July 2014

၂၀၁၅ ရွေးကောက်ပွဲတွင် ရန်ကုန်မဲဆန္ဒနယ်များ NLD ရှုံးနိမ့်နိုင်ဟုဆို

ပုဒ်မ ၄၃၆ပြင်ဆင်ရေး လက်ရှိပြည်သူများ၏ ပါဝင်မှု နှုန်းထားအတိုင်း သွားပါက ၂၀၁၅တွင် ကျင်းပမည့် ရွေးကောက်ပွဲကြီးတွင် NLD ရန်ကုန် မဲဆန္ဒနယ်များ ဆုံးရှုံးနိုင်သည်ဟု ရန်ကုန်တိုင်း NLD ဥက္ကဋ္ဌ ဦးမြင့်ဌေးက သုံးသပ် ပြောကြားခဲ့သည်။

မန္တလေး ပဋိပက္ခကြောင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ထောက်ခံမှု ထက်ဝက်ခန့်လျော့ကျ

မန္တလေးမြို့တွင် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခနှင့် ပတ်သက်၍ ပုဒ်မ ၄၃၆ ပြင်ဆင်မှုမှာ လူထုထောက်ခံမှု ယခင်ကထက် ထက်ဝက်ခန့် လျော့ကျသွားသည်ဟု သိရသည်။

မန္တလေးမြို့တွင် ယခင်က ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး မန္တလေးမြို့ရှိ ၃၇ မြို့နယ်မှ တစ်မြို့နယ်လျှင် တစ်လအတွင်း လူဦးရေ သုံးသောင်းခန့် ထောက်ခံမှု ရရှိခဲ့သော်လည်း ယခုအခါ ဇူလိုင် ၁ရက်နေ့မှစပြီး ဘာသာရေး ပဋိပက္ခများ ဖြစ်နေသောကြောင့် ယခုအခါ တစ်မြို့နယ်လျှင် လူဦးရေ တစ်သောင်းကျော်ခန့်သာ လက်မှတ်ထိုးမှုများ ရှိနေကြောင်း သိရသည်။

ကောလဟလလှုံ့ဆော်မှုများကို တိုက်ဖျက်သည့် အနေဖြင့် ဖေ့စ်ဘုတ် လူမှုကွန်ယက် မျက်နှာစာအား ပိတ်ခြင်း ဖြစ်သည်ဟ ရဲမှူးချုပ် ၀င်းခေါင်ဆို

၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှစ၍ မန္တလေးမြို့တွင်  ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားခဲ့ရာ ထိုသို့ဖြစ်ပွားသည်နှင့် တပြိုင်နက် ဖေ့စ်ဘုတ်လူမှုကွန်ယက် မျက်နှာစာတွင်လည်း အဆိုပါ သတင်းများလည်း ပြန့်နှံ့ခဲ့သည့် အတွက် ကောလဟလ လှုံ့ဆော်မှုများကို တိုက်ဖျက်သည့် အနေဖြင့် အင်တာနက် ကွန်နက်ရှင်အား ဖြတ်တောက်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ရဲဦးစီး အရာရှိချုပ် ရဲမှူးချုပ် ၀င်းခေါင်က သတင်းဌာနတစ်ခုနှင့် အင်တာဗျူးတွင် တရားဝင် ပြန်လည် ဖြေကြားခဲ့သည်။

ဘရာဇီးလ်တိုက်စစ်မှူး နေမာ ကျောရိုးဒဏ်ရာကြောင့် ကမ္ဘာဖလားနှင့် လွဲချော်ပြီ

၁၉ ကြိမ်မြောက် ကမ္ဘာ့ဖလား အိမ်ရှင် ဘရာဇီးလ် အသင်းသည် ကိုလံဘီယာအသင်းကို အနိုင်ရရှိပြီး အကြိုဗိုလ်လုပွဲသို့ တက်ရောက် ခဲ့သော်လည်း ပွဲချိန် ၈၈ မိနစ်၌ ကိုလံဘီယာနောက်ခံလူ ဇူနီကာ၏ ဒူးနှင့်နောက်ကျော ထိခိုက်မိပြီး ဘရာဇီးလ် တိုက်စစ်မှူး နေမာ ခါးရိုးဆစ်ရိုး ကျိုးခဲ့ရသည်။

ဖီဖာမှရေးဆွဲထားသည့် ဇာတ်ညွှန်းအတိုင်း အကြိုဗိုလ်လုပွဲသို့ ဥရောပနှစ်သင်း တောင်အမေရိက နှစ်သင်းတက်ရောက်

ဘရာဇီးလ်နိုင်ငံတွင် ကျင်းပလျှက်ရှိသော ၁၉ ကြိမ်မြောက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကွာတား ဖိုင်နယ်ပွဲစဉ်များ ပြီးဆုံးသွားခဲ့ရာ ဖီဖာမှ ရေးဆွဲထားသည့် ပွဲစဉ်များကြောင့် ဘောလုံး အင်အားကြီး နိုင်ငံ လေးနိုင်ငံသာ အကြိုဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည်။

အာဂျင်တီးနားအောင်ပွဲ သေဆုံးသူ သတင်းတောက်မာရီယာ အတွက် ရည်စူးဟု ဂန္တ၀င် ကစားသမား ဂျူအမ်ကားလို့စ်ဆို

တနင်္ဂနွေနေ့က ယှဉ်ပြိုင် ကစားခဲ့သည့် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲစဉ်တွင် အာဂျင်တီးနား အသင်းက ဘယ်လ်ဂျီယံ အသင်းကို တိုက်စစ်မှူး ဟီဂူအင်၏ တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရပြီး အကြိုဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့သည်။

တစ်ဘီလျံနှင့် အာမခံထားသည့် မာရီယာကာရေး၏ ခြေတစ်စုံ

အမေရိကန် R&B/POP အဆိုတော်၊ တေးရေးသူ မာရီယာကာရေးသည် သူမ၏ စည်းချက်ညီ ကဗျာဆန်သော သီဆိုဟန် (five-octave range and melismatic) အတွက် အလွန် ထင်ရှားကျော်ကြားသည်။ သူမသည် ကမ္ဘာတစ်ဝှမ်းလုံးတွင် အယ်လ်ဘမ်များ၊ တစ်ကိုယ်တော် အခွေများနှင့် ဗီဒီယိုအချပ်ရေ သန်း၂၀၀ကျော် ရောင်းချခဲ့ရပြီး၊ ဂီတသမိုင်းတွင် ရောင်းအား အကောင်းဆုံး အနုပညာရှင်များထဲတွင် တစ်ဦးအပါအ၀င် ဖြစ်သည်။

သြစတြေးလျသို့ နိုင်ငံရေး ခိုလှုံရန် တမီလ်လူမျိုးများ လှေဖြင့်ဝင်ရောက်

သြစတြေးလျနိုင်ငံ အနောက်မြောက်ဖက် ပင်လယ်ပြင်၌  နိုင်ငံရေး ခိုလှုံရန် ကြိုးစားသော တမီလ် လူမျိုး ၂၀၀ကျော် တားဆီးထိန်းသိမ်းခံရသည်ဆိုသော ဝေဖန်ချက်နှင့် ပတ်သက်၍ အစိုးရက ငြင်းဆို ခဲ့သည်။ လှေနှစ်စင်းဖြင့် တင်ဆောင်လာသော နိုင်ငံရေး ခိုလှုံရန် ကြိုးစားသူများကို အိန္ဒိယ သမုဒ္ဒရာထဲတွင် သြစတြေးလျ အာဏာပိုင်များက တားဆီး၍ အချို့ ခရီးသည်များကို သီရိလင်္ကာ ရေတပ်သို့ လွှဲပြောင်း ပေးအပ်ခဲ့သည်ဟု ယုံကြည်နေကြသည်။

စစ်ပွဲအတွင်း သောင်တင်နေသော အိန္ဒိယသူနာပြုများ နေရပ်သို့ပြန်လည် ထွက်ခွာ

အီရတ်တိုက်ပွဲများ အတွင်း ပိတ်မိနေသော အိန္ဒိယ သူနာပြု  ၄၆ ယောက် လွတ်မြောက်လာသည်ဟု အိန္ဒိယ အာဏာပိုင်များက ပြောဆိုသည်။

၎င်းတို့ကို အိုက်ဘေးကာဒစ် စီးတီးမြို့တွင် အိန္ဒိယ တာဝန်ရှိသူများ လက်သို့ လွှဲပြောင်းပေးခဲ့ပြီး၊ စနေနေ့တွင် လေကြောင်းခရီးဖြင့် နေရပ်သို့ ပြန်ကြမည်ဖြစ်သည်။

အဆိုပါ သူနာပြုများသည် အီရတ်မြောက်ပိုင်း တီကရစ်မြို့ ဆေးရုံ တစ်ရုံတွင် အလုပ်လုပ်ကြပြီး အဆိုပါ နေရာတွင် သီတင်း တစ်ပတ်ကျော်မျှ ပိတ်မိနေခဲ့ကြခြင်း ဖြစ်သည်။

တီကရစ်မြို့သည် မကြာသေးမီ သီတင်းပတ်များ အတွင်းက အစွန်းရောက် ဂျီဟတ် စွန်နီသူပုန်များ ထိန်းချုပ်ခံထားရသော မြို့များထဲမှ တစ်ခုအပါအ၀င် ဖြစ်သည်။

ဆလိုဗီးနက် အခြေစိုက်စခန်းမှ ထွက်ပြေးသည့်သတင်း ယူကရိန်း ခွဲထွက်ရေးအဖွဲ့ ငြင်းဆို

ယူကရိန်း အရှေ့ပိုင်းရှိ ရုရှား လိုလားသော ခွဲထွက်ရေးသမားများက ဆလိုဗီးနက်မြို့ရှိ ၎င်းတို့ အခြေစိုက် စခန်းမှ ထွက်ပြေးသည် ဆိုသော သတင်းများကို ငြင်းဆိုလိုက်သည်။

ယူကရိန်း ပြည်ထဲရေးဝန်ကြီးက အခြားတိုက်ခိုက်ရေးသမားအချို့ ဆလိုဗီးနက်မြို့တွင် ကျန်ရှိနေသေးသည်ဟု ၀န်ခံသော်လည်း ခွဲထွက်ရေး သူပုန်အများစုကတော့ ထွက်ပြေးသွားပြီ ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုသည်။

Pages