ဟော်လန်အသင်း တတိယနေရာ ရယူပြီး အိမ်ရှင်ဘရာဇီးလ်တို့ စတုတ္တနေရာဖြင့်သာ ကျေနပ်ခဲ့ရတဲ့ ၂၀၁၄ ကမ္ဘာ့ဖလား

၂၀၁၄ ကမ္ဘာ့ဖလား တတိယ နေရာလုပွဲအဖြစ် ဟော်လန် အသင်းနှင့် အိမ်ရှင် ဘရာဇီးလ် အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ပွဲစချိန် ၂ မိနစ်မှာပင် ဟော်လန် အသင်းမှ ဗန်ပါစီက ပင်နယ်သီမှ တစ်ဆင့် ဦးဆောင်ဂိုး ရယူပေးခဲ့ပြီး၊ ၁၇ မိနစ်တွင် ဘလင့်က ဟော်လန်အတွက် ဒုတိယဂိုးကို ရယူပေးခဲ့ကာ၊ ပွဲချိန်တလျှောက် ဘရာဇီးလ်တို့ လျှင်လျှင်မြန်မြန်ဖြင့် ထိုးဖောက်ကစားခဲ့ သော်လည်း ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ပေ။

အစ္စရေးနှင့်ဟားမက်စ် စစ်သွေးကြွများအကြား အပြန်အလှန် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွား

အစ္စရေးက ၎င်း၏ထိုးစစ်တွင် ဒုံးကျည်ပစ်ခတ်မှုများကို ရပ်တန့်ရန် သန္နိဋ္ဌာန်ပြုပြီးနောက် အစ္စရေးနှင့် ဂါဇာကမ်းမြောက် ဒေသရှိ စစ်သွေးကြွများ၏ အပြန်အလှန် တိုက်ခိုက်မှုများ တစ်ညလုံး ဖြစ်ပွားခဲ့သည်။

ပါလက်စတိုင်း သတင်းရင်းမြစ်များ အဆိုအရ တိုက်ခိုက်မှုများထဲတွင် ပါလက်စတိုင်းလူမျိုး ၁၂၁ဦး  သေဆုံးသွားခဲ့သည်ဟု ဆိုသည်။ ၎င်းတို့ထဲမှ လေးပုံသုံးပုံသည် အရပ်သားများ ဖြစ်သည်ဟု ကုလသမဂ္ဂမှ ပြောသည်။

အစ္စရေးတို့က အကြမ်းဖက် သမားတို့၏ ပစ်မှတ်ပေါင်း ၆၀ကျော်ကို တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ အစ္စရေးနိုင်ငံရှိ ဘီယာရှီးဘား ဒေသကို ဒုံးကျည် နှစ်လုံး ထိမှန်ခဲ့သည်ဟု အစ္စရေး စစ်တပ်က ပြောသည်။

Pages