July 2014

ဘဂ္ဂဒက်မြို့ရှိ အဆောက်အဦး နှစ်ခုအား သေနတ်သမားများ အကြမ်းဖက်တိုက်ခိုက်

အီရတ်နိုင်ငံ၏ မြို့တော် ဘဂ္ဂဒက်မြို့ရှိ အဆောက်အဦး နှစ်ခုကို သေနတ်သမားများက အကြမ်းဖက် တိုက်ခိုက်ပြီး အနည်းဆုံး လူ၂၃ဦးကို သတ်ပစ်ခဲ့သည်ဟု အရာရှိများက ပြောသည်။

သေဆုံးသူများထဲမှ အနည်းဆုံး လူ၂၀သည် အမျိုးသမီးများ ဖြစ်သည်ဟု ဆိုသည်။ အဆိုပါ တိုက်ခိုက်မှုသည် ဘဂ္ဂဒက်မြို့ အရှေ့ပိုင်းရှိ ဇရွန်န ရပ်ကွက် ပတ်ဝန်းကျင်တွင် စနေနေ့ နှောင်းပိုင်းက ဖြစ်ပွားခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ယူနိုက်တက် လေကြောင်းလိုင်းမှ လေယာဉ်ပျံတစ်စီး မစ်ဝေးကျွန်းလေဆိပ်သို့ အရေးပေါ် ဆင်းသက်

စက်ပိုင်းဆိုင်ရာ ပြဿနာ တစ်ခုကြောင့် ယူနိုက်တက် လေကြောင်းလိုင်းမှ ဂူအန်ကျွန်းသို့ ဟိုနိုလူလူမှ ပျံသန်းလာသော လေယာဉ်တစ်စီးသည် ဝေးလံသည့် မစ်ဝေးကျွန်းပေါ်သို့ လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရသည်။ ၎င်းင်းခရီးစဉ်တွင် ခရီးသည် ၃၃၅ဦးနှင့် လေယာဉ် အမှုထမ်း ၁၃ဦး ပါဝင်ခဲ့သည်ဟု လေကြောင်းလိုင်းက ထုတ်ပြန်ခဲ့သည်။

လစ်ဗျားသံရုံး အပြင်ဘက်တွင် မိမိကိုယ်ကို မီးရှို့

သောကြာနေ့တွင် ဂျာမနီ နိုင်ငံ ဘာလင်မြို့ရှိ လစ်ဗျား သံရုံးရှေ့တွင် လူတစ်ယောက် ကိုယ့်ကိုယ်ကိုယ် မီးတင်ရှို့မှု ဖြစ်ပွားခဲ့သည်။ အသက် ၂၅နှစ်အရွယ် အဆိုပါလူသည် အသက်သေစေ နိုင်သည့် ဒဏ်ရာများ ခံစားခဲ့ရသည်ဟု ရဲအဖွဲ့က ပြောသည်။  သူ့ကိုယ်ပေါ်သို့ ဓာတ်ဆီများကို လောင်းပြီးနောက် မီးတင်ရှို့ခဲ့ခြင်း ဖြစ်သည်။ သံရုံးလုံခြုံရေးအဖွဲ့မှ  မီးလောင်နေသော တူနီးရှား နိုင်ငံဖွား မီးလောင်ကျွမ်းနေသူကို ခက်ခက်ခဲခဲ မီးငြိမ်းခဲ့ရသည်။ သို့သော်  သူကတော့ ပြင်းပြင်းထန်ထန် ဆိုးဆိုးဝါးဝါး ဒဏ်ရာများ ရရှိသွားသည်။ သူ့ရဲ့လုပ်ဆောင်ချက်သည် နိုင်ငံရေးသမား တစ်ယောက် ပုံမပေါ်ဘဲ ဒဏ်ရာရ စစ်သည်တော်များတွင် နစ်နာကြေးကို သံရုံးနှင့် အငြင်းပွားမှုပေါ်

“ယူနီယံကြီးမရှိတော့ဘူးဗျာ” မမေ့နိုင်တဲ့ သွေးစွန်းတဲ့ ဇူလှိုင်(၇)ရက် - ကျော်စွာမြင့် (၁၉၈၈-၁၉၉၂၊ ဗကသ)

၁၉၆၂ ခုနှစ်၊ ဇူလှိုင်(၈) ရက်နေ့ မနက်(၆)နာရီလောက်မှာ ၀ုန်းကနဲ အသံကြီးတစ်ခု ကြားလိုက်ရပြီး ရန်ကုန် တက္ကသိုလ် အမရဆောင်ရဲ့ အပေါ်မျက်နှာကြက် ကျောက်ပြားတွေ ပြိုကျလာခဲ့ပါသည်။ ပြုတင်းပေါက် မှန်တွေလည်း ကွဲကျပြီး သိမ့်ကနဲ တုန်သွားခဲ့ပါသည်။ ထိုအချိန်တွင် ကျောင်းသားတစ်ယောက်က ဘာဖြစ်တာလဲဟေ့လို့ လမ်းဘက်ကို အော်မေးလိုက်ချိန်မှာတော့ ပြေးလွှားနေတဲ့ ကျောင်းသား တစ်ယောက်မှ “ယူနီယံကြီး မရှိတော့ဘူးဗျာ”လို့ ငိုသံပါကြီးနဲ့ ပြောဆိုလိုက်ပါသည်။ အမရဆောင်မှ ကျောင်းသားများ အားလုံး “ဟာ” ကနဲနေအောင် အသံကျယ်ကြီး နာကျည်းကြေကွဲစွာ ပေါ်ပေါက်လာခဲ့ပါသည်။ မတိုင်ပင်ထားပဲ အားလုံး မန္တလေးဆောင်ဘက်ကို ပြေးကြပြီး ယူနီယံလို့ ကျောင်းသားတွေ ခေ

လက်သံပြောင်တဲ့ ဒီမိုကရေစီဝန်ကြီး - အောင်မြင်သူ

ဝန်ကြီးဌာန ၃၀ခန့်နဲ့ ၀န်ကြီး၊ ဒုဝန်ကြီး ၁၀၀နီးပါးရှိပါတယ်။ မင်းပေါင်းစုံစုံညီညီ သူတစ်လူ ငါတစ်မင်း မဖြစ်အောင် စနစ်ဆိုတာနဲ့ ထိန်းသိမ်းထားပါတယ်။ ကိုယ့်အစိုးရအဖွဲ့ ချီတက်နေတဲ့ စနစ် မပျောက်အောင် ထိန်းသိမ်း ဆောင်ရွက်ဖို့ ၀န်ကြီး၊ဒုဝန်ကြီး ၀န်ကြီးဌာနတိုင်းမှာ တာဝန်ရှိပါတယ်။ ဒီလိုပြောရတာကလည်း တစ်ချိန်က အာဏာရှင်စနစ် အောက်မှာ ကိုယ့်ဝန်ကြီးဌာနကိစ္စ ကိုယ်လုပ်၊ လူကြီးလုပ်သူကလည်း ရောက်လေရာ အရပ်မှာ ၀န်ထမ်းတွေ တင်ပြတာကို သက်ဆိုင်ရာ ၀န်ကြီးဌာနကို ပြန်မချမပေးဘဲ လက်တန်း ဆောင်ရွက်သွားတာရှိခဲ့လို့ ဖြစ်ပါတယ်။

”မန္တလေးသမိုင်း ဘယ်သူရိုင်းအောင်လုပ်ခဲ့တာလဲ” - ကျော်ကြီး(MDY)

ရှက်လိုက်တာဗျာ ရှက်လိုက်တာ တော်တော်လေးကို အရှက်ရစရာ လုပ်ရပ်တွေပါပဲဗျာ။ နှမြောတသ ၀မ်းနည်းဒေါသလည်း ဖြစ်မိတယ်ဗျာ။ ခုရက်ပိုင်း ကျွန်တော်တို့ မန္တလေးမှာ ဖြစ်နေတဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး အခြေအနေ ဖုန်းဆက်မေးလိုက်တိုင်း မိတ်ဆွေ ဆရာသမားများဆီက ယူကြုံးမရ ပြန်ပြောသံတွေပဲဖြစ်ပါတယ်။

ဝဋ်ဆိုတာ ဘ၀မကူးပါဘူး ဦးဆန်းဆင့်ရယ် - စစ်ဆင်ရေးဒုက္ခိတ အငြိမ်းစား အရာရှိတစ်ဦး

ကျွန်တော် တပ်မတော်က ဒုက္ခိတဘ၀နဲ့ ပင်စင်ယူခဲ့ရတဲ့ အရာရှိတစ်ဦးပါ။ ပြီးခဲ့တဲ့ အပတ်က ဂျာနယ် တစ်စောင်မှာ သာသနာရေး ၀န်ကြီးဟောင်း ဦးဆန်းဆင့်ကို  ဒုတိယအကြိမ် ရုံးထုတ်လာတော့ မတရား ခံရတာပါလို့ ငယ်သံပါအောင် အော်နေတာကို ဖတ်လိုက် မြင်လိုက်ရတယ်။ လူအများကို မတရားလုပ်ခဲ့တဲ့ လူတစ်ယောက်ဟာ ကိုယ့်အလှည့်ကျမှ ကြောက်လန့် နေတာကို မြင်ရတော့ ကျွန်တော် ပြုံးမိလိုက်ပါတယ်။ မဟုတ်တာတွေ လုပ်ခဲ့တဲ့ အကျိုးဆက်အဖြစ် လောကီငရဲမှာ ဘ၀မကူးပဲ ခံရတော့မှာကို သိနေတဲ့ ကြောက်စိတ်နဲ့ သူအော်ခဲ့တာဖြစ်တယ်။

မြနန္ဒာရဲ့ ကြိုးဆွဲဆရာ - ဇာဂနာ

၂၀၁၅မှာ ဘာဖြစ်မလဲ။ ၂၀၁၅ အလွန် မြန်မာ့နိုင်ငံရေးကား အဘယ်နည်း။ မေးခွန်းတွေက မြှားလို စူးနစ်သည်။ ကျွန်တော့်မှာ ဖြေစရာ စကားမရှိ။ ဖြေဖို့ခက်နေသည်။ အဖြေကို မသိတာလည်း ဖြစ်၏။ ကျွန်တော့်အာရုံတွေက ၂၀၁၅ ဆီမရောက်။ မန္တလေးသို့သာ ရောက်နေသည်။ အောင်ကျော်လည်း မချမ်းအေးနိုင်ပြီ။ အင်ကြင်းတို့လည်း ကြာအုံနှယ် မပွင့်နိုင်တော့။ ဆရာတင်၏ မြနန္ဒာသီချင်းကို ကြိမ်ကြိမ်ဖန်ဖန် ရွတ်မိနေသည်။

“တကယ် ခေတ်ပြောင်းတော့မယ် အမှန် ဧ၀ကံမှာ တဖန် ရွှေမြနန္ဒာ သမ်းသော မန်းရိပ်ခို” တကယ် ခေတ်ပြောင်းပြီလားတော့ မသိ။ မြနန္ဒာမှာ ဒဏ်ရာတွေနှင့်။ မြနန္ဒာမှာ အမာရွတ်တွေ ထင်ခဲ့ပေါ့။

(သမီးတော် ရာဇ၀င် - ၂) သုဓမ္မာဇရပ်မှာမှ ဒင်နာစားချင်တယ် - လက်စောင်းထက်

အရင်ခေတ်က ဧပြီလဆိုရင် စစ်တက္ကသိုလ် ကျောင်းဆင်းပွဲလုပ်လေ့ရှိတယ်။ ဒီတော့ စစ်အာဏာရှင် ကာချုပ်ကြီးက ကျောင်းဆင်းပွဲတက်ရင် သမီးတော်တွေကလည်း ပြင်ဦးလွင်ကို နွေဦးရာသီ သင်္ကြန် အပန်းဖြေခရီး လိုက်လေ့ရှိကြတယ်။ ဒီတော့ တစ်ထောက်နားရာက မန္တလေးပေါ့ဗျာ။ မန္တလေးက တပ်တွေကလည်း သမီးတော်တွေ လာမယ်ဆိုရင်ကို ကြောက်နေကြတာ။ တစ်ခေါက်တစ်မျိုး မရိုး ရလေအောင် နှိပ်စက်လွန်းလို့လေ။ သမီးတော်ဆိုတဲ့ အခေါ်အဝေါ်ကိုလည်း သူတို့နားထဲမှာ သာယာနေလေတော့ ပြင်ဦးလွင်ခရီးစဉ် တစ်ခုမှာဆိုရင် ကားပေါ်မှာ လက်တိုလက်တောင်း ခိုင်းဖို့လိုက်ရတဲ့ တပ်မှူးကတော် တစ်ယောက်က “ဟုတ်ကဲ့သမီး”လို့ ဖြေမိတာကို သမီးတော်လို့ မခေါ်ရကောင်းလားဆိုပြီး မျက်မာန်တော်ရှ။ ကားကို

ပျောက်ဆုံးနေသော သမိုင်း သဲလွန်စများ - ဇော်သက်ထွေး

၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ကျောင်းဝင်းအတွင်းရှိ ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်ပြီး တော်လှန်ရေး ကောင်စီ အစိုးရက ဖြိုချဖျက်ဆီးလိုက်ခြင်း အပေါ် ယနေ့တိုင် ခေတ်အဆက်ဆက် ကျောင်းသားများက “ကမ္ဘာမကြေ” ရှိခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်၍ တာဝန်ရှိသူကို ရှင်းရှင်းလင်းလင်း သမိုင်းက မဖော်ထုတ်နိုင်သေး။ ကျောင်းသားသမဂ္ဂနှင့် ပတ်သက်၍ ခွပ်ဒေါင်းအလံကို နောက်ဆုံးအချိန်ထိ ဆွဲကိုင်တိုက်ပွဲဝင်ခဲ့သော ပုဂ္ဂိုလ်ကြီးများ သက်ရှိထင်ရှား ရှိနေသေးသည်။ သို့သော် ကျောင်းသားသမဂ္ဂ ဖြိုခွဲရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင် ပတ်သက်သူများ မရှိကြတော့။

Pages