July 2014

လင်ယောင်္ကျား သေဆုံးမှုအတွက် ဂရုဏာကြေး(၁၅၀၀၀)ကျပ်သာရပြီး လမ်းဘေးမှာ တောင်းရမ်းတဲ့ ဘ၀ရောက်ခဲ့ရသူ.. – (နော်ရာမောင်)

သူမကိုစပြီး တွေ့လိုက်တာက ကျောက်ကုန်း မီးပွိုင့်မှာ၊ တန်းစီနေတဲ့ ကားတန်းကြားမှာ လသားအရွယ် ကလေးငယ်ကို ပွေ့ချီရင်း သူမ၀မ်းရေး အတွက် တောင်းရမ်းနေရသူ၊ သူမလက်ထဲမှာ ချီထားတဲ့ လသားအရွယ် ကလေးကလည်း နေရောင်ပူပူအောက်မှာ လူးလွန့်ရင်း သူ့မအေ လက်ပေါ်မှာ တအီအီငိုယိုလျှက်။ သူမကတော့ အကျီင်္ခပ်ပါးပါး အနွမ်းနဲ့ လုံခြည်အနွမ်း တစ်စုံ ၀တ်ဆင်ရင်း ဦးထုတ်အဟောင်းလေးကို ခပ်ငိုက်ငိုက် ဆောင်းထားကာ ပလပ်စတတစ်အိတ် အမာနှစ်လုံးကို တံတောင်ဆစ်နား အထိရောက်မတတ် ချိတ်ဆွဲထားရင်း ကားများကြားမှာ ချွေးသံများဖြင့် တောင်းရမ်းနေလျက်။

စေတုတ္ထရာ ပြည်သူ့ဆေးရုံမှ မွေးလူနာအပေါ် တာဝန်ယူမှုများနှင့် ငွေကြေးအရှုပ်တော်ပုံ

မကွေးတိုင်း ဒေသကြီး၊ စေတုတ္တရာမြို့နယ် ပြည်သူ့ဆေးရုံတွင် လာရောက်မီးဖွားသော မွေးလူနာ တစ်ဦးအား ဆေးရုံမှ တာဝန်ယူမှု မရှိပုံများနှင့် ဆက်ဆံပုံများမှာ အလွန်ဆိုးရွားနေသည်ဆိုသည့် ဖြစ်ရပ်အပေါ်တွင် လူနာရှင်နှင့် ဆေးရုံ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းခဲ့ကြသည်။

ပဋိပက္ခဖြစ်စဉ်များတွင် သတင်းလက်ဦးမှု ရှိနေသော်လည်း အချိန်မီ ပြတ်သားစွာ ဆောင်ရွက်နိုင်ခြင်း စွမ်းရည် လိုအပ်နေသေးဟုဆို

မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်လျက်ရှိသော ပဋိပက္ခဖြစ်စဉ်များတွင် သက်ဆိုင်ရာ အနေဖြင့် သတင်းလက်ဦးမှုများ ရှိနေနိုင်သော်လည်း အထက်တာဝန်ရှိ ပုဂ္ဂိုလ်များမှ တိကျပြတ်သားစွာ အရေးယူ ဆောင်ရွက်သည့် အရေးကြီးသော ပန္နက်မဏ္ဍိုင်မှာ လိုအပ်ချက် တစ်ခုကဲ့သို့ ဖြစ်နေကြောင်း မြန်မာ့ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်မှ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်က Tomorrow ဂျာနယ်သို့ ပြောကြားသည်။

ရေချိုငါးဥယျာဉ်ပြုပြင်ရာတွင် နှစ်ချို့သစ်ပင်များ ခုတ်လှဲရှင်းလင်းခံနေရ

ကန်တော်ကြီးပတ်လမ်း အတွင်းရှိ ရေချိုငါးဥယျာဉ်အား ပြန်လည်ပြုပြင်ရာတွင် အဆောက်အဦး အဟောင်းများ အပါအ၀င် နှစ်ချို့သစ်ပင်များအား ခုတ်ထွင်ရှင်းလင်းမှုများကို ပြုလုပ်နေကြောင်း နီးစပ်သူများ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ရေချိုငါးဥယျာဉ် အသစ် ပြန်လည် တည်ဆောက်ရာတွင် ငါးလုပ်ငန်း ဦးစီးဌာနနှင့် မြန်မာ အကွာရီယမ် (Myanmar Aquarium Co.,Ltd)နှင့် ပူးပေါင်း ဆောင်ရွက်ထားကြောင်း၊ ယင်းကုမ္ပဏီ အား ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ နှစ်ချုပ်ဖြင့် ငှားရမ်းထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။

အင်းယားကန်အတွင်း တိုးချဲ့လာနေသည့် မြကျွန်းသာမှ စားသောက်ဆိုင်ခန်းများ

မြကျွန်းသာ ပန်းဥယျာဉ် အတွင်းရှိ စားသောက်ဆိုင်ခန်းများ တိုးချဲ့ဆောက်လုပ်ရာတွင် အင်းယားကန် အတွင်းသို့ နေရာများ တိုးချဲ့ဆောက်လုပ်လာမှုများ ရှိနေကြောင်း သိရသည်။

“စားသောက်ဆိုင် တစ်ဆိုင်ဆိုရင် ရေကန်ဘက်ကို ပေများစွာ တိုးချဲ့ပြီး ဆိုင်တိုးချဲ့ဆောက်နေတာ တွေ့ရတယ်၊ ဒါက စည်ပင်က တရားဝင် ခွင့်ပြုထားတာလား၊ ခွင့်မပြုထားတာလားတော့ မသိဘူးပေါ့၊ ရေထဲကို ကျော်ပြီး ပြုပြင် တိုးချဲ့နေတာတော့ ထင်သာမြင်သာ ရှိနေပါတယ်”ဟု လုပ်ငန်းရှင် တစ်ဦးမှ သုံးသပ် ပြောကြားခဲ့သည်။

မန္တလေး ချမ်းအေးသာစံမြို့နယ်တွင် လူငယ်တစ်ဦးအား လူတစ်အုပ်မှ တုတ်၊ဓားများဖြင့် ၀င်ရောက် ထိုးခုတ်

ဇူလိုင်လ (၂)ရက်နေ့၌ မန္တလေးတိုင်း ဒေသကြီး၊ ချမ်းအေးသာစံ မြို့နယ်တွင်   အသက်(၂၀)ကျော် အရွယ် လူငယ်တစ်ဦးအား အမည်မသိ လူအုပ်စု တစ်ခုမှ တုတ်၊ ဓား လက်နက်စုံဖြင့် ၀င်ရောက် ရိုက်နှက် ထိုးခုတ်ခြင်း ခံခဲ့ရကြောင်း သိရသည်။

အဆိုပါ ဖြစ်ရပ်မှာ ချမ်းအေးသာဇံမြို့နယ်၊ ၃၅လမ်း၊ ကီးမားတင်ဝင်း အရှေ့ဘက်ထိပ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ တုတ်၊ ဓားများဖြင့် ရိုက်နှက်ထိုးခုတ် ခံရသူမှာ အိမ်တော်ရာ ဘုရား၊ မိကျောင်း တံတား၊ အကွက်(၂၄၇)၊ သီရိဓမ္မာ အရှေ့၊ ချမ်းအေးသာစံ မြို့နယ်၊ မန္တလေးတွင် နေထိုင်သူ ကိုရာဇာထွန်း (ဘ)ဦးထွန်းထွန်း၊ (အမိ)ဒေါ်ရာပြည့် ဖြစ်ကြောင်းလည်း သိရသည်။

အစ္စလာမ်ဘာသာသည် မြန်မာနိုင်ငံတွင် အခွင့်ထူးရနေသည့် ဘာသာလားဟု ဒိုက်ဦးအမတ် မေးခွန်းထုတ်

ပဲခူးတိုင်းဒေသကြီး လွှတ်တော်အဆောက်အဦး ဆောက်မည့်မြေကို အစ္စလာမ် ဘာသာဝင်များက ကန့်ကွက်ခြင်းနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို ဇွန်လ ၂၄ ရက်က ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးရှိ လွှတ်တော် အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့သည်။

မန္တလေး အကြမ်းဖက်မှုအား ပစ်ခတ်နှိမ်နှင်းသွားမည် ဆိုသော်လည်း အထက်မှ ပစ်မိန့်ရမှသာ ဆောင်ရွက်မည်ဟုဆို

မန္တလေးတိုင်း ဒေသကြီးတွင် တစ်မြို့နယ်လုံး လုံခြုံရေးတင်းကျပ်ထားပြီးဖြစ်ကာ အုပ်စုဖွဲ့ အကြမ်းဖက်မှုများ ထပ်မံဖြစ်ပေါ်လာပါက ပစ်ခတ်နှိမ်နင်းသွားမည် ဖြစ်သော်လည်း အထက်က အမိန့်ချမှတ်မှသာ ပစ်ခတ်နှိမ်နှင်းသွားမည် ဖြစ်ကြောင်း  မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

မန္တလေးတိုင်း ဒေသကြီးတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် မန္တလေးခရိုင်မြို့နယ်(၆) မြို့နယ် အပြင် ပုသိမ်ကြီး မြို့နယ်ကိုပါ  ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ၁၄၄အား ဇူလိုင်၃ရက်နေ့မှစ၍ ရက်အကန့်သတ်မရှိ ထုတ်ပြန်ထားကြောင်းလည်း သိရသည်။

သမ္မတ ဦးသိန်းစိန် ဖိနပ်စီး၍ ရတနာစိန်ဖူးတော်အား ပင့်ဆောင်ခြင်းသည် မသင့်လျော်သည့် လုပ်ရပ်ဖြစ်ကြောင်း မဟန နှင့် မဘသ ဆရာတော်များမိန့်ကြား

တရုတ်နိုင်ငံရှိ မဟာ စိနပဘာ ရွှေတိဂုံ ပုံတူစေတီတော် ရွှေထီးတော် တင်ပွဲတွင် တင်လှူ ပူဇော်မည့် ရတနာစိန်ဖူးတော်အား မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ ဖိနပ်စီး၍ ပင့်ဆောင်သည်မှာ ဗုဒ္ဓဘာသာဝင် တစ်ဦးအနေဖြင့် မသင့်လျော်ကြောင်း နိုင်ငံတော် သံဃာ့ မဟာနာယကအဖွဲ့ နှင့် အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့မှ ဆရာတော်များက Tomorrowသို့ မိန့်ကြားခဲ့သည်။

အဆိုပါ စိန်ဖူးတော် ပင့်ဆောင်ခြင်း သတင်းဓာတ်ပုံအား ဇူလိုင်လ ၂ရက်နေ့ထုတ် နိုင်ငံတော်ပိုင် သတင်းစာ မျက်နှာဖုံးတွင် ဖော်ပြပါရှိချက်အရ သိရှိရခြင်းဖြစ်သည်။

Pages